"င့ါအလှည့်ပဲ..."
Vol. 42 Ch. 656
"ကျွန်တော်လုပ်နိုင်ခဲ့တာ တော်သေးတယ်။ အခုတော့ င့ါအလှည့်ပေါ့..." ဟေဇယ်-ဘန့်ခ်သည် မြေပြင်ပေါ်တွင် မတ်တပ်ရပ်လိုက်ပြီး သူ၏ လက်ကို ေ၀ှ့ရမ်းလိုက်သည်။ တောင်ပေါ်တွင်ရှိနေသည့် အရှိန်၀ါဖျောက်သည့်မှော်အစီရင်များအားလုံးကို ရုတ်သိမ်းလိုက်၏။
သူ၏ ခန္ဓာကိုယ်ပေါ်တွင် စွမ်းအင်အရှိန်၀ါများတောက်ပနေခြင်းမရှိပဲ ဟေဇယ်-ဘန့်ခ်သည် လေထဲတွင် လမ်းလျှောက်ကာ သူခြေလှမ်းတစ်လှမ်းလှမ်းလိုက်သည့်အချိန်တိုင်းတွင် သူ၏ ခြေထောက်အောက်တွင် အနက်ရောက်ကြာပန်းတစ်ပွင့်ထွက်ပေါ်လာနေလျှက်ရှိသည်။ သူသည် ဖှေး၏အရှေ့သို့ လမ်းလျှောက်သွားလိုက်ပြီး ဒိုမိန်းထံမှ ကာကွယ်ပေးလိုက်သည်။
ဖှေး ဒိုမိန်းနှင့်တိုက်ခိုက်ခဲ့စဥ်က သေခါနီးနေစေကာမူ အနောက်သို့ မဆုတ်ခဲ့သည့်အတိုင်းပင် ဟေဇယ်-ဘန့်ခ်သည် ယခုအချိန်တွင် ဖှေးအား ပြန်လည်ကာ ကာကွယ်ပေးတော့မည်ဖြစ်သည်။
အဆင့်တက်နေသည့် အချိန်တွင် သူသည် လှုပ်ရှား၍ စကားပြောနိုင်ခြင်းမရှိခဲ့သော်လည်း ဖြစ်ခဲ့သည့်အရာများကို မြင်တွေ့ခဲ့သည်။
ရိုးသားစွာပင် ဖှေးသည်သူ့အား အသေခံကာကာကွယ်ပေးလိမ့်မည်ဟု ဟေဇယ်-ဘန်ခ့်မထင်ခဲ့ပေ။ သူနှင့် သိသည့်အချိန်မှာလည်း မကြာသေးသည့်အတွက်ပင်။
ဟေဇယ်-ဘန့်ခ်သည် နှစ်ပေါင်းရာနှင့်ချီကာ ရှင်သန်ခဲ့သည့်လူတစ်ယောက်ဖြစ်သော်လည်း တစ်ခါမှမကြုံဖူးစွာပင် တုန်လှုပ်သွားခဲ့မိသည်။
သူသည် အပြင်ပိုင်းတွင် တည်ငြိမ်နေသော်လည်း ဒိုမိန်းအား တိုက်ပွဲဆာလောင်စွာဖြင့် စိုက်ကြည့်နေလျှက်ရှိသည်။
ဤအရာအား အာရုံခံလိုက်ပြီးသည့်နောက်တွင် ဒိုမိန်းသည် တုန်လှုပ်နေရာမှ ပြန်လည်ကာ နိုးထလာခဲ့သည်။
သူ၏အဖြူရောင်၀တ်ရုံသည် လေထဲတွင် လွှင့်ပျံနေရင်းဖြင့် သူ၏ တောင်ေ၀ှးကို ဆုပ်ကိုင်လိုက်၏။ မျက်နှာပေါ်တွင် အပြုံးတစ်ခုနှင့် သူပြောလိုက်၏။ "မင်းက ငါထင်ထားတာထက် ပိုပြီးမြန်မြန်အဆင့်တက်သွားနိုင်တာပဲ။ မင်းကလည်း ပါရမီရှင်တစ်ယောက်ပဲ။ ဒါပေမယ့် ငါက နေအဆင့်သခင်တစ်ယောက်ဖြစ်နေတာ တစ်နှစ်ကျော်လောက်ရှိနေပြီ။ မင်းက အခုမှ အဆင့်တက်လာတဲ့ကောင်ပဲ။ င့ါမျက်လုံးထဲမှာဆို လမ်းလျှောက်သင်ခါစကလေးလေးတစ်ယောက်လိုပဲ။ မင်းက င့ါကို ဒီလို လာပြီးတော့ စိန်ခေါ်ရဲတယ်ပေါ့..."
"မင်းက အတော်စကားများတဲ့ကောင်ပဲ..."
အောက်လမ်းဆရာသည် ယင်ကောင်တစ်ကောင်အား ရှင်းရန်ကြိုးစားနေသလိုပင် သူ၏လက်ကို ၀ှေ့ရမ်းလိုက်၏။ မမြင်နိုင်သည့်စွမ်းအင်တစ်ခုသည် ချက်ချင်းပင် ဒိုမိန်းထံသို့ ပျံသန်းသွားတော့သည်။
ဟေဇယ်-ဘန့်ခ်၏ လေးစားမှုမရှိသော ရွေ့ကွက်ကြောင့် ဒိုမိန်းအနည်းငယ်ဒေါသဖြစ်သွားသည်။
"ဘုန်း..."
မတူညီသည့် စွမ်းအင်နှစ်ခုတိုက်ခိုက်မိကြပြီး စွမ်းအင်လှိုင်းများသည် အပြင်သို့ ပြန့်နှံ့သွားတော့သည်။ မီးရှူးမီးပန်းတစ်ခုလိုပင် လှပနေ၏။
"အား ဖွီ..."
ထို့နောက်တွင် ဒိုမိန်း၏ ပါးစပ်အတွင်းမှ သွေးများပန်းထွက်လာပြီးအော်ဟစ်လိုက်၏။ သူ၏မျက်နှာပေါ်တွင် တုန်လှုပ်သွားသည့်အမူယာတစ်ခုဖြင့် ဘာမှမပြောတော့ပဲ အနောက်သို့ လှည့်ကာ ထွက်ပြေးရန်ကြိုးစားတော့သည်။
"နောက်ကျလွန်းသွားပြီ..."
ဤကဲ့သို့ဖြစ်လာမည်ကို ဟေဇယ်-ဘန့်ခ်ကြိုတင်ကာ တွက်ဆထားပြီးဖြစ်သည့်အတွက်ကြောင့် သူ၏လက်ကို စိတ်ခံစားချက်ကင်းမဲ့စွာဖြင့် ၀ှေ့ရမ်းလိုက်၏။
"၀ုန်း..."
သူတို့၏ပတ်၀န်းကျင်တွင်ရှိနေသည့် ကမ္ဘာကြီးပြောင်းလဲသွား၏။
မမြင်နိုင်သည့်လက်တစ်ဖက်သည် ကောင်းကင်ပေါ်သို့ မင်အိုးတစ်ခုမှောက်ချလိုက်သလိုပင် တောက်ပနေသည့် ကောင်းကင်ကြီးတစ်ခုလုံးမဲမှောင်သွား၏။ အမဲရောင် တိမ်တိုက်ကဲ့သို့သော စွမ်းအင်များသည် ဟေဇယ်-ဘန့်ခ်၏ ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာ၏။ ထွက်ပေါ်လာသည့်နှုန်းသည် အလွန်မြန်ဆန်သည့်အတွက်ကြောင့် ဒိုမိန်းထံသို့ ချက်ချင်းရောက်သွားကာ သူ့အားလွှမ်းခြုံလိုက်၏။
"နေမူမမှန်ခြင်းလား...မင်းက နေမူမမှန်ခြင်းကိုတောင်သုံးတတ်သွားပြီပေါ့..." ဒိုမိန်းသည် မျှော်လင့်ချက်မဲ့စွာဖြင့် အော်ဟစ်လိုက်တော့သည်။
သူ၏ပတ်၀န်းကျင်တွင်ရှိနေသည့်အရာအားလုံးပြောင်းလဲသွားပြီး သူသည်နောက်ထပ်ကမ္ဘာတစ်ခုထဲတွင်နေခြင်းဖြစ်ကြောင်းကို ဖှေးသတိထားလိုက်မိ၏။
တောက်ပနေသည့် ကောင်းကင်၊ ကြီးမားသည့်တောက်တန်းကြီးများနှင့် မြက်ပင်များသည် ယခုအချိန်တွင်မရှိတော့ပေ။
ယခုအချိန်တွင် ဖှေးရောက်နေသည့် ကမ္ဘာမှာ မှောင်မိုက်နေ၏။ ထူထဲသောအမဲရောင်တိမ်တိုက်များသည် ကောင်းကင်ပေါ်တွင်ရှိနေပြီး လေညှင်းများလည်းတိုက်ခတ်နေခြင်းမရှိပေ။ ဤနေရာတွင်ရှိနေသည် လေထုသည် မျှော်လင့်ချက်မဲ့ကာ ၀မ်းနည်းကြေကွဲဖွယ်ပင်။
ထိုအရာများက ထိတ်လန့်ဖွယ်မကောင်းသေးပေ။
ထိတ်လန့်ဖွယ်ကောင်းသည်မှာ ဤကမ္ဘာထဲတွင်ရှိနေသည့် မြေပြင်အား အဖြူရောင်အရိုးများဖြင့် ပြုလုပ်ထားခြင်းပင်။ မြေပြင်ပေါ်တွင် အရိုးများစွာရှိနေပြီး ပင်လယ်ကြီးတစ်ခုလိုပင် အဆုံးမဲ့နေ၏။ အပြာရောင်တစ္ဆေမီးတောက်များလည်း တောက်လောင်နေပြီး လေထုအား ပို၍ပင် အေးစက်ကာ ကြောက်မက်ဖွယ်ကောင်းနေစေလျှက်ရှိသည်။
ရုတ်တရက် ကြောက်မက်ဖွယ်ရာတစ်စုံတစ်ခုမှ အမိန့်ပေးလိုက်သည့်အတိုင်းပင် အဖြူရောင်အရိုးများသည် ပင်လယ်လှိုင်းလုံးကြီးများကဲ့သို့ အပေါ်အောက်စတင်ကာ ရွေ့လျားလာတော့သည်။ ကြမ်းတမ်းစူးရှသည့် အရိုးခြင်း ရိုက်ခတ့်သံများထွက်ပေါ်လာ၏။
မြင်နိုင်သည့် မီးခိုးရောင်မြူခိုးများသည် အရိုးများပေါ်တွင် ၀ဲပျံနေလျှက်ရှိပြီး သေခါနီးမကောင်းဆိုး၀ါးကောင်အမျိုးမျိုး၏ အော်ဟစ်နေသော ပုံရိပ်များကို ထင်ဟပ်စေနေလျှက်ရှိသည်။ ကြောက်မက်ဖွယ်ပုံရိပ်များသည် လူများ၏ စိတ်ကို ခြောက်ခြားစေနိုင်ပြီးတစ်သက်လုံးစာပင် စိတ်ဒဏ်ရာပေးနိုင်၏။
မီးခိုးရောက်မြူခိုးများသည် မကောင်းဆိုး၀ါးစွမ်းအင်များပင်ဖြစ်ပြီး ဤသည်မှာ သေခြင်းတရား ကမ္ဘာတစ်ခုပင်။
ဤသည်မှာ ဟေဇယ်-ဘန့်ခ်၏ နေမူမမှန်ခြင်းဖြစ်သည့် [သေမင်းလျှောက်သောလမ်း]ပင်။
ပွဲကြည့်ပရိသတ်တစ်ယောက်လိုပင် ဖှေးသည် ကစဥ့်ကလျားခြင်းပုလ္လင်ပေါ်တွင် ထိုင်နေလျှက် သူ၏ ထားသိုရာလက်စွပ်အတွင်းမှ စားသောက်စရာများကိုပင် ထုတ်ယူလိုက်၏။ တိုက်ပွဲသည် သူ၏ စွမ်းအင်များစွာကို ကုန်ဆုံးစေခဲ့သည့်အတွက်ကြောင့် ပြန်လည်ကာ ဖြည့်တင်းရမည်ဖြစ်သည်။ ရက်ကွန်းကောင်လေးသည် ဖှေး၏ ပေါင်ပေါ်တွင်ထိုင်နေရင်းဖြင့် ၀ိုင်တစ်လုံးနှင့် အသားကင်တစ်ချောင်းကို ကိုင်ကာ ပြုံးနေလျှက်ရှိသည်။
အမဲရောင်ချပ်၀တ်တစ်စုံကို ၀တ်ဆင်ထားရင်းဖြင့် အောက်လမ်းဆရာသည် ကောင်းကင်ပေါ်တွင် နတ်ဆိုးတစ်ပါးကဲ့သို့ ပျံသန်းနေလျှက်ရှိသည်။
မြေပြင်ပေါ်တွင်ရပ်နေရင်းဖြင့် ဒိုမိန်းသည် တံတွေးမျိုချလိုက်ပြီး စွမ်းအင်မီးတောက်များကို ထုတ်လွှတ်လိုက်သည်။ မကောင်းဆိုး၀ါးစွမ်းအင်များ၏ စားသုံးမှုအား ခုခံနိုင်ရန်ကြိုးစားရင်းဖြင့် သူသည် ပတ်၀န်းကျင်အား လေ့လာကြည့်ရှုနေ၏။ မကြာမှီတွင် သူသည် တုန်လှုပ်ကာ မျှော်လင့်ချက်ကင်းမဲ့သွားတော့သည်။
"မင်းက အောက်လမ်းဆရာတစ်ယောက်ပဲ။ မင်းဘယ်သူလဲ။ မင်းက အောက်လမ်းဆရာတစ်ပါးအနေနဲ့တောင် နေအဆင့်ကို ရောက်နိင်တယ်ဆိုတော့ နာမည်ကြီးတဲ့ လူတစ်ယောက်ပဲဖြစ်ရမယ်.."
ဒိုမိန်းသည် ရန်သူ၏ စွမ်းအားအစစ်မှန်ကို သတိထားလိုက်မိပြီး သူ၏ နှလုံးသားသည်လည်း နစ်မြုပ်သွားတော့သည်။
"ငါ့နာမည်က ဟေဇယ်-ဘန့်ခ်ပဲ..." အောက်လမ်းဆရာမှ ပြန်ဖြေလိုက်သည်။
ဒိုမိန်း မူး၀ေသွားသလိုခံစားလိုက်ရသည်။
ထိုနာမည်တစ်ခုတည်းကပင် အရှိန်၀ါကြီးမားနေပြီဖြစ်ပြီး သူ၏ စိတ်ထဲတွင် ကျန်နေသေးသည့် မျှော်လင့်ချက်အနည်းငယ်ကို ဖျက်ဆီးပစ်လိုက်သည်။
ဟေဇယ်-ဘန့်ခ်သည် အောက်လမ်းဘုရားကျောင်း၏ အကြီးကဲတစ်ယောက်ဖြစ်ပြီး စွမ်းအားကြီးမားသည့် အောက်လမ်းဆရာများထဲမှ တစ်ယောက်ပင်။ ထို့အပြင် သူ့အား သေမင်းနှင့်အနီးဆုံးလူတစ်ယောက်ဟုလည်း သိထားကြ၏။
မဟာဘုရားကျောင်းသည် အောက်လမ်းဘုရားကျောင်းက ဖျက်ဆီးပစ်ခဲ့သော်လည်း သူ၏အရှေ့တွင်ရှိနေသည့်လူသည် မဟာဘုရားကျောင်းမှ ထိပ်တန်းသိုင်းဆရာများစွာကို သတ်ဖြတ်ကာ လွတ်မြောက်သွားခဲ့သည်။
နှစ်တစ်ရာလုံးပင် မဟာဘုရားကျောင်းသည် သူ့အား နှလုံးသားထဲတွင် စိုက်၀င်နေသည့် သံတစ်ချောင်းကဲ့သို့ သဘောထားခဲ့ပြီး သူ့အား လိုက်လံဖမ်းဆီးရန်ကြိုးစားခဲ့သည်။ သူ့အား ၀ရမ်းထုတ်ထားသည့်စာရွက်များသည် တိုက်ပေါ်တွင် နေရာအနှံ့ပင်။
သို့သော် သူထွက်ပေါ်လာသည့်အချိန်တိုင်းတွင် မဟာဘုရားကျောင်းမှ သိုင်းဆရာများအတွက် အိမ်မက်ဆိုးတစ်ခုကိုသာ ယူဆောင်လာခဲ့ပေး၏။
ဟေဇယ်-ဘန်ခ့်ကဲ့သို့သော ထိပ်တန်းသိုင်းဆရာများသည် နှစ်ပေါင်းများစွာရရှိခဲ့သည့် ဒဏ်ရာများကြောင့် နေအဆင့်အောက်သို့ ရောက်ရှိခဲ့သည်။ သို့သော် သူသည် နေအဆင့်သို့ ပြန်လည်ရောက်ရှိလာပါက သူ၏အတွေ့ကြုံးများသည် ဒိုမိန်းကဲ့သို့သော အတွေ့ကြုံနည်းသေးသည့် ရန်သူများကို လွယ်ကူစွာပင် ခုခံနိုင်မည်ဖြစ်သည်။
"ချမ်းဘော့ဒ်ဘုရင်..." ဒိုမိန်းသည် ရုတ်တရက်တစ်စုံတစ်ခုအား စဥ်းစားလိုက်မိပြီး ဖှေးအားကြည့်ကာ အော်ဟစ်လိုက်သည်။ "မင်းက အောက်လမ်းဆရာတစ်ယောက်ကိုအသုံးချရဲတယ်ပေါ့။ မင်းက ဘုရားသခင်အနှစ်သက်ဆုံးကလေးငယ်တစ်ယောက်မဟုတ်ဘူးလား...."
"ခင်ဗျားစကားတွေက ဖီးလ်ပျက်တယ်။ ကျွန်တော်တို့က အသုံးချနေတာမဟုတ်ဘူး။ ပါတနာတွေပဲ။ ဟုတ်ပြီလား။ အဲ့တာတွေအပြင် ဘာမှလည်း ထူးဆန်းတာမရှိပါဘူး..." ဖှေးသည် ရယ်မောကာ စပျစ်သီးတစ်လုံးကို စားလိုက်၏။ "လူတိုင်းမှာ လျို့၀ှက်ချက်ကိုယ်စီရှိကြတာပဲ...ခင်ဗျားလည်း မဟာဘုရားကျောင်းက သိုင်းဆရာတွေကို သတ်ခဲ့ဖူးတာပဲ။ ကျွန်တော်လည်း အောက်လမ်းဆရာတစ်ယောက်နဲ့ ပူးပေါင်းတာ ဘာထူးဆန်းလို့လဲ..."
ဒိုမန်း ဆွံ့အသွား၏။
"အဲ့လိုဆိုရင် မင်းရဲ့လျို့၀ှက်ချက်ကို ငါသိသွားတော့ သေရတော့မှာပေါ့..." ဒိုမိန်းသည် ဟေဇယ်-ဘန့်ခ်အား ပြန်လည်ကာ အာရုံစိုက်လိုက်သည်။ ဟေဇယ်-ဘန့်ခ်သည် လွန်ခဲ့သည့်နှစ်တစ်ရာကျော်ကပင် နေအဆင့်သခင်တစ်ယောက်ဖြစ်နေသည်ခဲ့သည့်အတွက်ကြောင့် သူ၏နာမည်ကို ကြားလိုက်ရသည့်အချိန်တွင် တုန်လှုပ်သွားခြင်းပင်။ သို့သော် သူသည် ကြီးမားသည့်ဖိအား၏ အောက်တွင် ပြန်လည်ကာ တည်ငြိမ်လာတော့သည်။
ဟေဇယ်-ဘန်ခ့် ပြန်လည်ကာ ဖြေကြားခြင်းမရှိပေ။ သို့သော် သူ၏မျက်လုံးများထဲတွင်ရှိနေသည် သတ်ဖြတ်လိုသောအရှိန်၀ါများသည် ဒိုမိန်းအားအရာအားလုံးကို ပြောပြနေလျှက်ရှိသည်။
"ကောင်ပြီလေ။ သေမင်းနဲ့အနီးဆုံးလူက ဘယ်လောက်စွမ်းအားကြီးလဲဆိုတာ ကြည့်ရသေးတာပေါ့..." ဒိုမိန်းသည်လည်း လေပေါ်သို့ ပြန်တက်သွားလိုက်၏။ မီးတောင်တစ်လုံးပေါက်ကွဲသလိုပင် သူ၏ခန္ဓာကိုယ်ထဲမှ လိမ္မော်ရောင်မီးတောက်များ ပန်းထွက်လာတော့သည်။ မန္တန်တစ်ခုရွတ်ဆိုလိုက်သည့်အချိန်တွင် မီတာ၈၀၀ခန့်ရှည်လျားသည့် လိမ္မော်ရောင်မီးတောက်ဓားကြီးတစ်ချောင်းထွက်ပေါ်လာ၏။
ဒိုမိန်းသည် ဖှေးနှင့် စကားပြောနေသည့်အချိန်တွင် ဤမန္တာန်အား ကြိုတင်ပြင်ဆင်ထားခဲ့သည်မှာ ထင်ရှားလှသည်။
"မီးနတ်ဘုရားဓားသွား...."
တုန်ခါသံတစ်ခုထွက်ပေါ်လာပြီးသည့်နောက်တွင် ကြီးမားသည့် လိမ္မှော်ရောင်ဓားသွားကြီးသည် ဟေဇယ်-ဘန့်ခ်ထံသို့ အားဖြင့် ခုတ်ပိုင်းကာ ကျလာတော့၏။