← Chapters

အပိုင်း(၁၄၅)-ဆေးများ ပေးခြင်း

Vol. 002 Ch. 145

အပိုင်း(၁၄၅)-ဆေးများ ပေးခြင်း

Vol. 002 Ch. 145

မျိုးနွယ်နှင့်ပတ်သတ်သော ကိစ္စများကို ဖြေရှင်းပြီးနောက်မကြာမီတွင် ရှီမာယူယူကျောင်းသို့ပြန်သွားခဲ့သည်။ သူမသည် ကျောင်းမပြီးသေးပါ၊ ကျောင်းအုပ်ကြီးသည် သူမအား ခွင့်ရက်ရှည်ပေးထားခြင်းဖြစ်သည်။ ရှီမာမျိုးနွယ် လမ်းမှန်ရောက်နေသည်ကို မြင်ပြီးနောက်တွင် သူမ သင်ကြားရေးသို့ပြန်လှည့်ရန် ဆုံးဖြတ်လိုက်သည်။

တကယ်တော့ သူမလက်ရှိအခြေအနေနှင့် ဒီနေရာတွင်သင်စရာအများကြီးမရှိပေ။ သို့သော် သူမ တစ်ဝက်တစ်ပျက်နှင့် ရပ်ရန်အစီအစဉ်မရှိပါ။ သူမ ရှီမာမျိုးနွယ်အတွက် စဉ်းစားပေးရသေးသည်။ ထို့ကြောင့် သူမ အခုထွက်သွားရန်အစီအစဉ်မရှိပေ။

သူမ အဆောင်သို့ပြန်သွားချိန်တွင် ဝေကျိရွှီနှင့် တခြားသူများသည် အတန်းသို့သွားကြပြီးဖြစ်သည်။ လက်ရှိတွင် အဆောင်သည် လစ်လပ်နေသည်။ သူမ စဉ်းစားမိသည်။ အရင်တစ်ခါ ဒီကိုလာတုန်းက သူမသည် ဘာမှကို ပူပန်စရာမလိုသော အကြောင့်ကြမဲ့သော သခင်လေးဖြစ်ခဲ့သည်။ သို့သော် အခု သူမသည် မျိုးနွယ်ခေါင်းဆောင်ဖြစ်နေလေပြီ။

အင်း… ကြည့်ရတာတော့ မျိုးနွယ်ခေါင်းဆောင်က ကျောင်းလာတက်တာကို ဘယ်သူမှကြုံဖူးမယ်လို့တော့ မထင်ဘူး။

သူမ အိမ်ရှင်းကာ အထုတ်များဖြေပြီးသည့်အခါတွင် နေ့လည်ခင်းရောက်နေပြီဖြစ်သည်။ သူမ အချိန်ကြာမြင့်စွာ ဘာမှမစားရသေးသည်ကို သတိရသွားသည်။ ဒီအချိန်အတွင်းတွင် အားလုံးသည် သူမအားစိတ်ပူပေးပြီး စိုးရိမ်စွာကူညီပေးခဲ့သော ကျေးဇူးများဆပ်ချင်သောကြောင့် သူမ မီးဖိုဆောင်ထဲသို့ဝင်ကာ ဟင်းလျာများပြင်ဆင်လိုက်သည်။

“ကြည့် ငါပြောတယ်မလား၊ ငါအနံ့ရကတည်းက ယူယူ ပြန်ရောက်နေပြီဆိုတာသိတယ်” အနံ့ခံရင်း ပထမဆုံး ဝင်လာသူမှာ ဖက်တီးကျူဖြစ်သည်။ သူ့နှာခေါင်းများသည် အစားအစာများအပေါ်တွင် နိုးကြားမှုအရှိဆုံးဖြစ်သည်။

လေးယောက်အုပ်စုသည် မီးဖိုဆောင်ထဲဝင်လာကာ ရှီမာယူယူထိုင်စောင့်နေသော စားပွဲသို့ လျှောက်လာကြပြီး စပြီး စားကြတော့သည်။

“မင်းကိစ္စတွေ ရှင်းပြီးပြီလား” ဝေကျိရွှီမေးလိုက်သည်။

“အခုတော့ အဆင်ပြေနေပြီ၊ ကျန်တဲ့ဟာတွေက တဖြည်းဖြည်းရှင်းသွားရမှာပဲ” ရှီမာယူယူပြောလိုက်သည်။ အခုအရေးကြီးသော ပြဿနာမှာ ဝိညာဉ်သားရဲတစ်ရာကျော်ကို ထိန်းကျောင်းရန်ဖြစ်သည်။ သို့သော် ဝိညာဉ်သားရဲများသည် ရှီမာယူယူဆီသို့ ရောက်နေပြီဖြစ်၍ စိုးရိမ်စရာမရှိပေ။

“မင်းတို့ အိမ်ဆောက်တဲ့နှုန်းကလည်းမြန်လိုက်တာ ရက်ဘယ်လောက်မှမကြာသေးဘူး မနေ့ကပဲ မင်းတို့အိမ်ဆောက်တာပြီးသွားပြီ” ဖက်တီးကျူသည် အသားတစ်တုံးအား စားပြီး ပြောလိုက်သည်။

“မင်းတို့မပြောနဲ့ ငါတောင်အဲလိုပဲ” ရှီမာယူယူပြောလိုက်သည် “ငါရက်နည်းနည်းလောက် တံခါးပိတ်ကျင့်ကြံလိုက်တာ ပြန်ထွက်လာတော့ နဂိုက မြေပြန့်ကြီးက အိမ်ဖြစ်သွားတယ်လေ၊ လန့်တောင်လန့်သွားတယ်၊ အိမ်တွေ ဒီလောက်မြန်မြန်ဆောက်ပြီးလိမ့်မယ်လို့ ထင်တောင်ထင်မထားဘူး”

“လူတွေအများကြီး အတူလုပ်ပေးကြလို့ လို့ငါကြားတယ်၊ အဲဒါကြောင့်မြန်တာ” ဝေကျိရွှီပြောလိုက်သည် “အဲဒါလည်းကောင်းတာပဲ၊ မင်းလူတွေအများကြီးခန့်မယ်ဆို ဘာဖြေရှင်းဖြေရှင်း နေရာလိုတယ်လေ”

“အင်း” ရှီမာယူယူခေါင်းညိတ်ကာ ပြောလိုက်သည် “ဒီအချိန်အတွင်းမင်းတို့ရော ဘယ်လိုလဲ”

“ကျောင်းထဲက ကိစ္စတွေကတော့ အတူတူပါပဲ၊ အခု ငါတို့ကျောင်းမှာ ဘယ်သွားသွား မိန်းကလေးကျောင်းသူတွေ ငါတို့ကို ကြည့်နေတာနဲ့ပဲ ကြုံနေရတယ်၊ စိတ်ပျက်စရာကောင်းနေပြီ” ဝေကျိရွှီပြောလိုက်သည်။

“ဘာလို့လဲ” ရှီမာယူယူ ရှုပ်ထွေးစွာမျက်တောင်ခတ်လိုက်သည်။ “မင်းရဲ့ လူငယ်နွေးဦးရာသီရောက်လာတော့ ကောင်မလေးတွေက မင်းကို ချစ်ရေးဆိုကြလို့လား”

“လူငယ်နွေဦးရာသီက ငါတို့ဆီကိုလာတာမဟုတ်ဘူး၊ မင်းဆီကိုလာတာ” ဖက်တီးကျူပြောလိုက်သည် “ငါတို့ကို ကြည့်ကြတဲ့သူတွေက မင်းကို ရှာကြတာ၊ သူတို့ငါတို့ကိုကြည့်တဲ့အခါတိုင်း မင်းဘယ်တော့ ကျောင်းပြန်လာမလဲ၊ မင်းဘာတွေကြိုုက်တတ်လဲ၊ မင်းကြိုက်တဲ့မိန်းကလေးပုံစံက ဘယ်လိုလဲ အဲဒါတွေပဲမေးနေကြတာ၊ ဘုရားရေ မင်းက မိန်းကလေးသေချာနေတာကို မိန်းကလေးနဲ့ ပတ်သတ်တဲ့ကံက ဘာလို့အဲလောက်တောင်ကောင်းနေရတာလဲ”

“……..”

ဖက်တီးကျူ စောဒကတတ်နေသည်ကို ရှီမာယူယူ စကားလုံးမဲ့ကာကြည့်နေလိုက်သည်။ သူမသည် ကျောင်းတွင် အကျော်ကြားဆုံးလူဖြစ်လာမည်ဟု ထင်မထားပေ။

အင်း.. သူမ ကျော်ကြားသူဖြစ်ခဲ့သည်၊ သို့သော် အမှိုက်ဟုကျော်ကြားခဲ့ခြင်းဖြစ်သည်။ အခုတော့ အရည်အချင်းရှိခြင်းကြောင့် ကျော်ကြားခြင်းဖြစ်သည်။

“အဲကောင်မလေးတွေ ဘယ်လောက်လွန်လဲမင်းမသိပါဘူး၊ မင်း သတင်းရဖို့ဆိုရင် သူတို့ဘာမဆိုလုပ်မယ့်ပုံပဲ” ဝေကျိရွှီသည် အနည်းငယ်ကြောက်ရွံ့သည့် လေသံဖြင့်ပြောလိုက်သည် “ဝူရန်ဖေနဲ့ ဘေဂုံထန်နဲ့ကတော်သေးတယ်၊ တစ်ယောက်က ရေခဲတုံး၊ တစ်ယောက်က မိန်းကလေး၊ တခြားသူတွေက သူတို့ကို မကပ်ရဲကြဘူး၊ ဒါပေမယ့် ဖက်တီးကျူနဲ့ ငါနဲ့က ခံရတာ၊ မင်းအတွက် အချုစ်သဝဏ်လွှာတွေကို ငါတို့က ယူပေးနေရပြီ၊ မင်းဖတ်မှာလား မဖတ်ဘူးလား”

“မဖတ်ပါဘူး” ရှီမာယူယူလျင်မြန်စွာ ခေါင်းရမ်းလိုက်သည်။ ထိုအဓိပ္ပာယ်မရှိသော အရာများကို သူမ ဖတ်စရာအကြောင်းမရှိပါ။

“အဲလူတွေကြောင့် မင်းစိတ်အနှောင့်အယှက်ဖြစ်စရာမရှိပါဘူး” ဘေဂုံထန်ပြောလိုက်သည် “မင်းသူတို့ကို ဂရုမစိုက်ရင် သူတို့လာပြီး မင်းကို အနှောင့်အယှက်ပေးမှာမဟုတ်ပါဘူး”

“ငါသိပါတယ်” ရှီမာယူယူပြောလိုက်သည်။

“ကောင်းပြီ မင်းကျောင်းမှာ နေဖို့စီစဉ်ထားတယ်ဆိုတော့ အိမ်က ကိစ္စတွေကို ဘယ်လိုကိုင်တွယ်မှာလဲ” ဖက်တီးကျူမေးလိုက်သည်။

“ငါ ဦးလေးဖူကို လွှဲထားခဲ့တယ်၊ သူဖြေရှင်းလိမ့်မယ်၊ နောက်ရက်နည်းနည်းကြာမှ တစ်ချက်ကြည့်ပေးဖို့ အိမ်ပြန်ရမယ်၊ အိမ်မှာတစ်ခုခုဖြစ်ရင် ကျောင်းကနေခွင့်တော့တိုင်ရမယ်၊ ငါဒီ စာသင်နှစ်ပြီးအောင် စောင့်ပြီးမှ ဒီမှာပဲ စာသင်တာရပ်လိုက်တော့မလို့”

“မင်း စာဆက်မသင်တော့ဘူးပေါ့”

“အင်း” ရှီမာယူယူ ပြန်ဖြေလိုက်သည် “သုံးနှစ်ဆိုတဲ့အချိန်မှာ ငါသန်မာလာဖို့ကို တခြားနေရာသွားရမယ်၊ ကျောင်းထဲမှာဆို ငါ့အားက တိုးတက်လာတာနှေးတယ်”

ဝေကျိရွှီနှင့် တခြားသူများသည် သုံးနှစ်သဘောတူညီချက်ကို သိပြီးဖြစ်၍ သူမ ပခုံးပေါ်တွင် ထမ်းထားသော ဝန်ထုပ်ဝန်ပိုးအား နားလည်ကြသည်။

“ရှီမာမျိုးနွယ်ရဲ့ အခြေအနေကို ဘယ်လိုလုပ်မယ်စိတ်ကူးထားလဲ” ဝေကျိရွှီမေးလိုက်သည်။

“လနည်းနည်းလောက်တော့ ငါတို့အင်အားတွေ တောင့်လာအောင်လုပ်မယ်၊ အဲအချိန်ကျရင် ငါ ဦးလေးဖူနဲ့ လက်လွှဲထားရင် သူဖြေရှင်းမှာပါ၊ သူတို့ တစ်ခုခုလိုတာရှိရင် လူလွှတ်ပေးမှာ” ရှီမာယူယူပြောလိုက်သည်။

“မင်းဘယ်သွားမယ်လို့စဉ်းစားထားလဲ” ဘေဂုံထန်မေးလိုက်သည်။

ရှီမာယူယူ စဉ်းစားကာပြောလိုက်သည် “ဆိုဖီယာတောင်သွားဖြစ်လောက်တယ်၊ အဲကိုသွားပြီး နည်းနည်းလောက် လေ့ကျင့်ပြီးမှာ ထွက်သွားတော့မှာ”

“အဲမှာ အတားအဆီးတွေရှိတယ်လို့မင်းပြောခဲ့တာမလား၊ မင်းဘယ်လိုထွက်မှာလဲ” ဖက်တီးကျူမေးလိုက်သည်။

“အဲမှာ ဖြတ်လမ်းတွေလည်း အသုံးမဝင်ဘူးလို့ ဟိန်းသံလေးပြောတယ်” ရှီမာယူယူပြောလိုက်သည် “အဲအချိန်ကျရင် သူ အတားအဆီးကို ဖွင့်ပေးမယ်တဲ့”

ဝူရန်ဖေသည် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည် “ဆိုဖီယာတောင်တန်းက ဝိညာဉ်သားရဲတွေက ပူလွောင်တောင်တန်းက ဟာတွေထက် ပိုမြင့်ကြတယ်၊ မင်းအဲဒီကိုသွားရင် အန္တရာယ်မများဘူးလား”

“အန္တရာယ်များလေ မြန်မြန်အားကောင်းလာမှာလေ” ရှီမာယူယူပြောလိုက်သည် “အဲဒါမှ ငါ့အလားအလာလည်းရှိမှာ၊ ငါ အန္တရာယ်နဲ့ကြုံလေ အားပိုကောင်းလေပဲ”

“ကောင်းပြီလေ ဒါဆိုလည်း မင်းကျောင်းထဲမှာနေရင် အားကောင်းဖို့က အချိန်ကြမယ်၊ အပြင်မှာနေတာက မင်းအတွက်ပိုကောင်းတယ်”

“အင်း ဟုတ်တယ်” ရှီမာယူယူ စဉ်းစားကာ ကျောက်စိမ်းပုလင်းလေးပုလင်းအား ထုတ်ကာ သူတို့လေးယောက်အားပေးကာ ပြောလိုက်သည် “ဒါတွေက ငါကတိပေးထားတဲ့ ဟာတွေပဲ”

အားလုံးသည် ကျောက်စိမ်းပုလင်းယူကာ ဖွင့်လိုက်သည်။ အထဲတွင်ဆေးနှစ်လုံးအားတွေ့လိုက်ရာ မေးလိုက်သည် “ဒါဘာဆေးတွေလဲ”

“ဆန့်ကျင်ရေးဆေးတစ်ရာ” ရှီမာယူယူ ဖြေသည်။

ဆန့်ကျင်ရေးဆေးတစ်ရာဟူသော နာမည်အားကြားသည်နှင့် ဘေဂုံထန်သည် မျက်လုံးအရောင်တောက်သွားကာ မေးလိုက်သည် “ဒါက တကယ်ပဲ ဆန့်ကျင်ရေးဆေးတစ်ရာလား”

“ဟုတ်တယ်” ရှီမာယူယူပြောလိုက်သည် “အစက တခြားဆေးအမျိုးအစားကို ဖော်ချင်တာ ဒါပေမယ့် ငါ့ကို ဆေးကူဖော်ပေးတဲ့လူက ဒီဆန့်ကျင်ရေးဆေးတစ်ရာက ပိုကောင်းတယ်လို့ပြောလို့် သူဒါပဲဖော်လိုက်တာ”

“ဒါပေမယ့် ငါ ရွှေမြွေအသီးကို ယူပြီးပြီလေ၊ ငါ့အတွက် ဝေစုမလိုတော့ပါဘူး” ဘေဂုံထန်ပြောလိုက်သည်။

“ထည့်မတွက်နဲ့ ရွှေမြွေအသီးက မြောင်ဂျီအတွက်လေ၊ ဒီဆေးက မင်းအတွက်၊ ကျိရွှီနဲ့ တခြားသူတွေလည်း စိတ်မကွက်လောက်ဘူးလို့ထင်တယ်၊ ပြီးတော့ မင်းလည်းဒါလိုတာပဲလေ” ရှီမာယူယူပြောလိုက်သည်။

ဘေဂုံထန် ရှီမာယူယူအားကြည့်ကာ တဖြည်းဖြည်းနှုတ်ခမ်းကွေးကာ ပြုံးသွားပြီး ပြောလိုက်သည် “ကျေးဇူးပါပဲ ယူယူ”

ဘေဂုံထန်သည် ဆေးများအားစိတ်ဝင်စားသည်မှာ ရှားပါးလှသည်ဖြစ်၍ ဝေကျိရွှီနှင့် တခြားသူများသည် ဆန့်ကျင်ရေးဆေးတစ်ရာကို သိချင်စိတ်များသွားလေသည်။

“ယူယူ ဒီဆန့်ကျင်ရေးဆေးတစ်ရာက ဘယ်လိုဆေးမျိုးလဲ” ဖက်တီးကျူ ဆေးထုတ်ကာ ပါးစပ်ထဲထည့်မည်အလုပ်တွင် ရှီမာယူယူ သူ့အားဆွဲထားလိုက်ရပြီး ပြောလိုက်သည် “မင်းဒါ ဘာလဲဆိုတာကိုတောင် မသိတာ အဆိပ်ဖြစ်နေမှာ မကြောက်ဘူးလား”

“ဟေး ဟေး ဒါက ငါ့ကို ပိုသန်မာလာစေတယ်လို့ မင်းပဲပြောတာမလား” ဖက်တီးကျူပြောလိုက်သည်။

ရှီမာယူယူ ဖက်တီးကျူအားစိုက်ကြည့်လိုက်သည်။ ဒီလူက စားဖို့ပဲဂရုစိုက်နေပြီး သူမပြောတာကို ဂရုစိုက်ပါလား။

All Chapters