← Chapters

အခန်း (၆၆၃)

Vol. 42 Ch. 663

အခန်း (၆၆၃)

Vol. 42 Ch. 663

သုံးရက်ခန့်ကြာပြီးသည့်နောက်တွင်...

အေးစက်သည့် ဆောင်းရာသီကုန်ဆုံးသွားပြီဖြစ်သည့်အတွက်ကြောင့် နွေဦးရာသီ၏ ခံစားချက်တို့မှာ မြောက်ပိုင်းဒေသတွင် ပြန့်နှံ့နေလျှက်ရှိသည်။

ဤနေရာသည် တောင်တန်းအနည်းငယ်ရှိသညည့် ဒေသတစ်ခုပင်။

အ၀ါရောင်မြက်ခြောက်များသည် အနည်းငယ်စတင်၍ စိမ်းလန်းစပြုနေပြီးဖြစ်ပြီး လန်းဆန်းဖွယ်ခံစားချက်တစ်ခုကို ပေးနေလျှက်ရှိသည်။

လေညှင်းသည်လည်း ခြောက်သွေ့ခြင်းမရှိတော့ပဲ အတော်တန်ပင်စိုစွတ်လာ၏။

ရုတ်တရက်ပင် ခေါင်းနှစ်လုံးခွေးပုံပါရှိသည့် အလံတစ်ခုသည်သည် တောင်ကြားတစ်ခုထဲတွင်ပေါ်လာ၏။ နွေဦးလေညှင်းသည် ဤထူးဆန်းသော်လည်း ထည်၀ါသည့်အလံတိုင်အား လေထဲတွင် လွှင့်ပျံစေနေလျှက်ရှိပြီး ထိုအလံတိုင်သည် ကောင်းကင်ပေါ်သို့ ပျံတက်တော့မည့် အမဲရောင်နဂါးကြီးတစ်ကောင်လိုပင်။

ထို့နောက်တွင် အလံတိုင်အား ကိုင်ထားသည့် တောင့်တင်းသော စစ်သည်တစ်ယောက်အား တွေ့လိုက်ရ၏။

ထိုစစ်သည်သည် သန်မာထွားကျိုင်းပြီး ဟိန်းဟောက်နေသော် လယ်ဗယ်၄ နတ်ဆိုးသားရဲဖြစ်သည့် မီးမှုတ်သားရဲကို စီးနှင်းထား၏။ ထိုသားရဲကောင်၏ မျက်လုံးများသည် နီရဲနေပြီး သူ၏သွားများသည်လည်း ချွန်ထက်နေလျှက်ရှိသည်။ ခန္ဓာကိုယ်ပေါ်တွင်ရှိနေသည့် အနီရောင်အမွေးမျှင်များ၏ အောက်တွင် တောက်ပနေသည့် ကြေးခွံများရှိနေ၏။ ခွာများတွင်လည်း မီးတောက်များတောက်ပနေသည့်အတွက် ပြေးလိုက်သည့်အချိန်တိုင်းတွင် မီးတိမ်တိုက်တစ်ခုပေါ်တွင် နင်းလျှောက်နေသလိုပင်။

မြင်းစစ်သည်ထွက်ပေါ်လာပြီးသည့်နောက်တွင် မြင်းစစ်သည်အယောက်၃၀၀ခန့်ပါရှိသည့်အဖွဲ့တစ်ခုပေါ်လာ၏။

ကျန်ရှိနေသည့် မြင်းစစ်သည်၂၀သည်လည်း ပထမဆုံးမြင်းစစ်သည်ကဲ့သို့ပင် တောင့်တင်းသန်မာကာ ထွားကျိုင်းသည့်လူများပင်။ သူတို့သည်လည်း လယ်ဗယ်၄ မီးမှုတ်သားရဲများကို စီးနင်းနေကြ၏။ သူတို့သည် Vပုံသဏ္ဏာန်ဖွဲ့စည်းပုံဖြင့် ခရီးဆက်နေကြပြီး အလည်ထဲတွင်ရှိနေသည့် မြင်းစစ်သည်များကို ကာကွယ်ပေးထားကြသည်။

အဖွဲ့၏ အရှေ့ဆုံးတွင် ခြောက်မီတာခန့်မြင့်မားကာ ၁၆မီတာခန့်မြင့်မားသည့် အမဲရောင်သားရဲကြီးတစ်ကောင်သည် သူတို့နှင့်အတူ လမ်းလျှောက်ကာ လိုက်ပါလာနေလျှက်ရှိသည်။

ထိုအမဲရောင် နဂါးကဲ့သို့သော သားရဲကောင်ကြီး၏ ကြောပေါ်တွင် စစ်သည်ရုပ်တုများ၊ နတ်သမီးရုပ်တုများဖြင့် အလှဆင်ထားသည့် ထင်၀ါလှပသော ငွေရောင်ပုလ္လင်ကြီးတစ်ခုရှိနေ၏။ ခန့်ညားသည့်လူငယ်တစ်ယောက်သည် ပုလ္လင်ပေါ်တွင်ထိုင်နေပြီး သူ၏လက်မောင်းများကြားထဲတွင် လှပသည် ဆံပင်အနက်ရောင်နှင့်ကောင်မလေးတစ်ယောက်ကိုပွေ့ပိုက်ထားသုည်။ သူတို့၏အရှေ့တွင် သေးငယ်သည့် တိရိစ္ဆာန်လေးတစ်ကောင် ကခုန်နေလျှက်ရှိပြီး လူငယ်သည် ကောင်မလေး၏ နားနားသို့ ကပ်ကာ တစ်စုံတစ်ခုပြောလိုက်ရာ ကောင်မလေးသည်လည်း အဆက်မပြတ်တခစ်ခစ်ဖြင့် ရယ်မောနေတော့သည်။

ရက်ကွန်းကောင်လေးသည် မြက်ခြောက်များဖြင့် ပြုလုပ်ထားသည့် စကတ်တစ်ထည်ကို ၀တ်ဆင်ထား၍ သူ၏ အမြှီးကို လှုပ်ကာ စိတ်မပါလက်မပါဖြင့် ကခုန်နေလျှက်ရှိသည်။

ဆယ်မီတာကျော်ခန့်ရှည်လျားသည့် သားရဲကောင်ကြီး ၃ကောင်သည်လည်း ကောင်းကင်ပေါ်တွင် ပျံသန်းနေလျှက်ရှိသည်။ ထိုအနီရောင်ေ၊ အပြာရောင်နှင့် အစိမ်းရောင်ကောင်ကြီးများသည် လေပေါ်တွင် ပျံသန်းကာပျော်ရွှင်နေကြလျှက်ရှိသည်။ သူတို့၏ အသံများထဲတွင် ဖိအားအနည်းငယ်နှင့် မြင့်မြတ်သည့်အရှိန်၀ါများပါ၀င်နေသည့်အတွက် သူတို့၏အသံကို ကြားသည့်အချိန်တွင် တောထဲမှ တိရိစ္ဆာန်တစ်ချို့ထွက်ပြေးနေလျှက်ရှိကြသည်။

ဤတပ်ဖွဲ့သည် ချမ်းဘာ့ဒ်တပ်ဖွဲ့ဖြစ်သည်မှာ ရှင်းလင်းလှသည်။

ဂျက်အင်ပါယာစစ်မြေပြင်တိုက်ပွဲပြီးမြောက်သွားပြီဖြစ်သည့်အတွက်ကြောင့် သူတို့သည်အချိန်ငါးလကျော်ခန့်ကြာပြီးသည့်နောက်တွင် ချမ်းဘော့ဒ်တိုင်းပြည်သို့ ပြန်နေကြခြင်းပင်။

"အန်ဂျယ်လာ အဲ့အပျော်လွန်နေတဲ့ သုံးကောင်ကို အသံတိုးဖို့ပြောပေးပါဦး။ အဲ့လိုမှမဟုတ်ဘူးဆိုရင် ငါတို့မြင်းတွေအကြောက်လွန်ပြီးတော့ စိတ်ဒဏ်ရာရကုန်မယ်..." ဖှေးသည် အန်ဂျယ်လာအား ပြောလိုက်၏။

ဘလက်ကီ၏ ကြောပေါ်တွင် ယာယီအားဖြင့် ရှိနေသည့် ကစဥ့်ကလျားခြင်းပုလ္လင်ပေါ်တွင်ထိုင်နေလျှက် ဖှေးသည် ကောင်းကင်ပေါ်တွင် ပျံသန်းနေသည့် နဂါးသုံးကောင်အား မော့ကြည့်လိုက်သည်။ ထို့နောက်တွင် တစ်ဖက်သို့ လှည့်ကာ အကြောက်လွန်နေသည့်အတွက်ကြောင့် ပါးစပ်အတွင်းမှ အမြုပ်များပင် ထွက်နေသည့်မြင်းများကိုကြည့်လိုက်သည်။

ဤနဂါးသုံးကောင်၏ ပုံမှန်မဟုတ်သည့် ဟိန်းဟောက်သံများကြောင့် အကြောက်လွန်ကာ စိတ်ဒဏ်ရာရရှိသွားခဲ့ကြသည့်မြင်းများစွာပင်ရှိပြီဖြစ်သည်။

နဂါးသုံးကောင်ဖြစ်၏။

လွန်ခဲ့သည့် သုံးရက်ခန့်က ဟေဇယ်-ဘန့်ခ် ဤသုံးကောင်အား မြင်တွေ့လိုက်သည့်အချိန်တွင် သူပင် အံ့သြကာ အော်ဟစ်လိုက်မိသည်။ အကယ်၍ တစ်စုံတစ်ယောက်သည် နှစ်ပေါင်းလေးရာကျော်ခန့်အသက်ရှင်နေထိုင်ခဲ့ပါက ဤသုံးကောင်သည် တိုက်ပေါ်မှ မျိုးသုဥ်းသွားခဲ့ပြီဖြစ်သည့် နဂါးများဖြစ်သည်ကို ချက်ချင်းပင် သိရှိလိုက်မည်ဖြစ်သည်။ လက်ရှိတွင် သူတို့သည် ခရီးသွားကဗျာဆရာများပြောသည့် ပုံပြင်ဇာတ်လမ်းထဲတွင်သာ ရှင်သန်တော့၏။

ဤသတင်းသည် ဘုရင်အား ပထမပိုင်းတွင် ထိတ်လန့်အံံသြသွားစေခဲ့သော်လည်း သူသည် ခနအကြာတွင် ပျော်ရွှင်သွားခဲ့သည်။

"ငါ ချမ်းပြီးတုန်နေတဲ့အဖိုးကြီးစီက ၀ယ်ခဲ့တဲ့ ကျောက်တုံးဥသုံးလုံးကနေ နဂါးသုံးကောင်ထွက်လာလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ။ ငါက ရွှေဒင်္ဂါးအနည်းငယ်လောက်ပဲ ကုန်ခဲ့တာလေ။ နဂါးတွေ နဂါးတွေကွ ဟားဟားဟား လူမိုက်၊ လူဆိုးနဲ့ လူရမ်းကားတို့တွေ အရွယ်ရောက်လာရင်သူတို့ကို လေ့ကျင့်ပေးပြီးတော့ ငါက နဂါးသူရဲကောင်းတွေဖန်တီးလို့ရပြီ ဟုတ်တယ်မလား..."

"နေပါဦး လူဆိုးက နဂါးမမလား။ တကယ်လို့ လူဆိုးသာ လူမိုက်ဒါမမဟုတ် လူရမ်းကားနဲ့ မိတ်လိုက်မယ်ဆိုရင် နဂါးပေါက်လေးတွေလဲထွက်လာလိမ့်မယ်ထင်တယ်။ အမ် ဒါပေမယ့် သူတို့က မောင်နှမတွေးများလား။ မဟုတ်ပါစေနဲ့လို့ မျှော်လင့်ရမှာပဲ..." ဘုရင်တွေးလိုက်မိသည်။ သူ၏ အကြံသည် လွန်ကဲလွန်းနေသလိုပင်။ ထို့ကြော့င် သူသည် ရာနင့်ချီသော နဂါးသူရဲကောင်များဖန်တီးရန်အကြံကို စွန့်လွှတ်လိုက်ရသည်။

"သူတို့တွေက အခုမှပျံတတ်တာဆိုတော့ အပျော်ချင်ကြမှာပဲ..." အန်ဂျယ်လာပြန်ဖြေလိုက်သည်။ ထို့နောက်တွင် သူမသည် ကောင်းကင်ပေါ်သို့ လက်ဖြင့် ၀ှေ့ရမ်းပြလိုက်သည်။

"ဘုန်း ဘုန်း ဘုန်း..."

နဂါးသုံးကောင်သည် ကောင်းကင်ပေါ်မှ အောက်သို့ ဆင်းသက်လာ၏။ သို့သော် သူတို့သည် ပျံသန်းရာတွင် ကျွမ်းကျင်ခြင်းမရှိကြသေးသည့်အတွက်ကြောင့် မြေပြင်ပေါ်သို့ ပြုတ်ကျလာကာ ကျင်းနက်ကြီးသုံးခုကို ဖန်တီးလိုက်သည်။ ဖုန်မှုန့်များလုံးထွေးသွား၏။

ဤကဲ့သို့သော အောက်သို့ ပြုတ်ကျခြင်းသည် သူတို့အတွက် ဘာမှမဟုတ်လှပေ။ ဒဏ်ရာရရှိခြင်းမရှိပေ။ သူတို့သည် တွင်းများထဲမှ တွယ်တက်လာပြီး အောက်သို့ ထိုင်လိုက်ကြသည်။ ထို့နောက်တွင် လျှာများကိုထုတ်ကာ အမြှီးများ၀ှေ့ရမ်းနေကြ၏။ သူတို့သည် အစာတောင်းနေကြသည့်ခွေးကြီးများကဲ့သို့ပင်။

ဖှေးသူ၏မျက်လုံးများကို ဖုံးကာလိုက်သည်။ သူသည် ပြောစကားပင်မရှိတော့ပေ။

မိဘများမရှိတော့သည့်အတွက်ကြောင့် သူတို့သည် အရာရာကို ဘလတ်ကီထံမှ သင်ယူလာခဲ့ကြပြီး သူတို့သည် ခွေးများကဲ့သို့ပင် ပြုမူနေကြ၏။ သူတို့တွင် စိုးမိုးနိုင်သော နဂါးများ၏ ဟန်ပန်မရှိတော့ပေ။

အန်ဂျယ်လာသည် မှော်တလင်းကျောက်လေးလုံးကို ထုတ်ယူလိုက်ပြီး လေပေါ်သို့ ပစ်လိုက်သည်။ မှော်တလင်းကျောက်တစ်ခုစီသည် လူမိုက်၊ လူရမ်းကားနှင့် လူဆိုးတို့၏ ပါးစပ်အတွင်းသို့ ရောက်ရှိသွားပြီး နောက်ဆုံးတစ်ခုသည် ဘလတ်ကီ၏ ပါးစပ်အတွင်းသို့ ရောက်ရှိသွား၏။

ဤသတ္တ၀ါလေးကောင်သည် မှော်ကျောက်တုံးများမည်မျှစျေးကြီးကြောင်းကို မသိသည့်အတွက်ကြောင့် မှော်ကျောက်တုံးများကို အရသာရှိသည့်အရိုးများကဲ့သို့ပင် ၀ါးနေကြ၏။

ဖှေး၏ နှလုံးသားသည် သွေးများယိုစီးနေလျှက်ရှိသည်။

လွန်ခဲ့သည့် ရက်အနည်းငယ်တွင် သူတို့စားခဲ့သည့် မှော်ကျောက်တုံးအရေတွက်သည် ကြယ်၃လုံးအဆင့်မှော်ဆရာဆယ်ယောက်ကိုပင် ဖန်တီးရန်အတွက် လုံလောက်၏။

အိမ်မွေးတိရိစ္ဆာန်များကို မှော်ကျောက်တုံးများ ကျွေးမွေးရန်မှာ စျေးကြီးလှသည့်အတွက်ကြောင့် ရာဇ၀က်မှုဟူ၍ပင် ဆိုရမည်ဖြစ်သည်။

ကစဥ့်ကလျားပုလ္လင်အား အသက်သွင်းရန်အတွက် ကိန်းသည် ဖှေးတွင် ရှိသမျှမှော်တလင်းကျောက်များအားလုံးကို အသုံးပြုခဲ့သည်။ ထို့ကြောင့် ဖှေးသည် မီလီယံနာတစ်ယောက်အဖြစ်မှ လူမွဲတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။ ထို့ကြောင့် သူသည် ဟိုလာဒရစ်ကုဗတုံးအား အသုံးပြု၍ အဆင့်မြင့်မှော်တလင်းကျောက်တစ်ခုကို ဖန်တီးကာ ထိုအဆင့်မြင့်မှော်တလင်းကျောက်များကို အဆင့်နိမ့် မှော်တလင်းကျောက်၁၀၀၀၀နှင့် ပြန်လည်ကာ လဲလှည်ခဲ့သည်။

သို့သော် သားရဲလေးကောင်သည် ဤရက်ပိုင်းအတွင်းတွင် မှော်တလင်းကျောက်များအားလုံးနီးပါးကိုပင် စားသောက်ခဲ့သည်၊။

နောက်ဆုံးတွင် ထိုစားသုံးလိုက်သည့်မှော်တလင်းကျောက်များသည် အလကားဖြစ်ခြင်းမရှိပေ။

မှော်တလင်းကျောက်များကို စားသုံးပြီးသည့်နောက်တွင် နဂါးများ၏ ခန္ဓာကိုယ်အရွယ်စားသည်လည်းများစွာပင် မြင့်တက်လာခဲ့သည်။ သူတို့၏ စွမ်းအားသည် လက်ရှိအချိန်တွင် လသစ်စစ်သည်များနှင့်ပင် နှိုင်းယှဥ်နိုင်နေပြီဖြစ်ပြီး သူတို့သည် လက်ရှိအချိန်တွင် ချမ်းဘော့ဒ်တိုင်းပြည်၏ ထိပ်တန်းတိုက်ခိုက်ရေးသမားများပင်။

တဖက်တွင် ဘလတ်ကီသည်လည်း မှော်တလင်းကျောက်များစွာကို စားသောက်ပြီးသည့်အချိန်၌ မီးများပင် မှုတ်နိုင်နေပြီဖြစ်သည်။ ဟော့ခ်ဆေးပုလင်းနှင့် မှော်တလင်းကျောက်များကို စားသောက်ထားသည့်အတွက်ကြောင့် ဤခွေးကြီးသည် အမည်မသိသည့်လားရာတစ်ဖက်သို့ ဆင့်ကဲပြောင်းလဲနေ၏။

စားပြီးနောက်တွင် နဂါးသုံးကောင်သည် ဘလတ်ကီအတိုင်းပင် သူတို့၏လျှာများကို ထုတ်ကာ အမြှီးများကို ၀ှေ့ရမ်းပြနေလျှက်ရှိသည်။

"နေ၀င်တော့မယ်။ ငါတို့အရှေ့မှာ ရေကန်တစ်ခုရှိနေတယ် ငါတို့ဒီညအဲ့နေရာမှာပဲ စခန်းချရအောင်...." ဖှေးသူ၏လက်ကို ၀ှေ့ရမ်းလိုက်ပြီး တိုးရိစ်အား လှမ်းခေါ်လိုက်သည်။ "ဖာနန်ဒို ငါ့အမိန့်အတိုင်း စခန်းချလိုက်တော့..."

"ဟုတ်ကဲ့ပါ အရှင်မင်းကြီး..."

All Chapters