← Chapters

သခင်က ဘာလို့ငါ့ကိုမခေါ်တာလဲ

Vol. 53 Ch. 1056

သခင်က ဘာလို့ငါ့ကိုမခေါ်တာလဲ

Vol. 53 Ch. 1056

သားရဲပျံစီးရသည်မှာ အတော်အဆင်ပြေလှသည်။ အချိန်လည်းနှစ်ဆ သက်သာသည်။ သို့သော် အလင်းမြင်းပျံသည် များစွာဒုက္ခခံစားရသည်။ ပေထင်းဟွမ်သည် သူ့အတွက် ဂရုစိုက်ပေးသည်ကို ခံစားမိသည်။ အလင်း မြင်းပျံ (လျှပ်စီး) သည် ရင်ထဲထိမိလေသည်။ ဝိညာဉ်အသိစိတ် ပင်လယ်ကိုဖြတ်ပြီး သူသည် ပေထင်းဟွမ်အားပြောလိုက်သည် “သခင် လျှပ်စီးက နောက်ဆုံးတော့ သခင့်ကိုကူညီနိုင်တဲ့သူတွေ့ပြီ သခင်က ငါ့ကို အားနာစရမလိုပါဘူး၊ လက်ပတ် နေရာထဲက မှော်စွမ်းအင်က အရမ်း အားကောင်းနေတယ်၊ ငါ ခဏလောက် နားလိုက်တာနဲ့ အားပြန်ပြည့်လာမှာပါ”

သူသည်လည်း နတ်သားရဲဖြစ်ပြီး သခင့်အတွက် တိုက်ခိုက်ပေးသူမဟုတ် ပေ။ သို့သော် သခင်သည် သူ့ကို များစွာချစ်ပေးသည်။

သူသည် သခင်နောက်လိုက်ပြီးနောက်တွင် အားစိုက်မထုတ်ရသလို ခံစား ရလေသည်။ ဤအချိန်တွင် သခင်နှင့် နေ့ရောညပါ အဖော်ပြုပေးရသည်ကို အလွန်ပျော်နေပုံပေါက်သည်။ သူ၏ခွန်အား ပေးဆပ်ရသည်ကိုမဆိုထားနှင့် သွေးထုတ်ပေးပြီး စတေးရန်လိုလားသည်။

နေရာထဲသို့ဝင်သွားချိန်တွင် မိုးကြိုးသွားသည် စိတ်ဓာတ်ကျစွာနှင့် မြေပေါ် တွင်လူးလှိမ့်နေသည်ကို မြင်လိုက်ရသည်။ ထိုလူသည် အထွတ်အမြတ်သားရဲ ဖြစ်နေပြီဖြစ်သည်။ သူ အထွတ်အမြတ်သားရဲဖြစ်ပြီးစမှစ၍ လူသားခန္ဓာကိုယ် နှင့် လှည့်ပတ်သွားလာနေခဲ့သည်။ နောက်တွင် သူသည် သားရဲငယ်အဖြစ် ပြန် ပြောင်းသွားလေသည်။

သားရဲတစ်ကောင်အနေနှင့် မဖြစ်မနေမဟုတ်သော်လည်း သူတို့သည် သားရဲအသွင်ပြောင်းရသည်ကို အသားကျနေတုန်းပင်။

“ဝူး....”

လျှပ်စီးသည် ထိုအသံကိုကြားသောအခါ ခြေထောက်ပင် မကြွနိုင်တော့ ပေ။ သူသည် မိုးကြိုးသွားဆီသို့လျှောက်သွားကာ ပြောလိုက်သည် “မင်းသိတဲ့ အတိုင်းပဲ ငါက အစတုန်းက စီရင်ချက်ဗိမာန်ကလေ၊ သန့်စင်သောသားတော် ဂူဟောက်က သခင့်ရဲ့သားရဲဆီမှာ ရှုံးသွားခဲ့တာ၊ သခင်က ငါ့ကိုမကြိုက်မှာကို ငါ ကြောက်ခဲ့တာ နောက်ဆုံးမှ သခင်က ငါ့ကိုဆင့်ခေါ်ဖို့ ဆန္ဒရှိခဲ့တာ မင်းက ငါ့ကို လုတယ်လို့ပြောနေသေးတယ်”

မိုးကြိုးသွားသည် ထိုစကားကိုကြားသောအခါ တွေးမိသွားသည်။ မှန်သည် သခင်ပိုင်သည့် သားရဲပေါင်းများစွာတွင် သူသည် အထူးခြားဆုံးဖြစ် သည်။ သူသည် ခေါင်းဆောင်မင်ဘေးတွင် သခင့်နောက်လိုက်ခဲ့သော ပထမဆုံးသားရဲ ဖြစ်သည်။ သူသည် သခင်၏လက်အောက်တွင် ပထမဆုံး သားရဲဟုဆိုနိုင်သည်။ ဘာကြောင့်များ လျှပ်စီးနှင့် ပြိုင်ချင်နေသနည်း။

“အင်း လျှပ်စီး စိတ်ထဲမှတ်ထားဖို့မမေ့နဲ့၊ ငါတို့တွေ အရင်က ဘာပဲဖြစ်ခဲ့ ဖြစ်ခဲ့ အခု ငါတို့က သခင့်ရဲ့သားရဲတွေပဲ အကုန်လုံးညီတူညီမျှရှိကြ တယ်၊ သခင်က မင်းကို မယုံဘူးလို့ ဘာလို့တွေးတာလဲ” မိုးကြိုးသွားသည် တမင် ပင် လေးနက်သောမျက်နှာထားဖြင့် ညီငယ်ကို အပြစ်တင်ဆုံးမသည့်လေသံနှင့် ဆုံးမလေသည်။

လျှပ်စီးသည် နားမထောင်နိုင်တော့သဖြင့် မိုးကြိုးသွားအား လက်ညှိုးထိုး ကာ စိတ်ထဲမှအဆက်မပြတ် စောဒကတက်မိလေသည် “အတုအယောင်တွေ မိုးကြိုးသွားက ဘယ်တုန်းက ဒီလိုအလိမ်အညာတွေသင်လိုက်တာလဲ”

ကံကောင်းစွာပင် မိုးကြိုးသွားသည် ရင်ထဲတွင်ပျော်ရွှင်နေသည်ဟု တခြားသားရဲများ မြင်နိုင်ကြသည်။ ရှောင်ကျောက်သည် ကြီးမားသောအမွေးပွ အမြီးကို လှုပ်ခါကာ ရှေ့လက်သည်းကို မြှောက်ပြီး မိုးကြိုးသွား၏ဦးဆောင်းကို ပုတ်လေသည် “မိုးကြိုးသွား သခင်မောင်းထုတ်တဲ့အချိန်တိုင်း တစ်လမ်းလုံးက မင်းအပိုင်လား”

“ဟုတ်တယ်” လင်းမိုသည် သူ၏ခေါင်းသုံးလုံးကို လှုပ်ခါလေသည် “မင်း အဲလိုပြောရင် သခင်က ငါ့ကို ရုပ်ဆိုးလို့ အထင်သေးမယ့်ပုံမျိုးပဲ”

သားရဲအုပ်ကြီးသည် မြက်ခင်းပေါ် လွတ်လွတ်လပ်လပ်လဲလျောင်းကာ မဟုတ်တမ်းတရားများပြောနေကြသည်ကို ကြားသောအခါ ကင်းကောင်သည် နှာရှုတ်မိသည်။ ထို့နောက် မြေကြီးလှုပ်ခါစေလောက်သည့် ခြေလှမ်းများဖြင့် ရောက်လာပြီး ကြမ်းတမ်းကာ တိုးညင်းသောအသံနှင့်ပြောလေသည် “ငါ ဘာမှ လုပ်စရာမရှိဘူးမလား၊ မင်းတို့ ကြိုးကြိုးစားစားမလေ့ကျင့်ရင် သခင့်ရဲ့သားရဲ တွေမှာ အားအနိမ့်ဆုံးဖြစ်လိမ့်မယ်”

ထိုစကားများသည် အမှန်တကယ်ပင် သက်ရောက်မှုရှိသည်။ ချက်ချင်း ပင် မိုးကြိုးသွားပင် စကားပြောရပ်သွားသည်။ သူသည် အလွန်ရှင်းလင်းသည်။ သူသည် အထွတ်အမြတ်သားရဲမဖြစ်ခင်က သွေးသား သားရဲဖြစ်သည်။ ရှေးဟောင်းသွေးသားသည် မည်မျှအရေးကြီးလိုက်သနည်း။ မွေးဖွားခြင်းသည် ခွန်အားကို ဆုံးဖြတ်ပေးသည်။ ဤကဲ့သို့ ကံတရား၏အသိအမှတ်ပြုခံရခြင်း သည် ကြောက်စရာအကောင်းဆုံးဖြစ်သည်။

မိုးကြိုးသွားသည် ခေါင်းကုတ်ပြီး အတန်ကြာအောင်စဉ်းစားပြီးနောက် လျှပ်စီးအားစနောက်သည့်ပုံစံနှင့်ပြောလေသည် “လျှပ်စီး ဒါကဖြစ်နိုင်တယ်လို့ ထင်လား၊ သခင်က ငါတို့သွေးသားကို ပြောင်းလဲဖို့ အစွမ်းအစရှိတဲ့နေ့ရောက် ဘာမှာလား”

လျှပ်စီးရယ်သွားလိမ့်မည်ဟု သူ ထင်ထားသဖြင့် အသင့်ပြင်ထား သော်လည်း မည်သူသိမည်နည်း။ လျှပ်စီးသည် လက်သည်းဖြင့် သူ၏ခေါင်းမှ လှပသောအမွေးတစ်ခုကို ဆွဲနှုတ်လိုက်သည် “သခင်သာဆိုရင် အကုန်လုံး ဖြစ် နိုင်တယ်”

All Chapters