← Chapters

အခန်း (၆၅၃)

Vol. 42 Ch. 653

အခန်း (၆၅၃)

Vol. 42 Ch. 653

"၀ှစ် ၀ှစ် ၀ှစ် ၀ှစ်..."

မြှားများအားလုံးတွင် ပစ်မှတ်တစ်ခုတည်းသာ ရှိသည်။ စွမ်းအင်သိပ်သည်းမှုသည် အလွန်စွမ်းအားမြင့်မားသည့်အတွက်ကြောင့် ဤကမ္ဘာငယ်အား အနည်းငယ်ပင် တုန်ခါသွားစေနိုင်၏။

"ဖုန်း ဖုန်း ဖုန်း..."

"ဖုန်း ဖုန်း ဖုန်း..."

နောက်အခိုက်တန့်တွင် ထောင်နှင့်ချီသည့် လိုက်မြှားများတစ်ခုနှင့်တစ်ခု၀င်တိုက်ကုန်ကြပြီး ကြမ်းတမ်းသောစွမ်းအင်လှိုင်းများသည်အပြင်သို့ မြန်ဆန်စွာပြန့်နှံ့လာတော့၏။

မှောင်မဲထူထပ်သည့်တိမ်တိုက်များသည် ကောင်းကင်ပေါ်တွင်ပေါ်လာပြီး ပူလောင်နေသည့် မီးစွမ်းအင်နှင့် အေးစက်သော သေခြင်းတရား၏ ခံစားချက်တို့မှာ အသက်ရှူမှားလောက်ဖွယ်ပင်။ လေထဲတွင်ရှိနေသည့် မီးစွမ်းအင်များသည် တစ်ခြားစွမ်းအင်များကို တွန်းထုတ်လိုက်သည့်အတွက်ကြောင့် ဤနေရာတစ်၀ိုက်အား မတည်မငြိမ်ဖြစ်သွားစေ၏။ လေထဲတွင်အမဲရောင်အက်ကွဲကြောင်းများထွက်ပေါ်လာပြီး ဤကမ္ဘာငယ်တစ်ခုလုံးပျက်ဆီးတော့မည့်အတိုင်းပင်။

ကြောက်မက်ဖွယ်စွမ်းအင်အရှိန်၀ါများသည် ဖှေးအားလွှမ်းခြုံသွားတော့၏။

ဖှေးနှင့် သူ၏ ပုလ္လင်တို့သည် အစိတ်စိတ်မွှာမွှာဖြစ်တော့မည့်အချိန်တွင် ဒိုမိန်းသည် ဘုရင်၏ အရှိန်၀ါကိုဆက်လက်၍ အာရုံခံနိုင်ခြင်းမရှိတော့ပေ။

ဒိုမိန်းသည် လေပေါ်တွင်ပျံသန်းရင်းဖြင့် အရာအားလုံးငြိမ်သက်မည့်အချိန်ကိုစောင့်ဆိုင်းနေ၏။ သူသည် ပတ်၀န်းကျင်အား ဂရုတစိုက်အာရုံခံလိုက်ပြီး ကောက်ကျစ်သည့်အပြုံးတစ်ခုသည် သူ၏မျက်နှာပေါ်တွင်ပေါ်လာတော့သည်။ သူရေရွတ်လိုက်သည်။ "ငါမင်းကို လွယ်လွယ်ကူကူသေခိုင်းလိုက်တာအတော်ဆိုးတာပဲ။ ငါမင်းကို ဖမ်းပြီးတော့ မနှိပ်စက်လိုက်ရဘူးပေါ့။ သနားစရာပဲ..."

"ခင်ဗျားက တကယ်ကို အိုနေပြီပဲ။ ခင်ဗျားခန္ဓာကိုယ်ကအလုပ်လုပ်နိုင်တုန်းဆိုပေမယ့် ခင်ဗျားရဲ့ မျက်စိနဲ့နားကမကောင်းတော့ဘူးထင်တယ်..."

ရင်းနှီးသည့်အသံတစ်ခုထွက်ပေါ်လာကာ ယခင်က ဖြစ်ပျက်ခဲ့သည့်အရာသည် ထပ်မံ၍ ဖြစ်လာတော့သည်။ ဒိုမိန်း၏အနောက်တွင် စွမ်းအင်အရှိန်၀ါတစ်ခုထွက်ပေါ်လာပြီး သူ၏ မှော်စွမ်းအင်အကာရံကို ဖျက်ဆီးတော့မည်ဖြစ်သည်။

ဖှေး၏အသံထွက်ပေါ်လာသည့်အချိန်မှသာ ဒိုမိန်းသတိထားလိုက်မိ၏။ တစ်ချိန်တည်းမှာပင် ဒေါသဖြစ်ကာ ကြောက်လန့်သွားပြီး ထိုမှော်ဆရာသည် မီတာ၁၀၀ခန့်သို့ ချက်ချင်းနောက်ဆုတ်သွားကာ သူ၏ စွမ်းအင်အကာရံကိုလည်း ပို၍မာကြောအောင်မြှင့်တင်လိုက်သည်။

"ဟားဟားဟား လူတစ်ယောက်က နှစ်ခါမမှားသင့်ဘူးဆိုပေမယ့် ခင်များကျွန်တော်ချောင်းတိုက်ခံရတာ နှစ်ခါတောင်ရှိပြီ..." ဖှေး သူ၏လက်ထဲတွင် နောက်ထပ်အ၀တ်စတစ်ခုကို ဝှေ့ရမ်းပြကာအော်ဟစ်လိုက်သည်။ "ခင်ဗျားကျွန်တော်နဲ့မတိုက်ခင်မှာ အ၀တ်လဲသင့်တယ်ထင်တယ် ခင်ဗျားရဲ့ နောက်ကြောလှပ်နေတဲ့၀တ်စုံကခင်ဗျားနဲ့ မလိုက်ပါဘူး..."

ဒိုမိန်းအလွန်ဒေါသဖြစ်သွား၏။

သူ၏အဖြူရောင်၀တ်ရုံကို ဖှေးဖျက်ဆီးခဲ့သည်မှာ နှစ်ခါပင်ဖြစ်ပြီဖြစ်သည်။ သူ၏ အတွင်းခံဘောင်းဘီပင် ပျက်ဆီးလုနီးနီးပင်။ အေးစက်သည့် လေညှင်းတစ်ခုတိုက်ခတ်သွားသည့်အချိန်တွင် သူ၏အနောက်ကြောတွင် အ၀တ်မရှိတော့သည့်အတွက်ကြောင့် အနည်းငယ်ပင် ချမ်းသလိုခံစားလိုက်ရ၏။

ဖှေး၏ စကားကိုကြားသည့်အချိန်တွင် အမဲရောင်သွေးများကို ထွေးထုတ်လိုက်ပြီးကောင်းကင်ပေါ်မှ ပြုတ်ကျလုနီးနီးပင်ဖြစ်သွား၏။

"မင်ဘယ်လိုလုပ်လိုက်တာလဲ။ မင်းရဲ့အစွမ်းနဲ့ဆိုရင် မင်းက တစ်နေရာကနေတစ်နေရာ လွယ်လွယ်ကူကူပြောင်းနိုင်မှာမဟုတ်သေးဘူး။ မင်းက ရတနာတစ်ခုကို မှီခိုနေတာဖြစ်ရမယ်။ ငါထင်တာမမှားဘူးဆိုရင် ဒီပုလ္လင်ကြောင့်မလား..." နောက်ထပ်၀တ်ရုံတစ်ခုကို ၀တ်ဆင်လိုက်ပြီးသည့်နောက်တွင် ဒိုမိန်းအနည်းငယ်တည်ငြိမ်သွား၏။ သူ၏ခံစားချက်များကို ထိန်းလိုက်ပြီး မျက်လုံးထဲတွင်ရှိနေသည့် ဒေါသအရိပ်ယောင်များသည်လည်း ပျောက်ကွယ်သွားတော့သည်။

အသက်၁၀၀မပြည့်သေးခင်မှာပင် နေအဆင့်သို့ရောက်ရှိခဲ့သည့်လူဖြစ်သောကြောင့် ဒိုမိန်းသည် ဉာဏ်နည်းသည့်လူတစ်ယောက်မဟုတ်ပေ။ သူသည် အရည်ချင်းရှိသည့် ပါရမီရှင်တစ်ယောက်ပင်။ သို့သော် လယ်ဗယ်၃၆ဒေသသို့ ရောက်လာခဲ့သည့်အချိန်မှစ၍ တစ်ခုပြီးတစ်ခုကံဆိုးနေလျှက်ရှိသည်။

အင်ပါယာအရှင်သခင်ယရှင်းသည် သူ့အား ဆယ်ရက်တိုင်တိုင်လိုက်သတ်ခဲ့ပြီး သူသည် ဖှေးအား လျှော့တွက်ခဲ့မိသဖြင့် နှစ်ကြိမ်တိုင်အတိုက်ခိုက်ခံခဲ့ရသည်။

ယခုအချိန်တွင် သူသည်အရာအားလုံးကို သေချာစဥ်းစားပြီးသွားပြီဖြစ်သည်။ သူ၏စိတ်အား ပြန်လည်ပြင်ဆင်လိုက်ပြီး ထိုဘုရင်ငယ်အား ထိုက်တန်သည့်ရန်သူတစ်ယောက်အနေဖြင့် ပြောင်းလဲကြည့်လိုက်၏။

ဤအခိုက်တန့်တွင် ဖှေးသည်လည်း လေးနက်စွာဖြင့် မျက်မှောင်ကြုံ့လိုက်၏။

သူဒိုမိန်းအား ရန်စလှောင်ပြောင်နေခဲ့ခြင်းသည် ဤမှော်ဆရာအား စဥ်းစားဆင်ခြင်နိုင်စွမ်းမရှိအောင်ပြုလုပ်လိုသည့်အတွက်ပင်။ ဤသည်မှာ ဟေဇယ်-ဘန့်ခ်နေအဆင့်သို့ ရောက်ရှိရန်အတွက် အချိန်အလုံလောက်ရအောင် နေအဆင့်သခင်တစ်ယောက်အား အာရုံလွှဲထားခြင်းပင်။

သို့သော် ယခုအချိန်တွင် ဤနေအဆင့်သခင်သည် အသိတရားပြန်၀င်လာပြီဖြစ်သည့်အတွက်ကြောင့် ဖှေးအတွက် အန္တရာယ်ရှိနေပြီဖြစ်သည်။

"အဖိုးကြီး ခင်ဗျားကိုယ်ခင်ဗျားစိုးရိမ်လိုက်ပါ။ ခင်ဗျား ၀တ်ရုံနီသူတော်စင် ပယ်လီဂရီနီကို သတ်လိုက်တာ ဒီကမ္ဘာထဲမှာရှိတဲ့ လူတွေအားလုံးတွေ့လိုက်တယ်။ ဒီသတင်းသာ ပြန့်သွားမယ်ဆိုရင် ခင်ဗျား မဟာဘုရားကျောင်းရဲ့ ကွပ်မျက်ရေးဌာနလိုက်သတ်တာကို ခံရတော့မှာပဲ။ ခင်ဗျားက နေအဆင့်သခင်တစ်ယောက်ဖြစ်နေလို့ ပြိုင်ဘက်ကင်းမယ်များထင်နေလား။ မဟာဘုရားကျောင်းက လွန်ခဲ့တဲ့ နှစ်တွေမှာ နေအဆင့်သခင်တော်တော်များများကိုလည်း သတ်ခဲ့ဖူးတယ်။ ခင်ဗျားကြောင့် လီယွန်အင်ပါယာတစ်ခုလုံးပျက်ဆီးတော့မယ်ထင်တယ်..."

ဖှေးသည် စကားလမ်းကြောင်းလွှဲလိုက်ပြီး ရန်သူ၏ စိတ်ကိုလွှမ်းမိုးနိုင်အောင်ပြုလုပ်နေဆဲပင်။ သူသည် အောက်လမ်းဆရာအတွက် အချိန်ဆွဲပေးနေခြင်းပင်။

"ဟားဟား သနားစရာပဲ။ မင်းက လုံလုံခြုံခြုံစောင့်ရှောက်ပေးမှုအောက်မှာ ကြီးပြင်းလာတဲ့ ဘုရားသခင်အနှစ်သက်ဆုံးကလေးငယ်တစ်ယောက်ပဲ။ မင်းဘာသိလဲ။ ငါလဲ လွန်ခဲ့တဲ့နှစ်အနည်းငယ်မှာ မဟာဘုရားကျောင်းက လူတွေကို သတ်လာခဲ့တာ အတော်များနေပြီကွ။ မင်းဘာမှ မသိသေးပါဘူး..."

ဖှေး၏ မျက်ခုံများပင့်သွား၏။

လီယွန်အင်ပါယာ၏တော်၀င်မှော်ဆရာပြောသည့်စကားမှတဆင့် ဖှေး တုန်လှုပ်ဖွယ်ကောင်းသည့်အချက်လက်များစွာကို သတိထားလိုက်မိသည်။

"မင်းက ဒီနေအဆင့်ကို တက်နေတဲ့ကောင်ကို အတော်လေးဂရုစိုက်တဲ့ပုံပဲ။ သူက ကျင့်ကြံခြင်းပြီးဖို့အတွက် အနည်းဆုံး တစ်နာရီလောက်လိုသေးတာက အတော်ဆိုးတာပဲ။ အခုချိန်မှာ ငါသာ လိုမယ်ဆိုရင် သူ့ကို လက်တစ်ချောင်းထဲနဲ့တောင် သတ်ပစ်လို့ရတယ်။ ချမ်းဘော့ဒ်ဘုရင် မင်းင့ါကို တစ်နာရီလောက်အချိန်ဆွဲထားနိုင်မယ်ထင်လို့လား..."

တည်ငြိမ်သွားပြီးသည့်အချိန်တွင် ဒိုမိန်းသည် လီယွန်အင်ပါယာ၏ နံပါတ်၁မှော်ဆရာ၏ အရည်ချင်းကို ဖော်ပြလိုက်သည်။ သူသည် ဖှေး၏ အားနည်းချက်အားလွယ်ကူစွာပင် ထောက်ပြလိုက်၏။

"ကြည့်ရသေးတာပေါ့..." ဖှေးသည် ရုတ်တရက်အပေါ်သို့ မော့ကြည့်ကာ ပြုံးလိုက်၏။ သူ၏ ဓားများသည် ညင်သာစွာတုန်ခါသွားပြီး ဓားများတုန်ခါသည့်အသံသည် ကောင်းကင်ပေါ်တွင် ပျံ့နှံ့သွားတော့၏။

ဤအခိုက်တန့်တွင် သူ၏ အရှိန်၀ါသည် တောင်တစ်လုံးကဲ့သို့ပင် မာကြောလေးလံလာပြီး ဟေဇယ်-ဘန့်ခ်နှင့် ဒိုမိန်းတို့ကြားထဲတွင် ၀င်ရပ်လိုက်၏။

ချမ်းဘော့ဒ်ဘုရင်ပြောင်းလဲသွားသည်ကို ဖှေးခံစားလိုက်မိသည်။ ထိုအရာသည် သူမြင်ချင်နေသည့်အရာပင်။

သူသည် ရှေးကျသည့် မန္တာန်တစ်ခုကို စတင်၍ ရေရွတ်လိုက်ရာ ပတ်၀န်းကျင်တွင်ရှိနေသည့် မီးစွမ်းအင်များအားလုံးသည် သူ့ထံသို့ စီးဆင်းလာ၏။

တစ်မီတာခန့်အရှည်ရှိပြီး လက်မခန့်အရွယ်စားရှိသည့် မှော်မြှားဆယ်ချောင်းသည် ဒိုမိန်း၏အရှေ့တွင် ထွက်ပေါ်လာတော့၏။ ထို့နောက်တွင် မြှားဆယ်ချောင်းသည် ဖြေးဖြေးခြင်း စုပေါင်းသွားပြီး လှံရှည်ကြီးကဲ့သို့သော မြှားကြီးတစ်စင်းအဖြစ်ပြောင်းလဲသွားတော့သည်။ မှော်စွမ်းအင်ဖြင့် ပြုလုပ်ထားခြင်းဖြစ်သော်လည်း သတ္တုကဲ့သို့ပင် တောက်ပြောင်နေကာ အသက်၀င်လှသည်။

ဒိုမိန်းသည် သူ၏လက်ဖ၀ါးများကို လှပစွာဖြင့် အရှေ့သို့ ဆန့်တန်းလိုက်သည်။

"၀ှစ်..."

ဒိုမိန်း၏ ညင်သာသည့်လှုပ်ရှားမှုမှ ထွက်ပေါ်လာသည့် ကြမ်းတမ်းသော သိုင်းကွက်သည် တုန်လှုပ်ဖွယ်ပင်ဖြစ်ပြီး ကြီးမားသည့် မီးစွမ်းအင်မြှားကြီးသည် လေထဲတွင် ပုံရိပ်ယောင်များကို ချန်ထားခဲ့ပြီး ဖှေးထံသို့ ပျံသန်းသွားတော့၏။

ဤသိုင်းကွက်သည် လမ်းကြောင်းတွင်ရှိနေသည့် လေများကိုပင် မီးထတောက်စေလုနီးနီးပင်။

ထွက်ပေါ်လာသည့် အရှိန်ကြောင့် ဖှေး၏အမဲရောင်ဆံပင်များလွှင့်ပျံကုန်ပြီး သူ၏အ၀တ်စားများမှလည်း ဆူညံသံများထွက်ပေါ်လာနေလျှက်ရှိသည်။ ကြီးမားသည့် တောင်ကြီးတစ်လုံးသည် သူ့အပေါ်သို့ ပြုတ်ကျလာနေသကဲ့သို့ပင် ခံစားနေရ၏။

သို့သော် သူ၏ရင်ဘက်ရှေ့တွင် ဓားနှစ်လက်ကို ကိုင်ထားရင်းဖြင့် သူသည်အနောက်သို့ ဆုတ်ပေးခြင်းမရှိပေ။

သူသည် ခြေတစ်လှမ်းခန့်သာ ဖှေးကို ရွေ့လိုက်ပါက ဤသိုင်းကွက်အား ရှောင်ရှားနိုင်လိမ့်မည်ဖြစ်သည်။

သို့သော် သူရွေ့ပေးလိုက်ပါက နေအဆင့်သို့ပြန်ရောက်ခါနီးဖြစ်ကာကျင့်ကြံနေပြီး လှုပ်ရှား၍ မရနိုင်သေးသည့် ဟေဇယ်-ဘန့်ခ်အား သွားရောက်ထိမှန်လိမ့်မည်ဖြစ်သည်။

"ချွန်..."

ဖှေးဓားနှစ်လက်ကို အချင်းချင်းခေါက်လိုက်သည်။ သတ္တုခြင်းရိုက်ခတ်သံနှစ်ခုသည် ပတ်၀န်းကျင်တွင် ပျံ့နှံ့သွားတော့၏။

ထို့နောက်တွင် ဖှေးအော်ဟစ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ရောင်စုံအလင်းတန်းများထွက်ပေါ်လာတော့သည်။

နောက်အခိုက်တန့်တွင် လယ်ဗယ်၏ပစ္စည်းဖြစ်သည့် ဖှေး၏ သတ်ဖြတ်လိုသော ဦးဆောင်း၊ မသေမျိုးဘုရင်၏ ၀ိဉာဥ်အချုပ်နှောင်ချပ်၀တ်တို့သည် သူ၏ခန္ဓာကိုယ်ပေါ်တွင် ပေါ်လာတော့သည်။ ထူးခြားကာ စွမ်းအားမြင့်မားသည့် ချပ်၀တ်နှင့် ဦးဆောင်းတို့ကို ၀တ်ဆင်ထားရင်းဖြင့် ဖှေးသည် ကစဥ့်ကလျားခြင်းပုလ္လင်ပေါ်တွင်ရပ်နေကာ သူ၏အနောက်တွင် မီတာ၁၀၀ခန့်အမြင့်ရှိသည့် လူရိုင်းစစ်သည်တစ်ယောက်၏ ပုံရိပ်ကြီးတစ်ခုရှိနေ၏။

ဤအခိုက်တန့်တွင် ဘုရင်၏ ၀တ်ရုံသည် လေထဲတွင် လွှင့်ခါနေပြီး သူ၏အရှိန်၀ါသည်လည်း အမြင့်ဆုံးအနေထားသို့ ရောက်ရှိသွားတော့သည်။ ဤဘုရင်ငယ်သည် ပြိုင်ဘက်ကင်းမဲ့နေသလိုပင် ဒိုမိန်းခံစားသွားရ၏။

"ဘုန်း..."

"ဘုန်း ဘုန်း ဘုန်း..."

ဓားနှစ်လက် တစ်ခုနှင့်တစ်ခုထိလိုက်သည့်အချိန်တွင် ဓားများထံမှ ငွေရောင်စွမ်းအင်တစ်ခုထွက်ခွာသွားပြီး ကြီးမားသည့် ငွေရောင်ကြက်ခြေခတ်ကြီးတစ်ခုကို ဖန်တီးလိုက်၏။ ထိုကြက်ခြေခတ်ကြီးသည် အနီရောင်စွမ်းအင်မြှားကြီးကို ရပ်တန့်လိုက်သည်။

ခဏတာတိတ်ဆိတ်သွားပြီးချိန်တွင် အဖျက်စွမ်းအားကြီးသည့် စွမ်းအင်များသည် အရပ်မျက်နှာအနှံ့သို့ လွှင့်စင်ကုန်တော့သည်။ သို့သော် ဖှေးသည် အနောက်သို့ လွှင့်ထွက်သွားတော့မည့်စွမ်းအင်များကို သူ၏ခန္ဓာကိုယ်နှင့် ၀င်ရောက်ကာကာကွယ်ပေးထား၏။

မည်သည့်စွမ်းအင်မှ သူ့အား ဖြတ်ကျော်ကာ ကျင့်ကြံနေသည့် ဟေဇယ်-ဘန့်ခ်ထံသို့ ရောက်ရှိသွားခြင်းမရှိပေ။

ဖှေးသည် ဟေဇယ်-ဘန့်ခ်အား သူ၏ခန္ဓာကိုယ်ကိုပင် အသုံးပြုကာ ကာကွယ်ပေးထားပြီး ဤကဲ့သို့သော အရေးကြီးနေသည့်အချိန်တွင် အောက်လမ်းဆရာအား အန္တရာယ်ကျရောက်စေမည်မဟုတ်ပေ။ အကယ်၍ အောက်လမ်းဆရာသည်သာ နေအဆင့်သို့ ရောက်ရှိသွားပါက ချမ်းဘော့ဒ်တိုင်းပြည်သည် နေအဆင့်သခင်တစ်ယောက်အား မဟာမိတ်အနေဖြင့် ရရှိမည်ဖြစ်သော်လည်း သူဟေဇယ်-ဘန့်ခ်အား ဤကဲ့သို့ ကာကွယ်ပေးနေရခြင်း၏ အဓိကအကြောင်းရင်းသည် မိတ်ဆွေတစ်ယောက်ဖြစ်သည့်အတွက်ပင်။

တိုက်ပွဲကြောင့် ပြင်းထန်သည့် လေများတိုက်ခတ်လာ၏။

ဖှေး၏ပခုံးပေါ်တွင်ရှိနေသည့် ရက်ကွန်းကောင်လေးပင် အ​ေ၀းသို့ လွှင့်ထွက်သွားလုနီးနီးပင်။

ဖှေး၏ဆံပင်အား ဆွဲကိုင်ထားလျှက် လေထဲတွင် လွှင့်ပျံနေ၏။ သို့သော် သူသည်အသံတစ်စုံတစ်ရာအော်ဟစ်ခြင်းမရှိပေ။ တိုက်ပွဲ၀င်နေသည့် ဘုရင်အား နှောင့်ယှက်လိုခြင်းမရှိသောကြောင့်ပင်။ သူအော်လိုက်ပါက ဘုရင်၏ သံမဏိစိတ်ဓာတ်ပျက်ပြားသွားမည်ကို စိုးရိမ်နေ၏။

သွေးစက်တစ်ခုသည် ကစဥ့်ကလျားပုလ္လင်ပေါ်သို့ ကျဆင်းသွား၏။

လူရိုင်းဇာတ်ကောင်သည် သန်မာသော်လည်း နေအဆင့်သခင်တစ်ယောက်နှင့် တိုက်ရိုက်ရင်ဆိုင်တိုက်ခိုက်နေသည့်အတွက်ကြောင့် ဖှေး ဒဏ်ရာရရှိသွား၏။

ဒိုင်ယာဘလိုကမ္ဘာမှ ပစ္စည်းများသူ့အား ကာကွယ်ပေးထားသော်လည်း သူ၏လက်များဒဏ်ရာရနေဆဲပင်။ သွေးများသည် သူ၏လက်များမှ ထွက်လာနေလျှက်ရှိပြီး လက်အိတ်များ၊ ဓားများပေါ်သို့ စွန်းထင်သွား၏။

"ကောင်းပြီလေ။ င့ါရဲ့နေအဆင့်စွမ်းအင်ရင်းမြစ်တစ်၀က်ကျော်လောက်ကို လောင်ကျွမ်းထားလို့ င့ါရဲ့စွမ်းအားတွေ သိသိသာသာလျှော့နည်းနေတယ်ဆိုပေမယ့် မင်းင့ါရဲ့ ဒီသိုင်းကွက်ကို ခုခံနိုင်လိုက်တာက မင်းအတွက် ဂုဏ်ယူစရာတစ်ခုပဲ..." ဒိုမိန်း ဖှေးအား အံ့ဩစွာလေ့လာလိုက်ရင်းဖြင့် ပြောလိုက်သည်။

သူ၏ရန်သူသည် ဤသိုင်းကွက်အား ရင်ဆိုင်နိုင်လိမ့်မည်ဟု ကြိုတင်ကာ တွက်ဆပြီးဖြစ်သော်လည်း ကြီးကြီးမားမားဒဏ်ရာရရှိခြင်းမရှိလိမ့်မည်ဟု ထင်မထားခဲ့ပေ။

"ဟုတ်လား ငါက အမြဲဂုဏ်ယူနေတဲ့လူတစ်ယောက်ပဲ။ ခင်ဗျားသိတဲ့ သိုင်းကွက်တွေအကုန်သုံးလိုက်စမ်းပါ။ နေအဆင့်သခင်တစ်ယောက်က င့ါကို နောက်ဆုတ်အောင်လုပ်နိုင်မလားဆိုတာကို ကြည့်ရသေးတာပေါ့..." ဖှေးသည် ကြံ့ခိုင်စွာပင် ပြောလိုက်သည်။

သူ၏ဓားများသည် ချွန်ထက်နေ၏။ သူ၏ ဆံပင်သည်လည်း ရှည်လျားပျော့ပျောင်းကာ သူ၏ ပုံရိပ်သည် ကျက်သရေရှိနေသည်။ သူ၏အမဲရောင်မျက်လုံးများသည် အရိပ်ယောင်တစ်ခုကို ထုတ်လွှတ်နေပြီး သူ၏ စိတ်၊ ၀ိဉာဥ်နှင့် ခန္ဓာကိုယ်တို့သည်အမြင့်ဆုံးအခြေအနေတွင် တစ်သားတည်းရှိနေကြောင်းကို ဖော်ပြနေ၏။

ရန်သူသည် ပို၍ ရင်ဆိုင်ရခက်ခဲလေလေလူရိုင်းဇာတ်ကောင်များသည် ပို၍ အစွမ်းထက်လာလေလေဖြစ်သည်။

မည်သည့်အချိန်ကလည်းမသိချေ သူ၏အနောက်တွင်ရှိသော လူရိုင်းစစ်သည်၏ ပုံရိပ်သည်လည်း ပို၍တောက်ပလာနေလျှက်ရှိသည်။

"ကောင်းပြီလေ ရိုးရိုးသားသားပြောရမယ်ဆိုရင် ငါမင်းကို လေးစားစပြုလာပြီ။ မင်းက ယရှင်းမင်းအရွယ်တုန်းကထက်တောင်ပိုပြီးတော့ စွမ်းဆောင်နိုင်တဲ့ကောင်ပဲ။ မင်း င့ါရဲ့သိုင်းကွက်ဘယ်နှစ်ခုလောက်အထိခံနိုင်မလဲဆိုတာကို ငါသိချင်မိတယ်..."

ဒိုမိန်းသည် ပို၍ တည်ငြိမ်လာပြီး ဖှေးထံမှ တိုက်ပွဲဆာလောင်မှုကို ခံစားလိုက်ရသည်။

အကယ်၍ ခွေးတစ်ကောင်၏ စိန်ခေါ်ခြင်းကို ခံရပါက နဂါးတစ်ကောင်သည် ဒေါသဖြစ်မိမည်ဖြစ်သည်။ သို့သော် သူနှင့်အဆင့်တူ သတ္တ၀ါတစ်ကောင်၏ စိန်ခေါ်ခြင်းကို ခံရပါက သူ၏ ရန်သူအား လေးစားမည်ဖြစ်ပြီး အစွမ်းကုန်တိုက်ခိုက်လိမ့်မည်ဖြစ်သည်။

ဤသည်မှာ ဒိုမိန်းပြောင်းလဲလာရခြင်း၏ အကြောင်းပြချက်တစ်ခုပင်။

ယခင်က သူသည် ဖှေးအား သူ့ထက်အဆင့်နိမ့်သည့် ပိုးမွှားတစ်ကောင်ကဲ့သို့သာ မြင်ခဲ့သည်။ သို့သော်လည်း ယခုအချိန်တွင် ဖှေးအား သူနှင့်အဆင့်မကွာကာ သူ့အား ခြိမ်းခြောက်နိုင်သည့် လူတစ်ယောက်ကဲ့သို့ပင် စတင်၍ မြင်နိုင်လာပြီဖြစ်၏။

"နတ်ဘုရားတွေရဲ့ ဒေါသကနေဖြစ်ပေါ်လာတဲ့စွမ်းအင်တွေ။ အရာအားလုံးကို လောင်မြိုက်ပစ်နိုင်တဲ့မီးစွမ်းအင်တွေ...ငါတောင်းဆိုတာကို နားထောင်ပေးပါ။ ငါတို့အရှေ့မှာ ရှိနေတဲ့ ရန်သူကို အတူ နှိမ်နင်းကြမယ်..."

နတ်ဘုရားတစ်ယောက်ရေရွတ်နေသည့်အတိုင်းပင် ဒိုမိန်း၏အသံသည် ကောင်းကင်ပေါ်တွင် ဟိန်းနေ၏။ ဖြေးညှင်းစွာပင် ပတ်၀န်းကျင်တွင်ရှိနေသည့် မီးစွမ်းအင်များသည် သူ့ထံသို့ ပျံသန်းလာကာ သူ့အား ၀န်းရံလိုက်ကြတော့၏။

ဖြေးညှင်စွာပင် လီယွန်အင်ပါယာ၏ နံပါတ်၁မှော်ဆရာသည် လိမ္မော်ရောင်မီးတောက်များ၏ လွှမ်းခြုံခြင်းကို ခံလိုက်ရတော့၏။

ဖှေးသည် ပြန်လည်သစ်လွင်ဆေးပုလင်းတစ်လုံးကို မော့သောက်လိုက်ကာ ရက်ကွန်းကောင်လေးကိုလည်း တစ်လုံးတိုက်လိုက်၏။

ဖှေးနှင့် ရက်ကွန်းကောင်လေးတို့သည် စိတ်တည်ငြိမ်နေသည့်ပုံရှိသော်လည်း ကျရောက်လာတော့မည့်သိုင်းကွက်၏ စွမ်းအားကို ရိပ်မိသည့်အတွက်ကြောင့် လေးလေးနက်နက်ပြင်ဆင်နေကြ၏။

"နတ်ဘုရားတွေရဲ့ အပြစ်ပေးခြင်းထွက်ပေါ်လာစမ်း မီးနတ်ဘုရား၏ ဓားသွား..."

ဒိုမိန်းတည်ငြိမ်စွာပင် ရေရွတ်လိုက်ပြီး မီတာ၁၀၀၀ကျော်ခန့်ရှည်လျားသည့် မီးစွမ်းအင်ဓားသွားကြီးတစ်ခုသည် လိမ္မော်ရောင်အလင်းတန်းများကြားထဲမှ ထွက်ပေါ်လာတော့သည်။ ဤဓားကြီးသည် အလွန်တောက်ပနေသည့်အတွက်ကြောင့် ကောင်းကင်ပင် ပို၍ မှေးမှိန်သွားသလိုပင်။

ဤဓားသွားသည် အလွန်ပင် စွမ်းအားမြင့်မားလှသည်။

မှော်စွမ်းအင်အား အဆုံးစွန်ထိရောက်အောင်ထုတ်လွှတ်ခြင်း၏ ရလဒ်ပင်။ မှော်မန္တန်များသည် သဘာ၀ပတ်၀န်းကျင်တွင်ရှိသည့် စွမ်းအင်များကို စုပ်ယူနိုင်စွမ်းရှိပြီး အသုံးပြုသူထက်ပို၍မြင့်မားသော သိုင်းကွက်များကို ထုတ်လွှတ်နိုင်စွမ်းရှိကြသည်။ ဤကဲ့သို့အပိုင်းတွင် သိုင်းဆရာများသည် ပို၍အားနည်းနေ၏။

နောက်အခိုက်တန့်တွင် ထိုမီးစွမ်းအင်ဓားကြီးသည် အောက်သို့ ခုတ်ပိုင်းလာတော့သည်။

လိမ္မော်ရောင်မီးတောက်များသည် ကောင်းကင်အား ဆုတ်ဖြဲလိုက်ပြီး ဖှေးထံသို့ ခုတ်ပိုင်းလာတော့သည်။

ဓားနီးကပ်လာသည့်အချိန်တွင် မမြင်နိုင်သည့်စွမ်းအင်တစ်ခုသည် သူ့အား ဆွဲခေါ်နေသလို ဖှေးခံစားလိုက်ရ၏။ သူ၏ ခန္ဓာကိုယ်တစ်၀ိုက်တွင်ရှိနေသည့် လေထုသည် ကော်လိုပင် ထူထပ်နေ၏။ သူ၏ ခန္ဓာကိုယ်အား လှုပ်ရှားရန်ပင် ခက်ခဲနေပြီး သူမည်သည့်နေရာသို့ ရွေ့လျားစေကာမူ ထိုဓားကြီးသည် သူ့အပေါ်သို့ ကျရောက်လာတော့မလိုပင်ခံစားနေရ၏။

ပြင်းထန်သည့်အန္တရာယ်အရှိန်၀ါကို ဖှေးခံစားနေရပြီး သူ၏ခန္ဓာကိုယ်ကို အပ်ပေါင်းများစွာဖြင့် ထိုးစိုက်နေသလိုပင်။

"ဒါက နေအဆင့်သခင်တစ်ယောက်ရဲ့စွမ်းအားအစစ်မှန်လား..."

ဖှေးသည် စွမ်းအားအမြင့်ဆုံးသို့ ရောက်ရှိနေပြီးအနောက်သို့ ဆုတ်ပေးလိုခြင်းမရှိပေ။ နောက်သို့ ဆုတ်ရမည့်အစားသူသည် ကစဥ့်ကလျားခြင်းပုလ္လင်အား စိတ်ဖြင့် ထိန်းချုပ်ကာ အရှေ့သို့ ရွေ့လိုက်သည်။

သူသည် သိုင်းကွက်အား ထိန်းချုပ်နေသည့် ဒိုမိန်းအား တိုက်ခိုက်ကာ သိုင်းကွက်ကို ရှောင်ရှားရန်အတွက် ကြံစည်နေခြင်းပင်။

လက်ရှိအခိုက်တန့်တွင် ဤအရာသည်သာ အကောင်းဆုံးရွေးချယ်မှုဖြစ်သောကြောင့်ပင်။

ဒိုမိန်းသည် ဓားသွား၏ အထဲတွင်ရှိနေရင်းဖြင့် မီးစွမ်းအင်များ သူ၏မျက်လုံများ၊ နားများ ပါးစပ်နှင့် နှာပေါက်များအတွင်းမှ ထွက်ပေါ်လာနေ၏။

ဖှေး ဓားကိုယ်နှင့် နီးကပ်လာလေလေ ဖိအားများကို ပို၍ ခံစားရလာလေလေဖြစ်သည်။

သူသည် မီးစွမ်းအင်ဓားသွားနှင့် ၁၀၀မီတာခန့်နီးကပ်လာသည့်အချိန်တွင် ဖှေးသည် ကြောက်မက်ဖွယ်အပူရှိန်နှင့် ဒိုမိန်း၏ သတ်ဖြတ်လိုသော အရှိန်၀ါများကို မသေမျိုးဘုရင်၏ ၀ိဉာဥ်အချုပ်နှောင်ချပ်၀တ်ကိုပင် ဖြတ်ကျော်ကာ ခံစားလိုက်မိသည်။ လူရိုင်းဇာတ်ကောင်၏ မာကြောသော အရေပြားပင် ရေခမ်းနေသည့် မြစ်ကြမ်းပြင်ကဲ့သို့ စတင်ကာ အက်ကွဲလာတော့သည်။

လခြမ်းအဆင့်သိုင်းဆရာတစ်ယောက်ဖြစ်သည့် ဖှေးပင် ဤကဲ့သို့သော စွမ်းအင်ပမာနအား လက်ခံနိုင်ခြင်းမရှိပေ။

အင်ပါယာအရှင်သခင်ယရှင်းသည် လအဆင့်စစ်သည်တစ်ယောက်အနေဖြင့် နေအဆင့်သခင်တစ်ယောက်အား တိုက်ခိုက်နိုင်သော်လည်း လူတိုင်းလုပ်နိုင်သည့်အရာမဟုတ်ပေ။

အချိန်သည် အလွန်နှေးကွေးသွားပြီး အရာအားလုံးသည် အနှေးပြကွက်တစ်ခုလိုပင်။

ဓားနှစ်အား ရင်ဘက်၏အရှေ့တွင် ကာထားရင်းဖြင့် ဖှေးသည် ကစဥ့်ကလျားခြင်းပုလ္လင်ကို အရှေ့သို့ ရွေးလျားစေလိုက်ပြီး ဆုံးဖြတ်ချက်ပြတ်သားသည့်အမူယာတစ်ခုနှင့်အတူ တက်သွားလိုက်၏။

ဤမြင်ကွင်းသည် ပိုးဖလံတစ်ကောင်အရှေ့သို့ တိုးနေသလိုပင်ဖြစ်နေပြီး ဖှေး ပြာကျသည်အထိလောင်မြိုက်သွားတော့မလိုပင်။

"အတော်ဆိုးတာပဲ ချမ်းဘော့ဒ်ဘုရင် မင်းကပါရမီရှင်တစ်ယောက်ဆိုပေမယ့် မင်းကယရှင်းလောက်တောင့် မတော်သေးဘူး။ အဲ့တာကြောင့် မင်းသေရလိမ့်မယ်..." သူ၏ခန္ဓာကိုယ်တစ်၀ိုက်တွင် မီးတောက်များတောက်ပနေရင်းဖြင့် ဒိုမိန်းသည် လူတစ်ယောက်နှင့်ပင်မတူတော့ပေ။ သူ၏အသံသည် နတ်ဘုရားတစ်ပါးလိုပင် အေးစက်ကာ ရှင်းလင်းပြတ်သားနေ၏။ "ပါရမီရှင်တွေကို သတ်ရတာက အတော်လေး စိတ်လှုပ်ရှားစရာကောင်းပြီတော့ အကူညီကင်းမဲ့တဲ့ အရာတစ်ခုပဲ။ မီးနတ်ဘုရားဓားသွားသိုင်းကွက်..."

All Chapters