အပိုင်း(၁၄၆)-ဆန့်ကျင်ရေးဆေးတစ်ရာ၏ ရလဒ်
Vol. 002 Ch. 146
ဖက်တီးကျူသည် သူ့အား အာလုံးကကြည့်နေသည်ကို မြင်ကာ အကြည့်များအား အကဲခတ်ပြီးနောက် ချောင်းနှစ်ခါဆိုးကာ ပြောလိုက်သည် “ဒီဟာက ငါတို့အားတွေကို တိုးလာစေတယ်လို့ မင်းပြောလိုက်တာမဟုတ်ဘူးလား၊ ဘာလဲ မဟုတ်ဘူးလား”
ရှီမာယူယူသည် ဖက်တီးကျူခေါင်းအား တီးလိုက်ကာ သူမ ဆက်မပြောချင်တော့သည်ကို ပြသလိုက်သည်။
“ဘေဂုံ မင်း ဒီဆန့်ကျင်ရေးဆေးတစ်ရာအကြောင်းကိုသိလား” ဝူရန်ဖေမေးလိုက်သည်။
“အင်း” ဘေဂုံထန်ပြောလိုက်သည် “ငါသူများတွေ ပြောတာပဲကြားဖူးတာ မမြင်ဖူးဘူး”
“ဒါဘာဆေးလဲ” ဝေကျိရွှီမေးလိုက်သည်။
“ဆန့်ကျင်ရေးဆေးတစ်ရာ၊ ခြင်ဆီရှင်းလင်းရေးဆေးလို့လည်းခေါ်တယ်၊ ဒီနာမည်ကိုကြားရင်တော့ ဒါဘာအတွက်သုံးတာလဲဆိုတာကို မင်းတို့သိလိမ့်မယ်” ဘေဂုံထန်ပြောလိုက်သည်။
“ခြင်ဆီရှင်းလင်းရေးဟုတ်လား” ဝူရန်ဖေနှင့် တခြားသူများသည် တပြိုင်နက်အော်လိုက်ကြသည်။
သူတို့သည် ဆန့်ကျင်ရေးဆေးတစ်ရာကို မသိကြသော်လည်း ခြင်ဆီရှင်းလင်းရေးဆေး ဟူသော နာမည်ကြားသည်နှင့် ဘာအတွက်သုံးသလဲဆိုသည်ကို သိကြသည်။
“ဟုတ်တယ်၊ ဒီဆေးရဲ့ လုပ်ဆောင်ချက်က သွေးကြောတွေကို ရှင်းလင်းပြီး မင်းရဲ့ ခန္ဓာကိုယ်ကို ပြောင်းလဲပေးတယ်၊ နောက်ကို မင်းတို့ကျင့်စဉ် အရှိန်နှုန်းက မြန်လာမှာပဲ” ရှီမာယူယူ ပြောလိုက်သည်။
“ဘယ်ကမ္ဘာကလဲ ယူယူ မင်းဒီလိုဆေးမျိုးကို ဘယ်ကရတာလဲ” ဖက်တီးကျူသည် သူအလွန်အမင်းအံ့သြတိုင်း ရင်ဘတ်အားပုတ်လေးရှိသည်။
“လူတစ်ယောက်က ဒီဆေးကိုဖော်တဲ့နည်းလမ်းကို သိတာ၊ သူက ရွှေမြွေအသီးကိုလည်းလိုနေတာ၊ ဒီဆေးက ရေရှည်အတွက် အကျိုးဖြစ်မယ်လို့ထင်လို့ ငါတို့ဒါကို ဖော်ဖို့ဆုံးဖြတ်လိုက်ကြတာ” ရှီမာယူယူရှင်းပြသည်။ “ဒါပေမယ့် ငါမစားဖူးတော့ ဒီဆေးရဲ့ အကျိုးသက်ရောက်မှုကို ငါမသိဘူး၊ အဲတော့ မင်းတို့သုံးပြီးရင် ဘယ်လိုဖြစ်သွားလဲ ငါ့ကို ပြောပြကြ”
“တကယ်တော့ ဒါက လူတစ်ယောက်ရဲ့ အားကိုပဲတိုးစေတာ” ဘေဂုံထန်ပြောလိုက်သည်။
“ဒါက လူတစ်ယောက်ရဲ့အားကိုတက်ဖို့သုံးတာလား၊ သူငါ့ကို အဲလိုမပြောပါဘူး” ရှီမာယူယူ အံ့သြစွာ အော်လိုက်သည်။
“ဒါက လူတစ်ယောက်ရဲ့ အားကိုပြိုင်ဘက်မရှိ ရေရှည်အတွက် တိုးစေတယ်လို့ခံစားရတယ်” ဘေဂုံထန်ပြောလိုက်သည် “ခန္ဓာကိုယ်က မသန့်ရှင်းတာကို ရှင်းလင်းနေတဲ့အတောအတွင်းမှာ လူတစ်ယောက်ရဲ့အားကို တိုးစေတာ၊ ဒါကိုသုံးတဲ့သူကို မြင်ဖူးလို့ ငါသိနေတာ၊ ဒါပေမယ့် အဲလူတောင်မှာ တစ်လုံးပဲစားရတယ်”
ထိုအကြောင်းအားရှင်းပြချိန်တွင် ဘေဂုံထန်၏ မျက်နှာအမူအရာသည် သိပ်မကောင်းပါ။ ဒီဆေးအား စားသော သူနှင့် ဆက်ဆံရေးသိပ်မကောင်းတာဖြစ်နိုင်သည်။
“လူတစ်ယေက်ကို အများဆုံးဆေးနှစ်လုံးပဲစားရတယ်လို့ လူတစ်ယောက်ကပြောတယ်၊ အဲထက်ပိုစားလည်း အသုံးမဝင်ဘူး၊ အဲဒါကြောင့် မင်းတို့တစ်ယောက်စီအတွက် ဆေးနှစ်လုံးပြင်လာတာ” ရှီမာယူယူ ရှင်းပြသည် “မင်းတို့ သုံးချင်တဲ့အချိန်ကို ချင့်ချိန်ထားပေါ့”
“ယူယူ မင်းတစ်ခုမှမယူဘူးလား” ဝေကျိရွှိမေးလိုက်သည်။
“ဒီဆေးက ငါ့အတွက်အသုံးမဝင်ဘူး” ရှီမာယူယူပြောလိုက်သည် “ကိစ္စတွေနည်းနည်းဖြစ်ထားတော့ ငါ့ခန္ဓာကိုယ်က ပြန်ကြိုးစားရဦးမှာဆိုတော့ ငါစားရင်တောင် အကျိုးမရှိဘူး၊ မင်းတို့အကုန်အတူ စားကြပါလား၊ ငါမင်းတို့ကို ကြည့်ပြီး ကူညီလို့ရတာပေါ့”
“ဒါဆို ဒီနေ့ညလုပ်ကြမယ်လေ” ဝူရန်ဖေပြောလိုက်သည်။
သူတို့ ရိုးတွင်းခြင်ဆီများ သန့်ရှင်းသွားလျှင် ဘယ်လိုဖြစ်သွားမလဲဆိုသည်ကို သူတို့တကယ်သိချင်ကြသည်။
ဘေဂုံထန်နှင့် တခြားသူများသည် ခေါင်းညိတ်ကာ ဝူရန်ဖေ၏ အကြံကို သဘောတူလိုက်ကြသည်။ သူတို့သည် ဆန့်ကျင်ရေးဆေးတစ်ရာအကြောင်းကို အလွန်အမင်းသိချင်နေကြပြီ။
“ဖြစ်ရင်တော့ နည်းနည်းနာမယ်၊ မင်းတို့သတိမေ့သွားလို့တော့ မဖြစ်ဘူး၊ ဒါမှမဟုတ်ရင် ဆေးရဲ့ နောက်ဆက်တွဲကိုခံစားရလိမ့်မယ်” ဘေဂုံထန် သူတို့အားသတိပေးလိုက်သည်။
ထိုလူများသည် မိန်းကလေးများကို စားရန် ဆန့်ကျင်ရေးဆေးတစ်ရာဆေးအားပေးခဲ့သည်ကို မှတ်မိသေးသည်၊ သို့သော် သူမသည် မခံနိုင်ပဲ မေ့လဲသွားလေသည်။
“အင်း အဲလိုလုပ်ပါမယ်” ဖက်တီးကျူ ပြောကာ ခေါင်းညိတ်လိုက်သည်။
ညအချိန်ရောက်လျှင် ဝေကျိရွှီနှင့် တခြားသူများသည် အခန်းတွင် ကျင့်ကြံကာ သူတို့စိတ်များ အားကောင်းအောင် လုပ်ထားကြသည်။ ညရောက်သောအခါ အားလုံးသည် တိတ်ဆိတ်နေခဲ့သည်၊ သူတို့သည် တပြိုင်နက် မျက်လုံးများပိတ်ထားကြသည်။
သူတို့လေးယောက်သည် တံခါးဖွင့်ကာ အားလုံးပြင်ဆင်ပြီးသည်ကို သေချာအောင်လုပ်လိုက်သည်။ သူတို့သည် အခန်းတွင် ရှိနေသော ရှီမာယူယူအား လက်ဝေ့ပြကာ ပြန်လှည့်ကြလေသည်။
ထိုညတွင် သူတို့သည် ဆန့်ကျင်ရေးဆေးတစ်ရာကိုသာ စားရန် လိုအပ်သည်။ သို့သော် ရလာမည့် အကျိုးဆက်သည် မတူညီသော လူများ၏ အရည်အချင်းအဆင့်ပေါ်တွင် ကွဲပြားသွားသည်ဟု ပြောကြသည်။ သူတို့ အသုံးပြုမည့်အချိန်ကလည်း ကွဲပြားသည်။
ရှီမာယူယူ အခန်းတွင်စောင့်နေခဲ့သည်။ တခြားနာကျင်သော အော်သံအားမကြားရခြင်းကြောင့် သူတို့အတွက် ဘယ်လို လုပ်ပေးရမလဲ သူမ မသိဖြစ်နေခဲ့သည်။
အချိန်တစ်ခုအကြာတွင် ဖက်တီးကျူသည် အခန်းထဲမှ အရင်ဆုံးထွက်လာကာ သန့်စင်ခန်းသို့ အလောတကြီးပြေးသွားလေသည်။
နောက်ပိုင်းတွင် ဝေကျိရွှီထွက်လာသည့်နောက်တွင် ဝူရန်ဖေနှင့် ဘေဂုံထန်တို့လိုက်လာကြသည်။
သူတို့လေးယောက်သည် သန့်စင်ခန်းမှ အခန်း၊ အခန်းမှ သန့်စင်ခန်းပြေးနေကြသည်ကို ရှီမာယူယူစောင့်ကြည့်နေခဲ့သည်… တစ်ယောက်စီအနည်းဆုံးတော့ ခုနှစ်ကြိမ် ရှစ်ကြိမ်တော့ရှိမည်။
“မိုရှားက အဲထဲမှာ ဝမ်းနုတ်ဆေးထည့်ထားတာတော့ မဟုတ်လောက်ပါဘူးနော်၊ သူတို့ဘာလို့ ဆက်တိုက်ပြေးနေကြတာလဲ” ရှီမာယူယူသည် အခန်းထဲတွင်ထိုင်ကာ သူတို့ပြေးနေသည်ကို ပျော်ရွှင်စွာ စနောက်နေခဲ့သည်။
သို့သော် သူမ ကြာကြာမပျော်နိုင်ပါ၊ လူတစ်ယောက်ဖြတ်သွားလျှင် လေနှင့်အတူပါလာသော အနံ့ကြောင့်ပင်ဖြစ်သည်။ တစ်ယောက်ဖြတ်သွားတိုင်းကို အနံ့ရနေဆဲဖြစ်သည်။
“မခံနိုင်တော့ဘူး” သူမ ပခုံးပေါ်တွင်နားနေသော ငှက်လေးသည် အော်ကာ တောင်ပံခတ်ပြီး အမိုးပေါ်သို့ ပျံတက်သွားလေသည်။
ရှီမာယူယူသည်လည်း နေရာရွေ့လိုက်သည်။ အဲအနံ့က အော်ဂလီဆန်လိုက်တာ။
သန့်စင်ခန်းသို့ သူတို့သွားသော ကြားအချိန်မှာ ကြာလာသည်။ သူတို့လေးယောက်သည် ညတစ်ဝက်လောက်ကို ပြေးနေခဲ့ရသည်။ ထို့နောက်တွင် သူတို့အခန်းထဲတွင် အဆင့်တက်ခြင်းကို ကိုယ်စားပြုသော အလင်းတန်းများ ပေါ်ထွက်လာသည်။
“သုံးကြိမ်၊ သုံးကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်၊ အားလုံး အဆင့်သုံးဆင့်တက်ကြတယ်၊ ဖက်တီးကျူတစ်ယောက်ပဲ အဆင့်နှစ်ဆင့်တက်တာ၊ ဒါပေမယ့် အဲဒါလည်းမဆိုးပါဘူး” သူတို့အဆင့်တက်ကြသည့် အကြိမ်အရေအတွက်ကို ရှီမာယူယူရေတွက်ကာ အားလုံးသည် ပါရမီရှင်များဖြစ်ကြပြီး အဆင့်များချောမွေ့စွာတက်သွားကြသည်ကို တွေ့လိုက်ရသည်။
ဖက်တီးကျူသည် ပထမဆုံးအခန်းထဲမှ ထွက်လာပြီး စိတ်မတင်းနိုင်ဖြစ်နေသည်။
“ယူယူ ဟာဟား ငါအဆင့်နှစ်ဆင့်တောင်တက်သွားတာ မင်းမြင်လိုက်လား”
သူ ရှီမာယူယူအားမြင်သောအခါ ဖက်တီးကျူသည် စိတ်လှုပ်ရှားစွာဖြင့်ပြေးကာ သူမအားဖက်ရန် လက်ဆန့်ထုတ်လိုက်သော်လည်း ချက်ချင်းပင် ကန်ထုတ်ခံလိုက်ရသည်။
ရှီမာယူယူ သူမနှာခေါင်းအား ပိတ်ကာ ပြောလိုက်သည် “မင်းအဆင့်နှစ်ဆင့်တက်သွားတာ ငါမြင်ပါတယ်၊ မင်း စိတ်မလှုပ်ရှားခင် မင်းကိုယ်မင်း သန့်ရှင်းရေးလုပ်လိုက်ဦး”
ဖက်တီးကျူ ခေါင်းငုံ့ကာ သူ့ကိုယ်သူပြန်ကြည့်လိုက်သည်။ သူ့ခန္ဓာကိုယ်သည် မည်းနက်နေသော အညစ်အကြေးများပေကျံနေသည်ကို တွေ့လိုက်ရသည်။ သူတောင် အနံ့ရလာသလိုပင်။
“အော့”
သူအဆင့်တက်ခြင်းကို စိတ်လှုပ်ရှားနေသည်ကို ထိန်းပြီးမှ ရေချိုးရန် ကပြာကယာပြေးထွက်သွားတော့သည်။
ထို့နောက်တွင် ဝေကျိရွှီသည်ထွက်လာသည်။ သို့သော် သူပြေးမလာပဲ ရေချိုးရန် ဦးတည်သွားလေသည်။
နောက်ထပ်ထွက်လာသူမှာ ဝူရန်ဖေဖြစ်ပြီး ရေချိုးရန် ဦးတည်သွားလေသည်။
သို့သော် ရေချိုးရန်နေရာတွင် တစ်ယောက်သာ ချိုးနိုင်သည်။ ဖက်တီးကျူနှင့် တခြားသူများ အသုံးပြုနေခြင်းကြောင့် ဘေဂုံထန် ထွက်ချိန်တွင် အသုံးပြု၍မရပေ။
“ဘေဂုံ ငါမင်းအတွက် ရေပြင်ပေးထားတယ်၊ မင်း သန့်စင်ခန်းဘက်သွားပြီး အရင် သန့်ရှင်းလိုက်၊ ရေမလောက်ရင် ငါထပ်ဖြည့်ပေးမယ်” ရှီမာယူယူ ဘေဂုံထန်အားပြောလိုက်သည်။
ရှီမာယူယူဘေးမှ ေရေစည်နှစ်ခုအား ဘေဂုံထန်မြင်သည်နှင့် ကျေးဇူးတင်ကြောင်းပြောကာ ကောက်ယူပြီး သန့်စင်ခန်းသို့ ဦးတည်သွားလေသည်။
သူမ ကိုယ်မှထွက်သော အနံ့ဆိုးများကို တစ်စက္ကန့်မှပင် မခံနိုင်ပါ။
ဘေဂုံထန်ရေစည်ခြောက်စည်သုံးလိုက်သည်ဟု ရှီမာယူယူထင်သည်။ သူတို့ကိုယ်မှ ဘယ်လောက်တောင်စွန့်ထုတ်လိုက်လဲ သူမ မသိတော့ပါ။
ထိုအသန့်အရှင်းကြိုက်သော သူများသည်အညစ်အကြေးများပေကျံနေသည်ဟု တွေးလိုက်ရင် သူတို့အစား သူမ ကြက်သီးထမိသည်။
အားလုံး သန့်ရှင်းပြီးချိန်တွင် ကောင်းကင်သည် လင်းနေပြီဖြစ်သည်။ အားလုံးသည် ကိုယ့်ကိုယ်ကို နမ်းကြည့်ကြသည်။ သူတို့ထွက်လာချိန်တွင်တော့ ခန္ဓာကိုယ်များတွင် အညစ်အကြေးများ မရှိတော့ချေ။ သူတို့ခေါင်းထဲထိရောက်လားတော့မသိပေ သို့သော် သူတို့ ခန္ဓာကိုယ်မှ အနံ့ထွက်သည်ဟု ခံစားရဆဲပင်ဖြစ်သည်။
“ယူယူ ငါ့ခန္ဓာကိုယ်ကို နမ်းကြည့်ဦး၊ အနံ့ရသေးလား” ဖက်တီးကျူသည် လျှောက်လာကာ ပြောလိုက်သည်။
ရှီမာယူယူ သူ့အားတွန်းထုတ်ပြီး ပြောလိုက်သည် “ငါ့နှာခေါင်းက မနေ့ညကတည်းက မင်းတို့အနံ့တွေနဲ့ ယဉ်နေပြီ၊ ဒီနေ့ငါ့အနားမလာကြနဲ့”
“ဒီလောက်ဝေးဝေးနေမှဖြစ်မှလား” ဖက်တီးကျူသည် သူမ ထံမှ တစ်မီတာအကွာတွင်ရပ်ကာ သူဘာမှားသလဲဆိုသည့် အကြည့်ဖြင့် ကြည့်နေသည်။