← Chapters

အခန်း (၆၅၇)

Vol. 42 Ch. 657

အခန်း (၆၅၇)

Vol. 42 Ch. 657

ဤသိုင်းကွက်သည် ဖှေးအား ဒဏ်ရာကြီးမားစွာရရှိစေခဲ့သည့်သိုင်းကွက်တစ်ခုပင်။ အကယ်၍ လျို့၀ှက်သည့် ကျောက်တိုင်ကြောင့်သာမဟုတ်ပါက ဘုရင်သည် ယခုအချိန်တွင် နှစ်ပိုင်းပြတ်နေလောက်ပြီးဖြစ်၏။ ဤသိုင်းကွက်သည် အမှန်တကယ်ပင် စွမ်းအားမြင့်မားသည့် သိုင်းကွက်တစ်ခုပင်။

သို့သော် ဟေဇယ်-ဘန့်ခ်၏ မျက်ခွံများပင် လှုပ်ရှားခြင်းမရှိပေ။

လိမ္မော်ရောင်ဓားသွားသည် သူ၏ နဖူးအား ထိတော့မည့်အချိန်သို့ရောက်မှသာ သူ၏လက်အား ညင်သာစွာဆန့်တန်းလိုက်သည်။ လေထဲတွင် ဆုပ်ကိုင်လိုက်ပြီး ကြီးမားသည့် အဖြူရောင်အရိုးဓားကြီးတစ်လက်သည် အရိုးပင်လယ်ထဲမှ ခုန်တက်လာကာ သူ၏ လက်အတွင်းသို့ ရောက်ရှိလာတော့သည်။ ထိုဓားအား ပုံစံအရွယ်စားအမျိုးမျိုးရှိသည့် အဖြူရောင်အရိုးများဖြင့် ပြုလုပ်ထားခြင်းပင်။

"အရိုးမကောင်းဆိုး၀ါး ဓားသွား..."

ဟေဇယ်-ဘန့်ခ် အော်ဟစ်လိုက်သည့်အချိန်တွင် အဖြူရောင်အရိုးကြီးသည် ပို၍ပင် မြန်မြန်ဆန်ဆန်ရွေ့လျားသွားပြီး အ၀ါရောင်မီးတောက်ဓားကြီးအား ဟေဇယ်-ဘန့်ခ်၏ နဖူးကို မထိခင်ကာကွယ်လိုက်၏။

"ဘုန်း..."

ဓားနှစ်လက်ထိလိုက်သည့်အချိန်တွင် ကြယ်လောင်သည့် ပေါက်ကွဲသံကြီးတစ်ခုထွက်ပေါ်လာ၏။

ဘူးလ်-ခရေးတို့စ်၏ ကလေးငယ်များဓားနှစ်လက်ကိုပင် လွယ်ကူစွာဖျက်ဆီးနိုင်ခဲ့သည့် မီးနတ်ဘုရား၏ တရားစီရင်ခြင်းဓားသွားသည် အဖြူရောင်အရိုးဓားအား ထိခိုက်စေနိုင်ခြင်းမရှိပေ။ ဟေဇယ်-ဘန့်ခ်၏ နဖူးနှင့် ၅စင်တီမီတာခန့်အကွာတွင် ရပ်တန်သွားပြီး အရှေ့သို့ ဆက်လက်ရွေ့လျားနိုင်ခြင်းမရှိတော့ပေ။

"မင်းက အတော်အာနည်းတဲ့ကောင်ပဲ..."

ဟေဇယ်-ဘန့်ခ် သူ၏ ခေါင်းကို ခါရမ်းကာ ပြောလိုက်၏။

အဖြူရောင်အရိုးဓားအား ကိုင်ထားသည့် သူ၏လက်ကို မြှောက်လိုက်ပြီး လိမ္မော်ရောင်မီးတောက်ဓားအား လွယ်ကူစွာပင် ဖြည်းဖြည်းခြင်းတွန်းထုတ်လိုက်၏။ ဒိုမိန်းသည် ကြုံး၀ါး၍ အားစိုက်ကာ ခုတ်ပိုင်းရန်အတွက် ကြိုးစားသော်လည်း မည်သည့်အရာမှ ပြောင်းလဲသွားခြင်းမရှိပေ။

ကလေးတစ်ယောက်နှင့် လူကြီးတစ်ယောက်တိုက်ခိုက်နေသည့်အတိုင်းပင်။ တစ်ဖက်သက်ဆန်လွန်းလှ၏။

မကြမှီတွင် လိမ္မော်ရောင်မီးစွမ်းအင်ဓားသွားသည် အဖြူရောင်အရိုးဓား၏ တွန်းထုတ်ခြင်းကို ခံလိုက်ရတော့၏။ ကျိုးကြေသံများထွက်ပေါ်လာပြီး လိမ္မော်ရောင်ဓားသွားသည် ကွဲအက်သွားကာ သာမန်မီးစွမ်းအင်များအဖြစ်သို့ ပြန်လည်ကာ ပြောင်းလဲသွားတော့၏။

ပုလ္လင်ပေါ်တွင်ကြည့်နေသည့် ဖှေးသည်လည်း ဤမြင်ကွင်းကြောင့် တုန်လှုပ်သွား၏။ ဟေဇယ်-ဘန့်ခ် ပြသသည့်စွမ်းအားသည် ဖှေးထင်ထားသည်ထက်များစွာသာလွန်နေသည့်အတွက်ပင်ဖြစ်ပြီး နောက်ထပ်နေအဆင့်သခင်တစ်ပါး၏ စွမ်းအားကို လွယ်ကူစွာ ဖျက်ဆီးလိုက်ခြင်းသည် အထင်ကြီးလောက်ဖွယ်ပင်။

"ဒါက မကောင်းဆိုး၀ါးစွမ်းအင်ရဲ့ စွမ်းအားလား..." ဒိုမန်းတွေးလိုက်မိကာ အနောက်သို့ ဆုတ်ခွာသွား၏။ သူ၏ နှုတ်ခမ်းပေါ်တွင်လည်း သွေးများစီးကျနေလျှက်ရှိသည်။

သူသည် အရိုးဓား၏ ပြန်ကန်သည့်အားကြောင့် ဒဏ်ရာရသွားခြင်းဖြစ်ပြီး အောက်လမ်းမှော်ဆရာများ၏ စွမ်းအားကို ပထမဆုံးအနေဖြင့် ခံစားဖူးသွား၏။ အောက်လမ်းစွမ်းအင်သည် သာမန်စွမ်းအင်ငါးမျိုးနှင့် နှိုင်းယှဥ်ပါက ပို၍မြင့်မားသည့်အဆင့်တစ်ခုတွင်ရှိနေသည့်ပုံပင်။ မကောင်းဆိုး၀ါးစွမ်းအင်သည် နတ်ဘုရားများကိုပင် အန္တရာယ်ပြုနိုင်သောကြောင့် မဟာဘုရားကျောင်းမှ လိုက်လံနိုင်နှိမ်းသည်ဟုဆိုခြင်းသည် အံ့သြဖွယ်မရှိတော့ပေ။

ထိုသိုင်းကွက်တစ်ခုတည်းနှင့်ပင် ဟေဇယ်-ဘန့်ခ်သည် နေအဆင့်စွမ်းအင်ရင်းမြစ်တစ်၀က်ခန့်ကုန်ဆုံးထားပြီးဖြစ်သော ဒိုမိန်းအား မျှော်လင့်ချက်မဲ့သွားစေ၏။

"နေ၀င်ချိန်ထက်မှောင်မိုက်တဲ့အရာ၊ သွေးထက်အရသာရှိတဲ့အရာ မီးစွမ်းအင်တွေ အသင်တို့ရဲ့ အစေခံရဲ့ ဆန္ဒကို နားထောင်ပေးပါ။ င့ါလက်ထဲကို စုဆောင်းပြီးတော့ မင်းတို့ရဲ့စွမ်းအားတွေကို ချေးငှားပေးပါ မီးနတ်ဘုရား ဒေါသကို ထုတ်သုံးဖို့ င့ါရဲ့ အသက်၀ိဉာဥ်စွမ်းအားကို လောင်ကျွမ်းပေးပါ့မယ်။ ရန်သူတွေအားလုံးကို လောင်ကျွမ်းပေးပါ..."

ဒိုမိန်းသည် ရူးသွပ်သည့် အမူယာတစ်ခုဖြင့် ရယ်မောလိုက်၏။

"မင်းရဲ့ ရင်းမြစ်ကို မီးရှို့ပြီးတော့ အသေခံတိုက်မလို့လား။ ငါက ဒီကမ္ဘာထဲမှာဆို ဖန်ဆင်းရှင်ဖြစ်နေတာ မင်းအတွက် အတော်လေးကံဆိုးတာပဲ...." ဟေဇယ်-ဘန့်ခ်သည် အတွေ့ကြုံမြင့်မားသည့်အတွက်ကြောင့် ဒိုမိန်း၏ ရည်ရွယ်ချက်ကို ချက်ချင်းပင် သိလိုက်သည်။ သူ၏လက်များကို ဆန့်တန်းပြီး မန္တန်များစတင်၍ ရွတ်ဆိုတော့သည်။

ဤကမ္ဘာထဲတွင်ရှိနေသည့် မကောင်းဆိုး၀ါးစွမ်းအင်များ စတင်၍ ရွေ့လျားလာတော့၏။

မကြာမှီတွင် အရိုးများပေါင်းစည်းထားသည့် ကြီးမားသောလက်ကြီးတစ်ဖက်သည် အရိုးပင်လယ်ထဲမှ ဆန့်တန်းထွက်လာပြီး စွမ်းအားအမြင့်ဆုံးသိုင်းကွက်ကိုထုတ်လွှတ်ရန်ပြင်နေသည့် ဒိုမိန်းအား ဆုပ်ကိုင်လိုက်သည်။

ထို့နောက်တွင် လက်များထက်မံ၍ ထွက်ပေါ်လာပြီး သူ့အား ဆုပ်ကိုင်လိုက်တော့၏။

မကြာမှီတွင် ဒိုမိန်းသည် အရိုးများ၏ ၀န်းရံခြင်းကို ခံလိုက်ရပြီး အထဲတွင် ပိတ်မိသွားတော့သည်။ ချိန်းကြိုးမျာကဲ့သို့ပင် အရိုးများသည် တစ်ခုနှင့်တစ်ခုတင်းကြပ်စွာတွယ်ဆက်ထားပြီး အောက်လမ်းစွမ်းအင်များသည်လည်း ပို၍ ခိုင်မြဲအောင်စွမ်းအားမြင့်တင်ပေးထားလျှက်ရှိသည်။

နောက်ဆုံးတွင် မီတာ၁၀၀၀ခန့်မြင့်မားသည့် အရိုးတောင်ကြီးတစ်ခုထွက်ပေါ်လာတော့သည်။

အရိုးအကျင်းထောင်ပင်။

"ဘုန်း..."

"ဘုန်း ဘုန်း ဘုန်း ဘုန်း..."

မကြာမှီတွင် အရိုးတောင်အတွင်းမှ ပေါက်ကွဲသံများစွာထွက်ပေါ်လာ၏။ အရိုးများ ကြားထဲမှ မီးတောက်တစ်ချို့ကိုလည်းမြင်တွေ့နေရသည်။

ဒိုမိန်းသည် အထဲတွင်တစ်ယောက်ထဲရှိနေ၏။

ကျယ်လောက်သည့် ပေါက်ကွဲမှုများသည် အရိုးတောင်အား တုန်လှုပ်သွားစေသော်လည်း လဲပြိုခြင်းမရှိပေ။

၃မိနစ်ခန့်ကြာသည့်အချိန်တွင် ပေါက်ကွဲသံများလည်း ငြိမ်သက်သွားတော့သည်။ မီးစွမ်းအင်များသည်လည်း လေထုထဲတွင် ပျောက်ကွယ်သွား၏။

ဖယောင်းတိုင်တစ်ခုကို မီးမှုတ်လိုက်သလိုပင် ဒိုမိန်း၏ အသက်၀ိဉာဥ်မီးတောက်သည်လည်း ငြိမ်းသတ်သွားတော့၏။

မီးစွမ်းအင်များ ပျောက်ကွယ်သွားသည်ကို အာရုံခံလိုက်မိသဖြင့် ဖှေး သူ၏ခေါင်းကို ခါရမ်းကာ သက်ပြင်းချလိုက်မိသည်။

အရှိန်၀ါကြီးမားသော နေအဆင့်သခင်တစ်ယောက်ဖြစ်သည့် ဒိုမိန်းသည် ဤကဲ့သို့သာ သေဆုံးသွားခဲ့၏။

သူသည် သမိုင်းစာအုပ်များတွင် အမှတ်သားများကို ချန်ထားခဲ့နိုင်သည်။ တိုက်ပေါ်တွင်လည်း စွမ်းအားအကြီးမားဆုံးမှော်ဆရာတစ်ယောက်ဖြစ်လာနိုင်သည်။ သူသည် ပို၍လုပ်နိုင်သေး၏။

သို့သော် ပို၍ပင်စွမ်းအားကြီးမားသည့် ဟေဇယ်-ဘန့်ခ်သည် သူ၏လက်ကို ညင်သာစွာ၀ှေ့ရမ်းရုံဖြင့် အကန့်သက်မဲ့သော အလားလာများစွာရှိသည့် ဒိုမိန်းအား သတ်ဖြတ်သွားခဲ့သည်။

အရိုးတောင်ထဲတွင် ပေါက်ကွဲမှုများဖြစ်လာခဲ့သည့်အချိန်တွင် ဒိုမိန်း၏ ဒဏာရီခရီးသည်လည်း ရပ်တန့်သွားခဲ့၏။

ဤသည်မှာ နိုင်ရာစားလောက၏ ဥပဒေတစ်ခုပင်။

သိုင်းဆရာနှင့် မှော်ဆရာများစွာတို့ကို ဖန်တီးဖျက်ဆီးခဲ့သည့် လောကနိယာမတစ်ခုပင်။

"၀ှစ် ၀ှစ် ၀ှစ်..."

ဟေဇယ်-ဘန့်ခ် သူ၏လက်များကို ၀ှေ့ရမ်းလိုက်သည့်အချိန်တွင် မကောင်းဆိုး၀ါးစွမ်းအင်များပျောက်ကွယ်သွဦး၏။ ထို့နောက်တွင် အရိုးတောင်အတွင်းမှ အရိုးများသည်လည်း စတင်ကာ ပြိုလဲလာပြီး အရိုးပင်လယ်အတွင်းသို့ ရေစက်များကဲ့သို့ ပြန်လည်ကာ ကျဆင်းကုန်တော့သည်။ ထို့နောက်တွင် အနီရောင်မြူခိုးအနည်းငယ်ထွက်ပေါ်လာ၏။

ထိုမြူခိုးများသည် ဒိုမိန်း၏ ဤကမ္ဘာပေါ်တွင်ချန်ထားခဲ့သည့် နောက်ဆုံးအမှတ်သားများပင်။

အနီရောင်မြူခိုးများနှင့်အတူ ဒိုမိန်းသည်လည်း ဤကမ္ဘာပေါ်မှ ထာ၀ရပျောက်ကွယ်သွားတော့မည်ဖြစ်သည်။

ဖှေး သက်ပြင်းချလိုက်ပြီး သူ၏ စိတ်ထဲတွင်ရှိနေသည့် ရှုပ်ထွေးသာခံစားချက်များကို ရှင်းထုတ်လိုက်သည်။ ထို့နောက်တွင် သူအလွန်အားကျလာမိ၏။ ဟေဇယ်-ဘန့်ခ်သည် သူထင်ထားသည်ထက်များစွာ အစွမ်းထက်နေကာ သူ၏ အိမ်မက်များထက်ပင် ကျော်လွန်နေ၏။

အောက်လမ်းမှော်ဆရာသည် ဒိုမိန်းအားလွယ်ကူစွာသတ်ဖြတ်လိုက်သည့်အတွက်ကြောင့် ဟေဇယ်-ဘန့်ခ်နှင့် အင်ပါယာအရှင်သခင်ယရှင်း မည်သူက ပို၍ အစွမ်းထက်ကြောင်းကို ဖှေး တွေးမိသွားသည်။

ထိုအတွေးသည် သူ၏ခေါင်းထဲတွင် အချိန်ခနသာပေါ်လာပြီး ပြန်လည်ကာ ပျောက်ကွယ်သွား၏။

"အရှင်မင်းကြီး..." အောက်လမ်းဆရာသည် ဖှေးထံသို့ ပြေးလာကာ သူ့အား နှုတ်ဆက်လိုက်သည်။ ဤသည်မှာ လူယုံများ သူတို့၏ သခင်ကို နှုတ်ဆက်သည့် နှုတ်ဆက်ခြင်းပင်။

စကားများပြောခြင်းမရှိသော်လည်း သူ၏ အပြုမူများသည် ဖှေးအား ၁၀၀ရာခိုင်နုန်းသစ္စာရှိကြောင်းကို ပြသနေ၏။

လွန်ခဲ့သည့်အချိန်အနည်းငယ်က ဖြစ်ပျက်ခဲ့သည့်အရာများကို ဟေဇယ်-ဘန်ခ့်၏ စိတ်ထဲတွင် ပြန်လည်ကာ မြင်ယောင်နေဆဲပင်။ ဖှေးသည် သူ၏အရှေ့တွင်ရပ်နေကာ မည်မျှပင် အန္တရာယ်ကြီးမားနေစေကာမူ အနောက်သို့ ဆုတ်မပေးသည့် မြင်ကွင်းသည် သူ၏ ၀ိဉာဥ်ထဲအထိပါစွဲထင်သွားပြီဖြစ်သည်။ အကယ်၍ ဘုရင်တွင် အလွန်သန့်စင်သည့် မရဏစွမ်းအင်များရှိမနေစေကာမူ သူသည် သစ္စာခံသွားဦးတော့မည်ဖြစ်သည်။

All Chapters