ငါ့သခင် သန့်စင်နိုင်တယ်
Vol. 53 Ch. 1050
ယမန်နေ့ညက အမြီးသုံးချောင်းမြေခွေးနှင့် စာချုပ်တည်ထောင်ပြီး ကတည်းကပင် အိုက်လန်သည် ဆေးကိုမရပ်မနားသန့်စင်ခဲ့သည်။ တာဝမြို့ တစ်မြို့လုံးမှ ကောင်းကင်ပင်လျှင် ပြိုလဲကျလုမတတ်ပင်။ အိုက်လန်သည် မလှုပ်မယှက်နှင့် ဆေးဖို့ရှေ့တွင် ပျာယာခတ်ခြင်းမရှိ ရပ်နေလေသည်။ သူသည် အတွေ့အကြုံကိုရင်းပြီး ဝိညာဉ်အဆင့်ခွဲဆေးကို တစ်ခါပြီးတစ်ခါ ဖော်စပ်ရသည်နှင့် အလုပ်ရှုပ်နေသည်။
သို့သော် သံသယဝင်ဖွယ်ရာမရှိသလောက်ပင်။ ဆေးတစ်သုတ်ချင်းစီ သည် ဆေးဖြစ်လာသည်။ သို့သော် ပုံမှန်ဆေးများကို ရောင်ဝါအားပြန်ဖြည့်ရန် သုံးကြသည်။ သို့သော် အဆင့်တက်ရာတွင် အထောက်အပံ့ပေးသည့် အာနိသင် မရှိကြပေ။
“ဘယ်လိုလုပ် ဒီလိုဖြစ်တာလဲ ဘဘ်လိုလုပ် ဒီလိုဖြစ်သွားတာလဲ” လက် ထဲတွင် ဆေးအပြည့်ကိုင်ထားပြီး အိုက်လန်သည် အရူးသဖွယ် ဆေးကို လှည့် နေသည်။
တံခါးအပြင်ဘက်မှ ခြေသံများကိုကြားပြီးနောက် အိုက်လန်သည် ပိုပိုပြီး ဒေါသထွက်လာသည်။ တစ်ဖက်လူ ချည်းကပ်လာသဖြင့် သူ အော်လိုက်သည် “ဘယ်သူလဲ ငါ တံခါးပိတ်နေချင်တယ်လို့ ပြောပြီးသားလေ ထွက်သွား”
ရောက်လာသည့် မိန်းမလှလေးသည် ကြောင်ခြေလှမ်းကဲ့သို့ သတိရှိရှိနှင့် လျှောက်လာသည်။ သူမ၏ နဖူးမှဒဏ်ရာသည် နာကျင်ဆဲဖြစ်ကာ တက်သွား ပြီး တံခါးကိုမခေါက်ရန် သတိပေးနေသလိုပင်။ တံခါးနှင့်သုံးမီတာအကွာတွင် ရှိနေဆဲဖြစ်ကာ မိန်းမလှလေးသည် သတိရှိရှိနှင့်ပြောလိုက်သည် “ဇာမဏီမြို့ က သခင်ကြီးကပြောပါတယ်၊ ထွက်လာရင် ဝိညာဉ်ခွဲဆေးကို သန့်စင်နိုင်မှာ မဟုတ်ဘူးတဲ့”
“ဘာ”
လေဝေ့လာကာ တံခါးသည် ဘုန်းခနဲမြည်သံနှင့်အတူ ပွင့်ထွက်လာကာ ကြက်ခေါင်းကဲ့သို့ဖြစ်နေသော ခေါင်းပြူထွက်လသည်။ မိန်းမလှလေးသည် ပထမဆုံးအကြိမ်မြင်လိုက်ရချိန်တွင် ကြောက်လန့်တကြားအော်ပြီး လှည့်ပြေး ရန်ကြံလေသည် “သရဲ”
“ဘာတွေဖြစ်နေတာလဲ သရဲကဘယ်မှာလဲ မင်းက အဘိုးကြီးကိုတောင် မမှတ်မိဘူးလား” အိုက်လန်သည် လက်ကိုစိတ်ဆိုးမာန်ဆိုးနှင့်မြှောက်ပြီး အလှလေးကို ဆုပ်ကိုင်လိုက်သည်။
ကော်လာကို အဆွဲခံလိုက်ရသဖြင့် မိန်းမလှလေးသည် ကြောက်လန့် တကြားခေါင်းလှည့်လိုက်ရာ အရေပြားတွန့်နေသည့် မျက်နှာကိုမြင်လိုက်ရ သည်။ ထိုမျက်လုံးအိုကြီးများမှာ အိုက်လန်ဖြစ်သည်ကို ရှင်းလင်းစွာမြင်ပြီး သည်နှင့် စိတ်အေးသွားကာ ရင်ဘတ်ကိုပုတ်ပြီး အသက်ရှူထုတ်လိုက်သည် “ဟုတ်တယ် တောင်းပန်ပါတယ် ကျွန်မ မျက်စိမှားသွားတာပါ”
မိန်းမလှလေးက အမှားကိုဝန်ခံရအောင် အဘိုးကြီးက ဘာတွေလုပ်လိုက် လို့ပါလိမ့်။
အဘိုးကြီးသည် နှာမှုတ်ကာ ထိုမိန်းမလှလေးကို ဂရုမစိုက်ရန် ဆုံးဖြတ် လိုက်သည်။ သူ လိုချင်သည်မှာ သူ၏ဆေးကိစ္စပင်ဖြစ်သည်။ ထို့ကြောင့် သူ မေးလိုက်သည် “သူဘာပြောလဲ၊ သူမရှိရင် ဒီအဘိုးကြီးက ဝိညာဉ်အဆင့်ခွဲဆေး မလုပ်နိုင်ဘူးလို့ ဘယ်သူပြောလဲ”
“ဟုတ်တယ် ဟုတ်တယ် အဲဒီဟွမ်ချန်းက လူကြီးမင်းပြောတာပဲ” ဒါပေမဲ့ အဲဒါက ကျွန်မကိစ္စမဟုတ်ဘူးလေ။ မိန်းမလှလေးသည် ရင်ထဲမှဆုတောင်းနေ မိသည်။
“ဟုတ်ပြီ ဟုတ်ပြီ အဘိုးကြီးကြည့်ချင်သေးတယ် ဒီလိုစကားမျိုးပြောရ အောင် သူဘာတွေအရည်အချင်းရှိနေလို့လဲ သူကဖြင့် ဆံပင်တောင်မပေါက် သေးဘူး၊ အဘိုးကြီးရှေ့မှာ လာမောက်မာရဲသေးတယ်” အောက်ထပ်သို့ ဆင်း သွားပြီး အဘိုးကြီးသည် မေးလေသည် “မဟုတ်တာတွေပြောတာမင်းလား”
“ကျွန်တော်က မဟုတ်တာတွေပြောတယ်ဟုတ်လား ဘာလို့ မသိရတာ ပါလိမ့်” ပေထင်းဟွမ်သည် အေးစက်စွာ နှာမှုတ်လေသည် “သခင်လေးရဲ့ ဆံပင်က မပေါက်သေးဘူးလို့ ဘယ်သူပြောတာလဲ ခင်ဗျားဆံပင်ကပေါက်နေပြီ ကို ဝိညာဉ်ခွဲဆေးကို မသန့်စင်နိုင်သေးဘူးလား”
အိုက်လန်သည် တစ်သက်လုံး အဂ္ဂိရတ်ပညာပေါ်တွင် နှစ်မြှုပ်ခဲ့ပြီး အရှက်ရဆုံးမှာ အဂ္ဂိရတ်ပညာအပေါ် သူ၏ အဆင့်ပင်ဖြစ်သည်။ ပေထင်းဟွမ် ပြောသည့်စကားကိုကြားပြီးနောက် ဒေါသကြောင့် သွေးများပွက်လာသည် “ဒီ အဘိုးကြီးက မီးတောက်မရှိကတည်းက အဆင့် ၃ ဆေးကို သန့်စင်လာတာ၊ ဒီအဘိုးကြီးက ဝိညာဉ်အဆင့်ခွဲဆေးမသန့်စင်နိုင်ဘူးလို့ ဘာလို့လာပြောရတာ လဲ”
“ကျွန်တော့်ကြောင့် အဲဒါကိုသန့်စင်နိုင်တာပါ” ပေထင်းဟွမ်သည် လက်ပိုင်ရပ်နေသည်။ တံခါးအပြင်ဘက်မှ လေဝင်လာရာ သူမ၏ အနက်ရောင် ဝတ်ရုံသည် လွင့်သွားပြီး မူလကပင် ထူးခြားနေသည့် သူမ၏မျက်နှာသည် တောက်ပမှုနှင့် လင်းလက်နေသလိုထင်ရလေသည်။ ဤလူငယ်သည် အားကောင်းသည့်အပြင် အသွင်အပြင်မှာလည်း အလွန်ပင် အံ့ဩဖွယ်ရာဟု ခန်းမထဲမှလူများအားလုံးတွေးမိကြလေသည်။