← Chapters

ဆေးတောင်ကြားကလူတွေ အရင်ဝင်တာကိုစောင့် ခြင်း

Vol. 53 Ch. 1057

ဆေးတောင်ကြားကလူတွေ အရင်ဝင်တာကိုစောင့် ခြင်း

Vol. 53 Ch. 1057

လျှပ်စီးထိုသို့ပြောလာလိမ့်မည်ဟု မိုးကြိုးသွားထင်မထားသဖြင့် အံ့ဩ သွားလေသည်။ သို့သော် လျှပ်စီးသည် သူ့ထက် ပိုဉာဏ်ရည်ထက်သည်။ ကမ္ဘာ ပေါ်မှ ဉာဏ်ရည်အကောင်းဆုံးသားရဲမှာ မြေခွေးသာဖြစ်သည်။ သို့သော် ကျို့ယန်သည် သွေးသား သားရဲဖြစ်ကာ နောက်ဆုံးဘေးဒုက္ခမှရှင်သန်လာခဲ့ သဖြင့် စိုးရိမ်ရန်မလိုပေ။

ကမ္ဘာပေါ်မှ ဒုတိယမြောက်ဉာဏ်အထက်ဆုံးလူကို လျှပ်စီးသည် ဤ ငွေရောင်ဝံပုလွေကို ကိုယ်တိုင်မွေးမြူခဲ့သည်။ ကံကောင်းစွာပင် လျှပ်စီးသည် သွေးသား သားရဲမဟုတ်ပေ။ မဟုတ်လျှင် သူသည် စကားပြောရန် မည်သူ့ကိုမှ ရှာရတော့မည်မဟုတ်ပေ။

ပေထင်းဟွမ်သည် သားရဲများ၏ စိတ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုများကို ကောင်းစွာသိသည်။ သူမသည် ခေါင်းကိုမခါဘဲမနေနိုင်တော့ပေ။ ထို့အပြင် သားရဲအများအပြားရှိနေပြီး သူတို့အဖွဲ့ကို ဦးဆောင်ရန်မလွယ်တော့ပေ။ ကံကောင်းစွာပင် အဂူးနှင့်တခြားသူများရှိလျှင် သူမ စိုးရိမ်ရန်မလိုပေ။

တန့်ကာမြို့သည် ပင်မတိုက်ကြီး၏အနောက်တောင်နယ်မြေတွင်တည်ရှိ ပြီး ရှင်းယွဲ့နယ်မြေနှင့်နီးကာ သုံးဘက်သုံးလံတွင် တောင်များ၊ စိမ်းစိုသော သစ်ပင်များနှင့် ဝန်းရံနေသလို တစ်ဖက်တွင် မြစ်တစ်စင်းရှိသည်။ တန့်ကာမြစ် သည် မြို့အဝတွင် ကျောက်စိမ်းခါးပတ်ဖြတ်သွားသည်နှင့်တူသည်။ သားရဲ တောနှင့် ယှဉ်နိုင်သည့် ဆေးပင်များရှိသည့် ပတ်ဝန်းကျင်ပင်ဖြစ်သည်။ ဆေးပင်များ ပေါများရာတွင် နာမည်ကြီးကျော်ကြားသည့် မြို့တစ်မြို့လည်းဖြစ် သည်။

မြို့အရွယ်အစားသည် မကြီးသော်လည်း ပါးလွှာသောမြို့တံတိုင်းများ သည် စစ်ပွဲခံတပ်မြို့ သို့မဟုတ် ရှန်းယန်မြို့တို့နှင့် မယှဉ်နိုင်ပေ။ သို့သော် အဝေးတွင် မြို့ထဲမှသင်းပျံ့နေသော ဆေးရနံ့များသည် အလွန်ထူးခြားလှ၏။ တစ်နှစ်ပတ်လုံးရနေသော ဆေးပစ္စည်းများ၏ရနံ့သည် ဤမြို့၏သင်္ကေတဖြစ် လုနီးပါးပင်။

အဂ္ဂိရတ်အစည်းအဝေးကြောင့်လားမသိပေ ပေထင်းဟွမ်တို့ကဲ့သို့လူမျိုး များ မြို့ဆီသို့ ဦးတည်နေကြသည်။ မြို့တံခါးတွင် တန့်ကာမြို့အစောင့်များ သည် ငါးမိုင်အကွာတွင် စောင့်ကြပ်လျက်ရှိသည်။ တော၏မြောက်ဘက်အနီးရှိ ကြီးမားသောမြေပြန့်တွင် ယခုအချိန်တွင် ရထားလုံးများအပြည့်ဖြစ်နေပြီး တံခါးနှင့် နှစ်မိုင်အကွာတွင်ရပ်နေကြသော အစောင့်များသည် မြို့ထဲသို့ ရထားလုံးများနှင့် ဝင်မရအောင် စည်းကြပ်နေသည်။

ကံကောင်းစွာပင် အာရုံစိုက်မခံရစေရန် ပေထင်းဟွမ်သည် အဝေး တစ်နေရာတွင် မြင်းပျံပေါ်မှဆင်းလိုက်သည်။ မဟုတ်လျှင် တန့်ကာမြို့ တံတိုင်းပေါ်မှ အမြောက်များရှိလျှင် သူမသည် မြို့ကာကွယ်ရေးတပ်များ၏ ပစ်ခြင်းကိုခံရနိုင်သည်။

မြို့တံခါးမှလူများသည် မြို့ထဲသို့ဝင်ကာ တန်းစီနေကြသည်။ ထိုသို့ဖြစ် လျှင် ပေထင်းဟွမ်သည် ညအခါအိပ်စရာနေရာမရှိမည်ကို စိုးရိမ်မိသည်။ ကံကောင်းစွာပင် သူမတွင် ကိုယ်ပိုင်နေရာရှိကာ အချိန်တန်လျှင် သူမသည် လင်အာကို နေရာထဲသို့ထည့်ပြီး သူမမှာတော့ ညအနားယူရန် နေရာတစ်ခုရှာ မည်ဖြစ်သည်။

“အိုး အဲဒီအရူးအဘိုးကြီးက ညစ်ပတ်လိုက်တာ၊ သူက အဂ္ဂိရတ်အစည်း အရုံးကအဖွဲ့ဝင်ဖြစ်ရင်တောင် လမ်းပေါ်မှာ ဒီလိုလူမျိုးကို လမ်းပေါ်မခေါ်သင့် ဘူး” ပေထင်းဟွမ်သည် စူးရှသောနေရောင်အောက်တွင် ရှည်လျားသော လူတန်းကိုကြည့်လိုက်ပြီး အနည်းငယ် အားကျစွာပြောလိုက်သည် “ယန်ယဲ့ လိုမျိုး ရထားလုံးပျံရှိရင် ဒီလိုမျိုးဒုက္ခခံနေရမှာမဟုတ်ဘူး”

သူတို့မည်မျှစောင့်လိုက်ရသည်မသိပေ။ နောက်ဆုံးတော့ သူတို့အလှည့် ရောက်လာသည်။ သူတို့နှစ်ယောက်သည် စာရင်းပေးပြီး မြို့ထဲသို့ဝင်ခဲ့လိုက်ကြ သည်။ ထိုအခိုက်အတန့်တွင် ရုတ်တရက် လူတစ်စုသည် အနောက်မှတိုးဝင် လာကြသည်။ တစ်စုံတစ်ယောက်သည် ပေထင်းဟွမ်နှင့်မုချင်းလင်တို့ကို လက်မှဆွဲလိုက်သည်။ ဘေးနှစ်ဖက်သို့ တွန်းပို့ပြီးနောက် အော်လိုက်သည် “အနောက်မှာစောင့်ကြ ဆေးတောင်ကြားကလူတွေ ဝင်ပြီးတဲ့အထိစောင့်ကြ”

ပေထင်းဟွမ်သည် ဆေးတောင်ကြားမည်သို့ဖြစ်သည်ကိုမသိပေ။ ဤအခိုက်အတန့်တွင် ဒေါသလှိုင်းကြီး ရုတ်တရက်ထတက်လာသည်ကိုသာ သူမ သိတော့သည်။ သူမနှင့်မုချင်းလင်ကို တွန်းလိုက်သောလူသည် ဆေးဆရာ ဝတ်ရုံကိုဝတ်ဆင်ထားသည်။ အဂ္ဂိရတ်အစည်းအရုံးသည် ဆေးတောင်ကြားမှ လူများကို ကြိုဆိုရန်လူလွှတ်လိုက်သည့်ပုံပင်။

ထိုလူသည် မျောက်ပါးပြင်နှင့် ချွန်ထက်သည့်ပါးစပ် အသွင်အပြင်ရှိသည်။ ပေထင်းဟွမ်နှင့်တခြားသူများကို တွန်းထုတ်ပြီးနောက် ခေါင်းလှည့်ကာ သူ့ အနောက်တွင်ပါလာသော လူအုပ်ကြီးကို ဦးညွှတ်လေသည် “အကြီးအကဲ သခင်ကြီး တောင်းပန်ပါတယ် လူတွေအရမ်းများနေတာ၊ လူအုံလိမ့်မယ် စာရင်း ပေးပြီးရင် သွားလို့ရပါပြီ”

All Chapters