ဆေးတောင်ကြား မင်းတို့က ဝိညာဉ်အဆင့်ခွဲဆေး သန့်စင်နိုင်လား
Vol. 53 Ch. 1060
“ဆေးတောင်ကြားလား” ပေထင်းဟွမ်သည် အမူအရာမရှိသည့်မျက်နှာ နှင့် ခေါင်းခါလေသည် “ကြားတောင်မကြားဖူးဘူး၊ စောစောကသိခဲ့ရင် ကျုပ်က ဇာမဏီမြို့ကပါလို့ ပြောမှာတော့ အဲလိုဆိုရင် မြို့ထဲဝင်ဖို့ တန်းစီစရာမလိုတော့ ဘူးမလား”
လူငယ်၏မျက်လုံးထဲတွင် အရောင်လက်သွားကာ လူသတ်မည့် ရည်ရွယ် ချက်နှင့်ပြည့်သွားသည်။ ထိုအရာကို သူ့ဘေးတွင်ရပ်နေသည့်မိန်းကလေးသည် ခန္ဓာကိုယ်ထဲမှ ခံစားချက်အတက်အကျကို ခံစားမိသဖြင့် အေးစက်စွာပြော လိုက်သည် “ဇာမဏီမြို့လား၊ အဲဒါက နှစ်ပေါင်းများစွာရှိလာခဲ့ ရှေးအင်အားစု တွေနဲ့ ယှဉ်နိုင်လို့လား”
ပေထင်းဟွမ်၏ အသားအရေသည် အကျည်းတန်သည်ဟု ဖော်ပြမရပေ။ မုချင်းလင်ကဲ့သို့ နူးညံ့သောမိန်းကလေးပင်လျှင် လှိုက်ချည်ဖိုချည်ဖြစ်လာ၏။ သူမသည် ကျိန်ဆဲလိုက်ချင်သော်လည်း မလုပ်ပေ။ သူမသည် စိတ်ပူပန်စွာနှင့် ကြည့်နေသည်။
မြို့တံခါးအပြင်နှင့်အထဲတွင် လုံးဝတိတ်ဆိတ်နေသည်။ အားလုံးနီးပါး သည် ထိုမိန်းကလေးအား ထူးဆန်းသည့်အကြည့်နှင့် ကြည့်ကြသည်။ ဒီလူက တုံးတာလား။ ရူးတာလား။ ဇာမဏီမြို့ကို ဘာလို့ ဒီလိုစကားလုံးတွေနဲ့ပြောတာ လဲ။ ခဏအကြာတွင် လူတစ်ယောက်သည် ထေ့ငေါ့စွာနှင့် ရယ်မောလေသည် “ဇာမဏီမြို့က တကယ်ပဲ အရမ်းမကောင်းပါဘူး၊ ခင်ဗျားတို့သာ အဆင့်တက် နိုင်တဲ့ ဆေးကိုသန့်စင်နိုင်ရင် နှစ်ပေါင်းထောင်ချီ ဆက်ခံလာတဲ့ ရှေးအင်အားစု ဆေးတောင်ကြားက သန့်စင်လို့ရပါတယ်၊ ဝိညာဉ်အဆင့်ခွဲဆေးသန့်စင်နိုင် လား”
“ဟား ဟား ဟုတ်တယ် အဆင့်မြင့်သားရဲထိန်းရဲ့ စွမ်းအားရှိရင် အရမ်း မကောင်းသေးဘူး၊ ဆေးတောင်ကြားက ကောင်းကင်ဘုံကိုတက်တော့မှာလား”
“ကောင်လေး မင်းမသိမှာစိုးတယ်၊ ပြည်မကြီးမှာ ကိုယ့်မျက်နှာကိုမပြတဲ့ အင်အားကြီးမိသားစုတချို့တွေရှိသေးတယ်၊ သူတို့တွေက မျိုးရိုးကြီးပုံပေါက် ပေမဲ့ တကယ်တော့ အားကောင်းတဲ့အင်အားစုတွေကို အားကျနေကြတဲ့သူတွေ လေ”
ဆေးတောင်ကြားသည် လျှို့ဝှက်အင်အားစုဖြစ်လိမ့်မည်ဟု ထိုအခါမှပင် ပေထင်းဟွမ် သဘောပေါက်တော့သည်။ ဤတိုက်ကြီးတွင် မိသားစုကြီးလေးခု သာ အဓိကရှိခြင်းမဟုတ်သည်ကို သူမ ယန်ယဲ့ဆီကကြားဖူးသည်။ ရှေးဟောင်း မိသားစုများသည် နှစ်ပေါင်းသောင်းချီ ဆက်ခံလာပြီး တချို့မိသားစုများသည် ပတ္တမြားတိုက်ကြီးထက်ပင် ပိုစောသေးသည်။ မိသားစုထဲတွင် သွေးသား ဆက်ခံမှုကို ထပ်ပေါင်းထည့်လိုက်လျှင် သူတို့၏ကိုယ်ပိုင်ခွန်အား၏ ဆက်ခံမှု လည်းရှိသေးသည်။ သူတို့ ကမ္ဘာကြီးပေါ်တွင် ပုန်းအောင်းနေသည့်အကြောင်း အရင်းမှာ ပြည်မကြီးမှ တခြားအင်အားစုများကို အထင်သေးရန်နှင့် သူတို့၏ မြင့်မြတ်မှုကို ပြသရန်ဖြစ်သည်။
“စစ်မှန်တဲ့ အားကောင်းတဲ့လူဆိုတာ တခြားလူတွေရဲ့ မျက်လုံးကို ဂရု မစိုက်ဘူး၊ ငါတို့တွေခွန်အားနောက်ကိုလိုက်ရတဲ့ အကြောင်းအရင်းက အကြောက်အလန့်ကင်းကင်းနေဖို့ပဲမဟုတ်ဘူးလား” ယန်ယဲ့သည် လျှို့ဝှက် ကမ္ဘာအင်အားစုကို ဤကဲ့သို့ ဖော်ပြဖူးသည်။
ထိုမိသားစုများသည် ပြည်မကြီးမှ အင်အားစုများကို အထင်သေးသည် မဟုတ်ပါလား။ သည်တစ်ခေါက် ထွက်လာသည်မှာလည်း ဝိညာဉ်အားပြည့် ဆေးကြောင့်မဟုတ်ပါလား။ နတ်ဆေးပင်တွင် အသက်နှင့်ဝိညာဉ်စွမ်းအင် နှစ်ခုတွဲစွမ်းအင်ပါဝင်သည်ဟု ပြောကြသည်။ ဤနတ်ဆေးးပင်၏ ဆွဲဆောင်မှု ကို လျှို့ဝှက်မိသားစုများပင် ခံနိုင်ရည်ရှိပုံမပေါ်ပေ။
ပေထင်းဟွမ်သည် သူမကို သတိပေးသည့်မိန်းကလေးကို အပေါ်အောက် ကြည့်လိုက်သည်။ သူမ၏အကြည့်သည် ရဲတင်းလွန်းပြီး တစ်ဖက်လူကို နောက်ဆုတ်သွားစေလောက်သည်။ ဖြစ်တန်ရာသည်မှာ ပေထင်းဟွမ်သည် ငယ်သေးသည်ကိုမြင်ပြီး ထိုမိန်းကလေးသည် ပေထင်းဟွမ်၏မျက်လုံးများကို ဖောက်ထုတ်ရန် အစီအစဉ်ကို ဖျက်လိုက်သည့်ပုံပင်။
“အစ်ကိုကြီးလင် ဒီကောင်လေးကိုကြည့်ပါဦး အစ်ကိုကြီးရှိရဲ့သားနဲ့ ကျွန်မကို ဒီလိုမျိုးတောင်ကြည့်ရဲနေတယ်” ပေထင်းဟွမ်အား ဒေါသထွက်ရ မည့်အစား သူမသည် ခြေထောက်ဆောင့်ကာ လှည့်ပြီး လူငယ်၏ရင်ခွင်ထဲဝင် ကာ နှုတ်ခမ်းရဲရဲများကိုတွန့်၊ အချစ်ရည်လဲ့သောမျက်လုံးများနှင့် ချွဲနွဲလေ၏။
ပေထင်းဟွမ်သည် သူမ၏ပခုံးများကို အေးစက်စွာဖက်ခဲ့လိုက်လျှင် ဤမိန်းကလေးသည် သူမကို မျက်လုံးနှင့်ပြစ်မှားမိသည့်အတွက် ကျေးဇူးတင် မည်လား။ သည်လိုဆိုလျှင် ဤလူဆီသွားပြီး ကလေးတစ်ယောက်လို ပြုမူဦး မည်လား။
မုချင်းလင်သည် သည်းမခံနိုင်တော့ဘဲ ပေထင်းဟွမ်၏ အင်္ကျီလက်ကို ဆွဲကာ ထိုမိန်းကလေးအား ရင်ဆိုင်သည့်မျက်လုံးများဖြင့် ကြည့်ကာ ပေထင်းဟွမ်အား စိတ်ဆိုးဆိုးနှင့်ပြောလေသည် “ရှောင်ကျို့ အဲဒီမိန်းမကို သွား မျက်စိကျနေတာလား၊ ငါက သူမလောက် ကြည့်မကောင်းလို့လား၊ ငါ့ကို မကြိုက်တော့ဘူးလား”