← Chapters

အပိုင်း(၁၄၄)-အနက်ရောင်အဆင့် ဝိညာဉ်ကျွမ်းကျင်မှု

Vol. 002 Ch. 144

အပိုင်း(၁၄၄)-အနက်ရောင်အဆင့် ဝိညာဉ်ကျွမ်းကျင်မှု

Vol. 002 Ch. 144

ရှီမာယူယူ ဒေါသမီးမှုတ်ထုတ်ခြင်း ဟူသောခေါင်းစဉ်နှင့် စာအုပ်ကို ဖွင့်လိုက်သည်။ ခေါင်းစဉ်သည် အနက်ရောင် ဝိညာဉ်ကျွမ်းကျင်သူအဆင့်ဖြစ်၍ ဝိညာဉ်ဧကရာဇ် အဆင့်အောက်ရောက်လျှင် သင်ယူခွင့်မရှိဟု ရေးထားသည်။

“ဒါက တကယ်ပဲ အနုက်ရောင်အဆင့် ဝိညာဉ်ကျွမ်းကျင်ပဲ” ရှီမာယူယူအံ့သြစွာ အော်လိုက်သည် “ဒါပေမယ့် ငါ ဝိညာဉ်ဧကရာဇ်အဆင့်ရောက်မှ ကျင့်ကြံလို့ရမယ်၊ အခုတော့ ငါဖတ်လို့ပဲရဦးမယ်၊ အဘိုးက အနက်ရောင်အဆင့် ဝိညာဉ်ကျွမ်းကျင်မှုကို ပိုင်မယ်လို့ထင်တောင်ထင်မထားဘူး၊ မထင်မှတ်ပဲ သူ့အားက ကောင်းတာပဲ”

ဝိညာဉ်သခင်စတင်လျှင် နှိုင်းယှဉ်ခြင်းနည်းလမ်းအရ ဝိညာဉ်ချီ စုပ်ယူခြင်းနှင့် ကျိုချက်ခြင်းလုပ်နိုင်သည်။ အခုတော့ ထိုအရာများသည် အသေးအဖွဲ့များသာဖြစ်လေသည်။ လူတစ်ယောက်သည် အားအင်တက်ချင်လျှင် ဝိညာဉ်ကျွမ်းကျင်မှုကို အသုံးပြုရမည်။

ဝိညာဉ်ကျွမ်းကျင်မှုတွင် အမျိုးအစားလေးမျိုးရှိသည်ဟု ဖန်ကျိရှင်းသင်ဖူးသည်- ကောင်းကျင်၊မြေကြီး၊ အနက်ရောင်နှင့် အဝါရောင်ဟူ၍။ တစ်ခုချင်းစီတွင် အမျိုးအစားလိုက်ပြန်ခွဲထားသည်- အနိမ့်၊ အလယ်အလတ်နှင့် အမြင့်ဟူ၍ဖြစ်သည်။ အဆင့်တစ်ဆင့်စီ တိုးသွားလျှင် ဝိညာဉ်ကျွမ်းကျင်မှုအားသည် ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားသွားမည်။

ထို့ကြောင့် ဝိညာဉ်သခင်သည် ထူးကဲသော ဝိညာဉ်သခင်ဖြစ်လာချိန်တွင် ဝိညာဉ်ကျွမ်းကျင်မှုအဆင့်ကို စတင်၍ ကျင့်ကြံနိုင်မည်ဖြစ်သည်။ ဝိညာဉ်ကျွမ်းကျင်မှုအဆင့်မြင့်လျှင် ပိုခက်လေဖြစ်သည်။ အခုတော့ ပြည်မကြီးတွင် အရှားပါးဆုံးဖြစ်သော အဝါရောင်အဆင့်သည် အမြင့်ဆုံးဖြစ်သည်။

ဖန်ကျိရှင်းသည် ဒုံချန်းနိုင်ငံတော်မှ ထိုကိစ္စများကို ထည့်မတွက်ပေ။ သူနေခဲ့သည့်နေရာအဆင့်အတန်းကြောင့်ပင် အဝါရောင်ကျွမ်းကျင်မှုအဆင့်သည် ဘာမှမဟုတ်ပေ။

“ထူးကဲတဲ့ ဝိညာဉ်သခင်အများစုက ဝိညာဉ်ကျွမ်းကျင်မှုကို ကျင့်ကြံလို့ရတာပဲ၊ အဲဒါသင်ဖို့ဆိုရင် ဝိညာဉ်ဧကရာဇ်လိုအပ်လိမ့်မယ်လို့ ငါထင်တောင်ထင်မထားဘူး၊ ဒီဟာကို ကျင့်ကြံဖို့လိုတဲ့ ဝိညာဉ်စွမ်းအားက မြင့်တာပဲ၊ စွမ်းအင်က ပိုပြီးအားကြီးမှဖြစ်မှာ၊ ငါဝိညာဉ်ဧကရာဇ်အဆင့်ထိ စောင့်ပြီးမှ ကြိုးစားကြည့်ရမယ်”

ရှီမာယူယူ ဒေါသမီးမှုတ်ခြင်းစာအုပ်အားပြန်ထားကာ စတင်ပြီး ကျင့်ကြံတော့သည်။

နောက်ပိုင်းတွင် ကိစ္စများစွာဖြစ်ပျက်ခဲ့သည်။ အစပိုင်းတွင် ကျင့်ကြံခြင်းတွေနှေးနေသော သူမအရှိန်အား ဝိညာဉ်လေးသာ မကူညီခဲ့လျှင် သူမထိုမျှလောက် တိုးတက်မည်မဟုတ်ပေ။

သူမ ရှီမာလိုင်နှင့်တခြားသူများကို ကယ်ချင်လျှင် အားအလုံလောက်သန်မာမှဖြစ်မည်။ အောင်မြင်ဖို့ဆိုလျှင် နည်းလမ်းကျကျ လျှို့ဝှက်အစီအစဉ်တစ်ခုတော့လိုမည်။

“အဲဒီရှီမာလင်းက စံတင်လောက်တဲ့ဝိညာဉ်မဟုတ်ပေမယ့်၊ သူ့အားက ပြိုင်ဘက်ကင်းလောက်အောင် သန်မာတယ်၊ ရှီမာမျိုးနွယ်မှာ သန်မာတဲ့သူတွေသေချာပေါက်ရှိဦးမှာပဲ၊ သူတို့က စံတင်လောက်တဲ့ဝိညာဉ်တွေဖြစ်ချင်လည်းဖြစ်နေကြမှာ၊ ငါ အဘိုးနဲ့တခြားသူတွေကို ကယ်ချင်ရင် ကိုယ်ပိုင်အင်အားတိုးအောင် အကောင်းဆုံးကြိုးစားရမယ်”

သူမသည် အဆင့်ခြောက်ဝိညာဉ်သခင်သာရှိသေးသည်၊ အဆင့်ခုနှစ် ဝိညာဉ်သခင်ဖြစ်လာရန် တဖြည်းဖြည်း နီးကပ်လာတုန်းပင်ဖြစ်သည်။ သို့သော် သူမ ထူးကဲသောဝိညာဉ်သခင်၊ ဝိညာဉ်ဧကရာဇ်၊ ဝိညာဉ်နယ်ရှင် ဖြစ်လာနိုင်သည်၊ နောက်တွင် သူမ သူတော်စင်ဝိညာဉ်ပင်ဖြစ်လာနိုင်သည်။

ဝိညာဉ်သခင်ဖြစ်ရန် တစ်ဘဝလုံးပေးဆပ်ရသည့် သူများလည်းရှိသည်။ သူမသည် တစ်နှစ်အတွင်း အဆင့်ခြောက်ဝိညာဉ်သခင်ဖြစ်လာခဲ့သည်။ နောက်သုံးနှစ်ကြာလျှင် သူမ ဘယ်အဆင့်ကို အောင်မြင်မလဲဆိုတာကို ဘယ်သူသိနိုင်ပါမလဲ။

သူမ ကျင့်ကြံသော အချိန်သည် မျက်စိတစ်မှိတ်အတွင်းကုန်ဆုံးသွားပြီး သူမ နှစ်ရက်ကြာကျင့်ကြံနေခဲ့သည်။

အစီအစဉ်အကြီးများဖြေရှင်းပြီးဖြစ်၍ နှစ်ရက်အတွင်း သူမအားလာရှာသည့်သူ မရှိပေ။

နှစ်ရက်အကြာတွင် စစ်သူကြီးအိမ်တော်သည် ကြေညာချက်တစ်ခုထုတ်လိုက်သည်။ လူများ အလောတကြီးစုဆောင်းနေသည်ဟု။ အတူပူးပေါင်းလျှင် ရလာမည့်အကျိုးအမြတ်မှာ ရှီမာယူယူ ကိုယ်တိုင်ထိန်းကျောင်းထားသော သားရဲတစ်ကောင်စီအပြင် ကျင့်ကြံရာတွင် အသုံးဝင်သော ဆေးများကို ရရှိမည်ဖြစ်သည်။ ထို့နောက်တွင် သူတို့သည် ကိုယ်ရံတော်များနှင့်တူညီစွာ လစာရမည်။ သူတို့သည် ထူးကဲသောဝိညာဉ်သခင်အဆင့်ရှိရမည်ဖြစ်ပြီး ရှီမာမျိုးနွယ်အတွက် ဆယ်နှစ်အလုပ်လုပ်ပေးရမည်ဖြစ်သည်။ ဆယ်နှစ်အပြီးတွင် ထွက်သွားမလား နေမလားကိုရွေးချယ်နိုင်သည်။

ရှီမာယူယူ ဝိညာဉ်သားရဲများထိန်းကျောင်းခြင်းသတင်းသည် အင်ပါယာမြို့တောင်တစ်ခုလုံးသာမက နီးစပ်ရာမြို့များကိုပါ ပျံ့နှံ့ပြီးဖြစ်သည်။ ထိုနေရာနှင့် ဝေးသောနေရာများမှာပါ ထိုသတင်အား ကြားသိကြသည်။ အားလုံးသည် သူမထိုကဲ့သို့ထူးချွန်သော ပါရမီရှင်ဖြစ်နေသည်ကို သက်ပြင်းချကြကာ သူမ ဝိညာဉ်သားရဲများထိန်းကျောင်းနိုင်ကို အလွန်အမင်းစိတ်ဝင်စားကြသည်။ သူမ ထိန်းကျောင်းထားသော သားရဲများ လက်ဝယ်တွင် ရှိလျှင်ကောင်းမှာပဲဟူ၍လည်း စဉ်းစားကြသည်။

ရှီမာမျိုးနွယ်မှ ထိုကဲ့သို့ ကြေညာလိုက်သည်နှင့် လူအများအပြားသည် ပါဝင်ရန်ရောက်လာကြသည်။ အစပိုင်းတွှု် ပါဝင်မည့်သူမရှိလောက်ဘူးဟုထင်ထားသည့် အိမ်တော်ထိန်းသည်ပင်လျှင် အလုပ်ရှုပ်နေခဲ့သည်။ ပထမနေ့တွင် ထူးကဲသောဝိညာဉ်သခင်အဆင့်အောက် လူများသည် ပယ်ချခံရသည်။ နောက်တစ်နေ့တွင် သူတို့ထဲမှ ရွေးထုတ်ကာ အားအင်နည်းသူများ၊ အကျင့်စာရိတ္တမကောင်းသူများ ဖြုတ်ချခံရသည်။

လျင်မြန်စွာပင် ရှီမာမျိုးနွယ်လူအင်အားသည် နှစ်ဆဖြစ်သွားသည်။ လူတစ်စုကို စစ်သူကြီးအိမ်တော်ကာကွယ်ရန်နှင့် နောက်တစ်စုကို ဝိညာဉ်သားရဲများဖမ်းရန် အိမ်တော်ထိန်း တာဝန်ခွဲပေးလိုက်သည်။

မကြာခင်တွင် ကျူမျိုးနွယ်မှ သွင်းကုန်များနှင့် သားရဲထိန်းကျောင်းသူအသင်းမှ ဝိညာဉ်မိစ္တာများရောက်ရှိလာသည်။ ရှီမာယူယူ နာမည်ကျော်ကြားမှုနှင့် ပေါင်းလိုက်သောအခါ အစပိုင်းတွင်နာမည်ကျနေသော ရှီမာမျိုးနွယ်ဆိုင်သည် ဖောက်သည်များနှင့် ပြန်စည်ကားလာသည်။

အစပိုင်းတွင် ရှီမာမျိုးနွယ်အား ကြံစည်မည့်သူများသည် တဖြည်းဖြည်း ထိုအတွေးများအား ရုတ်သိမ်းကြသည်။ အခု ရှီမာမျိုးနွယ်ကို ဘယ်သူက ဆန့်ကျင်ရဲတော့မလဲ၊ ဆန့်ကျင်ရဲတယ်ဆိုရင်တော့ သူတို့သည် ကျောင်းနှင့် သားရဲထိန်းကျောင်းသူအသင်းအား ဆန့်ကျင်သည်နှင့် တူညီသည်။

အတွင်းလူများသည် သက်ပြင်းချကြသည်။ ထိုမျှလောက် ဖွံ့ဖြိုးလွယ်သည့်အရှိန်နှုန်းကို မမြင်ဖူးကြပေ။ ထိုကဲ့သို့ ဖွံ့ဖြိုးရန် အချိန်တစ်လ နှစ်လလောက်သာ ယူခဲ့ရသည်။

သို့သော် ရှီမာယူယူ၏ အဂ္ဂိရတ်ပညာနှင့် သားရဲထိန်းကျောင်းခြင်းပညာအားစဉ်းစားလျှင် ထိုအချိန်အကန့်အသတ်မှာ ဖြစ်နိုင်သည့် အတိုင်းအတာဖြစ်သည်။

ထို့အပြင် ရှီမာမျိုးနွယ်ရှိ ရှီမာလိုင်၏ သရုပ်မှန်ကြောင့် တချို့အရာများသည် အများကြီးလုပ်စရာမလိုပေ။ အခု သူတို့တွင် အကန့်အသတ်မရှိတော့ပေ။ ရှေ့သို့လျှောက်လှမ်းရန်ပင်ကျန်တော့သည်။

အစပိုင်းတွင် လူသစ်များနှင့် ရှီမာယူယူအား ပေးတွေ့ရန် အိမ်တော်ထိန်းစဉ်းစားသည်။ သို့သော် သူမ တံခါးပိတ်ကျင့်ကြံနေသည်ဖြစ်၍ သူလက်လျော့လိုက်သည်။

နောက်ရက်အနည်းငယ်ကြာသောအခါ သူမ အဆင့်တက်သွားပြီဟု ရှီမာယူယူခံစားရသည်။ အစပိုင်းတွင် ထွက်သွားချင်သောသူမသည် ဆက်ကျင့်ကြံရန်နှင့် နောက်တစ်နေ့တွင် အဆင့်ခုနှစ်ဝိညာဉ်သခင်ကို ဖောက်ဖျက်ရန်ဆုံးဖြတ်လိုက်သည်။

သူမ အဆင့်တက်ခြင်းအောင်မြင်သည်နှင့် ရှီမာယူယူမျက်လုံးဖွင့်လိုက်သည်။ သူမ စွမ်းအင်အားကိုယ်စားပြုသော ကြယ်များတဖြည်းဖြည်းမှိန်သွားသည်ကို ကြည့်ကာ သူမ သက်ပြင်းချကာပြောလိုက်သည် “ငါ အဆင့်တာက နည်းနည်းနှေးနေသေးတယ်၊ ဒီလိုသာသွားနေရင် အဘိုးနဲ့တခြားသူတွေကို ဘယ်လိုသွားကယ်မလဲ၊ ကြည့်ရတာ ငါ့အဆင့်တက်ဖို့တခြားနည်းလမ်းစဉ်းစားမှဖြစ်တော့မယ်”

ထို့ကြောင့် သူမ ရက်အနည်းငယ်ဆက်ကျင့်ကြံထားသောကြောင့် သူမခန္ဓာကိုယ်သည် တောင့်တင်းနေသည်။ သူမ အိပ်ရာပေါ်မှဆင်းကာ လှုပ်ရှားရတော့သည်။ သူမ တံခါးဖွင့်သောအခါ အံ့သြသွားရလေသည်။

သူမ တံခါးပိတ်ကျင့်ကြံရန်ဝင်ချိန်က ပြန့်ပြူးသောမြေပြင်ဖြစ်ခဲ့သည်။ ညတွင်းချင်းဘယ်လိုလုပ် အိမ်တော်ကြီးဖြစ်လာတာပါလိမ့်။

“သခင်လေး တံခါးပိတ်ကျင့်ကြံတာကနေထွက်လာပြီလား” ချွန်ဂျီအန်းနှင့် ယွန်ယူတို့သည် အပြင်တွင်ရှိနေကာ သူတို့အသံကြားသည်နှင့် သူမ ပြုံးပြလိုက်သည်။

“ချွန်ဂျီအန်း၊ ငါတံခါးပိတ်ကျင့်ကြံတာ ဘယ်လောက်ကြာသွားလဲ” ရှီမာယူယူ သူမမျက်စိကိုပင် မယုံနိုင်ဖြစ်နေသည်။ ငါ တံခါးပိတ်ကျင့်ကြံတာအချိန်ကြာသွားလို့များလား။

“သခင်လေး ဆယ်ရက်ရှိပါပြီ” ချွန်ဂျီအန်းပြန်ဖြေလိုက်သည်။

“ဆယ်ရက်ပဲရှိသေးတာကို အိမ်က အပြီးဆောက်ပြီးသွားပြီဟုတ်လား” ရှီမာယူယူမေးလိုက်သည်။

ယွန်ယူပြုံးကာ ပြောလိုက်သည် “သခင်လေး၊ သခင်လေးက လူအများရှေ့မှာ ဝိညာဉ်သားရဲထိန်းကျောင်းပြပြီး သားရဲထိန်းကျောင်းသူသခင်ဖြစ်လာတော့ စစ်သူကြီးအိမ်တော်ကို ကူဆောက်ပေးမယ့်လူတွေများကြီးရောက်လာတယ်၊ ဒီလိုနဲ့ ဆောက်လုပ်ရေးက ချက်ချင်းပြီးသွားတာပဲ”

ဒီလိုဆိုရင်တောင် အရမ်းမြန်လွန်းတာမဟုတ်ဘူးလား။

“သခင်လေး…..သခင်လေးရဲ့ အိမ်တော်ကို ရှင်းလင်းပြီးပါပြီ။ သွားကြည့်ပါမလား”

“ကောင်းပါပြီ” ရှီမာယူယူခေါင်းညိတ်လိုက်သည်။

ရှီမာယူယူအထဲတွင် တံခါးပိတ်ကျင့်ကြံနေခြင်းကြောင့် အိမ်အတွင်းပိုင်းသည် ဖြိုချခြင်းမရှိပါ။ သို့သော် အိမ်အရှေ့တွင်တော့ လုံးဝပင် ရှင်းလင်းနေသည်။

ချွန်ဂျီအန်းနှင့် ယွန်ယူတို့နောက်သို့ ရှီမာယူယူလိုက်ကာ သူမအိမ်သို့ရောက်လာသည်။ သူမသည်တစ်ဦးတည်းသော ပိုင်ရှင်ဖြစ်သောကြောင့် သူမ အိမ်သည် အခုလက်ရှိတွင် သခင်အိမ်တော်ဖြစ်သည်။

အိမ်သည် လျင်မြန်စွာ ဆောက်လုပ်ပြီးစီးသော်လည်း မသပ်မရပ်ဖြစ်မနေပါ။ ရှီမာယူယူကြည့်လိုက်ရာ ဆောက်လုပ်ရေးမှာ မဆိုးလှသည်ကို တွေ့လိုက်ရသည်။ သူတို့သည် ဥယျာဉ်ကဲ့သို့ ဆင်မြန်းမှုကိုတောင်လုပ်လိုက်သည်။

ရှီမာယူယူ လှည့်ပတ်ကြည့်ကာ ကျေနပ်မှုကြောင့် ခေါင်းညိတ်နေသည်။ အခန်းများပါရှိမှသာ အိမ်ကဲ့သို့ ခံစားမိတော့သည်။

ရှီမာယူယူတံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်လာသည်ကို ကြားသော အိမ်တော်ထိန်းသည် ထိုနေ့ကဖြစ်ခဲ့သမျှကို တင်ပြရန် ရောက်လာသည်။ ရှီမာမျိုးနွယ် တစ်ခဏအတွင်း အင်အားကြီးမားလာသည်ကိုကြားသည်၊ ပြီးတော့ ဝိညာဉ်ဧကရာဇ်နှင့် ဝိညာဉ်နယ်ရှင်များကို ပါဆွဲဆောင်နိုင်ခဲ့သည်။ သူမသည်ပင်လျှင် ပြောင်းလဲသွားသောအရာများကို အံ့သြခဲ့ရသည်။

အခု သူမ ထိန်းကျောင်းရန်လိုအပ်မည့် သားရဲများကို ခန့်မှန်းရန်လိုတော့သည်။ တစ်ဖက်ကကြည့်လျှင် ဝိညာဉ် သားရဲများထိန်းကျောင်းခြင်းသည် ကျင့်ကြံခြင်းနှင့်တူသည်။ မပင်ပန်းသော်လည်း သူမအား ပိုသန်မာအောင်လုပ်ပေးနိုင်သည်။ သူမ တစ်ခဏမျှစဉ်းစားကာ နောက်တွင် မေ့ပစ်လိုက်သည်။ သူမ ထိုနေ့များရောက်လာရန် စိတ်လှုပ်ရှားစွာစောင့်ဆိုင်းနေခဲ့သည်။

All Chapters