Chapters

တန့်ကာမြို့သို့သွားခြင်း၊ တပည့်ကိုအဖော်လိုက်ခွင့်ပြု ပါ

Vol. 53 Ch. 1055

တန့်ကာမြို့သို့သွားခြင်း၊ တပည့်ကိုအဖော်လိုက်ခွင့်ပြု ပါ

Vol. 53 Ch. 1055

“အဲဒါကို ဘာလို့ စောစောကမပြောတာလဲ” ပေထင်းဟွမ် ထိုစကားကို ကြားသောအခါ အဂ္ဂိရတ်အစည်းအရုံးခန်းမတစ်ခုလုံး၏ လွှမ်းမိုးမှုသည် များစွာ ကောင်းလာသည်။ အဂ္ဂိရတ်အစည်းအဝေးသည် အမှန်တကယ်ပင် သူမကဲ့သို့ ပြတ်သားသည့်ဆုံးဖြတ်ချက်ရှိသည့်လူကို အရည်အချင်းမပြည့်မှီကို စိုးရိမ်ရန် မလိုဘဲ လက်ခံပေးသည်။

ပေထင်းဟွမ်သည် ပြောပြီးသည်နှင့် အိုက်လန်ကို စကားမပြောတော့ဘဲ မုချင်းလင်ကို လက်ဆွဲကာ ထွက်လာလေသည်။ သူမသည် လမ်းလျှောက်ရင်း နှင့်ပြောလေသည် “အစ်ကိုကြီးချင်းယွိ ဒီမှာပဲနှုတ်ဆက်ရတော့မယ်၊ အစတုန်း ကတော့ အချိန်မှီသွားဖို့ သုံးရက်လိုသေးတယ် ကျွန်တော် နောက်ဆုံးပြိုင်ပွဲကို အမှီလိုက်ချင်တာ၊ အခု သန်ဘက်ခါကျရင် စာမေးပွဲရှိသေးတယ် အဲဒါကြောင့် အချိန်က ကြပ်သွားတာ”

“ဟုတ်ပြီ ရှောင်ကျို့ ငါတို့ညီအစ်ကိုတွေက တခြားပြောဖို့မှမလိုတာ၊ ကျေးဇူးတင်ကြောင်းလည်းမပြောတော့ဘူး၊ ငါလည်း သွားစရာရှိသေးတယ် အဲတော့ လမ်းမှာဂရုစိုက်ပါ၊ ပြီးတော့...” ချင်းယွိသည် ပေထင်းဟွမ်အား ညွှန် ကြားလေသည် “တန့်ကာမြို့က ပြည်မကြီးမှာ တခြားမြို့ကြီးတွေလိုမဟုတ်ဘူး အဲဒီကို သားရဲပျံစီးသွားလို့ရတယ် အဲဒါမှမြန်မှာ”

“ကောင်းတယ်” ပေထင်းဟွမ်သည် မူလက သားရဲပျံကို တန့်ကာမြို့အနီး သို့ စီးသွားရန် စီစဉ်ထားသည်။ တိုက်ရိုက်ပျံသန်းခွင့်ရှိသဖြင့် အချိန်ကုန် သက်သာစေသည်။

သူမ ထွက်သွားတော့မည်အပြုတွင် သူမအနောက်မှ ညစ်ပေနေသော လက်တစ်ဖက်သည် သူမ၏အဝတ်များကို ဆုပ်ကိုင်လေသည်။ အိုက်လန်သည် သူမအနောက်မှပြောလေသည် “ဆရာ တန့်ကာမြို့ကိုသွားမယ်ဆိုရင် တပည့် က အဖော်လိုက်ပေးပါမယ်”

ပေထင်းဟွမ်သည် သူ့လက်ကို ရိုက်ချချင်သော်လည်း အသက်ကို ပြင်းပြင်းရှူကာ ရင်ထဲမှ ခံစားချက်များကိုဖိနှိပ်ပြီး အေးစက်သောအသံနှင့် ပြောလိုက်သည် “လွှတ်ပါ”

အိုက်လန်သည် မလွှတ်ဘဲ တောင်းဆိုလေသည် “ဆရာ တပည့်က တကယ်ကြီးပြောနေတာ တပည့်က အဲဒီကိုအဖော်လိုက်ပေးလို့ရတယ်၊ အဲလိုမှ အရည်အချင်းစစ်ပြိုင်ပွဲဝင်ဖို့မလိုမှာ”

ဟုတ်ပြီ ပေထင်းဟွမ်သည် အနည်းငယ် နောင်တရမိသည်။ အရည်အချင်းစစ်ပြိုင်ပွဲရှိသည်ကို သိထားလျှင် ဤအရူးကြီးနှင့် ဘာကြောင့် အချိန်ဖြုန်းနေတော့မည်နည်း။ ယခုမှာ ပြီးဆုံးသွားလေပြီ။ သကြားညိုသည် သူမ ခန္ဓာကိုယ်တွင် တွယ်ကပ်နေပြီဖြစ်သည်။ “ကျွန်တော့်မှာ ခွန်အားမရှိဘူး လို့ထင်နေတာလား၊ အရည်အချင်းစစ်ပြိုင်ပွဲကို မနိုင်ဘူးလို့ထင်နေတာလား၊ အနောက်တံခါးကနေဝင်ဖို့ ခင်ဗျားကို လိုနေလို့လား”

“မဟုတ်ဘူး အဲလိုမဟုတ်ပါဘူး” သူ၏ ဆရာသာ အရည်အချင်းမပြည့်မှီ လျှင် အရည်အချင်းပြည့်မှီသူ ရှိတော့မည်မဟုတ်ပေ။ ပေထင်းဟွမ် တံခါးဆီသို့ လျှောက်သွားချိန်တွင် သူ အော်လိုက်သည် “လာခဲ့ ငါ့ကိုပြင်ဆင်ပေးကြဦး တန့်ကာမြို့က ပွဲကြီးပွဲကောင်းကို ငါအလွတ်ခံလို့ ဘယ်ဖြစ်မလဲ၊ ငါ့ဆရာကို သွားအားပေးရမယ် ငါ အာမခံတယ် ဒီအဂ္ဂိရတ်အစည်းအဝေးမှာ သူတောက်ပ နေမှာပဲ”

အဂ္ဂိရတ်အစည်းအရုံးတစ်ခုလုံးသည် အိုက်လန်အား ရူးနေပြီဟုတွေးနေ ကြသည်။ သခင်ပေယွဲ့သည် အဂ္ဂိရတ်အစည်းအဝေးတွင် တောက်ပရန်လိုသေး သလားဟု အားလုံးသည် စိတ်ထဲမှတွေးနေကြသည်။ ဤမနက် ထည်ဝါမှုသည် တောက်ပရန်လိုနေသေးသည်လား။ ဤထူးခြားသောထည်ဝါမှုသည် ကြေးစား အစည်းအရုံးကို ဖျက်ဆီးလိုက်ပြီဖြစ်သည်။

ပေထင်းဟွမ် ရှေ့မှလျှောက်သွားသည်နှင့် အိုက်လန်သည် သူမနောက်မှ လိုက်လေသည်။ ကံကောင်းစွာပင် သူတို့နှစ်ယောက်သည် လမ်းမတူကြပေ။

ပေထင်းဟွမ်သည် မြို့တံခါးပေါက်မှထွက်ပြီး နှင်းဝံပုလွေမှလူများကို နှုတ်ဆက်ကာ မုချင်းလင်နှင့်အတူ အလင်းမြင်းပျံကို စီးကာထွက်သွားလေ သည်။ အိုက်လန်သည် သူကိုယ်တိုင် ဝိညာဉ်ဂိုဏ်းဖြစ်သဖြင့် မိုးပေါ်တွင်ပျံရ သည်မှာ လမ်းလျှောက်သလို သက်တောင့်သက်သာဖြစ်သည်။ သူ၏ အမြီးသုံး ချောင်းမြေခွေးသည် သားရဲပျံမဟုတ်သဖြင့် သူ၏လမ်းလျှောက်သည့်နှုန်းထက် ပင်နှေးလေသည်။

တန့်ကာမြို့သည် တာဝမြို့နှင့် ကီလိုမီတာ နှစ်ထောင်ကွာဝေးသည်။ အလင်းမြင်းပျံသည် လမ်းတစ်လျှောက်ပျံသန်းလာသည်။ ကြီးမားသော သားရဲ ၏ ခန္ဓာကိုယ်ပေါ်တွင် ပေထင်းဟွမ်နှင့် မုချင်းလင်တို့သည် အလွန်ပင် သက်တောင့်သက်သာ စီးနင်းလိုက်ပါလာသည်။ တစ်ညနှင့်တစ်ရက်တာ ပျံသန်းပြီးနောက် သူတို့နှစ်ယောက်သည် တန့်ကာမြို့သို့ရောက်လာလေသည်။