၁၅ နှစ်လား တကယ် ၁၅ နှစ်လား
Vol. 53 Ch. 1054
အိုက်လန် အနည်းငယ် လေးကန်သွားသည်ကိုကြည့်ခြင်းအားဖြင့် ပေထင်းဟွမ်၏ ရိုက်ချက်ကို ခံလိုက်ရကြောင်းသိနိုင်သည်။ ပေထင်းဟွမ်သည် အနည်းငယ် သက်ပြင်းချမိလေသည် “ကျွန်တော် အဂ္ဂိရတ်ပညာအစည်းအဝေး ကို သွားတက်မယ်၊ ဒါပေမဲ့ အဂ္ဂိရတ်ပညာရှင်တံဆိပ်ပြားမရှိလို့ တစ်ခုလောက် ပေးပါ”
“အာ... ကောင်းတယ် ကောင်းတယ် ကောင်းတယ် ကောင်းတယ်” အိုက်လန်သည် ချက်ချင်းပင် တက်ကြွသွားလေသည်။ အောက်ထပ်သို့ဆင်း ပြီးနောက် သူသည် ငေါက်ငမ်းလေသည်။ ခဏအကြာတွင် စာရွက်စာတမ်းများ အသင့်ဖြစ်လေသည်။ သူသည် ကိုယ်တိုင်ပင် စုတ်တံကိုင်ပြီး ပေထင်းဟွမ်ကို ကူညီဖြည့်ပေးကာ ပေထင်းဟွမ်အား မေးလေသည် “ဆရာ မင်းနာမည်က ဘယ်သူလဲ”
အဂ္ဂိရတ်အစည်းအရုံးဧည့်ခန်းတွင် တစ်စုံတစ်ယောက် စာရင်းလာပေး သည်နှင့် ကိုယ်တိုင် စာရင်းလက်ခံသည့် ထူးဆန်းသောအကျင့်နှင့်ဥက္ကဌကို မြင်ရသည်မှာ အပြင်လူများမဆိုထားနှင့် ရုံးဝန်ထမ်းများအတွက်ပင် ထူးဆန်း နေလေသည်။ ထိုအချိန်တွင် အိုက်လန် ပြောလိုက်သောစကားကိုကြား သောအခါ အားလုံးသည် မြေပေါ်သို့ တစ်ပြိုင်နက်လဲကျသွားလေသည်။
ယနေ့ နေသည် အနောက်ဘက်မှထွက်လာခဲ့သည်လား။ ကြေးစား အစည်းအရုံးဥက္ကဌဖေးကာ သေဆုံးပြီးနောက်တွင် သခင်အိုက်လန်ကို လှုံ့ဆော် သလိုဖြစ်ကာ စိတ်မမှန်ဖြစ်သွားစေသည်လား။ နှစ်ပေါင်း ၂၀၀ ကျော်နေလာခဲ့ သော အဆင့် ၄ အဂ္ဂိရတ်ပညာရှင်သည် ၁၅ နှစ်ပင်မပြည့်သေးသည့် ကလေး တစ်ယောက်ကို ဆရာဟု ခေါ်သည်ကို မည်သူမြင်ဖူးသနည်း။
ထူးဆန်းလွန်းသည်။ ထိုအတွေးကို ခန်းမထဲမှလူတိုင်းတွေးကြသည်။ သူတို့သည် ထင်ယောင်ထင်မှားဖြစ်နေသည်လားမသိပေ။
“ဘယ်နာမည်ရွေးရမလဲ” ပေထင်းဟွမ်သည် ပြောင်သလင်းခါနေသည့် မေးစေ့ကိုကိုင်ကာ အတွေးပျောက်နေသည်။ ပေယဲ့ မဖြစ်နိုင်ပေ။ ဟွမ်ကျို့ တစ်တိုက်လုံးမှသိပြီးသားဖြစ်သည်။ သူမ၏မိခင် ယွဲ့မင်ယင်းကို သတိသွားရ သဖြင့် ပေထင်းဟွမ် ပြောလိုက်သည် “ပေယွဲ့”
“ပေယွဲ့လား” နာမည်အတုကိုကြားပြီး အတန်ကြာအောင် စဉ်းစားနေ သေးသည်။ သို့သော် ဤသခင်ကြီး၏ နာမည်အရင်းကိုမည်သူ မေးရဲသနည်း။
အရူးအဘိုးကြီးသည် ပေယွဲ့၏နာမည်ကို စာရင်းထဲ အမြန်ရေးပြီးနောက် ပေထင်းဟွမ်အား မေးလေသည် “ဆရာ အသက်”
“၁၅ နှစ်” အမှန်တော့ သူမသည် ၁၅ နှစ်ပြည့်ရန် နှစ်လလိုသေးသည်။ သို့သော် ပေထင်းဟွမ်သည် ၁၄ နှစ်ဟုမပြောချင်တော့ပေ။ အကြောင်းမှာ ပေထင်းဟွမ်၏အသက်နှင့် နှိုင်းယှဉ်မည်စိုးသောကြောင့်ပင်။
“၁၅ နှစ်လား တကယ်ကြီး ၁၅ နှစ်လား” အိုက်လန်၏လက်များသည် တုန်ယင်လာသည်။ ပေထင်းဟွမ်သည် အသက်ကြီးမှ ဝိညာဉ်ဂိုဏ်းသို့ဝင်ခဲ့ သဖြင့် နှစ်ပေါင်းများစွာနေလာခဲ့သော မကောင်းဆိုးဝါးအိုကြီးဟု အိုက်လန် ထင်ထားခဲ့သည်။ ထို့ကြောင့် သူသည် ဆယ်ကျော်သက်ရုပ်ရည်ကို ထိန်းသိမ်း နိုင်ခဲ့သည်ဟု တွေးထားခဲ့သည်။ သို့သော် သူ့အတွေးမှာ မဖြစ်မြောက်ခဲ့ပေ။
“အိုး ငါ အနှစ် ၂၀၀ ကျော်နေလာခဲ့ပြီ ဆရာနဲ့ယှဉ်ရင် ငါကတော်တော်ကို အသက်ကြီးနေပြီပဲ” အိုက်လန်သည် စိတ်ထဲမှ သက်ပြင်းချမိလေသည်။
“ဆရာ အဂ္ဂိရတ်အဆင့်က ၅ လား ၆ လား”
အိုက်လန် ထိုစကားများပြောသည်နှင့် အဂ္ဂိရတ်အစည်းအရုံးခန်းမတစ်ခု လုံးတွင် ကျွတ်သပ်သံများပေါ်လာသည်။ ဘာအဓိပ္ပာယ်လဲ။ အနောက်တံခါး ပေါက်က တိုးဝင်တာမကြိုက်တဲ့၊ အမြဲတမ်း သမာသမတ်ကျတဲ့ ဘက်မလိုက် တဲ့ ဥက္ကဌက မစမ်းသပ်ဘဲ အဆင့် ၅ အဂ္ဂိရတ်ပညာရှင်တံဆိပ်ပြားကိုပေးတော့ မှာလား။
ဒါဘယ်လို ဖြစ်သွားတာလဲ။
သို့သော် အိုက်လန်သည် မနောက်ပေ။ သူသည် အမှန်အတိုင်းပြောနေ ခြင်းပင်။
ကုန်သွယ်ရေးအစည်းအရုံး၏ အကြီးအကဲသည် သည်းမခံနိုင်တော့ဘဲ လျှောက်လာပြီး အိုက်လန်အား အရိုအသေပြုလေသည် “ဥက္ကဌ ဒါက စည်းမျဉ်း ကို ဆန့်ကျင်နေပါတယ်၊ အဂ္ဂိရတ်အစည်းအရုံးက တစ်ဖြတ်တိုင်းမှာ လူအများ ရှေ့မှာ စမ်းသပ်ပါတယ်၊ စမ်းသပ်တဲ့နေရာမှာ အကြီးအကဲ ၁၀ ယောက်ကျော်ရှိ ရပါမယ်၊ အဲဒါမှ သန့်စင်လိုက်တဲ့ဆေးရဲ့အဆင့်နဲ့လိုက်ပြီး တူညီတဲ့ အဂ္ဂိရတ် ပညာရှင်တံဆိပ်ပြားကို ထုတ်ပေးနိုင်မှာဖြစ်ပါတယ်၊ ခင်ဗျားက စည်းမျဉ်း အတိုင်းမလုပ်ဘူးပဲ”
“ကိုယ့်ဆရာက အခုအဂ္ဂိရတ်အစည်းအဝေးကို တက်ချင်နေတာလေ၊ အဂ္ဂိရိတ်ပညာရှင်တံဆိပ်ပြားလိုနေတယ် အဲတော့ ကျုပ်က ဘာလုပ်ရတော့မှာ လဲ” အိုက်လန်သည် မျက်နှာတွင်ကျနေသော ဆံပင်ရှည်များကို လက်နှစ်ဖက် ဖြင့် သပ်ပြီး အကြီးအကဲအား ခက်ထန်စွာပြောလေသည်။
အိုက်လန်၏ ဖရိုဖရဲဖြစ်နေသောဆံပင်များသည် အလွန်ကြောက်စရာ ကောင်းနေသည်။ သူသည် အကြီးအကဲကို စိုက်ကြည့်လိုက်ရာ အကြီးအကဲ သည် နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်သွားလေသည်။ ခဏကြာရပ်နေပြီး မှ သူ ပြောလိုက်သည် “ကျုပ်တို့ ခင်ဗျားဆရာကို ယာယီစမ်းသပ်လို့ရပါတယ်၊ ဒါပေမဲ့ စာမေးပွဲပြီးမှပဲ တံဆိပ်ပြားပေးနိုင်မယ်လေ၊ ပြီးတော့ ခင်ဗျားဆရာက အဂ္ဂိရတ်ပညာအစည်းအဝေးကို သွားမယ်ဆိုတော့ တိုက်ကြီးတစ်ခုလုံးရှေ့မှာ ပြိုင်ပွဲလုပ်မှာပဲ အဲဒီမှာက လူတိုင်းပါဝင်လို့ရတယ်”