လိုချင်တာလား ကိုယ်တိုင်လုပ်
Vol. 53 Ch. 1052
ထိုအခိုက်အတန့်တွင် ပေထင်းဟွမ်သည် အဂ္ဂိရတ်ပညာရှင်ဖြစ်ကြောင်း ကို အိုက်လန် အမှန်အကန်ယုံကြည်သွားသည်။ ဝမ်းတွင်းပါမီးတောက်နှင့် မီးကိုအသုံးပြုနေသည်မှာ သူသာ အဂ္ဂိရတ်ပညာရှင်မဟုတ်လျှင် ငွေကြေးကို ဖြုန်းတီးခြင်းပင်။
ချက်ချင်းဆိုသလိုပင် ပေထင်းဟွမ်၏ ဆန်းပြားသောနည်းပညာများနှင့် ဆေးပစ္စည်းများကို ထည့်သည့် ကျွမ်းကျင်မှုနှင့်အတူ ဆေးများကို ဒယ်စောက် ထဲသို့ထည့်လိုက်သည်။ ကြီးမားသောစိတ်စွမ်းအင်သည် ဆေးပစ္စည်းများကို ပိတ်လှောင်ထားကာ မီးတောက်ထဲမှ ဆေးပစ္စည်းများသည် စတင်သန့်စင်နေ လေသည်။ အသေးစိတ်တိုင်းကို ပြီးပြည့်စုံစွာ ကိုင်တွယ်သွားသည်။ ထိုအခိုက် အတန့်တွင် အိုက်လန်သည် ပေထင်းဟွမ်အား အလွန်လေးစားနေမိသည်။
သူသည် နယ်ပယ်တစ်ခုတွင် နှစ်ပေါင်း တစ်ရာ နှစ်ရာ ရင်းနှီးထားပြီးမှ သေးငယ်သော ပေါက်မြောက်မှုရခဲ့ကာ အဆင့် ၄ အဂ္ဂိရတ်ပညာရှင်ဖြစ်လာခဲ့ သည်။ သို့သော် ပေထင်းဟွမ်မှာ ထိုသို့မဟုတ်ပေ။ သူမသည် အသက်မည်မျှ ရှိ သေးသနည်း။ ၁၅ နှစ်ပင်မပြည့်သေးသည့် လူငယ်သည် မိခင်၏ဝမ်းဗိုက်ထဲမှ စပြီး ဆေးသန့်စင်နည်းသင်ခဲ့ပါက သူမ၏အရည်အချင်းမတော်သရွေ့ ယခု အချိန်တွင် ဤမျှတော်မည်မဟုတ်ပေ။
ထို့ကြောင့် ပေထင်းဟွမ်သည် သူ၏ အရည်အချင်းညံ့ဖျင်းမှုကို အထင်သေးသည်မှာ အကျိုးအကြောင်းသင့်လှသည်။ ထို့ကြောင့် အိုက်လန် သည် အခိုင်အမာယုံကြည်မိသည်။
ဆေးပစ္စည်းထဲမှ ဝိညာဉ်ရည်များ အားလုံး ခမ်းသွားကာ စတင်ပြီး စုခဲလေ တော့သည်။ ပေထင်းဟွမ်သည် မီးတောက်လေးနှင့် ဝိညာဉ်ရည်များကို စတင် သိမ်းကာ ဒယ်စောက်အတွင်းနံရံအတွင်းတွင် တဖြည်းဖြည်းလှိမ့်နေလေသည်။ ဆေးလုံးပုံသဏ္ဍာန်ပေါ်လာသည်ကိုကြည့်ပြီး ထိုအချိန်တွင် အိုက်လန်သည် ပေထင်းဟွမ်ထက်ပင် ပို၍စိတ်လှုပ်ရှားမိလေသည်။
“ငါက နည်းပညာမှာ အရည်အချင်းအရမ်းမရှိဘူး မီးထိန်းချုပ်မှုက မပြည့်စုံပေမဲ့ အများဆုံးမှ ဆေးအာနိသင်ကို သက်ရောက်နိုင်မှာပဲရှိမှာ၊ အဒါက ဆေးအာနိသင်ကို ပြောင်းသွားလိမ့်မယ်လို့ ပြောမှာမဟုတ်ဘူး” အိုက်လန်သည် ပိုပိုပြီး နားမလည်နိုင်ဖြစ်ကာ ဘေးတွင်ရပ်ပြီး ရေရွတ်နေသည်။
ပေထင်းဟွမ်သည် သူ့အား မျက်လုံးထောင့်မှကြည့်လိုက်သည်။ ထိုအချိန် တွင် ကစဥ့်ကလျားနတ်အရင်းအမြစ်သည် ထွက်လာသည့်အလား ပေထင်းဟွမ် ၏စွမ်းအားဖြင့်ရစ်ပတ်ကာ အဂ္ဂိရတ်ဒယ်စောက်ဆီသို့ လွင့်ပါသွားလေသည်။ ဒယ်စောက်တစ်ခုလုံးသည် တုန်ခါလေသည်။ ဆေးအာနိသင်မှာ အသက်ဝင် လာပြီဖြစ်ကာ မီးတောက်၏ဖိနှိပ်မှုအောက်တွင် ဆေးထဲသို့ စွမ်းအင်များပါဝင် လာသည်။
“ပြီးသွားပြီ ပြီးသွားပြီ”
အိုက်လန်သည် မျောက်တစ်ကောင်အလား ဆေးဖိုကို လှည့်ပတ်နေပြီး မတည်ငြိမ်နိုင်တော့ပေ။ သူ သန့်စင်နေခဲ့သည်မှာ နှစ်ပေါင်းမည်မျှရှိသနည်း။ သူ၏ တစ်သက်တာအိပ်မက်သည် ပြည်မကြီးပေါ်မှ အဂ္ဂိရတ်ပညာရှင်များ မသန့်စင်နိုင်သည့်ဆေးများကို ခက်ခက်ခဲခဲလုပ်ရန်ဖြစ်သည်။ ဤအခိုက်အတန့် တွင် သူ၏မျက်စိရှေ့၌ အိပ်မက်များအမှန်တကယ် ဖြစ်လာသည်ကိုကြည့်နေရ သဖြင့်မည်သို့ စိတ်မလှုပ်ရှားဘဲနေမည်နည်း။
အိုက်လန်၏လက်သည် ဒယ်စောက်ထိပ်ပိုင်းသို့ ရွေ့လျားသွားလေသည်။ သို့သော် အားကောင်းသောအင်အားတစ်ခုသည် တွန်းထုတ်လိုက်လေသည်။ ပေထင်းဟွမ်၏ ဖြူစွတ်နူးညံ့သောလက်သည် သူ့ထက်ခြေတစ်လှမ်းစော၏။ သူမသည် ဒါဇင်မျှရှိသောဆေးကို ဆုပ်ယူလိုက်သည်။ တစ်လုံးချင်းစီသည် ပုလဲ လုံးကဲ့သို့ လုံးဝန်းနေပြီး အပေါ်တွင် နဂါးတစ်ကောင် ကူးခတ်နေသလိုပင် အနံ့ ပြင်းပြင်းတစ်ခုပါဝင်နေပြီး အားကောင်းသောစွမ်းအင်မှာ တစ်ယောက်ယောက် သောက်လိုက်သည်နှင့် ဝိညာဉ်ဂိုဏ်းအဆင့်သို့ တက်တော့မည့်အတိုင်းပင်။
“ဒီမှာ ဒီမှာ ငါ့ကိုတစ်လုံးပေးပါ ပေးမှာလား” အရူးအဘိုးကြီးသည် လက် ဖြန့်ပြီး တောင်းနေလေသည်။
ပေထင်းဟွမ်သည် သူ့ကိုစိုက်ကြည့်ရင်းနှင့် ဒါဇင်မျှသောဆေးများကို ကျောက်စိမ်းပုလင်းထဲထည့်ပြီး ချင်းယွိဆီသို့ ပစ်ပေးကာ အညှာတာမဲ့စွာပြော လိုက်သည် “လိုချင်တာလား ကိုယ့်ဘာသာလုပ်လေ”
“ဟုတ်တယ် ဟုတ်တယ် ဆရာပြောတာမှန်တယ် ကိုယ့်ဘာသာ လေ့ကျင့်ပါ့မယ်” အရူးအဘိုးကြီး၏ ပေထင်းဟွမ်အပေါ် အပြုအမူသည် သူ၏ မိဘထက်ပင် ပိုကောင်းနေသလိုပင်။ ပေထင်းဟွမ်၏စကားများကို ကြားပြီးနောက် သူသည် အလျင်အမြန်ပင် ဆေးပစ္စည်းများကို ကောက်ယူကာ မီးမွှေးပြီး ဆေးဖိုကို အပူပေးကာ ပေထင်းဟွမ်၏အမိန့်အတိုင်း အမှားမလုပ်ရဲ ဘဲ တစ်ဆင့်ချင်းလိုက်လုပ်လေသည်။
မရေမတွက်နိုင်သော ရှုံးနိမ့်မှုများပြီးသွားသည့်တိုင်အောင် ပေထင်းဟွမ် ၏ အောင်မြင်မှုကိုကြည့်ပြီး သည်တစ်ကြိမ်တွင် ရှုံးနိမ့်လိမ့်မည်ဟု အရူးအဘိုး ကြီးမထင်ပေ။
ပေထင်းဟွမ်သည် ဘေးတွင်ရပ်ပြီး ကြည့်နေလေသည်။ အရူးအဘိုးကြီး ဆေးများကို ခဲတော့မှပင် ဆေးဖိုကိုလက်ညှိုးဖြင့်ထိုးလိုက်ရာ မမြင်ရသလောက်ဖြစ်သော ကစဥ့်ကလျားရောင်ဝါသည် ဆေးဖိုဆီသို့ ပျံသွား လေသည်။