အခန်း (၆၅၁)
Vol. 42 Ch. 651
သူ၏ခေါင်းထဲတွင် ဤအကြံနှင့် ဒိုမိန်းသည် တောင်အနီးသို့ ဂရုတစိုက်ဖြင့် ချည်းကပ်လာနေ၏။ သူသည် ဤလူနှင့် ရင်းနှီးရန်အတွက် ကြိုးစားနေခြင်းဖြစ်သည့်အတွက်ကြောင့် အဆင့်တက်နေသည်ကို နှောင့်ယှက်ခြင်းမပြုပေ။
သို့သော် ဒိုမိန်းသည် တောင်နှင့် ၁၀၀မီတာခန့်နီးကပ်သည့်နေရာသို့ ရောက်လာသည့်အချိန်တွင် တောင်ထိပ်ကျောက်ပြားတစ်ခုပေါ်တွင်ထိုင်နေသည့်လူ၏ မျက်နှာကိုတွေ့လိုက်ရ၏။
"ဟင် သူပါလား..."
သူ၏ဘေးပတ်ပတ်လည်တွင် အမဲရောင်တိမ်တိုက်များကို ခြံရံလျှက် ဤအသက်လတ်ပိုင်းအရွယ်လူသည် အနက်ရောင်၀တ်ရုံတစ်ခု၊ ပေါ့ပါးသည့် ချပ်၀တ်တစ်စုံနှင့် ထူးဆန်းသောကြောင်မျက်နှာဖုံးတစ်ခုကို ၀တ်ဆင်ထား၏။ ထိုလူသည် ချမ်းဘော့ဒ်ဘုရင်နှင့်အလွန်ရင်းနှီးသည့် လျို့၀ှက်ထူးဆန်းသော သိုင်းဆရာတစ်ယောက်ပင်။
ဒိုမိန်း၏ အစီစဥ်သည် ချက်ချင်းပင် ပြောင်းလဲသွားတော့၏။
"ဒီ သောက်ဘုရင် သူက င့ါကို ဘုရားသခင်အနှစ်သက်ဆုံးကလေးငယ်တစ်ယောက်ကို သတ်ဖြတ်မိအောင်တွန်းအားပေးခဲ့တာပဲ။ အဲ့နေရာကစပြီး ကံဆိုးပြီးတော့ ယရှင်းလိုက်တာကို ခံခဲ့ရတာ။ ပုရွတ်ဆိတ်လိုကောင်က င့ါကို အခြေအနေဆိုးတစ်ခုထဲကို ရောက်စေလိုက်တာပဲ။ ဒီလျို့၀ှက်တဲ့မှော်ဆရာက ချမ်းဘော့ဒ်ဘုရင်ဘက်ကလူတစ်ယောက်ပဲ။ သူသာနေအဆင့်ကို ရောက်သွားရင် င့ါကို အရင်ဆုံးလာရှာလိမ့်မယ်..."
ထိုကဲ့သို့တွေးလိုက်မိပြီးသည့်နောက်တွင် အန္တရာယ်ရှိသောအတွေးများသည် အဖြူရောင်၀တ်ရုံနှင့် မှော်ဆရာ၏ စိတ်ထဲတွင်ပေါ်လာတော့၏။
"ငါသူ့ကို ဒီတိုင်းထားလို့မရဘူး။ သူသာနေအဆင့်သခင်တစ်ယောက်ဖြစ်လာမယ်ဆိုရင် အနာဂတ်မှာ ပြသနာတွေအများကြီးရှိလာနိုင်တယ်..."
အဆင့်တက်နေသည့်အချိန်အတွင်းတွင် လူတစ်ယောက်သည် စွမ်းအင်အား အဆင့်မြှင့်တင်ခြင်းမပြုလုပ်မှီတွင် သူ၏ ခန္ဓာကိုယ်တည်ဆောက်ပုံအား အရင်ဆုံးပြုပြင်ရ၏။ ဤဖြစ်စဥ်အား နှောင့်ယှက်ခြင်းမပြုသင့်ပေ။ သို့မဟုတ်ပါက ကျင့်ကြံနေသူ၏ အတွင်းအားစွမ်းအင်သို့မဟုတ် မှော်စွမ်းအင်သည် ထိန်းမရဖြစ်လာနိုင်မည်ဖြစ်ပြီး ကိုယ်တွင်းအင်္ဂါများနှင့် စွမ်းအင်စီးကြောင်းများကို ဖျက်ဆီးပစ်လိမ့်မည်ဖြစ်သည်။ သေစေနိုင်သည့် ရလဒ်တစ်ခုပင်။
ထို့ကြောင့် အကယ်၍ ဒိုမိန်းသည် ဤလူအား တိုက်ခိုက်ကာ ၀င်ရောက်နှောင့်ယှက်ပါက ဤလူသည် အလွယ်တကူပင်သေဆုံးသွားမည်ဖြစ်သည်။
"မင်းအားနည်းနေတဲ့အချိန်မှာ လာသတ်တာကို င့ါကို အပြစ်မတင်ပါနဲ့။ မင်းတစ်ယောက်ယောက်ကို အပြစ်တင်ချင်တယ်ဆိုရင် င့ါကို လာပြီးရန်စတဲ့ ချမ်းဘော့ဒ်ဘုရင်ကိုသာ အပြစ်တင်လိုက်ပါ..."
ဒိုမိန်း၏ မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သည့်အမူယာများထွက်ပေါ်လာပြီး သူ၏ မှော်စွမ်းအင်များကို စုစည်းက သူ၏ တောင်ေ၀ှးကို ရမ်းလိုက်၏။ မီးဓားသွားခြောက်ခုထွက်ပေါ်လာပြီး နေအဆ့င်သို့ ပြန်ရောက်အောင် ကြိုးစားနေသည့် ဟေဇယ်-ဘန့်ခ်အား ဦးတည်လိုက်သည်။
"ဟားဟားဟား သေစမ်းကွာ..." ဒိုမိန်းသည် ရက်စက်ကြမ်းကြတ်စွာဖြင့် ရယ်မောလိုက်၏။
လက်ရှိအခိုက်တန့်တွင် မလှုပ်ရှားနိုင်သေးသည့် ဟေဇယ်-ဘန့်ခ်အား ဦးတည်ကာ မီးစွမ်းအင်ဓားသွားများ ပျံသန်းသွားသည့်အချိန်တွင် အပြောင်းလဲများဖြစ်ပေါ်လာ၏။
ငွေရောင်လှိုင်းများသည် လေထဲတွင်ပေါ်လာပြီး ၂မီတာခန့်ကြီးမားသည့် ငွေရောင်ပုလ္လင်ကြီးတစ်ခုသည် ဓားများ၏အရှေ့တွင်ပေါ်လာတော့သည်။ ပုလ္လင်ပေါ်တွင် ထိုင်နေသည့်လူသည် မက်တပ်ရပ်လိုက်ပြီး သူ၏လက်ကို ဆန့်တန်းကာ မီးစွမ်းအင်ဓားသွားများကို ခြေမွဖျက်ဆီးလိုက်၏။
"မင်းကို ချမ်းဘော့ဒ်ဘုရင် ဟားဟား မင်းက င့ါရှေ့ကို ရောက်လာရဲတယ်ပေါ့..." အံ့သြသွားပြီးနောက်တွင် ဒိုမိန်းသည် ပျော်ရွှင်သွားပြီး အော်ဟစ်လိုက်သည်။ သတ်ဖြတ်လိုသည့် ဆန္ဒများကို သူ၏မျက်လုံးထဲတွင် ကောင်းမွန်စွာမြင်တွေ့နေရ၏။
ဖှေးသည် ဤကမ္ဘာငယ်၏အပြင်ကို ထွက်သွားပြီးခါမှ ပြန်လည်၀င်ရောက်လာခြင်းဖြစ်သည်ကို မသိသည့်အတွက်ကြောင့် သိပ်ပြီးအံ့ဩခြင်းမရှိပေ။
"ဟေ ဆံပင်ရှည်နဲ့အဖိုးကြီး ကျွန်တော်တို့တွေပြန်တွေ့ကြပြန်ပြီပဲ။ ဒါပေမယ့် ခင်ဗျားကို ကြည့်ရတာ သိပ်မဟန်ပါ့လား..." ဖှေးပြုံးလျှက်ပြောလိုက်၏။ သူသည် ကစဥ့်ကလျားခြင်းပုလ္လင်ပေါ်တွင် ရပ်နေရင်းဖြင့် ဒိုမိန်းအား အေးအေးဆေးဆေးပင် နှုတ်ဆက်လိုက်သည်။
"ငါက အခြေအနေမကောင်းဘူးဆိုတာ မှန်တယ်။ ဒါပေမယ့် မကြာခင်မှာပဲ မင်းအခြေအနေက ပိုဆိုးတော့မယ်..." သူ၏ မိဘများကို သတ်ဖြတ်သွားသည့်လူကို တွေ့လိုက်ရသည့်အတိုင်းပင်။ ဒိုမိန်းသည် ဖှေးအား စိုက်ကြည့်ကာ ချည်းကပ်လာခဲ့၏။ ထူထပ်သည့် သတ်ဖြတ်လိုသော ဆန္ဒများသည် လေထုကိုပင် အေးခဲနိုင်သလောက်ပင်။
"ဘာ ခင်ဗျားက ကျွန်တော့ကို သတ်ချင်တာဟုတ်လား..." ဖှေးသည် နောက်သို့ ဆုတ်ပေးခြင်းမရှိပေ။ ထိုအစားသူသည် ထူးဆန်းသည့်အပြုံးတစ်ခုဖြင့် ပြန်မေးလိုက်၏။
သူ၏ ငွေရောင်စွမ်းအင်များသည် သူ့အား လွှမ်းခြုံသွားပြီး ပခုံးပေါ်တွင်ရှိနေသည့် ရက်ကွန်းကောင်လေးနှင့် ကစဥ့်ကလျားခြင်းပုလ္လင်တို့ကိုပါ ကာကွယ်ပေးလိုက်၏။
"မင်းကို သတ်မယ်ဟုတ်လား။ ငါက ရှေ့မှာရှိနေတဲ့ ရွံစရာကောင်းတဲ့ ပိုးမွှားကောင်ကို ချေပစ်ချင်ရုံပါ..." ဒိုမိန်းသည် အေးစက်စွာဖြင့် ပြောလိုက်၏။
ဖှေးပခုံးတွန့်ကာပြောလိုက်သည်။ "ဟုတ်လား ကျွန်တော်မှတ်မိတာကတော့ ခင်ဗျားအရင်ကလဲ ဒီလိုစကားမျိုးတွေပဲ ပြောခဲ့တာပဲ။ ဒါမယ့် ခင်ဗျားပဲခံလိုက်ရတာလေ။ အဲ့လိုပဲ ထပ်ဖြစ်မှာကို ခင်ဗျားမကြောက်ဘူးလား။ ဟေး ရိုးရိုးသားသားပဲပြောရမယ်ဆိုရင် ကျွန်တော်က နေအဆင့်သခင်တွေကို အထင်ကြီးလေးစားတဲ့လူတစ်ယောက်ပါ။ ဒါပေမယ့် ခင်ဗျားရဲ့စွမ်းဆောင်ရည်က အတော်လေးညံ့လွန်းတယ်။ ကျန်တဲ့နေအဆင့်သခင်တွေပါ ခင်ဗျားကြောင့် ရှက်မိနေကြမှာပဲ..."
"မင်းက င့ါကို ရန်လာစနေတာဆိုတော့ ပိုပြီးတော့ မြန်မြန်သေချင်လို့လား..."
ဒိုမိန်း၏ မျက်လုံးထဲတွင် ရှိနေသည့် သတ်ဖြတ်လိုသောအရှိန်၀ါများသည်အမြင့်ဆုံးသို့ ပင်ရောက်ရှိသွားတော့၏။
တစ်ချိန်တည်းမှာပင် အနီရောင်စွမ်းအင်ကြိုးမျှင်များသည် ဖှေး၏ခန္ဓာကိုယ်တစ်၀ိုက်တွင် ပိုက်ကွန်များကဲ့သို့ပင်ရှိနေပြီးဖြစ်၏။ အဆိပ်ရှိသည့် ပင့်ကူတစ်ကောင်သည် သူ၏ သားကောင်အား ထောင်ဖမ်းရန်အတွက် ပင့်ကူအိမ်တစ်ခုကို ပြုလုပ်လိုက်သလိုပင်။
"သနားစရာကောင်းတဲ့ကောင်ပဲ မင်းက င့ါဒေါသကို ကြုံတွေ့ရတော့မှာပါ မင်းပြောခဲ့တာတွေအတွက် ပြန်ပြီးတော့ ပေးဆပ်ရလိမ့်မယ်..."
ဒိုမိန်း စကားပြော၍ မပြီးသေးခင်မှာပင် သူ၏လက်များကို ဝေ့ရမ်းလိုက်ပြီး အနီရောင်စွမ်းအင်အလင်းတန်းများသည် ပို၍ပင် တောက်ပလာတော့၏။ တစ်ချိန်တည်းမှာပင် အလင်းတန်းများဖြင့် ပြုလုပ်ထားသည့် ပိုက်ကွန်သည်လည်း အရာအားလုံးကို အရည်ဖျော်ပစ်နိုင်သည့်အပူချိန်တစ်ခုဖြင့် ပူလောင်လာတော့၏။ ထိုပိုက်ကွန်သွားသည့်လမ်းတွင် သံမဏိပြားတစ်ခုပင်ရှိနေပါက ထိုသံမဏိပြားသည်အပိုင်းပိုင်းဖြစ်သွားတော့မည်ဖြစ်သည်။
"ဘုန်း..."
ဖှေးသူ၏လက်မောင်းကို မြှောက်ကာ လက်သီးဖြင့် ထိုးလိုက်သည်။
ငွေရောင်လက်သီးရာသည် အနီရောင်အလင်းတန်းပိုက်ကွန်အားကျော်ဖြတ်သွားသော်လည်း ဘာမှပြုလုပ်နိုင်ခြင်းမရှိပေ။
"သနားစရာကောင်းတာပဲကောင်လေး။ မင်းက ပိုးကောင်တစ်ကောင်ထက်တောင် အားနည်းနေတယ်။ မင်းရဲ့ သနားစရာကောင်းတဲ့စွမ်းအားက သေမင်းချည်းကပ်လာတာကို နှောင့်နှေးအောင်တောင်လုပ်နိုင်မှာမဟုတ်ဘူး..." ဒိုမိန်းသည် ဖှေးအားသတ်ရန်အတွက် အလျင်စလိုကြိုးစားနေခြင်းမရှိပဲ ပြောလိုက်၏။
သူ၏ အစိမ်းရောင်မျက်လုံးများထဲတွင် အမုန်းတရာများဖြင့် ဖှေး မျှော်လင့်ချက်မဲ့တော့မည့်အချိန်ကိုစောင့်ဆိုင်းနေ၏။ ဤသည်မှာ သူဖှေးအပေါ်တွင်ရှိနေသည့် ဒေါသများကို ဖျောက်ဖြတ်နိုင်မည့်တစ်ခုတည်းသောနည်းလမ်းပင်။
သို့သော် ဘုရင်သည် တည်ငြိမ်လျှက်ရှိနေဆဲပင်။ သူသည် လက်သီးတစ်ချက်ပြီးတစ်ချက်ထိုးနေလျှက်ရှိသည်။
တောင်များကိုပင် ဖျက်ဆီးပစ်နိုင်သည့်ငွေရောင်လက်သီးရာများသည် ပိုက်ကွန်အား မည်သည့်အရာမှ ပြုုလုပ်နိုင်ခြင်းမရှိပေ။
"အသုံးမ၀င်ဘူး ချမ်းဘော့ဒ်ဘုရင် မင်းရဲ့စွမ်းအားက မရဏမီးပိုက်ကွန်ကို တားဆီးနိုင်မှာမဟုတ်ဘူး။ တစ်မိနစ်လောက်နေရင် ပိုက်ကွန်က အလင်းတန်းတွေက မင်းခန္ဓာကိုယ်နဲ့ ထိတော့မယ်။ အဲ့ကျရင် မင်းရဲ့ခေါင်းတွေ၊ လည်ပင်းတွေ၊ လက်မောင်းတွေ၊ ခြေထောက်တွေကို ဖြေးဖြေးလေးခြင်းပိုင်းပြတ်သွားလိမ့်မယ်။ မင်းက ဖြေးဖြေးခြင်းအရသာခံပြီးတော့ သေရမှာပေါ့။ ဟားဟား မင်းရဲ့စိတ်ခွန်အားက သန်မာတယ်ဆိုပေမယ့် မင်းရဲ့အလောင်းက ဘယ်လိုအပိုင်းပိုင်းပြတ်သွားမလဲဆိုတာကို ကြည့်ရသေးတာပေါ့..."
ဒိုမိန်း၏မျက်နှာပေါ်တွင် ထီမမြင်သည့်အပြုံးတစ်ခုထွက်ပေါ်လာ၏။
ဤအခိုက်တန့်၌ ဖှေး၏မျက်လုံးထဲတွင် စိုးရိမ်မှုအနည်းငယ်ရှိနေပြီဖြစ်သည်။
ဒိုမိန်းသတိထားလိုက်မိသဖြင့် ပို၍ပို၍ပင် စိတ်လှုပ်ရှားလာတော့သည်။
"၀ှစ် ၀ှစ် ၀ှစ်..."
ဖှေးသူ၏ မှော်လက်စွပ်အတွင်းမှ လေးတစ်လက်ကို ထုတ်ယူလိုက်သည်။ လေးပေါ်တွင် မြှားများစွာကို တင်လိုက်ပြီး ပိုက်ကွန်ချိတ်ဆက်ထားသောနေရာများကို ချိန်ရွယ်ကာ ပစ်လွှတ်လိုက်၏။
မြှားများသည် ပစ်မှတ်ကို ထိမှန်သော်လည်း ပိုက်ကွန်နှင့် ထိလိုက်သည့်အချိန်တွင် မြှားများသည် လေးပိုင်းပြတ်ထွက်သွားကုန်၏။ အနီရောင်အလင်းတန်းများသည် အလွန်လည်းပါးလွှာလှကာ စူးရှနေ၏။ နတ်ဆိုးအကြွင်းကျန်များဖြင့် ပြုလုပ်ထားသည့် မြှားများပင် ကြံ့ကြံ့ခံနိုင်ခြင်းမရှိပေ။
"နတ်ဘုရားအဆင့်လက်နက်နဲ့ နတ်ဘုရားတစ်ပိုင်းအဆင့်လက်နက်တွေကလွဲပြီးတော့ င့ါရဲ့ မရဏမီးပိုက်ကွန်ကို ဘယ်ဟာကမှ ဖျက်ဆီးနိုင်မျာမဟုတ်ဘူး။ ဟားဟား မင်းသေရမယ့်အချိန်ကိုသာ စိတ်ရှည်လက်ရှည်စောင့်နေလိုက်ပါ။ ငါမင်းကို သတ်ပြီးတာနဲ့ မင်းခေါင်းကိုဖြတ်ယူသွားပြီးတော့ ချမ်းဘော့ဒ်တိုင်းပြည်ထဲမှာနေတဲ့လူမှန်သမျှကိုလည်း အကုန်လိုက်သတ်ပစ်မယ်။ ကလေးတွေ၊ သတ်ကြီးရွယ်အိုတွေကိုရောပဲ။ ဟားဟား ငါက ချမ်းဘော့ဒ်တိုင်းပြည်ကို တစ်ခါတည်းအဆုံးသတ်ပေးလိုက်တာပေါ့..."
ဖှေးမျက်မှောင်ကြုံ့လိုက်သည်။
သူဘာမှမပြောပေ။ ထိုအစားသူ၏ ပစ္စည်းသိမ်းမှော်လက်စွပ်အတွင်းမှ ကြီးမားသည့် ဓားကြီးတစ်လက်ကို ထုတ်ယူလိုက်ပြီး အရှေ့သို့ပြင်းထန်စွာခုတ်ပိုင်းချလိုက်သည်။
"၀ုန်း ၀ုန်း ၀ုန်း..."
ဆုတ်ဖြဲသည့်အသံများထွက်ပေါ်လာ၏။
နတ်ဆိုးအကြွင်းကျန်များဖြင့် ပြုလုပ်ထားသည့် ကြီးမားသည့် ဓားကြီးသည်လည်း ပိုက်ကွန်တွင်ရှိသည့်အလင်းတန်းများနှင့် ထိမိလျှင်ထိမိခြင်းပင် အပိုင်းပိုင်းပြတ်ထွက်သွားတော့သည်။
ဖှေးတုန်လှုပ်သွားပြီး အရှေ့သို့ ယိုင်နေသည့် သူ၏ခန္ဓာကိုယ်ကို ချက်ချင်းပင် ပြန်ထိန်းလိုက်သည်။
လခြမ်းအလယ်လတ်အဆင့်နှင့် နေအဆင်တို့ကြားထဲတွင်ရှိသည့် စွမ်းအားခြင်းကွာခြားမှုသည် တွက်ဆ၍ပင်မရနိုင်ပေ။ အကယ်၍ ဖှေး ဘူးလ်-ခရေးတို့စ်၏ ကလေးငယ်များ ဓားနှစ်လက်ကို ဆင့်ခေါ်စေကာမူ အနီရောင်အလင်းတန်းများကို ပိုင်းဖြတ်နိုင်လိမ့်မည်မဟုတ်ပေ။ ထို့အပြင် မန်နေဂျာ အေဘရာပေးခဲ့သည့် လက်ဆွဲတော်လက်နက်များသည်လည်း ဤအခိုက်တန့်တွင်များစွာအသုံး၀င်ခြင်းမရှိပေ။
"မသေမျိုးဘုရင်ရဲ့ ၀ိဉာဥ်အချုပ်နှောင်ကို ဆင့်ခေါ်ရမလား..." ဖှေးမျက်မှောင်ကြုံ့ကာ သူ၏ခေါင်းကို ခါရမ်းလိုက်သည်။
အနီရောင်အလင်းတန်းများသည် လူရိုင်းမျိုးနွယ်စု၏ ဒဏာရီလာချပ်၀တ်ကို မပိုင်းဖြတ်နိုင်စေကာမူ ဖှေး၏ ခန္ဓာကိုယ်အစိတ်ပိုင်းများအားလုံးကို ကာကွယ်ပေးနိုင်မည်မဟုတ်သောကြောင့်ပင်။
ဤကဲ့သို့ အခိုက်တန့်တွင် ဖှေးအင်ပါယာအရှင်သခင်ယရှင်း၏ စွမ်းအားကိုတွေးလိုက်မိ၏။
ထိုအင်ပါယာသည် လအဆင့်သိုင်းဆရာတစ်ယောက်အနေဖြင့် နေအဆင့်သခင်တစ်ယောက်ကို လွယ်ကူစွာပင် အနိုင်ယူနိုင်ခဲ့သည်။
"အသုံးမ၀င်ဘူး။ မင်းရုန်းကန်နေတာကို ရပ်လိုက်ပြီးတော့ သေခြင်းတရားကို ခံစားကြည့်လိုက်ပါ..." သူ၏ ရန်သူအကြံမရှိတော့သည်ကို မြင်လိုက်ရသဖြင့် ဒိုမိန်းသည် ကျေနပ်နေလျှက်ရှိသည်။
"တကယ်လား..." မျက်မှောင်ကြုံ့နေသည့် ဖှေးသည် ရုတ်တရက်ပြုံးလိုက်၏။ "အဖိုးကြီး ခင်ဗျားတဲ့ ပိုက်ကွန်ကအတော်လေးစွမ်းအားကြီးပါတယ်။ ဒါပေမယ့် ကျွန်တော်က ပိန်းတိန်းတိန်းငါးတစ်ကောင်မဟုတ်လို့ ကျွန်တော့ကို ဖမ်းနိုင်မှာမဟုတ်ဘူး..."