← Chapters

မဟာလမ်းစဥ် ကောင်းကင်မူလကျင့်စဥ်

Vol. 62 Ch. 862

မဟာလမ်းစဥ် ကောင်းကင်မူလကျင့်စဥ်

Vol. 62 Ch. 862

"ပြင်ပရတနာတွေကို အသုံးပြုတာက ခွန်အားကို အချိန်တိုနဲ့ မြင့်တက်စေနိုင်ပေမယ့် တာအို မဟုတ်ဘူး"

ရှန်းရန်သည် နတ်အရိုးကို ခန္ဓာကိုယ်အတွင်း ပေါင်းစပ်ထားနိုင်သော်လည်း လင်လုံက တည်ငြိမ်စွာ ခေါင်းယမ်း၍ ပြိုင်ဘက်တစ်ယောက်အဖြစ်ပင် သတ်မှတ်မထားချေ။

"ငါအနိုင်ရနေသရွေ့ ဘယ်တာအိုကို ဂရုစိုက်နေရမှာလဲ"

သူမ၏တုံ့ပြန်မှုကြောင့် ရှန်းရန်က ဒေါသထွက်သွားကာ ဖြစ်ပေါ်လာသော မကျေနပ်စိတ်များကို မထိန်းချုပ်နိုင်တော့ပေ။ နတ်ဆိုးရှန်းရန်နှင့် လမ်းမှန်ကျင့်ကြံသူ ရှန်းရန်က သူမကို ပြိုင်တူတိုက်ခိုက်လိုက်ကြပြီး ကျိန်စာရုန်းများကို ကောင်းကင်၌ ပိုက်ကွန်သဖွယ် စုစည်းကာ ပစ်ခတ်လိုက်သည်။ ထိုရုန်းများက ရွှေရောင်တောက်ပလာလိုက်၊ အေးစက်မည်းမှောင်သွားလိုက်ဖြင့် မတူညီမှုနှစ်ခုအဖြစ် ဆက်တိုက်ပြောင်းလဲနေသည်။

"ထာဝရနတ်ဆိုးကျင့်စဥ် ယင်ယန်ပြောင်းလဲခြင်း အကောင်းနဲ့အဆိုး ပေါင်းစပ်စေ။ လင်လုံ မင်းရဲ့ ကောင်းကင်တာအိုစည်းနဲ့ ငါ့ရဲ့ ထာဝရနတ်ဆိုးကျင့်စဥ် ဘယ်အရာက ပိုအစွမ်းထက်မလဲ ကြည့်ရအောင်"

သူတို့က အော်ဟစ်ကြုံးဝါးလိုက်ကြပြီး လင်လုံအား ပူးပေါင်းတိုက်ခိုက်နေကြသည်။ လင်လုံက တုန်လှုပ်မနေဘဲ ရှုပ်ထွေးသော လက်ဟန်တစ်ခု ပြုလုပ်လိုက်သောအခါ အလွန်ကြည်လင်သော ကြာပန်းပွင့်ချပ်များသည် အချိန်​လေဟာနယ်ချီများမှ ဖြစ်ပေါ်လာကာ ဧရာမပန်းဖူးကြီးတစ်ခု ဖြစ်တည်လာသည်။ ၎င်းက သူမ၏ပတ်လည်၌ ဝိုင်းရံထားပြီး ခဏအကြာတွင် အလင်းများ ထွက်ပေါ်လာကာ လောကကို အလင်းဆောင်သော နေတစ်စင်းပမာ စကြဝဠာကို ထွန်းလင်းစေခဲ့သည်။ သူမ၏ဝတ်ရုံရှည်က တဖြတ်ဖြတ် လွင့်ပျံနေပြီး ကြာဖူးအတွင်း မတ်တပ်ရပ်နေသောကြောင့် အထက်ဘုံမှ ဆင်းသက်လာသည့် ပန်းနတ်သမီးသဖွယ် ထင်မှတ်ရသည်။ ကျိန်စာရုန်းများက ပန်းဖူးကြီးကို တစ်ခုပြီးတစ်ခု လာရောက်ထိမှန်နေသော်လည်း ပွင့်ချပ်များ ညှင်သာစွာ လှုပ်ယမ်းသွားရုံသာဖြစ်၍ တိုက်ခိုက်မှုအားလုံး တားမြစ်ခံလိုက်ရသည်။

လင်လုံက လက်ဟန်ကို ပြောင်းလဲလိုက်သောအခါ ကြာဖူးကြီးသည် ဖြည်းညှင်းစွာ ပွင့်လန်းလာပြီး ဘက်ပေါင်းစုံသို့ နတ်အလင်းများ ပြန့်ထွက်သွားသကဲ့သို့ မရေမတွက်နိုင်သော ကြာပန်းငယ်များ လွင့်ပျံလာ၏။ သို့သော် ၎င်းတို့သည် အလွန်ပြင်းထန်သော စွမ်းအားကို ပိုင်ဆိုင်ထားပြီး ညှင်သာစွာ လွင့်ပျံလာသော်လည်း ပြိုင်ဘက်ကင်းမြန်ဆန်နေ၍ မျက်တောင်တစ်ခတ်အတွင်း ရှန်းရန်နှစ်ယောက်ထံ ရောက်ရှိလာသည်။ သူတို့က အော်ဟစ်ကြုံးဝါး၍ ကျိန်စာရုန်းများကို အသုံးပြုကာ ထိပ်တိုက်ရင်ဆိုင်လိုက်ကြသည်။

"ဘုန်း ဘုန်း ဘုန်း"

ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်နေပြီး တန်ပြန်အားအဖြစ် အချိန်လေဟာနယ်ချီများ လွင့်ပျံလာသည်။ စွမ်းအားရှင်နှစ်ယောက် တိုက်ခိုက်သော နေရာတိုင်းတွင် ဧရာမကြယ်ကြီးများပင် တန်ပြန်အားကြောင့် ပျက်စီးလုနီးပါး ဖြစ်ကုန်သည်။ ဤကား စွမ်းအားရှင်အဆင့်၏ ခွန်အားဖြစ်ကာ အဆင့်အမြင့်ဆုံးသို့ရောက်လျှင် ဧရာမကြယ်ကြီးများကို ဖောက်ခွဲနိုင်ပေလိမ့်မည်။ တိုက်ပွဲ၏ ပြင်းထန်သော အဖျက်အဆီးစွမ်းအင်ကြောင့် လောကကြီးပင် ပြိုကျတော့မယောင် ထင်မှတ်နေရသည်။ ကံကောင်းသည်မှာ သူတို့က မိုင်ပေါင်းများစွာ ဝေးကွာသော ဖုန်းဆိုးပတ်ဝန်းကျင်တစ်ခု၌ တိုက်ခိုက်နေခြင်းဖြစ်ပြီး ထိပ်တန်းနယ်မြေ၌ဆိုလျှင် မရေမတွက်နိုင်သော ကျင့်ကြံသူများ မြေစာပင်အဖြစ် သေဆုံးသွားကြပေလိမ့်မည်။ စွမ်းအားရှင်စာရင်းမှ ခေါင်းဆောင်များပင် အံ့သြနေကြပြီး လင်လုံနှင့် ရှန်းရန်သည် ဤကြယ်အဖွဲ့အစည်း၏ ထိပ်တန်းကျင့်ကြံသူများဖြစ်ကြောင်း သံသယဝင်စရာ မလိုပေ။ သူတို့၏ခွန်အားအရ ထိုနှစ်ယောက်ထံမှ တိုက်ကွက်အနည်းငယ်ကိုပင် ခုခံရန် ခက်ခဲပေလိမ့်မည်။

"ဒါက စွမ်းအားရှင်အဆင့်ရဲ့ ခွန်အားလား"

ခြင်္သေ့ကြီးက ဆွံ့အနေပြီး ယဲ့ချန်လည်း အံ့သြနေခဲ့သည်။ ဤစွမ်းအားရှင်နှစ်ယောက်သည် လူသားများရောက်နိုင်သော အထွတ်အထိပ်သို့ ရောက်ရှိနေကြပြီဖြစ်သည်။ အင်အားစုအသီးသီးမှ တပည့်များသည်လည်း တိုက်ပွဲကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေသည်။ စွမ်းအားရှင်နှစ်ယောက်၏ တိုက်ပွဲမှ သိုင်းပညာသဘောတရားများက နက်ရှိုင်းသောကြောင့် အနည်းငယ်မျှ နားလည်လျှင်ပင် တစ်ဘဝလုံး ကျင့်ကြံရာ၌ အကျိုးရှိပေလိမ့်မည်။

တိုက်ပွဲက သုံးရက်သုံးညတိုင်တိုင် ကြာမြင့်သွားသောကြောင့် လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်ခဲ့ရသည်။ လင်လုံက ရှန်းရန်နှစ်ယောက်ကို အလွယ်တကူရင်ဆိုင်နေပြီး ရှုံးနိမ့်မည့် လက္ခဏာများ မရှိချေ။ ရှန်းရန်သည် အထက်စီးမရထားသော်လည်း ကြည့်ရှုနေသူများကို တုန်လှုပ်စေခဲ့သည်။ အတိတ်တွင် သူက လင်လုံ၏ တိုက်ကွက်ငါးကွက်အတွင်း ရှုံးနိမ့်ခဲ့ရသော်လည်း လက်ရှိ၌ ရှုံးနိမ့်ခြင်းမရှိဘဲ သုံးရက်သုံးညတိုင်တိုင် ရင်ဆိုင်နိုင်စွမ်း ရှိလာသည်။

"လင်လုံ မင်းရဲ့အစွမ်းက ဒီလောက်ပဲလား"

ရှန်းရန်နှစ်ယောက်က မောက်မာစွာ ရယ်မောလိုက်ကြပြီး ထာဝရနတ်ဆိုးကျင့်စဥ်ကို ပြိုင်တူအသက်သွင်းကာ ဧရာမ အတားအဆီးကြီးတစ်ခုအတွင်း လင်လုံကို ဖမ်းယူ၍ ထောင်ချီသော ကျိန်စာရုန်းများအား ပစ်ခတ်လိုက်ကြသည်။

"ရှန်းရန် မင်းနဲ့ သုံးရက်အထိ တိုက်ခိုက်ပေးနေတာက မင်းကို မနိုင်လို့ မဟုတ်ဘူး။ နတ်အရိုးနဲ့ ပေါင်းစပ်ထားရင် ဖြစ်ပေါ်လာမယ့် လက္ခဏာတွေ လေ့လာချင်ရုံသက်သက်ပဲ"

ထိုအချိန်၌ လင်လုံက တစ်ချက်ပြုံးလိုက်သည်။

"မောက်မာလှချည်လား။ မင်းက ငါ့ကို အနိုင်ယူနိုင်မယ်လို့ မယုံဘူး"

ရှန်းရန်များက အော်ငေါက်လိုက်ပြီး တိုက်ကွက်များမှာ ပိုမိုပြင်းထန်လာကြသည်။

"နတ်အရိုးက အမှန်တကယ် အစွမ်းထက်ပေမယ့် ပြင်ပခွန်အားဖြစ်တယ်။ မင်းရဲ့ရုပ်ခန္ဓာနဲ့ အစွမ်းအားလုံးကို မထုတ်ဖော်နိုင်ဘူး။ ထာဝရနတ်ဆိုးကျင့်စဥ်က ကောင်းကင်တာအိုရုန်းထက် ပိုပြီးအဆင့်မြင့်ပေမယ့် ငါကိုယ်တိုင် ဖန်တီးထားတဲ့ ကျင့်စဥ်သက်သက်ပဲ ရှိသေးတယ်။ ငါ အမှန်တကယ် ကျင့်ကြံတာက မဟာလမ်းစဥ် ကောင်းကင်မူလကျင့်စဥ်ပဲ"

လင်လုံ၏ မျက်ဝန်းများအတွင်း ထူးဆန်းသော အလင်းရောင်များ ပျိုးပျိုးပြက်ပြက် ဖြစ်ပေါ်နေသည်။ သူမ၏စကားသံအဆုံးတွင် အရှိန်အဝါသည် ရုတ်တရက် ပြောင်းလဲသွားကာ မူလတွင် နတ်သမီးတစ်ပါးနှင့် ဆင်တူသော်လည်း လူသားအရှိန်အဝါအချို့ ရှိနေဆဲပင်ဖြစ်သည်။ သို့သော် ထိုအချိန်၌ သူမ၏အရှိန်အဝါက ဆက်တိုက်မြင့်တက်လာနေပြီး ခန္ဓာကိုယ်မှ မြင့်မြတ်အလင်းများ ပြန့်ထွက်လာကာ တစ်ကိုယ်လုံး အလင်းတန်းရောင်စုံ တောက်ပနေ၍ ကြည်လင်သော မျက်လုံးများ၌ လူသားခံစားချက်များ ပျောက်ကွယ်သွားခဲ့သည်။ လောကကြီးရှိ သက်ရှိများ၏ သေခြင်းရှင်ခြင်းကို ဆုံးဖြတ်နိုင်စွမ်းရှိသော အထက်ဘုံမှ နတ်ဘုရားတစ်ပါးသဖွယ် သူမက အရာရာကို ငုံ့ကြည့်နေခဲ့သည်။ သူမက ကောင်းကင်တာအို၏ သရုပ်ထင်မှုဖြစ်လာပုံရပြီး ၎င်းကို ကိုယ်စားပြုနိုင်နေသည်။

မျက်နှာထက်တွင် ခံစားချက်ကင်းမဲ့နေသော လင်လုံသည် လက်ဝါးတစ်ချက်ကို သိမ်မွေ့စွာ ရိုက်ထုတ်လိုက်သည်။ အလင်းတန်းများ စုဝေးလာပြီး ဧရာမလက်ဝါးအလင်းကြီး ဖြစ်တည်လာကာ ရှန်းရန်၏အတားအဆီးကို လျင်မြန်စွာ ထိမှန်သွားခဲ့သည်။

"ဘုန်း"

ထောင်ချီသော ကျိန်စာရုန်းများက လက်ဝါးတစ်ချက်ဖြင့် ပျက်စီးသွားကာ အတားအဆီးလည်း ပြိုကျသွားခဲ့သည်။ ရှန်းရန်က မျက်နှာပျက်နေစဥ် လင်လုံက တဝီဝီလည်ပတ်နေသော အလင်းတန်းနှစ်ခုကို ပစ်ခတ်လာသည်။ ရှန်းရန်နှစ်ယောက်က အလျင်အမြန် ရှောင်တိမ်းလိုက်သော်လည်း တိုက်ခိုက်ရေးစွမ်းအား ပြင်းထန်သည့် အလင်းနှစ်ခုက အရိပ်ပမာ လိုက်ပါနေကြသည်။ နောက်ဆုံးတွင် သူတို့က အနန္တရှေးဟောင်းကျောက်စာနှစ်ချပ်ကို ကြီးမားစေ၍ ဒိုင်းသဖွယ် ကာကွယ်လိုက်ရ၏။

"ဒုန်း"

အလင်းတန်းများနှင့် ထိမှန်ခံလိုက်ရသောကြောင့် ကျောက်စာများက တုန်ခါသွားပြီး ပျက်စီးမသွားသော်လည်း တိုက်ခိုက်ရေးစွမ်းအားများ ကျော်ဖြတ်လာကာ ရှန်းရန်၏ ရုပ်ခန္ဓာကို ထိမှန်သွားကြသည်။

"အား"

ရှန်းရန်နှစ်ယောက်က နာနာကျင်ကျင် အော်ဟစ်၍ သွေးများအန်ချရင်း လွင့်ထွက်သွားခဲ့သည်။ သူက လင်လုံ၏ လက်ဝါးတစ်ချက်တည်းဖြင့် ရှုံးနိမ့်သွားပြီ ဖြစ်သည်။

"မင်းက ကောင်းကင်မူလကျင့်စဥ်ကို တကယ်ကြီး ကျင့်ကြံရဲတယ်ပေါ့။ ကောင်းကင်သူတော်မျိုးနွယ်ရဲ့ ဒေါသကို မကြောက်ဘူးလား"

အပြင်းအထန် ဒဏ်ရာရသွားသော ရှန်းရန်များ၏ မျက်နှာတွင် မယုံနိုင်ဟန် အတိုင်းသားဖြစ်ပေါ်နေသည်။ ထာဝရပြည်ထောင်မှ ကောင်းကင်မြစ်ကြယ်အဖွဲ့အစည်းသို့ ကောင်းကင်သူတော်သုံးယောက် စေလွှတ်လိုက်သော်လည်း သူတို့၌ ဒေါသထွက်ရန် အခွင့်အရေး မရှိတော့ပေ။ လင်လုံက စကားတစ်ခွန်းမှ ပြန်မပြောဘဲ တိတ်တဆိတ် ပြုံးနေသောကြောင့် ရှန်းရန်က တစ်ခုခုကို နားလည်လိုက်ပြီး ရင်ထိတ်သွားခဲ့သည်။

"မင်း"

သူ၏မျက်ဝန်းများ ကျဥ်းမြောင်းသွားကာ ညာလက်ဖြင့် အနက်ရောင်ယာဥ်ငယ်တစ်စီးကို ရုတ်တရက် ထုတ်ယူလိုက်သည်။ သူက ဝိညာဥ်စွမ်းအားများ အလျင်အမြန် ထည့်သွင်းလိုက်သောအခါ ၎င်းသည် အလင်းတန်းတစ်ခုအဖြစ် စကြဝဠာအတွင်း တိုးဝင်ပျောက်ကွယ်သွားခဲ့သည်။

"ငါ မင်းကို မသတ်တာက အကြောင်းအရင်းတစ်ခု ရှိတယ်။ တစ်နေ့ မင်းမှာ အသက်ရှင်စရာ အကြောင်းမရှိတော့ရင် မင်းအသက်ကို လာယူမယ်"

လင်လုံက ၎င်းနောက်သို့ လိုက်ပါသွားခြင်းမရှိဘဲ သတိပေးလိုက်သည်။ မူလတွင် သူမ၏လျှို့ဝှက်ချက်ဖြစ်သော ကောင်းကင်မူလကျင့်စဥ်အကြောင်း သိသွားသဖြင့် နှုတ်ပိတ်ခံရလိမ့်မည်ဟု ရှန်းရန်က ထင်နေခဲ့ပြီး ဝိညာဥ်အသိစိတ်ကို ခွဲထုတ်ကာ ထွက်ပြေးစေခြင်းဖြစ်သည်။ သို့သော် သူမက အသက်ချမ်းသာပေးမည်ဟု လုံးဝထင်မထားပေ။ ထိုအချိန်၌ တိုက်ပွဲကို စောင့်ကြည့်နေသူများတွင် ထိပ်တန်းမဟာမိတ်၏ စွမ်းအားရှင်များမှအပ အခြားလူများမှာ ခံစားချက်များ ရှုပ်ထွေးနေကြသည်။ ရှန်းရန်သည် နတ်ဆိုးကျင့်စဥ်ကို ကျင့်ကြံထားသောကြောင့် သူတို့က ကြောက်လန့်ခဲ့သော်လည်း အမှန်တကယ် ကြောက်စရာကောင်းသူမှာ လင်လုံဖြစ်ကြောင်း သဘောပေါက်သွားကြ၏။

အကြောင်းအရင်းမှာ ကောင်းကင်သခင် ဖန်တီးခဲ့သော ကောင်းကင်မူလကျင့်စဥ်ကို ကောင်းကင်သူတော်မျိုးနွယ်က ကျင့်ကြံခွင့် ပိတ်ပင်ထားသောကြောင့်ဖြစ်သည်။ ၎င်းကို ကျင့်ကြံထားသူမှန်သမျှ အမေးအမြန်းမရှိ သတ်ဖြတ်ခံရပေလိမ့်မည်။ သို့သော် လင်လုံက ထိုမျိုးနွယ်ကို အရေးမစိုက်ဘဲ ဤကျင့်စဥ်ကို အဆင့်မြင့်မြင့် ရောက်သည်အထိ ကျင့်ကြံထားခဲ့သည်။

"သူမက ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ ကောင်းကင်သူတော်မျိုးနွယ်နဲ့ ထာဝရနတ်ပြည်ထောင်ကို စိန်ခေါ်မလို့လား။ ဒါကြီးက ကြောက်စရာကောင်းလွန်းတယ်။ နောက်ထပ် ဘာဆက်လုပ်မှာလဲ"

ရှန်းရန်က သတိပြန်ဝင်လာသောအခါ လင်လုံကို နောက်တစ်ကြိမ် ရှုံးနိမ့်သွားကြောင်း နားလည်ခဲ့ရ၏။

"ခေါင်းဆောင်လင် အတိတ်မှာ ငါ ရှုံးနိမ့်ခဲ့ပေမယ့် လက်မခံနိုင်ခဲ့ဘူး။ ဒါပေမယ့် ဒီနေ့တော့ ငါ ရှန်းရန်က မင်းလောက် သတ္တိမရှိတာ ဝန်ခံပါတယ်။ အနာဂတ်မှာ သေချာပေါက်လာပြီး စိန်ခေါ်ဦးမယ်"

ရှန်းရန်နှစ်ယောက်က တစ်ယောက်တည်းအဖြစ် ပြန်လည်ပေါင်းစပ်သွား၍ လက်တစ်ဖက်ယမ်းရုံဖြင့် မီးတောက်နီနန်းတော်မှ ကျင့်ကြံသူဆယ်သန်းကျော်ကို သယ်ဆောင်ကာ ချက်ချင်းထွက်ခွာသွားခဲ့သည်။

"ခေါင်းဆောင်လင် ကျုပ်...ကျုပ်တို့"

ကျန်စွမ်းအားရှင်များက ကြောက်စိတ်ကြောင့် တွန့်ဆုတ်နေကြသည်။

"မင်းတို့ သွားနိုင်ပါတယ်။ ဒါပေမယ့် ကောင်းကင်မြစ် ကြယ်အဖွဲ့အစည်း အပြင်ဘက်ကို ခြေတစ်လှမ်းတောင် မထွက်နဲ့"

လင်လုံ၏အမိန့်သံတွင် ပြင်းထန်သော အာဏာစက်တစ်ခု ပါဝင်နေသည်။

"ကျေးဇူးတင်ပါတယ်"

သူတို့ကတ စ်ယောက်ကို တစ်ယောက်ကြည့်၍ လင်လုံ၏စကားမှ အဓိပ္ပါယ်ကို နားလည်သွားကာ လက်သီးဆုပ်ပြီး အရိုအသေပေးလိုက်ကြသည်။

ကောင်းကင်သူတော် ထွက်ပေါ်မလာသကဲ့သို့ မီးတောက်နီနန်းတော်ကလည်း ထိပ်တန်းမဟာမိတ်ကို ရှုံးနိမ့်သွားပြန်သည်။

"ရှန်းရန် ရှုံးနိမ့်သွားတယ်။ ဒါဆိုရင် လင်လုံက ဘာကြောင့် ကျန်ခေါင်းဆောင်တွေကို အပြင်ထွက်ခွင့် ပိတ်ပင်လိုက်တာလဲ။ ကောင်းကင်မူလကျင့်စဥ်က ကောင်းကင်သခင်နဲ့ ပတ်သက်နေတာ ဖြစ်ရမယ်"

ယဲ့ချန်က လင်လုံကို စိုက်ကြည့်ရင်း စဥ်းစားမရဖြစ်နေသည်။ သူသည် မျက်မှောင်ကြုတ်၍ တွေးတောနေပြီး ကိစ္စများက ထင်ထားသလောက် မရိုးရှင်းကြောင်း ခံစားနေရသည်။

"သူမက ဘာကြောင့် ကောင်းကင်သူတော်မျိုးနွယ် ပိတ်ပင်ထားတဲ့ ကောင်းကင်မူလကျင့်စဥ်ကို ကျင့်ကြံရတာလဲ။ ကောင်းကင်သူတော်ကရော သိုင်းပြိုင်ပွဲကို ဘာကြောင့် ရောက်မလာတာလဲ။ အသတ်ခံလိုက်ရတာများ ဖြစ်နိုင်မလား"

ယဲ့ချန်က စိတ်ရှုပ်ထွေးနေပြီး ဤမေးခွန်းများကို အဖြေမထုတ်နိုင်ခဲ့ပေ။

All Chapters