← Chapters

အခန်း (၆၅၄)

Vol. 42 Ch. 654

အခန်း (၆၅၄)

Vol. 42 Ch. 654

ဒိုမိန်းစကားပြောပြီးလျှင်ပြီးခြင်းပင် ဓားသွား၏ အမြန်နှုန်းမှာ နှေးကွေးနေရာမှ မြန်ဆန်လာတော့သည်။

ဓားသွားပေါ်တွင်ရှိနေသည့် လိမ္မော်ရောင်အလင်းတန်းများသည် ပို၍တောက်ပလာပြီး သေစေနိုင်သောစွမ်းအင်များသည် နေရာအနှံ့သို့ ပြန့်နှံ့ကုန်တော့၏။ လေထုကိုပင် အရည်ပျော်နေသည့် ဒိန်ခဲများကဲ့သို့ပင် ပူပေါင်းများထသွားစေ၏။ အကယ်၍ သံမဏိတစ်ခုသာအနီးတွင်ရှိနေပါက လောင်ကျွမ်းသွားလောက်ပြီဖြစ်၏။

ယခုအချိန်တွင် ဖှေးသည် ဒိုမိန်းနှင့် ၂၀မီတာခန့်နီးကပ်သည့်နေရာတွင်ရှိနေ၏။

သူ၏အနောက်တွင် ကျင့်ကြံခြင်း၏ အရေးကြီးဆုံးအချိန်တွင်ရှိနေသည့် ဟေဇယ်-ဘန့်ခ်ရှိနေ၏။ သူ၏ အရှိန်၀ါသည် ပြောင်းလဲနေပြီး သူ၏ ခန္ဓာကိုယ်နှင့် ထုတ်လွှင့်နေသည့် စွမ်းအင်များသည်လည်း ပို၍ပို၍အားကောင်းလာနေလျှက်ရှိသည်။

သို့သော် သူအချိန်အနည်းငယ်ပို၍လိုနေသေး၏။

ထိုကဲ့သို့တောင်းဆိုမှုသည် တက်၍မရသည့် တောင်ကြီးတစ်လုံးကဲ့သို့ပင် အောင်မြင်ခြင်းလမ်းအား ပိတ်ထားလျှက်ရှိ၏။

အဖျက်စွမ်းအားကြီးမားသည့် စွမ်းအင်၏အရှေ့တွင် ဖှေးသည် ဒိုမိန်း၏အနားသို့ ဆက်၍ ကပ်၍မရတော့ကြောင်းကို သိလိုက်သည်။ ထို့ကြောင့် သူသည် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ပြီး ဓားများကို ခေါင်းပေါ်သို့ မြှောက်လိုက်ကာ ကြုံး၀ါးလိုက်ပြီး ဒိုမိန်းထံသို့ သူ၏ သိုင်းကွက်ကို ပစ်လွှတ်လိုက်သည်။

ပေါက်ကွဲသံများ ဆူညံသံများထွက်ပေါ်လာခြင်းမရှိပေ။

နတ်ဘုရားထောက်တိုင်ပြီးတစ်ခုကဲသို့ပင် အ၀ါရောင်မီးတောက်များနှင့် ဓားသွားကြီးသည် ဖှေးထံသို့ ဖြေးညှင်းစွာဖြင့် တိမ်းစောင်းလာ၏။ ဖှေးနှင့် ကစဥ့်ကလျားပုလ္လင်နှစ်ခုလုံးသည် ဓားသွားကြီးအောက်တွင် သေးသိမ်သွားသလိုပင်။

ဖှေး၏ ခေါင်းပေါ်တွင် ကိုင်မြှောက်ထားသည့် ဓားနှစ်လက်သည် အ၀ါရောင်မီးဓားသွားကို ကာရံလိုက်၏။ သို့သော် လူရိုင်းမျိုးနွယ်၏ ဒဏ္ဏာရီလာဘုရင်အသုံးပြုခဲ့သည့် ဘူးလ်-ခရေးတို့စ်၏ ကလေးငယ်များဓားနှစ်လက်ပင် စတင်၍ ပူလောင်လာတော့သည်။

သွေးများဖြင့် စိုနေသလိုပင် အနီရောင်အလင်းတန်းသင်္ကေတများသည် ဓားကိုယ်ပေါ်တွင် တောက်ပလာပြီး ထိုသင်္ကေတများသည် လေပေါ်တွင် ပုံရိပ်သကေင်္ံတများကို ထင်စေလျှက် ဒိုမိန်း၏ နေအဆင့်သိုင်းကွက်ဖြစ်သော မီးနတ်ဘုရား၏ ဓားသွားကို ရင်ဆိုင်တိုက်ခိုက်နေ၏။

လိမ္မော်ရောင်မီးဓားသွားကြီးထံမှ ထွက်ပေါ်လာနေသည့် ရူးလောက်ဖွယ်အပူချိန်များကြောင့် ဖှေး၏လက်ထဲတွင်ရှိနေသည့် ဓားနှစ်လက်သည် လောင်ကျွမ်းပူလောင်လာ၏။ အချိန်မရွေးပင်အရည်ပျော်ကျတော့မည့်အတိုင်းပင်။

ဓားနှစ်လက်၏ အကြမ်းခံနိုင်မှုစွမ်းအင်မှာ လျှင်မြန်စွာပင် ကျဆင်းလာနေကြောင်းကို ဖှေးပြောနိုင်၏။ ရာချီသည့် အကြမ်းခံနိုင်မှုအမှတ်များသည် ဆယ်ချီလာပြီးဆယ်ချီနေသည့် ဂဏန်းများသည် မကြာမှီတွင် တစ်ခုတည်းဖြစ်လာတော့မည်ဖြစ်သည်။

"သူတို့က စက္ကန့်သုံးဆယ်လောက်ပဲ တောင့်ထားနိုင်လောက်တော့မယ်..."

အလွန်ပူလောင်နေသည့် ဓားများကြောင့် ဖှေး၏ လက်များပင် အမဲရောင်သို့ ပြောင်းသည်အထိလောင်ကျွမ်းလာ၏။ သံမဏိလက်အိပ်များသည်လည်း မကြာမှီတွင် အနီရောင်သန်းသည်အထိပူလောင်လာတော့သည်။ အသားလောင်ကျွမ်းသည့်အနံ့များပင် ထွက်ပေါ်လာတော့၏။ လက်အိပ်များ၏ အပေါက်များကြားထဲမှ မီးခိုးငွေ့များထွက်ပေါ်လာနေလျှက်ရှိသည်။

ဖှေး၏လက်များသည် ကျက်လုနီးနီးပင်ဖြစ်နေပြီး သည်းမခံနိုင်လောက်သည့် နာကျင်မှုသည် သူ၏ ဦးနှောက်အား ဆွပေးနေလျှက်ရှိသည်။

သို့သော် ဖှေး၏မျက်လုံးများသည် တောက်ပနေလျှက်ရှိ၏။

ဓားများကို ကိုင်ထားသည့်သူ၏လက်များသည် တုန်ခါခြင်းမရှိပေ။ သူ၏အရှိန်၀ါသည်လည်း ပြောင်းလဲသွားခြင်းမရှိပေ။

"ကျွီ ကျွီ..."

ဖှေး၏ပခုံးပေါ်တွင်ရပ်နေသည့် ရက်ကွန်းကောင်လေးသည်လည်း စိုးရိမ်ကာ ဒေါသဖြစ်နေသည့်အတိုင်းပင်။ သူသည် အော်ဟစ်လိုက်ပြီး အနည်းငယ်တွန့်ဆုတ်နေ၏။ သို့သော် ထိုကဲ့သို့ တွန်ု့ဆုတ်နေခြင်းသည် သုံးစက္ကန့်လောက်သာ ကြာမြင့်လိုက်သည်။

သုံးစက္ကန့်ကြာပြီးသည့်အချိန်တွင် ဖှေး၏ခေါင်းပေါ်သို့ ခုန်တက်လိုက်ပြီး သူ၏လက်များကို ဆန့်တန်းကာ ဖှေးထံသို့ ဆင်းသက်လာနေသည့် လိမ္မော်ရောင်ဓားသွားကို တားဆီးရန်အတွက် ကြိုးစားလိုက်၏။

"ဟေး သတိထားဦး အဲ့ဓားကို မီးစွမ်းအင်တွေနဲ့လုပ်ထားတာ...မင်းသေသွားလိမ့်မယ်..." ဖှေးအော်ဟစ်လိုက်သည်။ ရက်ကွန်းလေးလုပ်နေသည့် အရာကြောင့် သူတုန်လှုပ်သွား၏။

သို့သော် ထူးဆန်းသည့်အရာတစ်ခုဖြစ်ပျက်သွား၏။

လောင်ကျွမ်းသွားတော့မည်ဟု ထင်ထားသည့် ရက်ကွန်းကောင်လေးသည် သူ၏လက်များကို လိမ္မော်ရောင်ဓားသွားပေါ်သို့ တင်လိုက်၏။ ဖှေး၏ မှော်ဓားနှစ်လက်ကို ဖျက်ဆီးနေသည့် မီးဓားသွားသည် ရက်ကွန်းလေး၏အမွေးတစ်မျှင်ကိုပင် လောင်မြိုက်အောင်ပြုလုပ်နိုင်ခြင်းမရှိပေ။

ရက်ကွန်းလေးသည်အသက်အောင့်ကာ မီးစွမ်းအင်ဓားကို တားဆီးနိုင်ရန်အတွက်အကောင်းဆုံးကြိုးစားနေ၏။ ကြွက်သားများတင်းမာနေပြီး သူ၏မျက်လုံးများသည်လည်း ပြူးကျယ်နေလျှက်ရှိသည်။

မီးစွမ်းအင်ဓားသွားသည် သူ့အား လောင်ကျွမ်းနိုင်ခြင်းမရှိသော်လည်း ဓားသွားထဲတွင် ရုပ်ပိုင်းဆိုင်ရာစွမ်းအင်များပါ၀င်နေဆဲငင်။ ထို့ကြောင့် ဤအကောင်လေးသည် အားကုန်ထုတ်သုံးနေသော်လည်း အလွန်သေးငယ်လှသည့်အတွက်ကြောင့် ဖှေးအားများစွာကူညီနိုင်ခြင်းမရှိပေ။

သို့သော် ဖှေးပီတိဖြစ်သွားလိုက်မိသည်။

ကိန်း၏ စကားထဲတွင်အသုံးမ၀င်သည် ဤသားရဲကောင်လေးသည် ဤအခိုက်တန့်တွင် သူ၏သစ္စာရှိမှုကို ပြသနေ၏။ ဖှေးသည် ပီတိဖြစ်သွားရပြီး သူ၏မေတ္တာသည် အလဟသမဖြစ်ကြောင်းကို သိရှိလိုက်သည်။

အချိန်သည် ဖြေးညှင်းစွာကုန်ဆုံးနေသည်ဟု သူထင်နေရသော်လည်း တကယ်တန်းတွင် အရာများသည် လျှင်မြန်စွာဖြစ်ပျက်နေခြင်းပင်။

ပုလ္လင်ပေါ်တွင်ရပ်နေရင်းဖြင့် မီးစွမ်းအင်ဓားသွားကြီးအား ခုခံနိုင်ရန်အတွက်အကောင်းဆုံးကြိုးစားနေ၏။ သို့သော် သူသည် အနောက်သို့ တစ်မီတာခြင်းဆုတ်ခွာနေရလျှက်ရှိသည်။

ဓားထံမှ ထွက်ပေါ်လာနေသည့် ရူးလောက်ဖွယ်အပူချိန်သည် သူ၏လက်မောင်များနှင့် တံတောင်များအထိပင် လောင်ကျွမ်းစေ၏။

သူ၏လက်မောင်းများနှင့် တံတောင်များကို ဒိုင်ယာဘလိုကမ္ဘာမှ ပစ္စည်းများဖြင့် ကာကွယ်ထားသော်လည်း ထိုပစ္စည်းများသည် အမဲရောင်အဖြစ်သို့ ပြောင်းလဲကာ ခြောက်သွေ့နေလျှက်ရှိသည်။

"ဟားဟားဟား ချမ်းဘော့ဒ်ဘုရင် မင်းဘယ်လောက်ထိတောင့်ခံနိုင်ဦးမှာလဲ။ မင်းဒီအချိန်မှာ ဘေးကို ဖယ်ပေးလိုက်မယ်ဆိုရင်တောင် အသက်ရှင်နိုင်သေးတယ်နော်..."

ဓားရိုးထဲတွင် လိမ္မော်ရောင်မီးတောက်များသည် ဒိုမိန်း၏ မျက်လုံးများ၊ နားပေါက်များ၊ ပါးစပ်နှင့် နှာခေါင်းပေါက်သို့ အတွင်းမှ ထွက်ပေါ်လာနေလျှက်ရှိသည်။ သူသည် အလွန်ရက်စက်ကြမ်းကြုတ်နေပြီး သူ၏အသံသည်လည်း စိတ်ခံစားချက်ကင်းမဲ့နေလျှက်ရှိသည်။

"ငါလဲသိချင်နေတာပဲ..." ဖှေးတောက်ပသည့်မျက်လုံးများဖြင့် ပြန်ဖြေလိုက်၏။

"ကိုယ့်လူတစ်ယောက်ကိုကယ်ဖို့အတွက်နဲ့ မင်းအသတ်ကို စတေးမလို့လား။ မင်းက အတာလား သူရဲကောင်းဆန်တာလား ငါဘယ်လိုပြောရမလဲမသိတော့ဘူး။ ဆိုးတာက မင်းသေသွားမယ်ဆိုရင်တောင် မင်းသူ့ကို ကယ်လို့မရတော့ဘူး။ ဒါပေမယ့် မင်းင့ါကို သစ္စာခံမယ်ဆိုရင် မင်းကိုလွှတ်ပေးလိုက်မယ်။ မင်းကလည်း လီယွန်အင်ပါယာမှာထဲမှာ စွမ်းအားအကြီးမားဆုံးလူတွေထဲက တစ်ယောက်ဖြစ်လာနိုင်လိမ့်မယ်။ ငါနဲ့ အင်ပါယာအရှင်သခင်ပြီးရင်ပေါ့။ လီယွန်အင်ပါယာရဲ့ တော်၀င်မိသားစုကလည်း မင်းကို ကောင်းကောင်းဆက်ဆံလိမ့်မယ်ဆိုတာ ငါအာမခံတယ်..."

ဤအချိန်တွင် ဒိုမိန်းသည် သူ၏အရှေ့တွင်ရှိနေသည့်လူငယ်အား လေးစားနေပြီဖြစ်သောကြောင့် စည်းရုံးနိုင်ရန်အတွက် ကြိုးစားနေ၏။

သူထံမှ ထွက်ပေါ်လာနေသည့် စကားလုံးတစ်ခုခြင်းစီတိုင်းသည် မက်လောက်ဖွယ်ပင်။ အထူးသဖြင့် ဤကဲ့သို့အခြေအနေမျိုးတွင်ဖြစ်သည်။ သူသည် စစ်သည်များစွာ၏ သံမဏိစိတ်ဓာတ်ကိုပင် လွှမ်းမိုးနိုင်လောက်၏။

"ဟားဟား ဟာသပဲ ငါ့ရဲ့ခေါင်းပေါ်မှာရှိတဲ့ နတ်ဆိုးသားရဲလေးကတောင် အညံ့မခံတာ။ ချမ်းဘော့ဒ်ဘုရင်ဖြစ်နေတဲ့ငါက အညံ့ခံလိမ့်မယ်ထင်လို့လား။ လီယွန်အင်ပါယာရဲ့ နံပါတ်၁မှော်ဆရာက ဒီလိုစကားမျိုးပြောတယ်ဆိုတော့ ခင်ဗျားရဲ့ ဉာဏ်ရည်ကိုတောင် ပြန်ပြီးတော့ မေးခွန်းထုတ်ချင်လာပြီး။ ဒိုမိန်း ခင်ဗျားရဲ့လှည့်ကွက်တွေက အသုံး၀င်မှာမဟုတ်ဘူး..."

ရန်သူသည် သူ၏စိတ်အား ရှုပ်ထွေးအောင်ပြုလုပ်နေခြင်းဖြစ်သည်ကို ဖှေးသိလိုက်သည်။

သို့သော်သူသည် ဒိုင်ယာဘလိုကမ္ဘာထဲတွင် အန္တရာယ်များသည့် အခြေအနေမျိုးစုံကို ဖြတ်ကျော်ခဲ့ဖူး၏။ သူသည် အလောင်းတောင်များကို ဖြတ်ကျော်ကာ သွေးမြစ်များစွာကိုလည်း ကူးခတ်ခဲ့ဖူးသည်။ ထို့ကြောင့် သူသည် အရင်ဘ၀မှ သာမန်တက္ကသိုလ်ကျောင်းသားတစ်ယောက်မဟုတ်တော့ပေ။ ထိုအစားသူသည် အခက်ခဲများစွာကို ကျော်ဖြတ်လာခဲ့ဖူးသည့် ဘုရင်တစ်ပါးပင်။ ထို့ကြောင့် သူသည် သွေးထွက်သံယိုတိုက်ပွဲများတွင် နောက်သို့ ဆုတ်ပေးမည့်လူမဟုတ်ပေ။

"ကောင်းပြီလေ။ ဇီးနစ်အင်ပါယာထဲမှာ ယရှင်းပြီးတော့ ဒီလိုသံမဏိစိတ်ဓာတ်နဲ့စစ်သည်တစ်ယောက်ထပ်ရှိနေလိမ့်မယ်လို့ ငါမထင်ခဲ့ဘူး။ မင်းက အရှုံးမပေးချင်ဘူးဆိုတော့ ငါက ပါရမီရှင်တစ်ယောက်ကို အဆုံးရှုံးခံပြီး သတ်ရတော့မှာပေါ့...သေစမ်းကွာ..."

ဤဘုရင်အား စည်းရုံးနိုင်ခြင်းမရှိသည်ကို သိလိုက်ပြီးနောက်တွင် ဒိုမိန်းသည် သူထိန်းချုပ်ထားသည့် စွမ်းအားများအားလုံးကို ထုတ်လွှတ်လိုက်တော့၏။

ချက်ချင်းပင် မီတာ၁၀၀၀ကျော်ခန့်ရှည်လျားသည့် လိမ္မော်ရောင်မီးစွမ်းအင်ဓားသွားကြီးတုန်ခါသွားကာ စွမ်းအင်များပေါက်ကွဲသွားပြီးလောက်မြိုက်နေသည့် မီးတောက်များသည်လည်း ပို၍တောက်ပလာတော့သည်။

"ချွတ် ချွတ်..."

ဖှေး၏လက်ထဲတွင်ရှိနေသည့် ဓားနှစ်လက်၏ အကြမ်းခံနိုင်မှုသည်လည်း သုညသို့ရောက်ရှိသွားတော့သည်။

ဓားနှစ်လက်ထံမှ ထွက်ပေါ်လာနေသည့် အနီရောင်စွမ်းအင်သင်္ကေတများသည်လည်း ပျောက်ကွယ်သွားပြီး အ၀ါရောင်ဓားကိုယ်ထည်များသည် စတင်၍ ကွဲအက်လာတော့သည်။ ဒဏ္ဏာရီလာမသေမျိုးဘုရင်အသုံးပြုခဲ့သည့် ဓားများသည် အရည်ပျော်လိမ့်မယ်မဟုတ်ပဲ အပိုင်းပိုင်းပြတ်ထွက်ကုန်တော့၏။

ဖှေး၏လက်နက်များပျက်ဆီးသွားသောကြောင့် ရန်သူ၏ သိုင်းကွက်သည်လည်း သူ့ထံသို့ ပို၍ မြန်ဆန်စွာပင်ကျဆင်းလာတော့သည်။

"ကျွီ ကျွီ ကျွီ..."

ရက်ကွန်းကောင်လေး၏ ရှေ့ခြေထောက်အရိုးများကျိုးကြေကုန်သည်။ ထို့နောက်တွင် အကောင်လေးသည် သတိလစ်မေ့မျောသွားပြီး ပုလ္လင်ပေါ်သို့ ပြုတ်ကျသွားတော့၏။

ဖှေးအလိုရှိပါက ဤအချိန်တွင် လိမ္မော်ရောင်ဓားသွားထံမှ ကစဥ့်ကလျားခြင်းပုလ္လင်၏ တယ်လီပေါ့တ်စွမ်အားကို အသုံးပြု၍ ထွက်ပြေးလို့ရနေဆဲပင်။

သို့သော် ဖှေးသည် မန်နေဂျာ အေဘရာလက်ဆောင်ပေးခဲ့သည့် ထူးဆန်းသည့်ပုံသဏ္ဏာန်နှင့် ဓားနှစ်လက်ကို ဆင့်ခေါ်လိုက်သည်။ သူသည် ဓားများကို မီးလောက်ထားသည့်လက်များဖြင့် ဆုပ်ကိုင်လျှက် ပြန်လည်တိုက်ခိုက်ရန်ကြိုးစားနေဆဲပင်။

သို့သော်လည်း လက်နက်များသည် လိမ္မော်ရောင်ဓားသွားများနှင့် ထိလိုက်လျှင် ထိလိုက်ခြင်းပင် ကျိုးပဲ့သွားတော့သည်။

ဖှေး၏မျက်နှာပေါ်တွင်ရှိနေသည့် အမူယာသည် ပြောင်းလဲခြင်းမရှိပေ။

သူသည် နတ်ဆိုးအကျွင်းကျန်များဖြင့် ပြုလုပ်ထားသည့် ကြီးမားသည့် ဓားကြီးတစ်လက်ကို ဆင့်ခေါ်လိုက်သည်။

"ချွတ်..."

ထိုဓားသည်လည်း ကျိုးပဲ့သွား၏။

နတ်ဆိုးအကျွင်းကျန်များဖြင့် ပြုလုပ်ထားသည့် ပုဆိန်ကြီး...

"ချွတ်..."

ပုဆိန်သည်လည်း ကျိုးကြေသွားသည်။

ဓားသွား...

ဒိုင်း...

ဖှေးဆင့်ခေါ်သမျှလက်နက်အားလုံးသည် ကျိုးပဲ့ကုန်ကြ၏။

စက္ကန့်အနည်းငယ်အတွင်းမှာပင် ဖှေး၏မှော်လက်စွပ်ထဲတွင်ထည့်ထားသည့်လက်နက်များအားလုံး ကျိုးပဲ့ကုန်တော့သည်။

သာမန်လက်နက်များသည် နေအဆင့်သခင်တစ်ယောက်၏ စွမ်းအင်ဓားသွားကို ယှဥ်နိုင်စွမ်းမရှိသည့်အတွက်ပင်။

သို့သော် ဖှေးသည် ထူးဆန်းစွာပင် တည်ငြိမ်နေ၏။ သူ၏မျက်လုံးများသည် ပို၍ပို၍တောက်ပလာနေလျှက်ရှိသည်။

ကြီးမားသည့်အန္တရာယ်ထဲတွင် ကျရောက်နေလေလေ သူသည် ပို၍တည်ငြိမ်လာလေလေဖြစ်သည်။

နောက်ဆုံးအချိန်တွင် အခွ့င်ရေးတစ်ခုရောက်လာနိုင်သည့်အတွက်ပင်။

သို့သော် အချိန်သည် ဖှေးဘက်တွင်ရှိမနေပေ။ မီးစွမ်းအင်ဓားသွားသည် ဖှေး၏ နဖူးပေါ်သို့ ကျရောက်တော့မည်ဖြစ်သည်။

သေခြင်းတရား၏ အရိပ်မဲကြီးသည်လည်း ဖှေးအားလွှမ်းခြုံသွားပြီး ပြန်လည်တိုက်ခိုက်ရန်ခွန်အားမရှိတော့ပေ။

ဤအခိုက်တန့်တွင် ဖှေး၏မျက်လုံးထဲတွင် အန်ဂျယ်လာ၊ အယ်လီနာ၊ ဒရော့ဂ်ဘာ၊ တိုးရိစ်၊ တာနာရှာနှင့် ပဲရစ်တို့၏ ပုံရိပ်များကိုမြင်လိုက်ရသည်။ အေဇာရုတိုက်ပေါ်တွင်ဖြစ်ခဲ့သမျှအရာအားလုံးသည် အိမ်မက်ကဲ့သို့ပင် ဖှေးရုတ်တရက်ခံစားလာရ၏။

ဖှေးသည် သူ၏ သေခြင်းတရားကို လက်ခံရန်အတွက် အသင့်ပြင်လိုက်ပြီးသည့်အချိန်တွင် ဖှေး၏ခန္ဓာကိုယ်ထဲတွင်ရှိနေခဲ့ပြီး ဆင့်ခေါ်၍မရခဲ့သည့်အရာတစ်ခုသည် အနည်းငယ်တုန်ခါသွား၏။

All Chapters