ဦးလေးကဘယ်သူလဲဆိုတာသိလား
Vol. 53 Ch. 1058
ဆေးတောင်ကြားအဖွဲ့ထဲတွင် လူအနည်းငယ်များသည်။ အဖွဲ့ခေါင်းဆောင်သည် အကြီးအကဲကြီးဟု ခေါ်သူဖြစ်သည်။ သူသည် အဖြူ ရောင်ဝတ်ရုံဝတ်ဆင်ထားသည့် အဘိုးကြီးဖြစ်သည်။ သူသည် ကတုံးပြောင်ဖြစ် ကာ နောက်သို့ကျနေသော ဆံပင်ရှည်တစ်ခုသာ ဆံပင်ရှိသည်။
အကြီးအကဲကြီးနောက်တွင် မျက်စိအဖမ်းစားနိုင်ဆုံးအရာသည် အသက် ၂၀ အရွယ်လူငယ်ဖြစ်သည်။ သူသည်လည်း အဖြူရောင်ဝတ်ရုံဝတ်ဆင်ထားပြီး အလွန်ချောမောကာ မျက်လုံးတစ်စုံသည် သူ့အနားရှိ တစ်စုံတစ်ရာကို ဂရုမစိုက်သည့်အလား ကောင်းကင်ကို တစ်ချိန်လုံးကြည့်နေသည်။
သူတို့ဘေးတွင် အသက် ၂၀ အရွယ်မိန်းကလေးသည် အနီရောင်ရဲရဲ ဝတ်စုံကိုဝတ်ဆင်ထားကာ ခေါင်းပေါ်တွင် တူညီသောအရောင်နှင့် လက်ဝတ် တန်ဆာကိုဆင်မြန်းထားသည်။ သူမသည် အလွန်ပင်နူးညံ့စွာဝတ်ဆင်ထားပြီး မျက်နှာကို အနီရောင်ဇာအပါးနှင့်အုပ်ထားရာ သူမကို လှပသောအသွင်အပြင် ကို ဖြစ်စေသည်။ မျက်နှာနှင့် အပြင်အဆင်သည် ပို၍ဆွဲဆောင်မှုရှိလေသည်။
ကျန်တဲ့သူများသည် အဖြူရောင်စစ်သည်ဝတ်စုံများဝတ်ဆင်ထားရာ သူတို့သည် အစောင့်အကြပ်များဖြစ်တန်ရာသည်။ ထိုလူများဝတ်ဆင်ထား သည့်အဝတ်အစားများသည် တူညီဝတ်စုံဖြစ်ပြီး အထည်မှာ အရည်အသွေး ကောင်းခြင်းနိမ့်ခြင်းမရှိပေ။ သို့သော် သူတို့၏ရင်ဘတ်တွင် သုံးချောင်းထောက် ပုံတစ်ခုရှိနေသည်။ ၎င်းသည် ဆေးတောင်ကြားဟုခေါ်သည့်နေရာ၏ သင်္ကေတဖြစ်နိုင်သည်။
“တခြားသူရဲ့ခွန်အားက ရတယ်၊ အဲဒီလူငယ်ရဲ့ ခွန်အားက အရမ်းသန်မာ တဲ့ပုံပဲ၊ သူက နတ်ဘုရားအဆင့်ရောက်သင့်နေပြီ အဲလိုဆိုရင် သူတို့က ၃၃ ကောင်းကင်ဘုံက လာတာဖြစ်မယ်” စာရေးသည် ဆေးတောင်ကြားမှလူများ ကို စာရင်းသွင်းပေးရန်လာချိန်တွင် ပေထင်းဟွမ်သည် ထိုလူကိုကန်လိုက်၏။
ဘိုင်း...
မြို့တံခါးတွင် စာရင်းရေးပေးနေသည့် မျောက်ပါးပြင်နှင့်စာရေးသည် ထို အချိန်တွင် မည်သူက သူ့ကိုတိုက်ခိုက်လိုက်သည်ကိုပင် သတိမထားမိတော့ ပေ။ သူသည် မည်သူနည်း။ ဤအစည်းအဝေးသည် အဂ္ဂိရတ်အစည်းအရုံးမှ လူများ စီစဉ်ခြင်းဖြစ်ရာ တန့်ကာမြို့သည် အဂ္ဂိရန်အစည်းအရုံး၏ အိမ်လည်း ဖြစ်သည်။ ဤအချိန်တွင် သူ့ကို တစ်စုံတစ်ရာလုပ်ရဲသူသည် ပြဿနာရှာချင် သူဖြစ်သည်။
သို့သော် သူ့ခန္ဓာကိုယ်လွင့်သွားပြီး အလေးချိန်မပါသည့်ခံစားချက်ရပြီး နောက်တွင် မြေကြီး၏ဆွဲငင်အားကို ရုတ်တရက် ခံစားလိုက်ရပြီး မြေကြီးနှင့် ခပ်ကြမ်းကြမ်းရိုက်မိလေသည်။
သေချာပေါက်ပင် ပေထင်းဟွမ် စွမ်းအားမထည့်လိုက်သဖြင့် ထိုရိုက်ချက် သည် မသေစေနိုင်ပေ။ သို့သော် မြေကြီးနှင့်ရိုက်မိသည့်ခံစားချက်မှာ သေအောင်နာသည်။ တိုက်ကြီးတစ်ခုလုံးတွင် စမ်းသပ်ချင်သူရှိမည်မထင်ပေ။
“အာ..” ထိုလူသည် မြေကြီးပေါ်မှထရန် အချိန်အတော်ယူရသည်။ သူ၏ ကတော့ပုံဦးခေါင်းသည် ၁၈၀ ဒီဂရီလှည့်နေကာ မျက်လုံးများသည် သူ့အနားမှ လူများကို စားချင်ဝါးချင်သည့်အလား ခက်ထန်နေသည်။ “ဘယ်သူလဲ ဘယ်ကောင်လဲ မင်းဦးလေး ထွက်လာခဲ့ မြို့တော်မှာတာင် ဒီလိုလုပ်ရဲတာ အသက်မရှင်ချင်ဘူးလား”
မြို့တံခါးတ အတွင်းနှင့်အပြင်တွင် လူမည်မျှစုဝေးနေသည်ကိုတော့ မသိပေ။ တန့်ကာမြို့၏ အစောင့်အကြပ်များသည် တင်းကြပ်စွာစောင့်ကြပ်နေ ကြသည်။ အားလုံး၏မျက်လုံးနီးပါးတိုင်းသည် မိုးပေါ်မှ အစောင့်များဆီသို့ ရောက်သွားကြသည်။ ဝေ့ဝဲပြီးနောက် သူတို့သည် နောက်ဆုတ်ကာ ပေထင်းဟွမ်ဆီသို့ အကြည့်ရောက်သွားလေသည်။
ကောင်လေးသည် ငယ်သေးသည်။ ၁၅ နှစ်အရွယ် သာမန်အနက်ရောင် ဝတ်ရုံဝတ်ထားကာ လူအုပ်ထဲတွင် ထင်းမနေသည့်မျက်နှာသည် ထိုအချိန်တွင် တည်ငြိမ်စွာနှင့် ဝတ်ရုံကိုပုတ်ကာ ပြောလေသည်။ “တခြားသူတွေက သေချင် လားရှင်ချင်လားတော့မသိဘူး ဒါပေမဲ့ မင်းက မရှင်ချင်တာတော့ သိတယ်”
“ကောင်းလိုက်တဲ့ ကောင်လေး ငါ့ကိုတိုက်ခိုက်တာမင်းပဲကိုး” မျောက်ပါး ပြင်နှင့်လူသည် မြေကြီးပေါ်မှထပြီး တင်ပါးမှဖုန်များကိုခါကာ ပေထင်းဟွမ် ဆီသို့ ခြေတစ်လှမ်းတည်းနှင့် ပြေးသွားပြီး ပေထင်းဟွမ်ကို လက်ညှိုးထိုး မတတ်ပင်။ ပေထင်းဟွမ်သည် နှာခေါင်းရှုတ်လိုက်သည် “အကြောင်းအရင်းမရှိ လုပ်တာလေ သေချင်နေတာမလား၊ ဦးလေးက ဘယ်သူလဲဆိုတာသိလား၊ ဦးလေးက အရေးတကြီးလုပ်စရာရှိလို့ မြို့အပြင်ထွက်လာတာကို သိရဲ့လား”