အခန်း (၆၅၂)
Vol. 42 Ch. 652
"ကျွီ ကျွီ..." ရက်ကွန်းကောင်လေးသည် ဖှေး၏ပခုံးပေါ်တွင်ရပ်နေရင်းဖြင့် လှောင်ပြောင်သည့်အမူယာများကို လုပ်ပြနေလျှက်ရှိသည်။
ထို့နောက်တွင် ထည်၀ါသည့်အရာတစ်ခုဖြစ်ပျက်သွား၏။
လှိုင်းဂယက်များထွက်ပေါ်လာပြီး ဖှေး၊ ရက်ကွန်းကောင်လေးနှင့် ပုလဠင်တို့သည် ပိုက်ကွန်အတွင်းမှ ရုတ်တရက်ပင် ပုံရိပ်ယောင်များကဲ့သို့ ပျောက်သွားတော့သည်။
ဒိုမိန်း၏ မျက်နှာပေါ်မှ အပြုံးသည် ပျောက်ကွယ်သွားတော့၏။
"ဒါက ဘာသိုင်းကွက်မျိုးလဲ။ စွမ်းအင်သုံးတာကိုတောင် အာရုံမခံလိုက်မိဘူး..." ဒိုမိန်းသည် အလွန်တုန်လှုပ်သွားပြီး သူမြင်နေရသည့်အရာကို ယုံကြည်နိုင်ခြင်းမရှိပေ။
အတွင်းအားစွမ်းအင်အရှိန်၀ါများ၊ မှော်စွမ်းအင်အရှိန်၀ါများထွက်ပေါ်လာခြင်းမရှိပေ။ ပူပေါင်းတစ်လုံးပေါက်သွားသလိုပင် ဖှေးသည် လုံး၀ပင်ပျောက်ကွယ်သွားခြင်းပင်။
နေအဆင့်သခင်တစ်ယောက်ဖြစ်သည့်သူပင် ချမ်းဘော့ဒ်ဘုရင်မည်သည့်နေရာသို့ ရောက်သွားသည်ကို အာရုံခံနိုင်ခြင်းမရှိတော့ပေ။
သူ၏ မှော်စွမ်းအင်များကို ထုတ်လွှတ်ကာ ပတ်၀န်းကျင်အား အာရုံခံနိုင်ရန်အတွက် ကြိုးစားနေလျှက်ရှိသည်။ ထိုမှော်စွမ်းအင်များသည် တစ်စုံတစ်ခုကို ထိမိသွားသည့်အချိန်တိုင်းတွင် သူကိုယ်တိုင်သာအာရုံခံနိုင်မည့် လှိုင်းတစ်မျိုးကို ထုတ်လွှတ်ပေးမည်ဖြစ်သည်။
တစ်မိနစ်
နှစ်မိနစ်...
ဆယ်မိနှစ်...
ဒိုမိန်း၏မျက်နှာပေါ်တွင်ရှိနေသည့်အမူယာသည် အံ့သြနေရာမှ တုန်လှုပ်သည့်အသွင်သို့ ပြောင်းလဲသွားတော့သည်။ ထို့နောက်တွင် ဒေါသဖြစ်သည့်အသွင်သို့ ပြောင်းလဲသွားတော့၏။
လခြမ်းအလယ်လတ်အဆင့်သိုင်းဆရာတစ်ယောက်သည် သူ၏ မရဏမီးပိုက်ကွန်မှ မည်ကဲ့သို့ လွတ်မြောက်သွားသည်ကို နားလည်နိုင်ခြင်းမရှိပေ။ ချမ်းဘော့ဒ်ဘုရင်သည် သူအာရုံခံ၍မရနိုင်အောင် မည်ကဲ့သို့ရှောင်တိမ်းနေသည်ကိုလည်း သူနားလည်ခြင်းမရှိပေ။
"မင်းက အမြန်လွတ်မြောက်သွားတာပဲ။ နောက်တစ်ခါဆိုရင်တော့ မင်းကို ချက်ချင်းသတ်ပစ်မယ်..."
ဒိုမိန်းတွေးလိုက်မိပြီး အဆင့်တက်နေသည့် ဟေဇယ်-ဘန့်ခ်ထံသို့ ပြန်လည်ကာ အာရုံစိုက်လိုက်၏။
အဆင့်တက်နေသည့်အချိန်တွင် သူ၏ အောက်လမ်းအဆင့်စွမ်းအင်များကို ဖုံးကွယ်ထားရန်အတွက် အောက်လမ်းဆရာသည် နတ်ဘုရားလှည့်စားခြင်းတံဆိပ်ခြောက်ခုကို အသုံးပြုထားကာ သူ၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင်လည်း ကိုယ်ယောက်ဖျောက်မှော်အစီရင်များစွာကို နေရာချထား၏။ ထို့ကြောင့် ဟေဇယ်-ဘန့်ခ်သည် အောက်လမ်းဆရာတစ်ယောက်ဖြစ်သည်ကို ဒိုမိန်းမပြောနိုင်သေးပေ။
အကယ်၍ ဒိုမိန်းသည်သာ မကောင်းဆိုး၀ါးစွမ်းအင်များကို အာရုံခံမိပါက သူသည် ပြန်လည်ကာ စဥ်းစားမိမည်ဖြစ်သည်။
အောက်လမ်းမှော်ဆရာများ၏ စွမ်းအားနှင့် လွှမ်းမိုးနိုင်ခြင်းတို့သည် အေဇာရုတိုက်ပေါ်တွင် တားမြစ်ထားသည့် အကြောင်းရာတစ်ခုပင်။
အကယ်၍ အဆင့်တူသည် မှော်ဆရာနှစ်ယောက်တိုက်ခိုက်ပါက အောက်လမ်းဆရာသည် ပုံမှန်အားဖြင့် အနိုင်ရလိမ့်မည်ဖြစ်သည်။ အောက်လမ်းစွမ်းအားသည် နတ်ဘုရားများကိုပင် ခြမ်းခြောက်နိုင်သည့် မှော်စွမ်းအင်ဟု လူသိများကြ၏။ ထို့ကြောင့် သာမန်လူများ နားလည်နိုင်လိမ့်မည်မဟုတ်ပေ။
မဟာဘုရားကျောင်းပြောသည့် ဇာတ်လမ်းများထဲတွင် အောက်လမ်းမှော်ဆရာများသည် အိမ်မက်ဆိုးများပေးနိုင်သည့် သိုင်းကွက်များစွာကိုတတ်မြောက်ကြ၏။ အောက်လမ်းမှော်ဆရာတစ်ယောက်ခြင်းစီတိုင်းသည် ရက်စက်ကြမ်းကြုတ်ပြီး၊ လျို့၀ှက်ဆန်းကျယ်ကာ နတ်ဆိုးများဟု သတ်မှတ်ကြ၏။ ထို့ကြောင့် လူပေါင်းများစွာသည် အောက်လမ်းမှော်ဆရာများနှင့် တိုက်ခိုက်ရမည်ကို ကြောက်လန့်ကြ၏။
မဟာဘုရားကျောင်းမှလွဲ၍ ကျန်ရှိနေသည့်လူများသည် အောက်လမ်းမှော်ဆရာများနှင့် ရန်သူဖြစ်လိုခြင်းမရှိကြပေ။
ထို့ကြောင့် ဒိုမိန်းသည် ဟေဇယ်-ဘန့်ခ်၏သရုပ်မှန်ကို မသိသေးသည့်အတွက်ကြောင့် သူ့အား သာမန်မှော်ဆရာတစ်ယောက်ကဲ့သို့သာ ဆက်ဆံနေခြင်းပင်။
ဒိုမိန်း ထက်မံ၍ တိုက်ခိုက်ကာ ဟေဇယ်-ဘန့်ခ်နေအဆင့်သို့မရောက်အောင် တားမည်ကို ပြင်ဆင်လိုက်သည့်အချိန်တွင် ရင်းနှီးသည့်စွမ်းအင်အရှိန်၀ါတစ်ခုကို သူ၏အနောက်မှ ခံစားလိုက်ရ၏။ သူ မတုန့်ပြန်နိုင်သေးခင်မှာပင် လက်ဖ၀ါးတစ်ခုသည် သူ၏နောက်ကြာအားတိုက်ခိုက်လိုက်ပြီး စွမ်းအင်တစ်ခုသည် သူ၏ မှော်စွမ်းအင်အကာရံကို ဖျက်ဆီးကာ သူ၏ခန္ဓာကိုယ်အတွင်းသို့ ၀င်ရောက်လာတော့သည်။
"အား ဖွီး..." ဒိုမိန်း၏ပါးစပ်မှ သွေးများပန်းထွက်လာတော့၏။ သူသည် ချက်ချင်းပင် ဆုတ်ခွာလိုက်ပြီး ၁၀၀မီတာခန့်၀ေးကွာသည့်နေရာသို့ ရောက်ရှိသွား၏။ သူတစ်ဖက်သို့ လှည့်ကာ အော်ဟစ်လိုက်သည်။ "ချမ်းဘော့ဒ်ဘုရင် မင်းတော့သေပြီ။ သေစမ်း အား...ရွံစရာကောင်းတဲ့ကောင်ပဲ ငါမင်းကို သတ်ပစ်မယ်..."
"ဟားဟား ကျွန်တော်ခင်ဗျားကို မသတ်နိုင်လိုက်တာတော်တော်ဆိုးတာပဲ။ ခင်ဗျားက အသက်ကြီးနေပြီဆိုပေမယ့် ခင်ဗျားပြန်တုန့်ပြန်နိုင်တဲ့နှနုန်းက အတော်လေးမြန်တာပဲ...." ဖှေးသည် ဒိုမိန်းရပ်နေခဲ့သည့်နေရာတွင် ရပ်ရင်းဖြင့် စလိုက်သည်။ သူ၏လက်ကို ခါရမ်းကာ ဒိုမိန်း၏ ခန္ဓာကိုယ်မှ ကျန်ခဲ့သည့်အ၀တ်စတစ်ခုကို ဝှေ့ရမ်းပြလိုက်၏။
"မင်းက င့ါကို ဒဏ်ရာရအောင်လုပ်ရဲတယ်ပေါ့...သေစမ်းကွာ..."
အမြှီးနင်းခံလိုက်ရသည့် ခွေးတစ်ကောင်ကဲ့သို့ပင် ဒိုမိန်း အော်ဟစ်လိုက်၏။ သူ၏လက်ကို ဝှေ့ရမ်းလိုက်သည့်အချိန်တွင် မီးစွမ်းအင်ဖြင့် ပြုလုပ်ထားသည့် မြှားများစွာသည် ကောင်းကင်ပေါ်တွင်ပေါ်လာတော့သည်။ ထိုမြှားများအားလုံးသည် ပျားကောင်များကဲ့သို့ပင် ဖှေးထံသို့ စုပြုံကာ ပျံသန်းသွားပြီး မြှားတစ်ချောင်းခြင်းစီတိုင်းတွင် ပါ၀င်နေသည့် စွမ်းအင်များသည် လခြမ်းအဆ့င်သိုင်းဆရာတစ်ယောက်အား လွယ်ကူစွာပင် အစိတ်စိတ်အမွှာမွှာဖြစ်အောင်ပြုလုပ်နိုင်၏။
"ဟမ် ဒါတွေက နောက်လိုက်မြှားတွေပဲ..."
ဖှေးမျက်မှောင်ကြုံ့လိုက်ကာ ဤမြှားများ၏ ကြောက်မက်ဖွယ်ဂုဏ်သတ္တိတစ်ခုကို အာရုံခံမိလိုက်၏။
နောက်လိုက်မြှားများတွင် ဂုဏ်သတ္တိတစ်ခုသာရှိ၏။ သူတို့သည် ပစ်မှန်ကို မထိမှန်မခြင်း ရပ်တန့်မည်မဟုတ်ပေ။ ထို့အပြင် ပစ်မှတ်များ၏ အနောက်ကို မည်သည့်နေရာသို့ သွားစေကာမူ လိုက်နေမည်ဖြစ်သည်။
ဖှေး၏ အမေဇုန်ဇာတ်ကောင်တွင်လည်း တူညီသည့်အစွမ်းတစ်ခုရှိသည့်အတွက်ကြောင့် ဖှေး ဤသိုင်းကွက်ကို ရင်းနှီးနေခြင်းပင်။
ဖှေး သူ၏လက်သီးများကို ဆုပ်လိုက်ပြီး အနီရောင်အလင်းတန်းတစ်ခုတောက်ပသွားပြီးသည့်နောက်တွင် လက်ထဲတွင် ဘူးလ်-ခရေးတို့စ်၏ ကလေးငယ်များဓားနှစ်လက်ထွက်ပေါ်လာတော့၏။
ကစဥ့်ကလျားခြင်း ပုလ္လင်ပေါ်တွင်ရပ်နေသည့် ဖှေးသည် သူ၏ခန္ဓာကိုယ်ကို လှည့်ကာ ဓားများကို ဝှေ့ရမ်းလိုက်ပြီး ငွေရောင်စွမ်းအင်ဓားသွားများဖြင့် လေးမီတာခန့်ရှည်လျားသည့် နဂါးကြီးတစ်ကောင်ကို ပစ်လွှတ်လိုက်၏။ ထိုနဂါးသည် ဟိန်းဟောက်ရင်းဖြင့် ပျံသန်းလာနေသည့် အနီရောင်မြှားများထံသို့ ပျံသန်းသွားတော့၏။
ဤသည်မှာ လူရိုင်းဇာတ်ကောင်၏ အမြင့်ဆုံးသိုင်းကွက်ဖြစ်သည့် ဓားမုန်တိုင်းပင်။
"ဘုန်း ဘုန်း ဘုန်း..."
ငွေရောင်နဂါးသည် မြှားများဖြင့် ၀င်တိုက်လိုက်၏။ ပုရွတ်ဆိတ်များစွာနှင့် ၀င်တိုက်လိုက်သည့်နဂါးတစ်ကောင်ကဲ့သို့ပင် ပျံသန်းနေကာ မြှားများစွာကို ပေါက်ကွဲသွားစေသည်။ အနီရောင်မီးတောက်များသည် ကောင်းကင်ပေါ်တွင် တစ်ခုပြီးတစ်ခုပေါ်လာကာ မီးရှူးမီးပန်းများဖောက်နေသလိုပင်။ သို့သော် ဤမြင်ကွင်းထဲတွင် ပါ၀င်နေသည့် ကြောက်မက်ဖွယ်စွမ်းအင်သည် မည်သည့်လခြမ်းအဆင့်သိုင်းဆရာမျိုးကိုမဆိုလွယ်ကူစွာသတ်ဖြတ်ပစ်နိုင်၏။
ငွေရောင်နဂါးသည် စွမ်းအားမြင့်မားသော်လည်း မှော်မြှားအရေတွက်မှာ များပြားလွန်းလှသည်။
အင်အား လုံလုံလောက်လောက်ရှိပါက ပုရွတ်ဆိတ်များကပင် ဆင်တစ်ကောင်ကို ၀ါးမျိုးနိုင်သောကြောင့်ပင်။
မကြာမှီတွင် ငွေရောင်နဂါးသည် စတင်၍ ပြိုလဲလာတော့သည်။ ဓားသွားစွမ်းအင်များအဖြစ်သို့ ပြန်လည်ကာ ပြောင်းလဲသွားပြီ အရပ်မျက်နှာအနှံ့သို့ ပျံသန်းသွားတော့သည်။
ထို့နောက်တွင် မှော်မြှားများသည် နေရောင်ကိုပင် ဖုံးလွှမ်းသွားပြီး ဖှေးထံသို့ အညှာတာကင်းမဲ့စွာပင် ပျံသန်းလာတော့သည်။