← Chapters

ဆရာက အလုပ်သင်လက်မခံဘူး

Vol. 53 Ch. 1051

ဆရာက အလုပ်သင်လက်မခံဘူး

Vol. 53 Ch. 1051

အားလုံးပေထင်းဟွမ်အား ငေးကြောင်ကြည့်နေချိန်တွင် အိုက်လန်သည် တုန်ယင်နေပြီဖြစ်သည်။ ဤလူငယ်သည် ဝိညာဉ်အဆင့်ခွဲဆေးကို သန့်စင်နိုင် သည်ဟု ပြောနေသည်။ ဤအရာသည်ဖြစ်နိုင်သည်လား။ ထိုအရာသည် မည်သို့ဖြစ်နိုင်မည်နည်း။ အတန်ကြာအောင် ထိတ်လန့်နေပြီးနောက် အိုက်လန် သည် ရယ်ကွဲလေတော့သည် “ဟား ဟား ငါက အနှစ်နှစ်ရာကျော်ကြာအောင် နေလာခဲ့တာ၊ ဒီလိုမျိုး ဟာသကိုမကြားဖူးဘူး၊ မင်းက ဝိညာဉ်အဆင့်ခွဲဆေး သန့်စင်နိုင်တယ်ဟုတ်လား၊ နတ်ဘုရားအဆင့်ခွဲဆေး သန့်စင်နိုင်တယ်လို့ ဘာလို့မပြောတာလဲ၊ ၃ နှစ်အရွယ်ကလေးကိုသာ လိမ်ချင်လိမ်လို့ရမယ် ဒါပေမဲ့ ဒီအဘိုးကြီးကို လိမ်လို့ရမှာတဲ့လား ဒီအဘိုးကြီးက ဘယ်သူလဲဆိုတာရော သိရဲ့ လား”

“အဆင့် ၄ ဆေးကိုတောင် မသန့်စင်နိုင်တဲ့ နာမည်ကြီးလူလား” ပေထင်းဟွမ်သည် အိုက်လန်အား အထင်သေးသည့်မျက်လုံးနှင့် အထက်အောက်ကြည့်လေသည် “ဝိညာဉ်အဆင့်ခွဲဆေးကို ကျွန်တော် သန့်စင် နိုင်ရင်တောင် ခင်ဗျားပြောဖို့မလိုဘူး၊ ကျွန်တော်သာ တကယ်သန့်စင်နိုင်ရင် ဘာလုပ်ပေးမှာလဲ”

“မင်း...” အိုက်လန်သည် ပေထင်းဟွမ်အား လက်ညှိုးထိုးကာ အတန်ကြာ သည်အထိ စကားထစ်နေပြီးမှ စိတ်လှုပ်ရှားမှုကို မျိုသိပ်ကာပြောလေသည် “မင်းက ဝိညာဉ်အဆင့်ခွဲဆေးကို သန့်စင်နိုင်ရင် မင်းကို ငါ့ဆရာလိုမျိုး ရိုသေ မယ်”

“မလိုပါဘူး” ပေထင်းဟွမ်သည် ခြေထောက်ကြွကာ အပေါ်ထပ်သို့ တက်သွားလေသည်။ သူမအနောက်တွင် ချင်းယွိနှင့် မုချင်းလင်တို့လိုက်လာကြ သည်။ သို့သော် လူတန်းနောက်ဆုံးမှ အိုက်လန်သည် ပေထင်းဟွမ်၏ မောက်မာသောအသံကိုကြားလိုက်ရသည် “ဆရာက ဘယ်တပည့်မှမလိုဘူး၊ အရည်အချင်းမရှိတဲ့ တပည့်ဆို ပိုလက်မခံသေး”

အပေါ်ထပ်တွင် အားလုံးပေါင်း အခန်းပေါင်းများစွာရှိသည်။ သို့သော် ပေထင်းဟွမ်ကို လမ်းပြနေရန်မလိုပေ။ ဆေးအနံ့နောက်လိုက်ရင်းနှင့် အိုက်လန်၏ အခန်းကိုတွေ့လေသည်။ တံခါးမှဝင်လိုက်သည်နှင့် မအံ့ဩဘဲ မနေနိုင်တော့ပေ။ အိုက်လန်ကဲ့သို့ လူမျိုးသည် အဂ္ဂိရတ်ပညာကို ထိုမျှ လိုက်စားလိမ့်မည်ဟု ထင်မထားပေ။ ဆေးသန့်စင်သည့်အခန်းမှာ သူမ၏ နေရာရှိ အဂ္ဂိရတ်အခန်းထက်ပင် အဆပေါင်းများစွာ ပိုသပ်ရပ်နေသည်။ ဆေး စင်တန်းများကို သပ်ရပ်စွာစီထားပြီး ဆေးပင်များကို အစဉ်လိုက်ထည့်ထား သည်။ အလယ်တွင် အပူချိန်ပြင်းပြင်းကိုခံနိုင်ရည်ရှိသည့် ရှားပါးသတ္တုနှင့် ပြုလုပ်ထားသော ဆေးဖိုရှိသည်။

ပထမဆုံးအနေနှင့် အိုက်လန်သည် သူ၏ခွင့်ပြုချက်မရှိဘဲ အပြင်လူကို ဆေးသန့်စင်သည့်အခန်းကို ဝင်ခွင့်ပေးလိုက်ရသည်။ သူသည် ချော့ပြောချင် စိတ်ပင်မရှိတော့ပေ။ သူသည် ဆေးဖိုဘေးတွင်ရပ်နေပြီး ပေထင်းဟွမ်သည် ဆေးသန့်စင်သည့်အခန်းတစ်ခန်းလုံးကို လှည့်ပတ်ကြည့်ပြီး ပြောလေသည် “စကြတော့မလား”

ပေထင်းဟွမ်သည် ဆေးဖိုဘေးလျှောက်သွားကာ လက်မြှောက်ပြီး ဆေးဖိုကို ပွတ်သပ်ကြည့်လေသည်။ ဆေးဖိုသည် မဆိုးလှသည်ကိုမြင်လိုက်ရ သည်။ သူမသည် ကောင်းကင်အဆင့်သာရှိသေးသဖြင့် သူမ၏ မီးမျိုးစေ့သည် ကောင်းကင်မီးခေါင်းစဉ်အောက်တွင်ရှိနေသေးကာ နတ်မီးအဆင့်သို့မဝင်သေး ပေ။ သူမသည် နိဗ္ဗာန်မီးကို ခံနိုင်ရည်ရှိသည်။ ထို့ကြောင့် ခေါင်းညိတ်ပြီး ပြော လိုက်သည် “ဟုတ်တယ်”

ပေထင်းဟွမ်သည် ဝိညာဉ်အဆင့်ခွဲဆေးသန့်စင်ရန် ဆေးစင်ပေါ်မှ ဆေး များကို သာမန်ကာလျှံကာပင် စုလိုက်သည်။ ပေထင်းဟွမ်၏ ဆေးပစ္စည်းစု သည့်နည်းလမ်းကိုကြည့်ရသည်မှာ အလွန်ပင်ဆန်းပြားလှသော်လည်း ဆွဲဆောင်မှုရှိနေပြန်သည်။ အိုက်လန်သည် ပေထင်းဟွမ်အား နောက်တစ်ခါ ကြည့်လိုက်သည်။ သူ့မျက်လုံးထဲမှအကြည့်သည် ထူးဆန်းနေသည်။

ချင်းယွိနှင့် မုချင်းလင်တို့လည်း အလွန်ပင် စိတ်လှုပ်ရှားလျက်ရှိသည်။ သူတို့သည် မြင်ကွင်းကောင်းသည့် ဆေးသန့်စင်သည့်အခန်းထောင့်ကိုရွေးကာ ဘေးချင်းယှဉ်ရပ်နေလိုက်သည်။ သူတို့၏မျက်လုံးများသည် ပေထင်းဟွမ်၏ လှုပ်ရှားမှုများအတိုင်း ရွေ့လျားနေကြသည်။

အိုက်လန်သည် ပေထင်းဟွမ်နောက် တကောက်ကောက်လိုက်ကာ ပေထင်းဟွမ်၏ လှုပ်ရှားမှုများကို တစ်ခုမှအလွတ်မခံဘဲ စိုက်ကြည့်နေလေ၏။

ပြင်ဆင်မှုများပြီးသွားသောအခါ ပေထင်းဟွမ်သည် ဆေးဖိုရှေ့တွင် ဆောင့်ကြောင့်ထိုင်လိုက်သည်။ လက်ဖျောက်တီးလိုက်သည်နှင့် သူမ၏ လက်ချောင်းများအကြားတွင် ကိုးရောင်မီးတောက်ပေါ်လာသည်။ ပြည်မကြီးမှ လူများသည် ပေထင်းဟွမ်၏ ထူးဆန်းသောမီးအရောင်ကိုတွေ့ပြိးသည့်တိုင် အောင် ပေထင်းဟွမ်၏ သရုပ်မှန်ကို မခန့်မှန်းနိုင်ကြပေ။ သို့သော် ထိုထဲတွင် အိုက်လန်မပါပေ။

မီးတောက်များတွင် အားကောင်းသောစွမ်းအင်ပါဝင်သည်ကို ကြည့်ပြီး အိုက်လန်သည် တံတွေးကို ခက်ခက်ခဲခဲမျိုချကာ မျက်လုံးမှ လောဘတက် သည့် အလင်းများလက်လာလေသည်။ ထိုမီးတောက်သည် အလွန်ပင် ဆွဲဆောင်မှုရှိလေသည်။ ကိုးရောင်မီးတောက်ထွက်လာသည်နှင့် သူ့ခန္ဓာကိုယ် ထဲမှ တမ်းတွင်းပါမီးတောက်သည် ရုတ်တရက် လှုပ်ခါသွားပြီး ငြိမ်သက်သေဆုံး သွားသည်ကို ခံစားမိလေသည်။

၎င်းသည် ကောင်းကင်မီး၏အဆင့်ဖြစ်ကာ သားရဲတစ်ကောင်လိုပင် မီးတောက်များအကြားတွင် ဖိနှိပ်မှုရှိလေသည်။ သို့သော် အဆင့်မြင့်မီးတောက် သည် မြေကြီးအဆင့်မီးတောက်များကို ဖိနှိပ်နိုင်လေသည်။

All Chapters