အခန်း (၆၆၀)
Vol. 42 Ch. 660
ထိုလူသည် လူအုပ်များထဲတွင် ပုန်းလေခဲ့ပြီး သူ၏မျက်နှာကို ဖော်ပြခြင်းမရှိပေ။ သူ၏ နေရာများကို ပြောင်းနေလျှက် လူတိုင်း၏ စိတ်ခံစားချက်များကို အသုံးချကာ မွေနှောက်နေလျှက်ရှိသည်။ သူ၏ ရည်ရွယ်ချက်သည် အစစ်မှန်ပင် ကြောက်မက်ဖွယ်ကောင်းလှ၏။
သို့သော် ဤကဲ့သို့သော တင်းမာနေသည့် အခြေအနေတွ်င သူ၏ ညစ်ပတ်သောနည်းလမ်းသည် အလွန်အသုံး၀င်သွား၏။
လူများစွာသည် လောဘဖြင့် အမှောင်ဖုံးနေသည့်အတွက်ကြောင့် သူတို့အားလုံး စိတ်လှုပ်ရှားနေကြ၏။ ဓာတ်ဆီလောင်းထားသည့် ထင်းပုံတစ်ခုလိုပင် သူတို့အားလုံးသည် ဤရိုးရှင်းသည့် စကားလုံးလေးတစ်ခုကြောင့် အုံကြွလာတော့သည်။
လူအနည်းငယ်သည် သူတို့၏ ခံစားချက်များကို ဆက်လက်ထိန်းထားနိုင်ခြင်းမရှိတော့ပဲ စတင်၍ လှုပ်ရှားတော့၏။
"မင်းတို့ ပိုင်တဲ့ရတနာတွေကို ပေးစမ်း..."
"ဟားဟားဟား သေစမ်းကွာ..."
သူတို့သည် ရက်စက်ကြမ်းကြုတ်စွာ ရယ်မောလိုက်ပြီး သူတို့၏ အတွင်းအားစွမ်းအင်များသည် အားနည်းသည့် သိုင်းဆရာအဖိုးကြီးများထံသို့ ဦးတည်လာတော့၏။ သူတို့အား သတ်ဖြတ်ရန်မှာ ပို၍လွယ်ကူသည့်အတွက် သူတို့သည် လူတိုင်းအတွက် ပစ်မှတ်တစ်ခုဖြစ်လာတော့သည်။
ဤအခိုက်တန့်တွင် အသံတစ်ခုထွက်ပေါ်လာ၏။ "ဟမ်..."
ထိုညင်သာစွာ ချောင်းဟန့်လိုက်သည့်အသံသည် လူတိုင်းအား တုန်လှုပ်သွားစေပြီး သူတို့၏ နှလုံးသားအား တူဖြင့် အထုခံလိုက်ရသလို ခံစားလိုက်ရတော့သည်။
နတ်စင်ပေါ်တွင်ရှိနေသည့် အပြာရောင်၀တ်ရုံနှင့်လူသည် မျှော်လင့်မထားစွာပင် လှုပ်ရှားလိုက်၏။ ထိုလူသည် အင်ပါယာအရှင်သခင်ယရှင်းပင်။
နတ်စင်ပေါ်သို့ ခုန်တက်လာခဲ့ကြသည့်လူများသည် အချိန်မှီတုန့်ပြန်နိုင်လိုက်ခြင်းမရှိလိုက်ကြပေ။ သူတို့သည် အော်ဟစ်နိုင်ခြင်းမရှိသေးခင်မှာပင် မမြင်နိုင်သည့် စွမ်းအင်တစ်ခု၏ ရိုက်နှက်ခြင်းကို ခံလိုက်ရသည်။ ပေါက်ကွဲသံများထွက်ပေါ်လာပြီး ထိုလူများသည် ကောင်းကင်ပေါ်တွင်ရှိနေသည့် မီးရှူးမီးပန်းများကဲ့သို့ပင် ပေါက်ကွဲသွားကြတော့၏။ သွေးမြူများသည် နေရာအနှံ့တွင်ရှိနေပြီး ခြေပျက်လက်ပြတ်များသည် နေရာအနှံ့သို့ လွှင့်စင်ကုန်တော့၏။
ဤရုတ်တရက်ပြောင်းလဲသွားခြင်းသည် ဤနေရာတွင်ရှိနေသည့်လူတိုင်းအား ထိတ်လန့်သွားစေ၏။
"သေစမ်းကွာ...သူက လူသတ်သမားတစ်ယောက်ပဲ။ သေစမ်း ဘယ်လောက်တောင် ရက်စက်လိုက်လဲ။ ငါတို့ဘာကို စောင့်နေတာလဲ။ အဲ့နတ်ဆိုးလိုကောင်ကို သတ်ပြီးတော့ သူပိုင်တဲ့ ရတနာတွေကို လုယူရအောင်။ အဲ့လိုမကောင်းဆိုး၀ါးတစ်ကောင်ကို ငါတို့တွေ တစ်ယောက်ခြင်းတိုက်ခိျုက်နေစရာမလိုပါဘူး...."
လူများအားလိုက်လံ၍ လှုံ့ဆော်နေသည့်လူသည် ထက်မံ၍ အော်ဟစ်လိုက်၏။ သူသည် ဆက်လက်၍ လှုပ်ရှားနေကာ မည်သည့်နေရာတွင်ရှိနေမှန်းမသိအောင် ကိုယ်ယောက်ဖျောက်နေလျှက်ရှိသည်။
"၀ုန်း..."
အင်ပါယာအရှင်သခင်ယရှင်းလက်ညိုးထိုးလိုက်သည့်အချိန်တွင် ရွှေရောင်စွမ်းအင်အလင်းတန်းတစ်ခုသည် နတ်စင်ပေါ်မှ ထွက်ခွာသွား၏။
"အား..." အော်ဟစ်သံတစ်ခုထွက်ပေါ်လာပြီး လူများအားလိုက်လံလှုံ့ဆော်နေသည့် အသံသည်လည်း ရပ်တန့်သွားတော့သည်။
ကျဥ်းမြောင်းသောမျက်လုံးများဖြင့် ခပ်ပိန်ပိန် အသတ်လတ်ပိုင်းအရွယ်လူတစ်ယောက်သည် သူ၏လည်ပင်းအားလက်ဖြင့် အုပ်ထားလျှက်ရှိသည်။ ချောင်းဆိုးသံများထွက်ပေါ်လာပြီးသည့်နောက်တွင် မြေကြီးပေါ်သို့ လဲကျကာ သေဆုံးသွားတော့၏။
အင်ပါယာအရှင်သခင်ယရှင်းသည် ဤနေရာတွင်ရှိနေသည့် စွမ်းအားအမြင့်မားဆုံးလူများထဲမှ တစ်ယောက်ဖြစ်သည့်အတွက် လူများအား လိုက်လံလှုံ့ဆော်နေသည့်လူကို ချက်ချင်းပင် သတိထားလိုက်မိသည့်အတွက်ပင်။
အင်ပါယာအရှင်သခင် ယရှင်းပြသလိုက်သည့်စွမ်းအားနှင့် စိုးမိုးနိုင်မှုတို့သည် နတ်စင်ပတ်ပတ်ပလည်တွင်ရှိနေသည့် လူများအား တုန်လှုပ်သွားစေ၏။ သူတို့သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကာ ဆက်လက်၍ လှုပ်ရှားရဲခြင်းမရှိကြတော့ပေ။
အင်ပါယာအရှင်သခင် ယရှင်းသူတို့အား တစ်ချက်ကြည့်လိုက်သည့်အချိန်တိုင်းတွင် သူတို့၏ မျက်နှာအား ဓားဖြင့် ရွယ်ထားသလိုခံစားလိုက်ရ၏။ မည်သူမှ သူ့အား ပြန်ကြည့်ရဲခြင်းမရှိပဲ ခေါင်းများငုံ့ထားကြ၏။
"ဒီနေရာက ဇီးနစ်အင်ပါယာနယ်နိမိတ်ထဲမှာရှိတဲ့နေရာပဲ။ ၀ရုန်းသုန်းကားဖြစ်အောင် လုပ်တဲ့လူတွေမှန်သမျှ သတ်ခံရလိမ့်မယ်..."
အေးစက်သည့်စကားလုံးများနှင့် ထည်၀ါသည့်အသံကြောင့် နေရာတစ်ခုလုံးတိတ်ဆိတ်သွား၏။ မည်သူမှ သူ့အား ဆန့်ကျင်ရဲခြင်းမရှိတော့ပေ။
လူအများစုသည် ဤဆံပင် အပြာရောင်နှင့်လူမည်သူဖြစ်သည်ကို သိရှိခြင်းမရှိသော်လည်း အင်ပါယာအရှင်သခင်ယရှင်းပြသခဲ့သည့်အရှိန်၀ါကြောင့် ပြသနာရှာရန်အတွက် ကြံနေခဲ့ကြသည့်လူများသည် ရေခဲသေတ္တာထဲတွင် ထိုင်နေရသလို အေးစက်သွားခဲ့၏။ သူတို့၏ လောဘများကို ချုပ်တီးကာ စောင့်ဆိုင်းနေကြရသည်။
"သွားရအောင်..." လူတိုင်းအား တုန်လှုပ်စေပြီးသည့်နောက်တွင် အင်ပါယာအရှင်သခင်ယရှင်းသည် ဆက်လက်နေခြင်းမရှိပဲ သူ၏ ကိုယ်ရံတော်နှစ်ယောက်နှင့်အတူ နတ်စင်ပေါ်မှဆင်းကာ ထွက်သွားတော့၏။
သူ၏လမ်းတစ်လျှောက်တွင်ရှိနေသည့်လူများသည် သူ့အား အဆိပ်ပြင်းသည့် မြွေတစ်ကောင်ကဲ့သို့ပင် ရှောင်ဖယ်ကာလမ်းဖယ်ပေးလိုက်ကြရသည်။
အ၀ေးတွင် မပျောက်ကွယ်သွားမှီတွင် အရှေ့သို့ လျှောက်နေသည့်အင်ပါယာအရှင်သခင်ယရှင်းသည် တစ်စုံတစ်ခုအား စဥ်းစားလိုက်မိသည့်ပုံဖြင့်အနောက်သို့ ပြန်လှည့်လိုက်သည်။ သူသည် ကြောင်မျက်နှာဖုံး၀တ်ဆင်ထားသည့် ဟေဇယ်-ဘန့်ခ်အားကြည့်ကာမေးလိုက်သည်။ "ဒိုမိန်းကို သတ်လိုက်တာမင်းလား..."
သူ၏မျက်လုံးများထဲတွင် တိုက်ပွဲဆာလောင်သည့်အရိပ်ယောင်တစွန်းတဆရှိနေ၏။
လယ်ဗယ်၃၆ဒေသသည် ပိတ်သွားပြီဖြစ်သည့်အတွက်ကြောင့် ပြန်ထွက်မလာနိုင်ခဲ့သည့်လူများသည် သေဆုံးသွားပြီဟူသောအဓိပ္ပါယ်ပင်။
ဒိုမိန်းပြန်လည်ရောက်ရှိလာခြင်းမရှိတော့သည့်အတွက်ကြောင့် သူသေဆုံးသွားပြီဖြစ်ကြောင်းကို လူတိုင်းအား ဖော်ပြနေ၏။
ထို့အပြင် ဤကမ္ဘာထဲသို့ ရောက်ရှိခဲ့ကြသည့်လူများအားလုံးအနက် ဒိုမိန်းအားသတ်နိုင်သည့်စွမ်းအားရှိသည့် တစ်ယောက်ထဲသောလူသည် မျက်နှာပေါ်တွင် လျို့၀ှက်သည့် မျက်နှာဖုံးတစ်ခု၀တ်ဆင်ထားသည့် ဟေဇယ်-ဘန့်ခ်တစ်ယောက်သာရှိသည့်အတွက်ပင်။ အင်ပါယာအရှင်သခင်ယရှင်းသည်လည်း ဟေဇယ်-ဘန့်ခ်ထံမှ နေအဆင့်သခင်များထံမှ ရတတ်သည့်အရှိန်၀ါတစ်ခုကို အာရုံခံလိုက်မိသည်။
ဟေဇယ်-ဘန့်ခ်ခေါင်းငြိမ့်ပြလိုက်၏။
"ကောင်းပြီလေ ဒီနေ့ကတော့ အဆင်မပြေသေးဘူး။ မင်းနဲ့ အနာဂတ်မှာ တိုက်ခိုက်ကြည့်ဖို့ကို စောင့်မျှော်နေမယ်..." အင်ပါယာအရှင်သခင်ယရှင်းသည်လည်း ပြန်လည်ကာ ခေါင်းငြိမ့်ပြလိုက်သည်။
လူတစ်ယောက်ထွက်ပေါ်လာပြီး ဒိုမိန်းအား ၀င်ရောက်သတ်ဖြတ်ကာ သူ၏ အစီစဥ်များကို ဖျက်ဆီးပစ်လိမ့်မည်ဟု အင်ပါယာအရှင်သခင်ယရှင်း မျှော်လင့်မထားခဲ့ပေ။ ဟေဇယ်-ဘန်ခ့်သည် သူ့အား ၀င်ရောက်နှောင့်ယှက်ရန်အတွက် ဒိုမိန်းအား သတ်ခဲ့ခြင်းမဟုတ်သော်လည်း အင်ပါယာအရှင်သခင်ယရှင်းသည် မာနကြီးသည့်လူတစ်ယောက်ဖြစ်သည့်အတွက်ကြောင့် စိန်ခေါ်မှုတစ်ခုအနေဖြင့် မြင်လိုက်မိပုံရ၏။ ထို့ကြောင့် ဤဖြစ်ရပ်ကြောင့် သူတို့ကြားထဲတွင် တိုက်ပွဲတစ်ခုဖြစ်လာမည်ဟူသည့် အဓိပ္ပါယ်ပင်။
သို့သော် ဟေဇယ်-ဘန့်ခ်၏ ခန္ဓာကိုယ်တစ်၀ိုက်တွင် စွမ်းအားမြင့်မားသည့်အရှိန်၀ါတစ်ခုရှိနေ၏။ အင်ပါယာအရှင်သခင်ယရှင်းကိုယ်တိုင်ပင် သူ့အား လက်ရှိအခိုက်တန့်တွင် အနိုင်ယူနိုင်မည်လားမသေချာသေးပေ။
ထို့ကြောင့် တိုက်ပွဲအားဆိုင်းငံ့ထားရဦးမည်ဖြစ်သည်။
"ငါလဲစောင့်နေလိုက်မယ်..." ဟေဇယ်-ဘန့်ခ်သည် ကြောက်လန့်သည့်ပုံမရှိပဲ တည်ငြိမ်စွာပင် ပြန်ဖြေလိုက်သည်။
အင်ပါယာအရှင်သခင်ယရှင်းထက်မံ၍ မေးလိုက်သည်။ "အလတ်ဇန္ဒားရော ဘယ်မှာလဲ..."
သူ၏ အမြင်ထဲတွင် ချမ်းဘော့ဒ်ဘုရင်သည် စွမ်းအားမြင့်မားပြီး ဤကမ္ဘာငယ်ထဲတွင် ရှင်သန်နိုင်ခဲ့သည့်အထိကံကောင်းခဲ့သည်။ ထို့ကြောင့် သူသည် ဇီးနစ်အင်ပါယာထဲတွင် အရည်ချင်းအရှိဆုံးလူငယ်အား မတွေ့ရသေးသဖြင့် သိချင်နေခြင်းပင်။
"သူက ထွက်သွားတာ ကြာပြီ..." ဟေဇယ်-ဘန်ခ့်သည်လည်း ပေါ့ပေါ့ပါးပါးပင်ပြန်ဖြေလိုက်သည်။
"ဟမ် စိတ်၀င်စားစရာပဲ..." အင်ပါယာအရှင်သခင်ယရှင်းသည် အနည်းငယ်အံ့သြသွား၏။ ထို့နောက်တွင် သူပြုံးလိုက်ကာ သူ၏ သက်တော်စောင့်များနှင့်အတူ ထွက်ခွာသွားတော့၏။
အင်ပါယာအရှင်သခင်ယရှင်းအ၀ေးတွင် ပျောက်ကွယ်သွားသည်ကို မြင်ရသည့်အချိန်မှသာလျှင် လူများသည် အသက်ရဲရဲရှူနိုင်လိုက်ကြတော့၏။ သူတို့ခံစားနေခဲ့ကြရသည့် ကြောက်မက်ဖွယ်ခံစားချက်ကြီးလဲမရှိတော့ပေ။
နောက်အခိုက်တန့်တွင် ဤနေရာတွင်ရှိနေသည့် ဖိအားသည်လည်း ပြန်လည်ကာ ကြီးမားလာတော့သည်။
အင်ပါယာအရှင်သခင်ယရှင်းထံမှ ဖိအားမရီတော့သည့်အတွက်ကြောင့် နတ်စင်ပတ်ပတ်လည်တွင်ရှိနေသည့်လူများ၏ စိတ်ထဲတွင် လောဘများ၊ ရက်စက်ကြမ်းကြုတ်သည့်စိတ်များ ပြန်လည်ကာ ၀င်ရောက်လာတော့သည်။ အင်ပါယာအရှင်သခင်ယရှင်းသည် လူတိုင်းအား ခြိမ်းခြောက်ကာ ပြသနာမရှာရန်အတွက် ပြောခဲ့သော်လည်း ယခုအချိန်တွင် သူမရှိတော့ပေ။ သူ၏ စကားလုံးတစ်ခုတည်းဖြင့် ဤလူများ၏ လောဘမီးကို ငြိမ်းသက်နိုင်လိမ့်မည်မဟုတ်ပေ။ နတ်စင်ပေါ်တွင်ရှိနေသည့်လူများတွင် အဖိုးမဖြတ်နိုင်သည့် ရတနာပစ္စည်းများစွာရှိနေသည့်အတွက်ပင်။
"၀ုန်း..."
ဂျက်အင်ပါယာ၏ တော်၀င်သိုင်းဆရာသည် သူ၏လက်ကို မြှောက်လိုက်ပြီး ကန္တာရအမျက်ဒေါသလက်နက်သည့် သူတို့အုပ်စု၏ ခေါင်းပေါ်တွင်ပေါ်လာတော့၏။ လိမ္မော်ရောင်စွမ်းအင်သည် သူတို့အုပ်စုအား လွှမ်းခြုံပေးလိုက်ပြီး သူတို့သည် စကားပြောခြင်းမရှိပဲ နတ်စင်ပေါ်မှ ဆင်းသွားတော့၏။
"နတ်ဘုရားတစ်ပိုင်းအဆင့် လက်နက်ကြီးလား..." တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သည်။
နတ်ဘုရားတစ်ပိုင်းအဆင့်လက်နက်တစ်ခု၏ ထူးခြားသည့်အရှိန်၀ါနှင့် ဖိအားတို့ကို တစ်စုံတစ်ယောက်မှ လက်သီးအရွယ်စားခန့်ရှိသည့် သဲပွင့်အား ကြည့်လိုက်ရင်းဖြင့် ခံစားလိုက်မိသည်။ ထို့ကြောင့် လူတိုင်းအနောက်သို့ ဆုတ်သွားကြ၏။
နတ်ဘုရားတစ်ပိုင်းအဆင့်လက်နက်အား စွဲကိုင်ထားသည့် လပြည့်အဆင့်သိုင်းဆရာတစ်ယောက်အား နေအဆင့်သိုင်းဆရာများသာလျှင် ရင်ဆိုင်နိုင်မည်ဖြစ်သောကြောင့်ပင်။ လူအင်အား ပိုများရုံဖြင့် အနိုင်ရနိုင်မည်မဟုတ်ပေ။
ထို့ကြောင့် ဂျက်အင်ပါယာမှ အုပ်စုသည်လည်း လုံလုံခြုံခြုံပင် ထွက်ခွာသွား၏။
"၀ုန်း ၀ုန်း ၀ုန်း..."
ခန့်ညားသည့် စိန့်ဂျာမိန်းအင်ပါယာ၏ မင်းသား ဂါရာနိုသည်လည်း ဆက်လက်၍ အချိန်ဆွဲနေခြင်းမရှိတော့ပဲ။ သူ၏ မဟူရာမှော်ကြိမ်လုံးအား ၀ှေ့ရမ်းလိုက်ရာ အမဲရောင်မြူခိုးတိမ်တိုက်တစ်ခုသည် သူနှင့် အစေခံကောင်မလေးလေးယောက်တို့ကို လွမ်းခြုံသွား၏။ သူတို့သည် လေပေါ်တွင် မီတာ၂၀ခန့်ပျံသန်းကာ ပျောက်ကွယ်သွားတော့သည်။
"နတ်ဘုရားတစ်ပိုင်းအဆင့်လက်နက်နောက်တစ်ခုလား..."
နတ်စင်ပတ်ပတ်လည်တွင်ရှိနေသည့်လူများအားလုံး သွားရေကျလာကြသည်။ သူတို့၏လည်ချောင်းများ ခြောက်နေသလိုပင် ခံစားရပြီး သူတို့သည် ထိုလူများကို ရပ်တန့်နိုင်ခြင်းမရှိသည့်အတွက် ထွက်သွားသည်ကိုသာ အသာရပ်ကြည့်နေခဲ့ကြရ၏။
ယခုအချိန်တွင် နတ်စင်ပေါ်တွင် ဟေဇယ်-ဘန့်ခ်နှင့် ကမ္ဘာငယ်ထဲသို့ ဖှေးနှင့် ဟေဇယ်-ဘန့်ခ်တို့ ခေါ်လာခဲ့ကြသည့် အဖိုးကြီး၇ယောက်သာ ကျန်ရှိတော့၏။
အင်ပါယာအရှင်သခင်ယရှင်းပြောခဲ့သည့်ပုံအရ ဟေဇယ်-ဘန့်ခ်သည် အလွန်စွမ်းအားမြင့်မားကြောင်းကိုလည်း လူများသိကြသည်။
"ဒီလူက ဟိုဆံပင်အပြာရောင်နဲ့သိုင်းဆရာကိုတော် စိုးရိမ်အောင်လုပ်နိုင်တဲ့လူပဲ။ ငါတို့သူ့ကို နိုင်မှာမဟုတ်ဘူး..."
ထို့ကြောင့် စွမ်းအားကြီးမားခြင်းမရှိပဲ နတ်ဘုရားတစ်ပိုင်းအဆင့်လက်နက်များပိုင်ဆိုင်ထားခြင်းမရှိသည့် အဖိုးကြီး၇ယောက်တို့သည် သူတို့၏မျက်လုံးများထဲတွင် သိုးငယ်ကောင်လေးများကဲ့သို့ပင်။
"ခင်ဗျားတို့ ၇ယောက်။ ခင်ဗျားတို့ ရလာတဲ့ ရတနာတွေအကုန်ပေးခဲ့စမ်း...အဲ့လိုဆိုရင် ခင်ဗျားတို့ကို အသက်ရှင်ခွင့်ပေးမယ်..." လခြမ်းအဆင့်သိုင်းဆရာတစ်ယောက်သည် ရှေ့သို့ ခုန်ထွက်လာကာ လောဘဖြင့် ပြောလိုက်သည်။
"အဖိုးကြီးတွေ ခင်ဗျားတို့က ဘာတွေများတွေ၀ေနေတာလဲ။ ခင်ဗျားတို့ ပိုင်တဲ့ရတနာတွေကို ထားခဲ့ပြီးလစ်တော့လေ။ သေချင်လို့လား..." နောက်ထပ်သိုင်းဆရာတစ်ယောက်သည်လည်း ရှေ့သို့ ထွက်လာကာ ခြိမ်းခြောက်လိုက်သည်။
သူတို့သည် ဗဟိုချက်မှ ထွက်လာခဲ့ကြသည့်လူများ၏ လမ်းကို ပိတ်ဆို့ထားသည့်အတွက်ကြောင့် သူတို့ထဲမှ အများစုသည် ခင်မင်ရင်းနှီးတတ်ကာ ကြင်နာသည့်လူများမဟုတ်ကြပေ။ သူတို့အားလုံးသည် လုယက်မှုကျူးလွန်ရန်အတွက် ကြံစည်နေခဲ့ကြသည့်လူများပင်။ အင်ပါယာအရှင်သခင်ယရှင်းကြောင့်သာမဟုတ်ခဲ့ပါက ယခုအချိန်တွင် အလောင်းများတောင်လိုပုံနေလောက်ပြီးဖြစ်၏။
ဤလူများသည် လူဆယ်ယောက်သူတို့၏ မျက်စိရှေ့မှ ထွက်သွားကြသည်ကို သိရှိပြီးဖြစ်သည့်အတွက်ကြောင့် သူတို့၏ သတ်ဖြတ်လိုစိတ်များနှင့် လောဘစိတ်များကို လက်ရှိတွင် ဆက်လက်ထိန်းချုပ်၍ မရတော့ပေ။
"မင်း..." အဖိုးကြီးများ၏ ခန္ဓာကိုယ်သည် စတင်၍ တုန်ခါလာတော့သည်။
သူတို့သည် ကမ္ဘာငယ်ထဲတွင် အဆင့်တက်ခဲ့ကြသော်လည်း ဤကဲသို့ လူအများကြီးနှင့် ယှဥ်ပြိုင်ကာ တိုက်ခိုက်နိုင်လိမ့်မည်မဟုတ်ပေ။
တစ်ချို့အဖိုးကြီးများသည် ထိုလူများနှ့င် ညှိနှိုင်းကာ ရတနာတစ်ချို့ကို ပေးမည်ဟုဆိုသည် သို့သော် သူတို့၏ သက်တမ်းအားတိုးမြှင့်ပေးနိုင်သည့် ဆေးပင်များကိုမူ ပေးလိမ့်မည်မဟုတ်ပေ။
"မရဘူးကွ...အကုန်ပေးလိုက်...မင်းတို့ကောင်တွေ တစ်ခုခုချိန်ထားရဲရင် ချန်ထားလိုက် ချက်ချင်းအသတ်ခံရလိမ့်မယ်..."
"ငါတို့တွေ ဘာလို့ စကားပြောနေသေးတာလဲ။ တစ်ခါတည်းအကုန်သတ်ပစ်လိုက်တော့ အဲ့တာမှ ရတနာတွေအကုန်လုံးငါတို့အပိုင်ဖြစ်လာမှာ..."
"ကောင်းတယ် အကုန်လုံးကို သတ်ပစ်ကြတာပေါ့..."
သတ်ဖြတ်လိုသည့် ဆန္ဒများထွက်ပေါ်လာပြီး တစ်ချို့လူများသည်တိုက်ခိုက်ရန်ပင် ပြင်နေကြတော့၏။
ဤနေရာတွင် ကိုယ်ယောက်ဖျောက်နေသည့် ဖှေးသည် သူ၏ခေါင်းကို ညှင်သာစွာခါရမ်းကာ သက်ပြင်းချလိုက်သည်။ သူသည် ဤအဖိုးကြီးများအား လယ်ဗယ်၃၆ဒေသထဲသို့ ခေါ်သွားခဲ့ခြင်းပင်။ သို့သော် ထိုသို့ ခေါ်သွားခဲ့သည့်အတွက်ကြောင့် သူတို့၏ အသတ်အန္တရာယ်ကျရောက်လာလိမ့်မည်ဟု ထင်မထားခဲ့ပေ။ ဤမြင်ကွင်းသည် ဖှေးမြင်တွေ့လိုခြင်းမရှိသည့် မြင်ကွင်းတစ်ခုပင်။
"ကောင်းပြီလေ။ င့ါကြောင့် ဒီလိုအခြေအနေရောက်သွားတာဆိုတော့ ငါကပဲ သူတို့ကို နောက်တစ်ခါလောက် ထပ်ပြီးတော့ ကူညီပေးလိုက်ပါမယ်..." ဖှေးတွေးလိုက်မိသည်။
ကစဥ့်ကလျာခြင်းပုလ္လင်သည် ငွေရောင်စွမ်းအင်အလင်းတန်းများကို ထုတ်လွှတ်လိုက်ပြီးဖှေးနှင့်အတူ နတ်စင်ပေါ်တွင် ပေါ်လာကာ လောဘကြီးနေကြသည့် ရက်စက်ကြမ်းကြုတ်သောသိုင်းဆရာများ၏ အရှေ့တွင်၀င်ကာ အဖိုးကြီး၇ယောက်အား ကာကွယ်ပေးလိုက်သည်။