← Chapters

အခန်း (၆၅၅)

Vol. 42 Ch. 655

အခန်း (၆၅၅)

Vol. 42 Ch. 655

ထိုအရာသည် လျို့၀ှက်ထူးဆန်းသည့် ကျောက်တိုင်ကြီးပင်။

ဤကျောက်တိုင်ကြီးသည် ကောင်းကင်မြို့တော်ထဲတွင် နှစ်ပိုင်းပြတ်နေခဲ့ပြီး ဖှေးကမ္ဘာကျောက်တုံအား သန့်စင်သည့်အချိန်တွင် အကြောင်းပြချက်တစ်စုံတစ်ရာကြောင့် တစ်ခုတည်းပြန်ဖြစ်သွားခဲ့ခြင်းပင်။ ထို့နောက်တွင် ဖှေး၏ခန္ဓာကိုယ်ထဲသို့ ၀င်ရောက်သွားခဲ့သော်လည်း ဖှေး၏ဆင့်ခေါ်မှုများကို ပြန်လည်ကာ တုန့်ပြန်ခြင်းမပြုခဲ့ပေ။

သို့သော် ဤအခိုက်တန့်တွင် ဖှေး၏ အသက်အန္တရာယ်ကျရောက်နေသည့်အတွက်ကြောင့် အနည်းငယ်တုန်ခါသွား၏။

ထိုကဲ့သို့ တုန်ခါသွားသည့်အတွက် ဖြစ်စဥ်တစ်ခုဖြစ်ပေါ်လာ၏။

ဖော်ပြ၍မရနိုင်သည့် စွမ်းအင်တစ်ခုသည် ဖှေး၏ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာခြင်းပင်။

အကယ်၍ ဒိုမိန်း၏ မီးစွမ်းအင်ဓားသွားသည် နတ်ဘုရားများ၏ စွမ်းအင်ကဲ့သို့ အစွမ်းထက်ပါက လျို့၀ှက်သည့် ကျောက်တိုင်ကြီးမှ ထွက်ပေါ်လာသည့် စွမ်းအင်သည် နတ်ဘုရားများဘုရင်၏ အမျက်ဒေါသကဲ့သို့ပင်။

ဤကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအင်ကို မည်သည့်စကားလုံးမှ ဖော်ပြနိုင်လိမ့်မည်မဟုတ်ပေ။

မည်သည့်အရာမှ ရပ်တန့်နိုင်ခြင်းမရှိပေ။

လိမ္မော်ရောင်မီးစွမ်းအင်ဓားသွားကြီးသည်လည်း ဤစွမ်းအားကို မည်သည့်အရာမှ ပြုလုပ်နိုင်ခြင်းမရှိပေ။ အရာအားလုံးသည် ပြောင်းပြန်ဖြစ်လာသည့်အတိုင်းပင်။ လေတိုက်ခံလိုက်ရသည့် မီးတောက်တစ်ခုကဲ့သို့ပင် မီတာ၁၀၀၀ကျော်ခန့်ရှည်လျားသည့် မီးစွမ်းအင်ဓားသွားကြီးသည် ပို၍ပို၍သေးငယ်လာတော့၏။

"ဘာဖြစ်တာလဲ..." ဒိုမိန်း၏မျက်လုံးများပြုးကျယ်သွားသည်။

ဖှေး၏ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည့်စွမ်းအင်သည် နေအဆင့်သခင်တစ်ယောက်ဖြစ်သည့် သူ့ကိုပင် ကြောက်လန့်သွားစေ၏။ သူ့အား ဒူးထောက်ကာ ကိုးကွယ်ချင်သည့် ခံစားချက်များပင် ထွက်ပေါ်လာစေသည်။

သူ၏ မဟာရန်သူဖြစ်သည် ယရှင်းပင် ဤကဲ့သို့သောအဆင့်ရှိသည့် ဖိအားကို ယူဆောင်လာပေးနိုင်ခြင်းမရှိပေ။

ဆယ်စက္ကန့်အတွင်းမှာပင် လိမ္မော်ရောင်မီးစွမ်းအင်ဓားသွားကြီးပျောက်ကွယ်သွားတော့၏။ အလွန်မှောင်မဲနေသည့် ကောင်းကင်ကြီးသည်လည်း ပြန်လည်ကာ တောက်ပလာတော့သည်။ အရာအားလုံးသည် ဘာမှမဖြစ်ခဲ့သည့်အတိုင်းပင် ပုံမှန်အခြေအနေသို့ ပြန်လည်ကာ ရောက်ရှိကုန်တော့၏။

နတ်ဘုရားဘုရင်အဆင့်ရှိသည့်စွမ်းအားသည် ရုတ်တရက်ရောက်ရှိလာပြီး လျှင်မြန်စွာပင် ပြန်လည်ထွက်ခွာသွားခဲ့ခြင်းပင်။

ဖှေးတုန်လှုပ်သွားကာ သူ၏လက်များကို ဖွင့်ကြည့်လိုက်သည်။

သံမဏိလက်အိပ်များသည် အက်ကွဲကာ မြေပေါ်သို့ ပြုတ်ကျကုန်ပြီဖြစ်ပြီး မသေမျိုးဘုရင်၏ ၀ိဉာဥ်အချုပ်နှောင်ချပ်၀တ်၏ အကြမ်းခံနိုင်စွမ်းမာလည်း ဂဏန်းသုံးလုံးအောက်ပင်ရောက်ရှိသွားပြီဖြစ်သည်။

သို့သော် ဖှေး၏ ခန္ဓာကိုယ်ပေါ်တွင်ရှိနေသည် မီးလောက်ကျွမ်းကာ မဲနက်နေသည့် ဒဏ်ရာများအားလုံးသည် ဤစွမ်းအင်၏ ကုသပေးခြင်းကို ခံလိုက်ရ၏။ သူ၏ ခန္ဓာကိုယ်သည် ပြန်လည်မွေးဖွားလာသလိုပင် ချောမွေ့နူညံ့နေလျှက်ရှိသည်။

"အတော်လေးကြောက်စရာကောင်းတဲ့စွမ်းအင်တစ်ခုပဲ။ စိန်ခေါ်လို့မရဘူး..."

ထိုစွမ်းအား ဖှေး၏ခန္ဓာကိုယ်ထဲမှ ထွက်လာလျှင် ထွက်လာခြင်းပင် သူသည် ထိုစွမ်းအင်အား ကောင်းမွန်စွာခံစားလိုက်ရ၏။ စွမ်းအားထွက်ပေါ်လာသည့်အချိန်တွင် သူသည် နတ်ဘုရားများ၏ ဘုရင်တစ်ပါးကဲ့သို့ပင်။ သူသည် ကမ္ဘာကြီးအား အုပ်စိုးသူဖြစ်နေပြီး လူတိုင်း၏ ဘ၀အား အဆုံးဖြတ်ပေးနိုင်သကဲ့သို့ပင်။

သူသည် ပန်းများကို ပွင့်အောင်ဖန်တီးနိုင်သည်။ သစ်ပင်များကိုလည်း ခြောက်သွေ့သွားအောင်ဖန်တီးနိုင်စွမ်းရှိသည်။ သူသည် နတ်ပြည်နှင့် ငရဲပြည်တို့ကို ဖန်တီးနိုင်၏။

ထိုကဲ့သို့သော ခံစားချက်များအားလုံးသည် တိုင်လုံးမှ ထွက်ပေါ်လာခဲ့သည့် စွမ်းအင်မှ ဆင်းသက်လာခြင်းပင်။

ကံမကောင်းစွာပင်။ ထိုကျောက်တိုင်ကြီးသည် အလွန်စျေးကိုင်သည့်ပုံပင်။ ဖှေး၏အသက်ကိုသာ ကယ်လိုက်ပြီး သူ၏ စွမ်းအားများကို ဖှေးအားပေးသုံးလိုခြင်းမရှိပေ။ ဖှေးမည်မျှပင် ကြိုးစား၍ ဆင့်ခေါ်စေကာမူ ပြန်လည်တုန့်ပြန်ခြင်းမရှိတော့ပေ။

"အဲ့တာ အဲ့တာက...မင်းမှာ အဲ့လို စွမ်းအားမျိုးမရှိနိုင်ပါဘူး...မင်းက သေမျိုးတွေရဲ့ အဆင့်ကို ကျော်တဲ့စွမ်းအင်မျိုးကို ဘယ်က ရခဲ့တာလည်း..." ဒိုမိန်းသည် အနောက်သို့ မီတာ၁၀၀ခန့်ဆုတ်ခွာသွားပြီး ဖှေးအား ထိတ်လန့်သည့်မျက်လုံးများဖြင့် ကြည့်လိုက်သည်။

ထိုစွမ်းအားသည် အလွန်ကြီးကျယ်ခမ်းနားသည့်အတွက်ကြောင့်ပင်။

အကယ်၍ သူ ထိုစွမ်းအင်နှင့်ထိလိုက်မိပါက ချက်ချင်းပင် ပြာကျသွားမည်ဖြစ်သောကြောင့်ပင်။

ထိုအခိုက်တန့်တွင် သူသည် သေခြင်းတရားကို ခံစားလိုက်ရ၏။ သူအရှုံးပေးရန်တွေးလိုက်သည့်အချိန်တွင် ထိုစိတ်ကူးမယဥ်နိုင်လောက်သည့်စွမ်းအားသည် ဘယ်တုန်းကမှမရှိခဲ့သလိုပင် ရုတ်တရက်ပျောက်ကွယ်သွား၏။

သူတုန်လှုပ်သွားပြီး ဖှေးအားစိုက်ကြည့်လိုက်သည်။ သူသည် တစ်စုံတစ်ခုအား အဖြေရှာနေသလိုပင်။

ဖှေး၏ မျက်နှာပေါ်တွင် အမူယာတစ်စုံတစ်ရာမရှိပေ။

သူသည် ပြန်လည်သစ်လွင်ဆေးပုလင်းတစ်လုံးကို ထုတ်ယူလိုက်ပြီး ရက်ကွန်းကောင်လေး၏ ပါးစပ်အတွင်းသို့ လောင်းထည့်ပေးလိုက်သည်။

မကြာမှီတွင် အကောင်လေးနိုးလာတော့၏။ အဝေးတွင်ရပ်နေသည့် ဒိုမိန်းအားမြင်လိုက်သည့်အချိန်တွင် အော်ဟစ်လိုက်သည်။ အမွေးမျှင်များနှင့် အမြှီးတို့သည် အပေါ်သို့ ထောင်နေလျှက် ဘေးပတ်၀န်းကျင်သို့ စိုးရိမ်စွာဖြင့်ကြည့်နေကာ ဖှေးအား ဤနေရာမှ အမြန်ထွက်ရန်တိုက်တွန်းနေ၏။

ဖှေး၏ အနောက်တွင် ဟေဇယ်-ဘန်ခ့်သည် စွမ်းအင်မြူခိုးများကို ထူးခြားသည့် အရှိန်၀ါတစ်ခုဖြင့် အသက်ရှူသွင်းရှူထုတ်လုပ်နေ၏။ လူ့ဘီလူးကြီးတစ်ကောင်အသက်ရှူနေကာ ပတ်၀န်းကျင်တွင်ရှိနေသည့် သဘာ၀ဓာတ်ဂုဏ်သတ္တိများကို ပြောင်းလဲအောင်ပြုလုပ်နေသလိုပင်။

ထိုအရာသည် နေအဆင့်သခင်တစ်ယောက်ဖြစ်လာခါနီးနေသည်ကို ဖော်ပြနေသည့်အချက်တစ်ခုပင်။

"မဟုတ်ဘူး။ အဲ့တာက မင်းရဲ့စွမ်းအားမဟုတ်ဘူး။ မဖြစ်နိုင်ဘူး..." သူသည် ဟေဇယ်-ဘန့်ခ်၏အရှိန်၀ါကို အာရုံခံလိုက်မိပြီး ဒိုမိန်းသည် စတင်၍ စိတ်မရှည်ဖြစ်လာတော့၏။ သူ၏မျက်လုံးများထဲတွင် ရူးသွပ်သည့် အရိပ်ယောင်များထွက်ပေါ်လာပြီး ဖှေးအား ထက်မံစမ်းသပ်ကြည့်ရန်ဆုံးဖြတ်လိုက်သည်။

"မင်းဒီလိုစွမ်းအားမျိုးကို နှစ်ခါတော့သုံးနိုင်မှာမဟုတ်ဘူး...ဒါကို ယူလိုက်စမ်း...ကမ္ဘာဖျက်ဥက္ကာခဲ..."

လေတိုက်သံများထွက်ပေါ်လာပြီး ကောင်းကင်ပေါ်တွင်မီးတောက်များစွာပေါ်လာတော့သည်။ ထို့နောက်တွင် ဆယ်မီတာခန့်ကြီးမားသည့် ဥက္ကာပျံခဲတစ်လုံးသည် ဖှေးနှင့် ဟေဇယ်-ဘန့်ခ်တို့ထံသို့ ကောင်းကင်ပေါ်မှ ပျံသန်းကာ ကျဆင်းလာတော့၏။

ထိုဥက္ကာပျံခဲကြီးသည် ကောင်းကင်အား နှစ်ခြမ်းခွဲနေသည့်အတိုင်းပင် လေထဲတွင် ပုံရိပ်ယောင်များကို ချန်ထားခဲ့၏။

ဖှေး၏မျက်နှာပေါ်တွင် လေးနက်သည့်အမူယာတစ်ခုပေါ်လာ၏။ သူသည် ပြီးခဲ့သည့်တိုက်ပွဲများကြောင့် အလွန်ပင်မောပန်းနေခဲ့ပြီဖြစ်သည်။

သူသည် ဆက်လက်တိုက်ခိုက်နိုင်သေးသည့်ပုံရှိနေသော်လည်း ဟန်လုပ်နေခြင်းသာဖြစ်၏။ တကယ်တန်းတွင် လက်နက်များကိုပင် ကိုင်နိုင်သည့် ခွန်အားမျိုးမရှိတော့ပေ။ ကောင်းကင်ပေါ်မှ ကျဆင်းလာနေသည့် ကြီးမားသည့် ဥက္ကာပျံခဲကြီးအား တားဆီးရန်မှာ မဖြစ်နိုင်တော့ပေ။

၁၀၀မီတာ...

၅၀မီတာ...

၃၀မီတာ...

၁၀မီတာ...

၃မီတာ...

ဖှေးသည် လှုပ်ရှားခြင်းမရှိပေ။ ထိုနေရာ၌ပင် ရပ်နေပြီး ဆင်းလာနေသည့် ဥက္ကာပျံခဲကြီး၏ စွမ်းအင်အား ခံစားလိုက်မိသည်။ ထွက်ပေါ်လာနေသည့် လေပြင်းများကပင် ဖှေးအား အသက်ရှူကြပ်နေစေ၏။

သို့သော် ဘုရင်၏ မျက်နှာပေါ်တွင် စိတ်သက်သာသွားသည့်အပြုံးတစ်ခုရှိနေ၏။

"ဖုန်း..."

မီးခိုးရောင်စွမ်းအင်များသည် ဖှေး၏အနောက်မှ နေ၍ ကောင်းကင်ပေါ်သို့ ထောင်တက်သွား၏။

ဤစွမ်းအင်ကြောင့် မီးတောက်များအားလုံးငြိမ်းသက်သွားပြီး ကျဆင်းလာနေသည့် ဥက္ကာပျံခဲကြီးသည်လည်းအနောက်သို့ လွှင့်ထွက်သွားတော့သည်။

နောက်ဆုံးတွင် အန္တရာယ်မရှိတော့ချေ။

"ခင်ဗျားသာ ဒီထက်နောက်ကျရင် ကျွန်တော့တို့နှစ်ယောက်လုံး အပိုင်းပိုင်းပြတ်ကုန်တော့မယ်..." ဖှေးသည် စိတ်အေးသွားပြီးပြောလိုက်၏။ သူသည် ယခုအချိန်တွင် လုံခြုံသွားပြီးဖြစ်သောကြောင့် သူ၏ ခန္ဓာကိုယ်ကိုပင် ဆက်လက်ထိန်းထားခြင်းမရှိတော့ပဲ ပုလ္လင်ပေါ်သို့ အနည်းငယ်ယိမ်းယိုင်သွားကာ ထိုင်လိုက်၏။

All Chapters