← Chapters

အခန်း (၆၆၁)

Vol. 42 Ch. 661

အခန်း (၆၆၁)

Vol. 42 Ch. 661

ဤရုတ်တရက်ပြောင်းလဲသွားခြင်းသည် လူတိုင်းအား ထိတ်လန့်အံ့သြသွားစေသည်။

လေထဲတွင် လှပသည့်လှိုင်းများပေါ်လာသည့်အချိန်တွင် တိုက်ခိုက်ရန်အတွက် ပြင်နေခဲ့ကြသည့်လူများသည် ခနတာခန့် ရပ်တန့်သွား၏။

ကြီးမားကာ ထည်၀ါခန့်ညားသည့် ပုလ္လင်ကြီးသည် မည်သည့်နေရာမျ ထွက်ပေါ်လာမှန်းမသိပဲ ရောက်ရှိလာကာ ခန့်ညားသည့် လူငယ်တစ်ယောက်သည် ဤပုလ္လင်ပေါ်တွင် ထိုင်နေလျှက်ရှိ၏။ သူ၏ခန္ဓာကိုယ်ပေါ်တွင် စစ်သည်တော်အတွင်းအားစွမ်းအင်နှင့် မှော်စွမ်းအင်တို့ကို အာရုံခံနိုင်ခြင်းမရှိသော်လည်း သူသည် စွမ်းအားမြင့်မားကာ အန္တရာယ်ကြီးမားသည့် လူတစ်ယောက်ဖြစ်ကြောင်းကို အာရုံခံလိုက်မိကြ၏။

သူ၏ပခုံးပေါ်တွင် ရှားပါးသည့် ရတနာရှာဖွေသည့်သားရဲတစ်ကောင်ရှိနေသည်။ တိုက်ခိုက်နိုင်စွမ်းမရှိကာ ၀ဖိုင့်ဖိုင့်ဖြစ်နေသော်လည်းထိုကောင်လေးသည် နတ်စင်ပတ်လည်တွင်ရှိနေသည့်လူများကို ရန်လိုစွာဖြင့် လိုက်ကြည့်နေလျှက်ရှိသည်။

ဖှေး ရုတ်တရက် ရောက်ရှိလာသည့်အတွက်ကြောင့် လေထုသည် ပြောင်းလဲသွား၏။

"မင်း ဘယ်သူလဲ..." ထိုအဆင့်မြင့်လခြမ်းသိုင်းဆရာသည် ဖှေးအား ဂရုတစိုက်ဖြင့် ကြည့်လိုက်ပြီး အန္တရာယ်အရှိန်၀ါတစ်စုံတစ်ခုကို အာရုံခံနိုင်ခြင်းမရှိသည့်အတွက်ကြောင့် မေးလိုက်၏။

"ဟာ ချမ်းဘော့ဒ်ဘုရင်ပဲ။ ဘုရင်အလတ်ဇန္ဒား အရှင်မင်းကြီး..."

ဖှေးပြန်မဖြေနိုင်သေးခင်မှာပင် သိုင်းဆရာအဖိုးကြီးများသည် သူ့အား မှတ်မိသွား၏။ သူတို့၏ကယ်တင်ရှင်ရောက်ရှိလာပြီဖြစ်သည့်အတွက်ကြောင့် ပျော်ရွှင်စွာဖြင့် အော်ဟစ်လိုက်ကြ၏။

ဖှေးသည် လေပေါ်တွင်၀ဲနေသည့် ပုလ္လင်ပေါ်တွင် ထိုင်ရင်းဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။

ဤသိုင်းဆရာအဖိုးကြီးများသည် စိတ်ဓာတ်ကောင်းမွန်သည့်လူများပင်။ သူတို့သည် လယ်ဗယ်၃၆ဒေသထဲတွင် လောဘကို ထိန်းကာ ဖှေးအား ရတနာများကို ဦးစွာယူခိုင်းခဲ့၏။ ထို့ကြောင့် ဖှေးသည် သူတို့အား အထင်ကြီးမိပြီး သူတို့နှင့် ဆက်ဆံရေးတစ်ခုတည်ဆောက်ခြင်းသည် ကောင်းမွန်သည့်အကြံတစ်ခုဖြစ်လိမ့်မည်ဖြစ်သည်။

"ခင်ဗျားတို့ရလာတဲ့ ရတနာတွေရဲ့ သုံးပုံတစ်ပုံလောက်ကို သူတို့ကိုပေးလိုက်ပါ။ နောက်ပြီး ခင်ဗျားတို့ သွားလို့ရပါပြီ...." ဖှေးပြုံးကာ သိုင်းဆရာအဖိုးကြီး၇ယောက်ကို ပြောလိုက်၏။ နတ်စင်ပတ်ပတ်လည်တွင်ရှိနေသည့်လူများအား မျှော်လင့်ချက်မဲ့စွာဖြင့် ထားခဲ့ရမည့်အစား ဖှေးသည် တရားမျှတသည့် နည်းလမ်းတစ်ခုကို ရွေးလိုက်သည်။

"အရှင်မင်းကြီးပြောတဲ့အတိုင်း လိုက်နာပါ့မယ်..." သိုင်းဆရာအဖိုးကြီး၇ယောက်တို့သည် ပျော်ရွှင်စွာပင် သဘောတူလိုက်၏။ သူတို့ရခဲ့သည့် ရတနာများ၏ သုံးပုံနှစ်ပုံကို ရလိုက်ခြင်းကပင် အတော်လေးများပြားနေပြီဖြစ်သောကြောင့်ပင်။

သို့သော် တစ်ခြားလူများသည် ဖှေး၏ဆုံးဖြတ်ချက်အား သဘောကျခြင်းမရှိကြပေ။

"ဟီးဟီး မင်းကိုယ်မင်း ဘာကောင်များထင်နေတာလဲ။ မင်းက၀င်ရှုပ်ရဲတယ်ပေါ့။ ငါပြောခဲ့ပြီးသား ခင်ဗျားတို့မှာ ရှိတဲ့ ရတနာတွေအကုန်ထားခဲ့ရမယ်လို့..."

"ဟားဟား ဟုတ်တယ်ကွ။ ကောင်လေး မင်းလစ်လိုက်တော့။ မင်းအိမ်ပြန်လိုက်စမ်းပါ။ အဲ့သောက်ပုလ္လင်ပေါ်မှာ ထိုင်နေပြီးတော့ သိုင်းဆရာဟန်ဆောင်မနေစမ်းပါနဲ့။ မင်း သေချင်နေပြီနဲ့တူတယ်..."

"နေဦး သူ့ကို အလွတ်မပေးနဲ့။ သူ့ပုလ္လင်ကလည်း ရတနာတစ်ခုပဲထင်တယ်။ ဟီးဟီး သူ့မှာ ပိုပြီးတော့တောင်များပြားတဲ့ ရတနာတွေရှိနေနိုင်တယ်..."

"ဟမ် ရယ်စရာပဲ မင်းက ငါတို့ရှေ့မှာ ဆရာကြီးလာလုပ်နေတာလား...အခုမှ ပြန်သွားဖို့မပြင်နဲ့တော့..."

လောဘအမှောင်ဖုံလွှမ်းနေကြသည့်သိုင်းဆရာများသည် သူတို့၏မျက်လုံးများပင် နီရဲနေ၏။ သူတို့ထဲမှ အများစုသည် ဤကဲ့သို့ ဘ၀နေထိုင်မှုမျိုးနှင့် အသားကျနေကြပြီဖြစ်ပြီး သူတို့သည် ရတနာများစွာပါရှိလာသည့် အဖိုးကြီးများကို ပြန်လည်ကာ လွှတ်ပေးလိမ့်မည်မဟုတ်ပေ။ ထို့အပြင် တစ်ချို့လူများမှာ ပို၍ပင် ရက်စက်ကြမ်းကြုတ်သည့်အတွက်ကြောင့် ဖှေးကိုပင် သတ်ဖြတ်ရန်ကြံနေကြ၏။

"သေစမ်း..."

ခေါင်းဆောင်နေသည့် သိုင်းဆရာသည် နှာခေါင်းရှုံ့ကာ ဖှေးထံသို့ ပြေး၀င်လာတော့သည်။ ပိုက်ကွန်ပုံရှိသည့် အပြာရောင်စွမ်းအင်သည် ဖှေးထံသို့ ပျံသန်းလာပြီး ဤလူသည် ဖှေးအား သူ၏ စွမ်းအားအမြင့်မားဆုံးသိုင်းကွက်ဖြင့် တစ်ခါတည်းသတ်ဖြတ်ပစ်ရန်အတွက် ကြံစည်နေခြင်းပင်။

"အာ ဘာလို့ မင်းတို့ကောင်တွေကို သေခြင်းတရားကပဲ အသိတရားရအောင်လုပ်ပေးနိုင်တာလဲ..."

ဖှေးသည် မျက်မှောင်ကြုံ့လိုက်ပြီး အပြာရောင်စွမ်းအင်သူ့အား မထိနိုင်သေးခင်မှာပင် ချက်ချင်းပျောက်ကွယ်သွားတော့၏။

"ဒါက မဟုတ်ဘူး..." တိုက်ခိုက်သူ အံ့သြသွား၏။

သူမတုန့်ပြန်နိုင်သေးခင်မှာပင် သူ၏အနောက်မှ ခုခံ၍မရနိင်သည့် စွမ်းအင်တစ်ခုပျံသန်းလာနေသည်ကို အာရုံခံလိုက်မိပြီး ကျိုးကြေသံများထွက်ပေါ်လာတော့သည်။ သူ၏ ကြေရိုးအက်ကွဲသွားပြီး သူ၏ အမြင်အာရုံသည်လည်းမှောင်ကျသွားတော့၏။ လေထိုးလွန်သွားသည့် ဘောလုံးတစ်ခုလိုပင် သူ၏ခန္ဓာကိုယ်သည်လည်းပေါက်ကွဲသွားပြီး အသားစများသည် နေရာအနှံ့သို့ လွှင့်စင်ကုန်တော့သည်။

ချက်ချင်းသတ်ဖြတ်လိုက်ခြင်းပင်။

"ဟူး..." ဖှေးသည် သူ၏လက်သီးပေါ်တွင်တင်နေသည့် သွေးများကို လေဖြင့် မှုတ်လိုက်သည်။

ထိုသိုင်းဆရာ၏ အရှေ့မှ ပျောက်ကွယ်သွားသညည့်အချိန်တွင် သူသည် အနောက်သို့ ချက်ချင်းရောက်ရှိသွားကာ လူရိုင်းဇာတ်ကောင်၏ ရူးလောက်ဖွယ်ခွန်အားများကို ထုတ်သုံးလိုက်ပြီး ရန်သူကို ချက်ချင်းပင် နှိမ်နင်းပစ်လိုက်ခြင်းပင်။ ဖှေးသည် ဤတစ်ကြိမ်တွင် ညှာတာပေးခဲ့ခြင်းမရှိပေ။

ဖှေးစွမ်းအားကုန်ထုတ်သုံးလိုက်သည့်အချိန်တွင် နေအဆင့်သခင်တစ်ယောက်ဖြစ်သည့် ဒိုမိန်းပင် ထိခိုက်ခဲ့ရသောကြောင့် လအဆင့်စစ်သည်များ ခံနိုင်လိမ့်မည်မဟုတ်ပေ။

"ဟာ..."

သိုင်းဆရာများစွာ အံ့သြသွားကြပြီး တုန်လှုပ်ခြင်းများသည် သူတို့၏မျက်နှာပေါ်တွင် အတိုင်းသားပေါ်လွင်နေ၏။

"အဆင့်မြင့်လခြမ်းသိုင်းဆရာတစ်ယောက်ကို တစ်ချက်ထဲနဲ့သတ်လိုက်တာလား..."

ဤနေရာတွင်ရှိနေသည့် သိုင်းဆရာများအားလုံးသည် သူတို့ထိုကဲ့သို့ စွမ်းဆောင်နိုင်ကြလိမ့်မည်မဟုတ်သည်ကို ချက်ချင်းသိလိုက်ကြ၏။

ယခုအချိန်တွင် အတွင်းအားစွမ်းအင်နှင့် မှော်စွမ်းအင်အရိပ်ယောင်များမရှိသည့် ဤလူငယ်သည် တကယ်တန်းတွင် ရူးလောက်အောင်စွမ်းအားမြင့်မားကာ ရက်စက်သည့်လူတစ်ယောက်ဖြစ်သည့် ကို သူတို့အားလုံးသိလိုက်ကြ၏။

သူတို့အားလုံး ဖှေး၏ တုန်လှုပ်ဖွယ်သိုင်းကွက်ကြောင့် ကျက်သေသေသွားကြ၏။

"သွားရအောင် သူကတစ်ယောက်ထဲပဲရှိတာ။ ငါတို့အကုန်လုံးကို သတ်နိုင်မှာမို့လို့လား..." လူအုပ်ထဲတွင်ပုန်းအောင်းနေသည့် တစ်စုံတစ်ယောက်မှ လှုံ့ဆော်ပေးလိုက်သည်။

"ဟုတ်တယ်...သူက ငါတို့တွေအကုန်လုံးကို သတ်နိုင်မှာမဟုတ်ဘူး။ အဲ့အဖိုးကြီး ၇ယောက်ကို သွားသတ်ရအောင် ငါတို့တွေ နှစ်တစ်ထောင် ၀ိဉာဥ်ဆေးပင်တွေကိုသာ ရအောင်ယူနိုင်ရင် ချမ်းသာပြီကွ..." လူအုပ်ထဲတွင် လှုံ့ဆော်နေသည့်လူတစ်ယောက်ထပ်ပိုပြီး ရှိနေ၏။

ဖှေး ထိန်းချုပ်ထားသည့် အခြေအနေသည် စတင်၍ ၀ရုန်းသုဥ်းကားဖြစ်လာတော့သည်။

ဤကမ္ဘာပေါ်တွင် ကမူးရှူးထိုးနိုင်သည့်လူများ ပေါများနေသည့်အတွက်ပင်။

"ဟမ် ငါမင်းတို့တွေအကုန်လုံးကို မသတ်နိုင်ဘူးထင်နေတာလား..." ဖှေး၏ အသံသည် အေးစက်လာ၏။

နောက်အခိုက်တန့်တွင် ဖှေးနှင့် ကစဥ့်ကလျားခြင်းပုလ္လင်တို့ ပျောက်ကွယ်သွားတော့သည်။ ထို့နောက်တွင် လူအုပ်ထဲတွင် ပုံရိပ်ယောင်များစွာပေါ်လာတော့၏။ ဤသိုင်းဆရာများအားလုံးသည် အပြင်လောကတွင် အရှိန်၀ါကြီးမားသည့်လူများဖြစ်ကြသော်လည်း သူတို့သည် ဖှေး၏ လှုပ်ရှားမှုများကို မြင်နိုင်စွမ်းမရှိကြပေ။

"ဖုန်း ဖုန်း ဖုန်း..."

ဤသိုင်းဆရာများအားလုံးကြောက်လန့်သွားပြီး ပေါက်ကွဲသံများကိုကြားလိုက်ရကာ သွေးမြူဆိုင်များထွက်ပေါ်လာတော့သည်။

လူထုအား လှုံ့ဆော်ရန်အတွက် ကြိုးစားနေခဲ့သည့်လူများအားလုံးသည် ချွင်းချက်မရှိပင် သေဆုံးသွားကြ၏။ သူတို့အားလုံးသည် အပိုင်းပိုင်းပြတ်ကုန်ပြီး တစ်ယောက်မှ ပြန်လည် တိုက်ခိုက်ရန်အတွက် စွမ်းအားမရှိပေ။

ကြောက်မက်ဖွယ်ပင်။

တုန်လှုပ်ဖွယ်ပင်။

ပြိုင်ဘက်ကင်းလှ၏။

လူတိုင်း၏ ကြောရိုးများစိမ့်သည့်အထိပင် အေးစက်သွားပြီး သူတို့သည် ရေခဲတိုက်ထဲတွင် ရောက်နေသလိုပင်။

"၀ုန်း ၀ုန်း ၀ုန်း..."

ခနတာခန့်ရပ်တန့်ပြီးသွားသည့်အချိန်တွင် လူများသည် အုပ်စုလိုက်အနောက်သို့ ဆုတ်ခွာကုန်တော့သည်။

လန့်ပြေးသည့် ငှက်အုပ်တစ်အုပ်ကဲ့သို့ပင် သူတို့အားလုံးသည် ဖှေးအား နတ်ဆိုးတစ်ကောင်ကဲသို့ ကြည့်ကာ အနောက်သို့ ပြန်ဆုတ်ကုန်တော့သည်။

"အား သူက နတ်ဆိုးပဲ။ သေမင်းပဲ ဘုရားကယ်ပါ..."

အခိုက်တန့်တစ်ခုကြာခန့်တိတ်ဆိတ်ပြီးတွင် ဖြူဖက်ဖြူယော်မျက်နှာနှင့် လူငယ်တစ်ယောက်သည် ဆက်လက်၍ သည်းခံနိုင်ခြင်းမရှိတော့ပေ။ သူသည် ရုတ်တရက်အော်ဟစ်ကာ ထွက်ပြေးသွားတော့၏။ သွေးထွက်သံယိုမြင်ကွင်းသည် သူ့အား ထိတ်လန့်သွားစေပြီး သူသည် စိတ်ဓာတ်ပိုင်းဆိုင်ရာလဲပြိုခြင်းကို ခံစားလိုက်ရသည်။

ထို့နောက်တွင် တစ်ခြားလူ၁၂ယောက်ခန့်သည်လည်း ထွက်ပြေးကုန်ကြတော့သည်။ သူတို့သည် ဖှေးကိုပင် ကြည့်ရဲခြင်းမရှိတော့ပဲ ဘာမှပြောခြင်းမရှိပဲ ထွက်ပြေးကုန်တော့သည်။

"ကောင်းပြီလေ။ ငါ့အစီစဥ်နဲ့ သဘောမတူတဲ့လူရှိသေးလား..." ပြသနာရှာနေသည့်လူများကို သတ်ဖြတ်ပြီးသည့်အချိန်တွင် ဖှေးသည် လူများအားမေးလိုက်၏။

ဘုရင်သည် ယခုအချိန်တွင် အခြေအနေအား ကောင်းမွန်စွာထိန်းချုပ်သွားနိုင်ပြီဖြစ်သည်။

သူ၏ အသံသည် နေရာတစ်ခုလုံးတွင် ဟိန်းသွားပြီး မည်သူမှသူ့အား ဆန့်ကျင်ရဲခြင်းမရှိတော့ပေ။ သိုင်းဆရာများသည် သေးသိမ်စွာဖြင့် သူတို့၏ခေါင်းများကို ငုံ့ထားကြသည်။ သူတို့သည် ရက်စက်ကြမ်းကြုတ်မှုကို ပြသရဲခြင်းမရှိတော့ပေ။ သူတို့သည် ကြမ်းတမ်းသည့် သားရဲကောင်များမှသိုးငယ်များအဖြစ်သို့ ပြောင်းလဲသွားတော့ပြီး ဖှေး၏ စကားကို နားထောင်ကြတော့မည်ဖြစ်သည်။

ဖှေး၏လက်ရှိအစီစဥ်အရ သူတို့သည် အနည်းဆုံးတစ်ခုစီရမည်ဖြစ်ပြီး သေရမည်ထက်ပို၍ကောင်းမွန်မည်မှာအမှန်ပင်။

နတ်စင်ပေါ်တွင်ရှိနေသည့်အဖိုးကြီးများသည် ပျော်ရွှင်သည့်အတွက်ကြောင့် သူတို့၏ခန္ဓာကိုယ်များပင် တုန်ခါလာကြ၏။ သူတို့သည် ဖှေး၏ စကားအတိုင်းသူတို့ရှာလာခဲ့သည့်ရတနာများ၏ သုံးပုံတစ်ပုံကို ထုတ်ယူကာ မြေပြင်ပေါ်တွင်ပုံလိုက်သည်။

ချက်ချင်းပင် ဆေးမြစ်ပင်များ၏ ရနှံ့သည် လေထဲတွင်ပြန့်နှံ့သွားတော့၏။

All Chapters