အခန်း (၆၆၂)
Vol. 42 Ch. 662
တန်ဖိုးကြီးကာ ရှားပါးသည့် ဆေးမြစ်ပင်များစွာရှိနေပြီး အလင်းရောင်များပင် ဆေးပင်များ၏ ပတ်ပတ်လည်တွင်တောက်ပနေ၏။ ထိုရနှံ့များသည် ထူထဲလှသည့် သွေးနှံ့များကိုပင် လွှမ်းခြုံသွား၏။
နတ်စင်ပတ်ပတ်လည်တွင်ရှိနေသည့် သိုင်းဆရာများသည် သွားရေတမြားမြားဖြစ်နေကြပြီး သူတို့၏မျက်လုံးများ ကျွတ်ကျလုမတတ်ပင်။ တစ်ချို့ဆေးပင်များသည် အသက်ရှည်စေနိုင်ပြီး တစ်ချို့ဆေးပင်များသည် နတ်ဘုရားဆေးပုလင်းများဖော်စပ်ရာတွင် အဓိကပါ၀င်ပစ္စည်းများပင်၊ တစ်ချို့ဆေးပင်များသည် သူတို့၏ မှော်စွမ်းအင်သို့ မဟုတ် အတွင်းအားစွမ်းအင်များကို မြှင့်တင်ပေးနိုင်သည်၊ တစ်ချို့ဆေးပင်များသည် ကုသ၍မရနိုင်သည့် ရောဂါများကို ပျောက်ကင်းစေနိုင်သည်။ တစ်ချို့ဆေးပင်များသည် ဒဏ်ရာအမျိုးမျိုးကို ပျောက်ကင်းစေနိုင်၏။
ထို့အပြင် ဗဟိုချက်မှရရှိခဲ့သည့် သတ္တုများနှင့် မြေမှုန့်များသည် အဆင့်မြင့်လက်နက်ပစ္စည်းများ ထုလုပ်ရာတွင် အသုံးပြုနိုင်ပြီး နတ်ဘုရားတစ်ပိုင်းအဆင့်လက်နက်များကိုပင် ထုလုပ်နိုင်၏။ အလွန်တန်ဖိုးကြီးသည့် အရာများပင်။
လူထုသည် စိတ်လှုပ်ရှားလာကြ၏။ တစ်ချို့လူများဆိုလျှင် လောဘများပင် ပြန်လည်ကာ ၀င်ရောက်လာပြီဖြစ်သည်။
သို့သော် ဖှေးရှိနေသည့်အတွက်ကြောင့် မည်သူမှ ပြသနာရှာရဲခြင်းမရှိတော့ပေ။
ဖှေးသည် ပုလ္လင်ပေါ်တွင် ထိုင်နေရင်းဖြင့် ဆေးပင်များကို ခွဲခြားပေးနေ၏။
မည်သူမှ ဖှေးအား နှောင့်ယှက်ရဲခြင်းမရှိပေ။
"အရှင်မင်းကြီး အရှင်မင်းကြီး ကျွန်တော့ဆရာက အသက်ကြီးလို့သေတော့မှာပါ။ အဲ့တာကြောင့် ကျွန်တော်က ဒီကို သက်တမ်းရှည်မြက်ပင်ရှာဖို့လာခဲ့တာ။ ကျွန်တော့ကို ပေးထားတဲ့ ရေဂုဏ်သတ္တိစွမ်းအင်ဆေးပင်ကို သက်တမ်းရှည်ဆေးပင်နဲ့ လဲပေးလို့ရနိုင်မလား..." အသက်လေးဆယ်ခန့်အရွယ်ရှိသည့်လူတစ်ယောက်သည် ခနတာတွန့်ဆုတ်ပြီးနောက်တွင် တောင်းဆိုကြည့်လိုက်၏။ သူသည် အဆင့်နိမ့်လခြမ်းစစ်သည်တစ်ယောက်ပင်ဖြစ်ပြီး ကြမ်းတမ်းသော ၀တ်ရုံတစ်ခုကို ၀တ်ဆင်ထားသည်။
"ရတာပေါ့..." ဖှေးသည် သူ၏လက်ကို ၀ှေ့ရမ်းလိုက်ပြီး နတ်စင်ပေါ်တွင်ရှိနေသည့် သက်တမ်းရှည်ဆေးပင်တစ်ပင်သည် ထိုလူ၏ လက်အတွင်းသို့ ပျံသန်းသွားပြီး ထိုလူ၏ လက်ထဲတွင်ရှိနေသည့် ဆေးပင်နှင့် လဲလှည်လိုက်သည်။
"ကျေးဇူးပါ ကျေးဇူးပါအရှင်မင်းကြီး နတ်ဘုရားတွေကောင်းချီးပေးပါစေ..." ထိုလူသည် ဖှေးအား ရိုးသားပွင့်လင်းစွာပင် ကျေးဇူးတင်စကားပြောလိုက်၏။
ဤအရာကို မြင်ပြီးသည့်အချိန်တွင် ဖှေးအားမပြောရဲခဲ့ကြသည့် သိုင်းဆရာများသည် သူတို့လိုအပ်သည့်အရာများကို သေးသိမ်စွာဖြင့် စတင်ပြောကြတော့၏။ သူတို့လက်ရှိတွင် ခွဲတမ်းကျရရှိထားသည့် ဆေးပင်တစ်ချို့သည် သူတို့လိုအပ်သည့်အရာများမဟုတ်သောကြောင့်ပင်။
ဖှေး သူတို့အား စိတ်ရှည်လက်ရှည်ဖြင့် နားထောင်ပြီး သူတို့လိုအပ်သည့် ပစ္စည်းများကို သေချာခွဲ၀ေပေးလိုက်သည်။ ဤအခိုက်တန့်တွင် သူသည် လူတိုင်းမရှိတတ်သည့် စိတ်ရှည်မှုတစ်ခုကို ပြသနေလျှက်ရှိသည်။
ဟေဇယ်-ဘန့်ခ်သည် ဘေးမှကြည့်နေလျှက်ရှိသည်။ သူသည် ဘုရင်အားကူညီလိုသော်လည်း ဘုရင်ကိုယ်တိုင်ထိန်းချုပ်နိုင်လိုက်သည်ကို တွေ့လိုက်ရသည့်အတွက်ကြောင့် လမ်းတစ်၀က်တွင်ရပ်လိုက်၏။ ဤလူငယ်သည် အကောင်းဆုံးရလဒ်များကို ဖန်တီးနိုင်သည့် အကောင်းဆုံးဖြေရှင်းချက်များကိုအချိန်မရွေးပင် စဥ်းစားနိုင်နေသလိုပင်။
တစ်နာရီခန့်ကြာပြီးသည့်နောက်တွင် ဖှေးကိုယ်တိုင်ခွဲ၀ေပေးပြီးသည့်နောက်တွင် သိုင်းဆရာအများစုသည် သူတို့အလိုရှိသည့် ပစ္စည်းများအသီးသီးကို ရရှိသွားကြတော့၏။
အစပိုင်းတွင် ဖှေးသည် သူတို့၏ ကိစ္စအား ၀င်ရောက်နှောင့်ယှက်ခဲ့သည့်အတွက်ကြောင့် ကျေနပ်ကြခြင်းမရှိသော်လည်း ယခုအချိန်တွင်မူ အများစုသည် လိုအပ်နေသည့် အရာတစ်ခုစီရသွားသည့်အတွက်ကြောင့် ပျော်ရွှင်နေကြ၏။ သူတို့သည် ဖှေးအား ကျေးဇူးတင်စကားပြောကာ ဒဏာရီလာနန်းတော်အတွင်းမှ ပျော်ပျော်ရွှင်ရွှင်ပင် ထွက်ခွာသွားကြတော့၏။
အမှန်ပင် သူတို့ထဲမှတစ်ချို့လူများသည် အပြင်သို့ ရောက်သည်နှင့်တစ်ပြိုင်နက် အခြင်းခြင်းသတ်ဖြတ်ကာ ပိုင်ဆိုင်မှုများကို လုယူရန်အတွက် ကြိုးစားကြလိမ့်ဦးမည်ပင်။ သို့သော် ထိုအရာကိုမူ ဖှေးထိန်းချုပ်နိုင်တော့မည်မဟုတ်ပေ။
သေချာသည့်အရာတစ်ခုမှာ ချမ်းဘော့ဒ်ဘုရင်ဆိုသည့် နာမည်အား ယခုအချိန်တွင် သိုင်းဆရာအသိုင်း၀ိုင်းထဲတွင် လူသိများလာတော့မည်ဖြစ်သည်။
သာမန်လူများပင် အေဇာရုတိုက်၏ တောင်ဘက်ပိုင်းတွင် ကိုယ်ပိုင်ဒဏာရီတစ်ခုကို ရေးသားနေသည့် ပြိုင်ဘက်ကင်းလူငယ်တစ်ယောက်၏ ဇာတ်လမ်းကို သိလာကြရန်မှာ အချိန်သိပ်လိုတော့မည်မဟုတ်ပေ။
မကြာမှီ နတ်စင်ပေါ်တွင် ဖှေး၊ ဟေဇယ်-ဘန့်ခ်နှင့် အဖိုးကြီး၇ယောက်တို့သာ ကျန်ရှိခဲ့တော့သည်။
"ခင်ဗျားတို့ ကျွန်တော်နဲ့လိုက်ခဲ့လို့ရတယ်။ ဗဟိုချက်ဒေသကပိတ်သွားပြီဆိုတော့ ကျန်တဲ့ ဒေသ၃၄ခုလဲပိတ်တော့မယ်ထင်တယ်။ ပြန်ဖို့အချိန်ပဲ။ အမ် အပြန်လမ်းက ခင်ဗျားတို့အတွက်လုံခြုံမှာမဟုတ်ဘူး။ ကျွန်တော်တို့အားလုံး အလံနှစ်စုံမြို့တော်ကိုပဲပြန်မှာဆိုတော့ လမ်းမှာခင်ဗျားတို့ကို ကာကွယ်ပေးလို့ရပါတယ်..."
ဖှေး သူ၏လက်ကို ၀ှေ့ရမ်းလိုက်ရာ ကစဥ့်ကလျားခြင်းပုလ္လင်သည် လေပေါ်သို့ တစ်မီတာခန့်ပျံသန်းသွားပြီး လယ်ဗယ်၃၃ဒေသသို့ ဦးတည်ကာ ပျံသန်းသွားတော့သည်။
"ကျေးဇူးပါ အရှင်မင်းကြီး..." သိုင်းဆရာအဖိုးကြီး၇ယောက်လုံးသည် သူ့အား ကျေးဇူးတင်စကားပြောလိုက်ကြသည်။ သူတို၏ အပြန်လမ်းတွင် လုယက်သူများ ထက်မံ၍ ချောင်းမြောင်းတိုက်ခိုက်လာမည်ကို သူတို့အားလုံးစိုးရိမ်နေခဲ့သည်။ ဖှေးပြောသည်ကို ကြားသည့်အချိန်တွင် သူတို့အားလုံးပျော်ရွှင်သွားကြတော့၏။
အပြန်လမ်းတွင် အဆောက်ဦးများကြားထဲ၌ ပုန်းအောင်းနေသည့် သိုင်းဆရာများစွာရှိနေ၏။
ပုန်းအောင်းကာ ချောင်းမြောင်းနေသည့်လူများစွာရှိနေပြီး သူတို့၏ခန္ဓာကိုယ်မှ သတ်ဖြတ်လိုသောအရှိန်၀ါများလည်း တောက်ပနေလျှက်ရှိသည်။
သို့သော် ထိုလူများသည် အဖိုးကြီး၇ယောက်၏ ဘေးတွင် ဖှေးပါလာသည်ကို တွေ့လိုက်ရသည့်အတွက်စိတ်ပျက်သွားကြတော့သည်။ ဘုရင်အား မယှဥ်နိုင်သည်ကို သိသည့်အတွက်ကြောင့် မည်သူမှ ထွက်လာရဲခြင်းမရှိပေ။
ထို့ကြောင့် ဖှေးနှင့် အဖွဲ့သည် ဒဏာရီလာနန်းတော်အတွင်းမှ မြန်ဆန်စွာပင် ထွက်ခွာလာနိုင်ခဲ့ပြီး မြေအောက်ပင်လယ်ထဲသို့ ပြန်လည်ကာ ရောက်ရှိသွားတော့သည်။ ဆယ်မိနစ်အတွင်းမှာပင် သူတို့သည် ရေတွင်းများမှ တဆင့်မြေပေါ်သို့ တက်ကာ အလံနှစ်စုံမြို့တော်အတွင်းသို့ ပြန်လည်ကာ ရောက်ရှိသွားတော့သည်။
သိုင်းဆရာအဖိုးကြီးများ၏ မျက်လုံးများထဲတွင် တောက်ပနေသည့်နေမင်းကြီးသည် အလွန်တရာပင်လှပနေ၏။ အေးစက်နေသည့်လေပြင်းကပင် ထိုမျှ ဆိုး၀ါးခြင်းမရှိတော့သလိုပင်။
"ဟူး ငါတို့တွေကံအတော်ကောင်းပေလို့ အထဲကနေ အသက်ရှင်လျှက်ထွက်လာနိုင်ခဲ့ကြတာပဲ..."
သူတို့သည် ဖှေးနှင့်သာ မတွေ့ခဲ့ပါက သူတို့သည် ကမ္ဘာငယ်ထဲသို့ပင် ၀င်ရောက်နိုင်သည့် အခွင့်ရေးရှိခဲ့ကြမည်မဟုတ်ပေ။
သူတို့သည် အိုမင်းရင့်ရော်ကာ သေခါနီးဆဲဆဲအရွယ်တွင်ရှိနေခဲ့ကြသည်။ ဤနေရာသို့ မလာခဲ့မှီအချိန်ကပင် သူတို့သည် ခရီးလမ်းတွင် သေဆုံးသွားနိုင်သည်ကို ကြိုတင်ကာ လက်ခံထားပြီးဖြစ်၏။
သူတို့သည် ကီလိုမီတာသောင်းနှင့်ချီသည့် ခရီးကိုလာရောက်ကာ နောက်ဆုံးကောက်ရိုးမျှင်အား လာရောက်ရှာဖွေကြခြင်းင်ဖြစ်ပြီး ဖှေး၏ ရက်ရောမှုသည် သူတို့၏ ဘ၀အား ကြီးမားသည့်အလှည့်ပြောင်းတစ်ခုဖြစ်သွားစေ၏။ သူတို့အား ဒုတိယအခွင့်ရေးတစ်ခုကို ရရှိစေလိုက်သည်။
"ကျွန်တော်တို့ ကျေးဇူးဆပ်တဲ့အနေနဲ့ ကျွန်တော်တို့ရလာတဲ့ ပစ္စည်းတွေထဲက တစ်၀က်ကို အရှင်မင်းကြီးကို ဆက်သခွင့်ပေးပါ..." သိုင်းဆရာအဖိုးကြီး၇ယောက်ထဲမှ အသက်အကြီးဆုံးသိုင်းဆရာတစ်ယောက်သည် ဖှေးအား အရိုသေပေးကာ ဆိုလိုက်၏။
"ဟုတ်တယ်အရှင်မင်းကြီး ကျွန်တော်တို့ ဆက်သတာကို လက်ခံပေးပါ။ ဒါက ကျွန်တော်တို့ ကျေးဇူးတင်ကြောင်းကို ပြသနိုင်တဲ့ တစ်ခုတည်းသောအရာပါပဲ..."
"ဟုတ်ပါတယ်။ ကျွန်တော်တို့က အရှင်မင်းကြီးလောက်စွမ်းအားမကြီး အရည်ချင်းမရှိပေမယ့် ကျွန်တော်တို့ရဲ့မိသားစုတွေကာ သက်ဆိုင်ရာနယ်နိမိတ်မှာ ရာထူးအရှိန်၀ါကြီးမားကြတဲ့လူတွေပါ။ အဲ့တာကြောင့် အရှင်မင်းကြီးတစ်ခုခုလိုအပ်လာရင် ကျွန်တော်တို့ ဂျက်ဆိုမိသားစုက အကောင်းဆုံးကူညီပေးသွားမှာပါ...."
သိုင်းဆရာအဖိုးကြီးများသည် သူတို့ရရှိလာခဲ့သည့် ပစ္စည်းများ၏ တစ်၀က်နှင့် သူတို့၏ မိသားစုဆိုင်ရာအမှတ်တံဆိပ်များကို ထုတ်ယူကာ ဖှေးအား ပေးလိုက်ကြသည်။
ဖှေး ငြင်းဆိုခြင်းမရှိပေ။
ခနတာတွေးကြည့်ပြီးသည့်နောက်တွင် ဖှေးသည် တန်ဖိုးကြီးသည့် ဆေးပင်အနည်းငယ်နှင့်၊ ရှားပါးသတ္တုတစ်ချို့ကို လက်ခံလိုက်သည်။ ဘုရင့်ထံတွင် ကစဥ့်ကလျားပုလ္လင်ရှိနေသည့်အတွက်ကြောင့် ဘုရင်သည် ဒဏာရီလာနန်းတော်၏ ဗဟိုချက်ဒေသအား အချိန်မရွေးပင်သွားလာနိုင်မည်ဖြစ်ပြီး သူလိုချင်သည့်အရာမှန်သမျှကို ယူဆောင်နိုင်မည်ဖြစ်သည်။
ထို့နောက်တွင် အမှတ်တံဆိပ်များကိုလည်း အနာဂတ်အတွင် အခြေအနေတစ်ခုခုအတွက်အသုံး၀င်လာနိုင်သည့်အတွက်ကြောင့် ယူထားလိုက်၏။
ဆွေးနွေးမှုတစ်ချို့ပြလုပ်ပြီးသည့်နောက်တွင် သိုင်းဆရာအဖိုးကြီးများသည် အလံနှစ်စုံမြို့တော်ထဲတွင် ခနတာခန့်ဆက်လက်နေရန်အတွက် ဆုံးဖြတ်လိုက်သည်။
နေရာတကျဖြစ်သွားပါက သူတို့၏မိသားစုများထံသို့ တမန်တော်များစေလွှတ်ကာ သတင်းပို့စေမည်ဖြစ်ပြီး သူတို့၏ ကိုယ်တိုင်မိသားစုတပ်ဖွဲ့များရောက်ရှိလာသည့်အချိန်မှသာ တင်းကြပ်သည့်အကာကွယ်များဖြင့် နေရပ်သို့ ပြန်ကြမည်ဖြစ်သည်။ အလွန်တန်ဖိုးကြီးသည့် ရတနာများကိုပိုင်ဆိုင်ထားခြင်းသည်လည်း အန္တရာယ်အား ဖိတ်ခေါ်နေသလိုဖြစ်သည့်အတွက်ပင်။ ဖှေးသည် သူတို့အား အချိန်တိုင်းလိုက်လံကာ စောင့်ရှောက်ပေးနိုင်မည်မဟုတ်သောကြောင့်ပင်။
ဖှေးနှင့် ဟေဇယ်-ဘန့်ခ်တို့သည် သိုင်းဆရာအဖိုးကြီး၇ယောက်တို့နှင့် နှုတ်ဆက်ပြီးသည့်အချိန်တွင် နန်းတော်ဆောင်သို့ ပြန်ခြင်းမရှိပဲ ရေတွင်းများ၏ဘေးတွင်ရှိသော လမ်းပေါ်တွင် လမ်းလျှောက်နေ၏။
သူတို့နှစ်ယောက်လုံးသည် စွမ်းအားမြင့်မားသည့်အတွက်ကြောင့် လောကနိယာမတစ်ချို့ကို ထိန်းချုပ်နိုင်စွမ်းရှိကြသည်။ ထို့ကြောင့် သူတို့နှစ်ယောက်စကားပြောနေသည့်အသံကို မည်သူမှကြားနိုင်ခြင်းမရှိပဲ သူတို့လမ်းလျှောက်နေသည်ကိုလည်း မည်သူမှ သတိထားမိခြင်းမရှိပေ။
"အရှင်မင်းကြီး ကျွန်တော့ကို ပြောစရာရှိတယ်ဆို..." ခနတာခန့်လမ်းလျှောက်ပြီးသည့်အချိန်တွင် ဟေဇယ်-ဘန့်ခ်မှ မေးလိုက်သည်။
ဘုရင်သည်သူ့အား တစ်စုံတစ်ခုပြောစရာရှိသည်ကို ရိပ်မိသည့်အတွက်ပင်။
ဖှေးခေါင်းငြိမ့်လိုက်သည်။
"ကျွန်တော်ခင်ဗျားနဲ့ ဆွေးနွေးစရာတစ်ခုရှိနေတယ်..." ဖှေးသည် ဟေဇယ်-ဘန့်ခ်အား ၀တ်ရုံနက်ကျောင်းတော်၊ ဘက်စတီတို့နှင့် ဆုံတွေ့ခဲ့ပုံတို့ကို ပြောပြလိုက်သည်။ နောက်ဆုံးတွင် သူပြောလိုက်၏။ "ညာလက်ရုံးဂိုဏ်းအုပ်သူတော်စင်ဘတ်စတီက ကျွန်တော့ကို သူတို့ကျောင်းတော်ထဲကို ၀င်ဖို့ဖိတ်ခေါ်ထားတဖယ်။ သူက မြို့တော်ထဲမှာ ကျွန်တော့ရဲ့အဖြေကို စောင့်နေတုန်းပဲ။ ကျွန်တော်ဆုံးဖြတ်ချက်မချခင်မျာ ခင်ဗျားရဲ့အမြင်ကိုလည်း ကြားချင်သေးတယ်..."
"အရှင်မင်းကြီး ဆုံးဖြတ်ချက် ချပြီးလောက်ပြီလို့ ကျွန်တော်ထင်ပါတယ်...ဟုတ်တယ်မလား..." အောက်လမ်းဆရာသည် ပြုံးလျှက် အဓိပ္ပါယ်ပါပါဖြင့်ပြောလိက်သည်။
ဖှေးသည်လည်း ဖုံးကွယ်နေရန်ကြိုးစားခြင်းမရှိပဲ ပြောလိုက်သည်။ "ခင်ဗျားပြောတာမှန်ပါတယ်။ ကျွန်တော့မှာ အကြံတစ်ချို့တော့ရှိနေတယ်။ ဒါပေမယ့် ခင်ဗျားနဲ့ အာသာတို့ရဲ့အမြင်ကလည်း ကျွန်တော့အတွက် အရေးကြီးတာပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က ၀တ်ရုံနက်ကျောင်းတော်မလာခင်ဆုံတွေ့ခဲ့ကြတဲ့လူတွေပဲ...အဲ့တာကြောင့် ခင်ဗျားတို့..."
"ကျွန်တော်နဲ့ အာသာတို့က အရှင်မင်းကြီးနောက်ကို ဘယ်လိုပဲကိစ္စပဲရှိနေရှိနေ အကြွင်းမဲ့လိုက်ပါမယ်လို့ ကတိပေးထားတာပဲ..." ဟေဇယ်-ဘန့်ခ်သည် ကျယ်ပြန့်သည့်ကောင်းကင်ကို မော့ကြည့်ရင်းဖြင့် ခိုင်မာစွာပြောလိုက်သည်။ "တစ်ခြားကိစ္စတွေကို ဘေးဖယ်ထားလိုက်မယ်ဆိုရင် ၀တ်ရုံနက်ကျောင်းတော်ထဲကို ၀င်တာက အရှင်မင်းကြီး၊ အရှင်မအန်ဂျယ်လာနဲ့ ချမ်းဘော့ဒ်တိုင်းပြည်တို့အတွက် ကောင်းမွန်တဲ့ရွေးချယ်မှုတစ်ခုပဲ...အရှင်မင်းကြီး ကျွန်တော့်ကို မြို့ဟောင်းထဲမှာ ပြောပြခဲ့တဲ့အစီစဥ်ကိုသာ တကယ်အကောင်ထည်ဖော်ချင်တယ်ဆိုရင် မဟာဘုရားကျောင်းရဲ့အထဲကနေစတင်လိုက်တာက ဆိုး၀ါးတဲ့အကြံတစ်ခုမဟုတ်လောက်ဘူး..."
"ဒါဆို ခင်ဗျားက ကျွန်တော် ၀တ်ရုံနက်ကျောင်းတော်ထဲကို ၀င်မှာကို စိတ်မရှိဘူးပေါ့..." ဟေဇယ်-ဘန့်ခ်၏ ပြန်လည်ဖြေကြားခြင်းကြောင့် ဖှေးအတော်တန်ပင်အံ့သြသွားမိသည်။ "ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ခင်ဗျားက မဟာဘုရားကျောင်းနဲ့ ရန်ညိုးတွေရှိခဲ့တော့ ဒိကစ္စကို ပြင်းပြင်းထန်ထန်ကန့်ကွက်မယ်လို့ ထင်ခဲ့တာ...."
"ဟီးဟီးဟီး ကျွန်တော်အသက်ရှင်လာတာ နှစ်ပေါင်းလေးရာကျော်နေပြီ ကြုံတွေ့ခဲ့ရတာတွေလည်းအများကြီးပေါ့။ တစ်ချို့ကိစ္စတွေကို အပေါ်ယံနဲ့တင်မဆုံးဖြတ်ပါဘူး..." ဟေဇယ်-ဘန့် ခနတာခန့်နားကာ ဆက်ပြောလိုက်သည်။ "တကယ်တန်းကျ အရှင်မင်းကြီးရဲ့ တွေးခေါ်ပုံတွေးခေါ်နည်းကိုပဲ ကျွန်တော်ပိုပြီးတော့ စိတ်၀င်စားမိတယ်။ တကယ်လို့ ကျွန်တော်သာ အရှင့်ရဲ့အသက်ကို မသိဘူးဆိုရင် အရှင်မင်းကြီးကိုလည်း နှစ်ပေါင်းရာနဲ့ချီပြီးအသက်ရှင်လာခဲ့တဲ့လူလို့ ထင်မိမှာပဲ။ အရှင်မင်းကြီးရဲ့ အကြံဉာဏ်အများစုကို ဘ၀အတွေ့ကြုံအများကြီးရှိတဲ့ လူတွေပဲ နားလည်နိုင်မှာမို့လို့လေ..."
ဖှေးပြုံးလိုက်ကာ ဘာမှပြန်ပြောခြင်းမရှိပေ။
ဟေဇယ်-ဘန့်ခ်ထင်သည်မှာ တိကျသည်။
ဖှေးသည် အရင်ဘ၀က ရှုပ်ထွေးသည်လောကထဲတွင် နေထိုင်လာသည့်လူဖြစ်သည့်အတွက်ကြောင့် သူ့အား အသက်များစွာကြီးသည့်အတွေးခေါ်ရှိသည်ဟုဆိုခြင်းသည် ချဲ့ကားပြောနေခြင်းမဟုတ်ပေ။
အောက်လမ်းမှော်ဆရာ၏ ထောက်ခံခြင်းကို ရရှိပြီးသည့်နောက်တွင် ဖှေးတွင် စိုးရိမ်စရာမရှိတော့ပေ။ သူသည် အသက်ရှူထုတ်လိုက်ပြီး ပို၍ အေးချမ်းသလိုခံစားလိုက်ရ၏။
ထို့နောက်တွင် သူတို့လူခြင်းခွဲလိုက်ကြသည်။
ဟေဇယ်-ဘန့်ခ်သည် မြို့တော်ထဲသို့ တစ်ယောက်တည်းလှည့်လည်ကာ သာမန်လူများ၏ ဘ၀နေထိုင်မှုကို ခံစားကြည့်ရှုလိုသည့်အတွက်ပင်။ ထို့အပြင် နေ့တိုင်းအရက်မှူးနေခဲ့သည့် အရိုးနဂါးအာသာကိုလည်း လိုက်ရှာရဦးမည်ဖြစ်သည်။
တစ်ဖက်တွင်ဖှေးသည်လည်း ခံတပ်နံရံအနောက်ဘက်ဂိတ်တံခါးပေါ်တွင်ရှိသည့် မျှော်စင်သို့ သွားရောက်လိုက်သည်။
"ဟမ် ဂျက်အင်ပါယာက ရန်သူတွေ ဆုတ်ခွာကုန်ပြီဟုတ်လား..." ဖှေးမထိုင်သေးခင်မှာပင် ရက်ဘရီပြေး၀င်လာကာ သူ့အား သတင်းအသစ်တစ်ခုကို တင်ပြလိုက်သည်။
"ဟုတ်တယ် လွန်ခဲ့တဲ့ သုံးရက်လောက်က စပြီးတော့ ဂျက်အင်ပါယာက စစ်သည်တွေရဲ့ ထူးဆန်းတဲ့အမူကျင့်တွကေို စပြီးတော့ သတိထားမိလာခဲ့တယ်။ ကျွန်တော့်တို့ ကင်းထောက်တွေက သူတို့ကို စောင့်ကြည့်နေခဲ့တာလေ။ ဒီနေ့မနက်မှာတော့ ဂျက်အင်ပါယာက လူတွေက မနေ့ညက သန်းခေါင်မတိုင်ခင်မှာ လျို့၀ှက်ဆုတ်ခွာသွားကြတယ်လို့ပြောတဲ့။ စခန်းအခွံပဲချန်ထားခဲ့တယ်တဲ့..." ရစ်ဘရီသည် ဖှေးအား တင်ပြချက်စာရွက်အား ကမ်းပေးကာ လျှောက်ထားလိုက်သည်။
ရစ်ဘရီသည် ရန်သူများပြန်လည်ကာ ဆုတ်ခွာသွားသည့်အတွက်ကြောင့် အတော်တန်အံ့သြနေခဲ့သည်။
ဤအခိုက်တန့်တွင် စပါတပ်စစ်မြေပြင်နှင့် အိုက်ဟိုဗင်စစ်မြေပြင်တို့မှ သတင်းကောင်းများသည် ဂျက်အင်ပါယာစစ်မြေပြင်သို့ ရောက်ရှိခြင်းမရှိသေးသောကြောင့် ဂျက်အင်ပါယာစစ်မြေပြင်မှ ခေါင်းဆောင်များသည် အကြောင်းရင်းကို မသိကြသေးခြင်းပင်။
"အေး နောက်ဆုံးတော့ ဒီစစ်ပွဲကြီးပြီးပြီထင်တယ်..." ဖှေးသည် စားပွဲခံအား သူ၏လက်ချောင်းဖြင့် စည်းချက်ကျကျညင်သာစွာ တီးခေါက်နေရင်းတွေးလိုက်မိသည်။
ဇီးနစ်စစ်ပွဲနတ်ဘုရား အာရှဗင်သည် စစ်မြေပြင်တွင် တောက်ပကာ ဇီးနစ်အင်ပါယာ၏ မဟာရန်သူဖြစ်သည့် စပါတပ်အင်ပါယာကို သိမ်းပိုက်ခဲ့သည်။ ထို့နောက်တွင် အင်ပါယာအရှင်သခင်ခရွန်ကန့်လဲမရှိတော့သည့် အိုက်ဟိုဗင်အင်ပါယာသည်လည်းမြို့တော်တစ်ခုတည်းတင်ခုခံနေခဲ့ကာ ကျရှုံးသွားခဲ့သည်။ ဇီးနစ်အင်ပါယာနှင့် တစ်ခြားလယ်ဗယ်၁ အင်ပါယာများဖြစ်ကြသည့် စပါတပ်၊ အိုက်ဟိုဗင်နှင့် ဂျက်အင်ပါယာတို့မှ စစ်ပွဲများသည် ပြီးဆုံးတော့မည်ဖြစ်ပြီး ရက်စက်ကြမ်းကြုတ်သည့် ၀က်၀ံဖြူအလံတိုင်သင်္ကေတဇီးနစ်အင်ပါယာသည် တောင်ဘက်နှင့် အနောက်တောင်ဘက်မှစစ်မြေပြင်များကို ထိန်းချုပ်ထားနိုင်ပြီဖြစ်သည်။
ဂျက်အင်ပါယာသည်လည်း တစ်ခြားစစ်မြေပြင်များမှ သတင်းများကို ကြားပြီးသည့်နောက်တွင် တွက်ချက်ကာ ဆုတ်ခွာပေးလိုက်သည့်ပုံပင်။
သေဆုံးတော့မည်ဟု သတင်းထွက်နေသည့် အင်ပါယာအရှင်သခင်ယရှင်းပြန်လည်ကာ ပေါ်ထွက်လာခြင်း၊ စစ်မြေပြင်နှစ်ခုတွင် ဇီးနစ်အင်ပါယာပြသခဲ့သည့် စိုးမိုးနိုင်သောစစ်အင်ပါအားတို့ကြောင့် ဇီးနစ်အင်ပါယာသည် ယခုအချိနန်တွင် လယ်ဗယ်၂ သို့မဟုတ် လယ်ဗယ်၃ အင်ပါယာတစ်ခုပင်ဖြစ်လာနိုင်၏။
သို့သော် ဤအရာများအားလုံးသည် မည်သည့်အချိန်ထိခံနိုင်မည်နည်း။
ဤကဲ့သို့ ယာယီအောက်နိုင်ခြင်းပြီးသည့်နောက်တွင် ပို၍ပင် ရက်စက်ကြမ်းကြုတ်သည့် တိုက်ပွဲတစ်ခုရှိလာဦးမည်လော။
ဤဒေသထဲတွင် စွမ်းအားအမြင့်မားဆုံးအင်ပါယာဖြစ်သည့် လီယွန်အင်ပါယာသည် ဇီးနစ်အင်ပါယာ အရှိန်၀ါကြီးမားလာသည်အား ဒီတိုင်းလွှတ်ထားပေးမည်လား။
ဖှေးသည် ရုတ်တရက် ရယ်မောကာ သူ၏ ခေါင်းကို ခါရမ်းလိုက်သည်။
"ငါက အတွေးလွန်နေတာပါ။ ဒီကိစ္စတွေက တော်၀င်မိသားစုနဲ့ အင်ပါယာအရှင်သခင်ယရှင်း ဖြေရှင်းရမယ့် ကိစ္စတွေပဲ။ ငါအခုလုပ်ဖို့လိုအပ်တာက စစ်သည်တွေနဲ့ သိုင်းဆရာတွေကို ချမ်းဘော့ဒ်တိုင်းပြည်ကို ပြန်ခေါ်သွားဖို့ပဲ။ ငါတို့တွေ အိမ်နဲ့၀ေးနေတာ အတော်ကြာပြီ။ အဲ့တာကြောင့်ပြန်လည်ပြုပြင်တည်ဆောက်ထားတဲ့ ချမ်းဘော့ဒ်တိုင်းပြည်ကြီးကို ပြန်ကြည့်ဖို့အချိန်ရောက်လာပြီ..."