ဆရာလာပါ တပည့်အရိုအသေပေးတာလက်ခံပါ
Vol. 53 Ch. 1053
ဆေးထဲမှစွမ်းအင်လှုပ်ရှားလာသည်နှင့် ၎င်းသည် ဆေးဖိုထဲတွင် စတင် ရုန်းကန်ကာ အသံများထွက်အောင် ခုန်ပေါက်လေသည်။ အရူးအဘိုးကြီး၏ နှစ်ပေါင်းများစွာ ဆေးသန့်စင်လာသည့် လုပ်ငန်းစဉ်တစ်လျှောက်တွင် ထိုကဲ့သို့ အရာမျိုးကို တစ်ခါမှမကြုံတွေ့ဖူးပေ။ ၎င်းလှုပ်ရှားမှုမှာ ဝိညာဉ်အဆင့်ခွဲဆေး ပြီးဆုံးသွားပြီဟု အဓိပ္ပာယ်သက်ရောက်သည်။
မျက်လုံးအိမ်ထဲမှ မျက်ရည်စီးကြောင်း နှစ်ကြောင်းကျလာသည်။ အရူး အဘိုးကြီး၏ လှုပ်ရှားမှုများသည် ပို၍လေးလံလာသလိုပင်။ သူသည် လှုပ်ရှားမှု များငြိမ်ကျသွားသည်အထိစောင့်ပြီးမှ အဖုံးကိုလှပ်လိုက်သောအခါ ဆေးလုံး သည် ဒယ်စောက်ထဲမှ လွင့်ကာ ပျံလာသည်။ လက်ကိုမြှောက်လိုက်သည်နှင့် အရည်အသွေးမမြင့်မားသော ဝိညာဉ်အဆင့်ခွဲဆေးသုံးလုံးသည် သူ၏လက် ဖဝါးပေါ် ကျရောက်လေသည်။
“မိုးနတ်မင်းရေ ငါလုပ်နိုင်သွားပြီ လုပ်နိုင်သွားပြီ နောက်ဆုံးတော့ လုပ်နိုင်သွားပြီ ဟား ဟား နတ်ဘုရားက ငါ့ကိုစောင့်ရှောက်လိုက်တာပဲ” ထိုဆေးများသည် တခြားဆေးများနှင့်ယှဉ်လျှင် အရည်အသွေးပိုင်းလိုအပ်နေ သေးသော်လည်း အရူးအဘိုးကြီးသည် ဆေးသုံးလုံးကို ရတနာတစ်ပါးအလား ကိုင်ထားသည်။ ၎င်းသည် ပေထင်းဟွမ်၏ သန့်စင်သောဆေးလောက် မကောင်းသော်လည်း အနည်းဆုံးတော့ ၎င်းသည် ဝိညာဉ်အဆင့်ခွဲဆေးဆို သည်ကို ပြနိုင်သည်။
“ဇာမဏီမြို့ပြီးသွားရင် ဒီအဘိုးကြီးက ပင်မတိုက်ကြီးမှာ အဆင့်တက် အောင်လုပ်နိုင်တဲ့ဆေးကို သန့်စင်နိုင်တဲ့ ဒုတိယမြောက်လူပဲ ဟား ဟား အဆင့် ၅ ဆေး၊ ဒီအရူးအဘိုးကြီးက အဆင့် ၅ အဂ္ဂိရတ်ပညာရှင်ဖြစ်နေပြီ” အိုက်လန် သည် ဂုဏ်မယူဘဲမနေနိုင်ပေ။
“ဂုဏ်ပြုပါတယ်” ပေထင်းဟွမ်သည် မမှုသလိုပြောလေသည် “သခင်လေးရဲ့ လမ်းညွှန်မှုအောက်မှာ ဝိညာဉ်အဆင့်ခွဲဆေးကို သန့်စင်ပြီးသွား ပြီ၊ နောက်တစ်ခုက ဘာလုပ်သင့်လဲဆိုတာ သိတယ်မလား”
“သိတယ်” အရူးအဘိုးကြီးသည် စိတ်ရင်းနှင့်ပြောလေသည်။ ထိုအချိန် တွင် သူတည်ငြိမ်သွားပြီဖြစ်သည်။ ပေထင်းဟွမ်၏စွမ်းအားကိုကြည့်လျှင် သူသည် ဂုဏ်ယူခွင့်မရှိပေ။ သူသည် ဆေးကိုသိမ်းပြီး လျှောက်သွားကာ ပေထင်းဟွမ်အား မျက်နှာချင်းဆိုင် အရိုအသေပေးလေသည် “ဆရာ တပည့် အရိုအသေပေးတာလက်ခံပါ”
ပေထင်းဟွမ်သည် သတိလက်လွတ်ဖြစ်သွားပြီး သူ အရိုအသေပေးခြင်း ကိုခံရလေသည်။ ချက်ချင်းဆိုသလိုပင် သူမသည် စိတ်တိုလာသည် “ကျွန်တော် က ခင်ဗျားရဲ့ဆရာလုပ်ပါမယ်လို့ ဘယ်သူပြောလဲ၊ ခင်ဗျားရဲ့ အရည်အချင်းနဲ့ ဘယ်လိုလုပ် တပည့်အဖြစ်လက်ခံနိုင်မှာလဲ”
ပေထင်းဟွမ် ဤလူကို မည်မျှပင်အထင်သေးစေကာမူ အရူးအဘိုးကြီး သည် ဒေါသမထွက်ဘဲ စိတ်သဘောထားမှာလည်း အလွန်စိတ်ရင်းမှန်လှသည် “တပည့်က အနှစ် ၂၀၀ ကျော်နေလာခဲ့ပေမဲ့ ခွန်အားမှာ အသက်ကွာခြားမှုမရှိ ဘူးဆိုတာကို နားလည်ပါတယ်၊ ဆရာ့ရဲ့ခွန်အားက တပည့်ရဲ့ခွန်အားထက် သာလွန်ပါတယ်၊ ဟုတ်တယ် တပည့်က ညံ့ပါတယ် ဒါပေမဲ့ ကြိုးစားပြီးတော့ ဆရာ မျက်နှာမပျက်ရအောင်လုပ်ပါ့မယ်”
မျက်နှာပျက်ရုံနှင့်မလုံလောက်ပေ။ သိသည့်အတိုင်းပင် လက်ရှိ အဂ္ဂိရတ် အစည်းအရုံးဥက္ကဌပင်လျှင် အဆင့် ၅ အဂ္ဂိရတ်ပညာရှင်ဖြစ်သည်။ ဤအဘိုး ကြီးသည် တခြားလူ၏မီးတောက်ကို ချေးသည့်အဆင့်၌ပင် အဆင့် ၄ ဆေးကို သန့်စင်နိုင်သည့်ကိစ္စသည် အလွန်ပင် ထူးခြားသည့်တည်ရှိမှုပင်။
ဆေးသန့်စင်သည့်လုပ်ငန်းစဉ်တွင် အပူသည် အလွန်အရေးကြီးသည်။ ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်လျှင်တောင် မီးတောက်အရွယ်အစားကို တခြားသူများကို ထိန်းညှိရန် သတ်မှတ်ပေးရမည်ဖြစ်သည်။
“ရှောင်ကျို့ သခင်အိုက်လန်က မင်းရဲ့ကျောင်းသားဖြစ်သွားရင် မင်းက ဆရာဖြစ်သွားပြီ အဲလိုဆို အဂ္ဂိရတ်ပညာရှင်တံဆိပ်ပြားပေးဖို့ ခက်မသွားဘူး လား” ချင်းယွိသည် ရောက်လာပြီး တိုက်တွန်းလေသည်။
ထိုအခါမှပင် ပေထင်းဟွမ်သည် သတိပြန်ဝင်လာသည်။ သူမသည် ဤ အဘိုးကြီးနှင့် စကားမများချင်တော့ပေ။ ကျောင်းသားသည် ကျောင်းသားဖြစ် သည်။ သူလုပ်ချင်သလို လုပ်နိုင်သည်။ သူသည် အတန်ကြာအောင် ဘာမှမပြောဘဲ အပြင်သို့ထွက်သွားသည်။
ပေထင်းဟွမ်သည် အဂ္ဂိရတ်ပညာရှင်တံဆိပ်ပြား တောင်းရန်လာသည်ဟု သိသည်နှင့် အိုက်လန်သည် တအံ့အတဩနှင့် ပျော်သွားလေသည်။ နောက်ဆုံး တွင် သူသည် ဆရာ့အတွက်ဂုဏ်ယူစရာလုပ်ပေးရန် အခွင့်အရေးရှာတွေ့သွား ပြီဖြစ်သည်။ သူသည် အလျင်အမြန်ပင် ပေထင်းဟွမ်၏ ခြေလှမ်းများနောက် လိုက်သွားလေသည် “ဆရာ ကျောင်းသားကိုကြည့်ပါဦး အဆင့်က အရမ်း မကောင်းပေမဲ့ ဒီနှစ်အတွင်းမှာ ဒီတပည့်စုဆောင်းလာတဲ့ဟာတွေပါ၊ အဲဒါကို အသိအမှတ် ပြုနိုင်လား”
“မပြုဘူး” ပေထင်းဟွမ်သည် ပွင့်လင်းသည်။ သူမသည် အိုက်လန်၏ စုဆောင်းမှုကို အထင်မကြီးပေ။ တကယ်တော့ ဤကမ္ဘာတွင် ယန်ယဲ့ထက် မည်သူကများ ဆေးပစ္စည်းစုဆောင်းနိုင်မည်နည်း။ ပေထင်းဟွမ်သည် ယန်ယဲ့ ဆေးသန့်စင်သည့်နေရာကို ရောက်ဖူးပြီးသားဖြစ်သည်။ ထိုနေရာတွင် စစ်ပွဲဘုံ တောထက်မလျော့သည့် ဆေးအမျိုးအစားပေါင်းစုံကို စိုက်ပျိုးရန်နေရာတစ်ခု ရှိလိမ့်မည်ဟု သူမ ပြောနိုင်သည်။