← Chapters

အခန်း (၆၆၆)

Vol. 43 Ch. 666

အခန်း (၆၆၆)

Vol. 43 Ch. 666

အဖိုးကြီး အာရန်းသည် သက်ပြင်းချကာ ပြောလိုက်သည်။

သူ့ဘ၀၏ အနိမ့်ကျခဲ့ဆုံးအချိန်တွင် နောက်လိုက်ရန်ဆုံးဖြတ်ခဲ့သည့်ဘုရင်ငယ်သည် အထူးခြားဆုံးသောလူတစ်ယောက်ဖြစ်နေသည့်အတွက်ပင်။

ဇီးနစ်အင်ပါယာထဲတွင်ဖြစ်နေသည့် အခြေအနေသည် အလွန်ပင်ထူးခြားနေသည်။ လွန်ခဲ့သည့်နှစ်ခြောက်ဆယ်ပတ်လုံးတွင် ဤကဲ့သို့ကိစ္စများဖြစ်ဖူးခဲ့ခြင်းမရှိပေ။ ကျန်ရှိနေသည့်အဖွဲ့၀င်တိုင်းပြည်တစ်ခုခုသာဆိုပါက သူတို့သည် မင်းသားအာရှဗင်၏ လက်အောက်တွင် အညံ့ခံကြတော့မည်ဖြစ်သည်။ သို့သော် ချမ်းဘော့ဒ်တိုင်းပြည်အတွက်မှာမူ ကလေးကစားစရာကဲ့သို့သာဖြစ်နေသည်။

မြင့်မားလှသည့် ကိုယ်ပိုင်စွမ်းအားကြောင့် ဖှေးသည် ကစားပွဲအတွင်းမှခုန်ထွက်ကာ ဖြစ်သမျှကို အပြင်လူတစ်ယောက်အနေဖြင့် ကြည့်နေနိုင်၏။ သူသည် ထိန်းချုပ်ထားနိုင်ပြီး သူသာအလိုရှိပါက ဇီးနစ်အင်ပါယာထဲတွင် ကိုယ်ပိုင်စည်းမျဥ်းများကိုပင် ရေးသားနိုင်သည်။ ထို့ကြောင့် ဇီးနစ်စစ်ပွဲနတ်ဘုရားသည် ဖှေး၏မျက်လုံးထဲတွင် လူပျက်တစ်ယောက်လိုပင်။

ဤသည်မှာ စွမ်းအားအစစ်မှန်ပင်။

လူတစ်ယောက်၏ ကိုယ်ပိုင်စွမ်းအားသည် အဆင့်တစ်ခုထိရောက်ရှိသွားပါက သူသည် အင်ပါယာတစ်ခု၏ စစ်သည်တပ်ဖွဲ့များ၊ သိုင်းဆရာများကို လျစ်လျူရှုနိုင်လိမ့်မည်ဖြစ်သည်။ မကောင်ကြံခြင်းများ၊ ထောင်ခြောက်များသည် သူ့အားအသုံးမ၀င်လှပေ။

ကံမကောင်းစွာပင် အဖိုးကြီးအာရန်း ခန့်မှန်းနိုင်ခြင်းမရှိသေးသည့် အရာများစွာရှိနေသေး၏။

အလွန်နေမကောင်းဖြစ်နေသည်ဟု သတင်းထွက်နေသည့်အင်ပါယာအရှင်သခင်ယရှင်းသည် ဒဏာရီလာနန်းတော်ထဲတွင် နေအဆင့်သခင်တစ်ယောက်အား သတ်ဖြတ်နိုင်ခဲ့လုနီးနီးပင် ဖြစ်ခဲ့သည်အား အဖိုးကြီးအာရန်းသိရှိပါက သူ၏ သုံးသပ်မှုသည် ပြောင်းလဲသွားနိုင်၏။ အနည်းဆုံး ဖှေးသည် ဇီးနစ်အင်ပါယာထဲတွင် စွမ်းအားအမြင့်ဆုံးသိုင်းဆရာတစ်ယောက်မဟုတ်သေးကြောင်းကိုပင်။

အမှန်ပင် ဘုရင်ထံတွင်လည်း တစ်ခြားလူများ စိတ်ကူးပင်ယဥ်နိုင်ခြင်းမရှိသည့် ၀ှက်ဖဲများစွာရှိနေသေးသည်။

အကယ်၍ ချမ်းဘော့ဒ်တိုင်းပြည်နှင့် ဇီးနစ်အင်ပါယာတို့ လမ်းကြောင်းများသွေဖယ်ပြီး ရန်သူများဖြစ်လာခဲ့ပါက အင်ပါယာအရှင်သခင်ယရှင်းသည် စွမ်းအားမြင့်မားသည်မှန်သော်လည်း ချမ်းဘော့ဒ်တိုင်းပြည်သည် အားနည်းသည့်အခြေအနေတွင် ရောက်နေလိမ့်မည်မဟုတ်ပေ။

တစ်ခုရှိသည်မှာ ဖှေးသည် အရာအားလုံးကို ကျယ်ကျယ်ပြန့်ပြန့်တွေးခေါ်နေပြီး သူသည် အခြေအနေအား ပို၍ ဆိုး၀ါးစေလိုခြင်းမရှိပေ။

ထို့အပြင် မင်းသားအာရှဗင်၏ ဆန္ဒသည် တော်၀င်နန်းတော်၏ ဆန္ဒမဟုတ်သေးပေ။ အင်ပါယာအား အုပ်ချုပ်နေသည့်လူမှာ လက်ရှိတွင် ယရှင်းဟုအမည်ရသည့် သရုပ်ဆောင်တစ်ယောက်ဖြစ်နေဆဲပင်။ သူသည် လူတိုင်းအား သရုပ်ဆောင်ကာ လှည့်စားခဲ့ပြီး ဒဏာရီလာနန်းတော်ထဲတွင် ကိုယ်ယောင်ပြခဲ့သည့်အတွက်ကြောင့် ဆက်လက်၍ နေမကောင်းဟန်ဆောင်နေလို့ရတော့မည်မဟုတ်ပေ။

အဖိုးကြီးအာရန်း ချမ်းဘော့ဒ်သားများကို ပြောခဲ့သည့်စကားမှာကောင်းသည်ဟု ဆိုရမည်ဖြစ်သည်။ သူသည် ရိုးရှင်းသည့်လူများကို ဘုရင်အတွက် ဒုက္ခဖြစ်အောင်မလုပ်မိစေရန် သတိပေးခဲ့ပြီး သူတို့ကိုလည်း စိတ်ဓာတ်ကျစေခဲ့ခြင်းမရှိပေ။ ထိုအစား ချမ်းဘော့ဒ်တိုင်းပြည်မှ စစ်သည်တော်များသည် ပို၍ပင် ယုံကြည်ချက်ရှိလာခဲ့ကြသည်။ တစ်ကြိမ်တည်းဖြင့် ရည်မှန်းချက်သုံးခုလုံးပြီးမြောက်အောင်လုပ်လိုက်ခြင်းပင်။

သူတို့ဆက်လက်၍ စကားပြောနေကြရင်းဖြင့် သူတို့၏ ရဲဘော်ဟောင်းများဘက်သို့ စကားရောက်ရှိသွား၏။

"ရှိဗ်ချန်ကိုနဲ့ ရစ်ဘရီတို့လို လူတွေနဲ့အတူတိုက်ခိုက်ပြီးတော့ ငါသူတို့ကို တကယ်သတိရမိတာပဲ။ သူတို့က ချမ်းဘော့ဒ်တိုင်းပြည်ထဲက မဟုတ်တာ အတော်ဆိုးတယ်။ အဲ့လိုမှမဟုတ်ဘူးဆိုရင် သူတို့က မင်းသားအနိုင်ကျင့်တာ ခံနေရမယ့်အစား အရှင်မင်းကြီးစီမှာ အမှုထမ်းနေရမှာပေါ့..." ဒရော့ဂ်ဘာသည် သူ၏ခေါင်းကို ကုတ်လိုက်ပြီး စိတ်ခံစားချက်ပြင်းထန်စွာပြောလိုက်သည်။

သူပြောလိုက်သည့်အရာအား တစ်ခြားစစ်သည်တော်များလည်းထောက်ခံကြ၏။

လွန်ခဲ့သည့်ရက်ပိုင်းတွင် ချမ်းဘော့ဒ်တိုင်းပြည်မှစစ်သည်တော်များ၊ အလံနှစ်စုံမြို့တော်၏ မြို့ရင်းတပ်ဖွဲ့များ၊ ၀ံပုလွေစွယ်တပ်ဖွဲ့မှခေါင်းဆောင်များသည် အတူတကွတိုက်ခိုက်ခဲ့ကြသည့်အတွက်ကြောင့် သူတို့အခြင်းခြင်းညီကိုများကဲ့သို့ပင် ရင်းနှီးနေကြပြီးဖြစ်သည်။ ထို့ကြောင့် ဤကဲ့သို့သောလူများနှင့် ခွဲခွာရခြင်းသည် ချမ်းဘော့ဒ်တိုင်းပြည်မှစစ်သည်တော်များကို အနည်းငယ်စိတ်မကောင်းဖြစ်စေသည့်အတွက်ပင်။

"အေးကွာ စိတ်မကောင်းစရာပဲ။ သူတို့သာ ငါတို့နဲ့ပြန်လိုက်လာနိုင်ရင်အတော်လေးကောင်းမှာပဲ..."

"အရှင်မင်းကြီးလဲ သူတို့ကို လွမ်းနေမယ်ထင်တယ်..."

နောက်ဆုံးတွင် လေထုသည် ၀မ်းနည်းဖွယ်ကောင်းသွားသည့်အတွက်ကြောင့် ပုံမှန်အားဖြင့် အေးဆေးတည်ငြိမ်စွာနေတတ်သည့် အဖိုးကြီးအာရန်းပင် တိတ်ဆိတ်သွားသည်။

သို့သော် သူတို့ပြောနေကြသည့် အရာအားလုံးကို အပြင်ဘက်သို့ လမ်းလျှောက်ထွက်လာသည့် အန်ဂျယ်လာမှ အမှတ်မထင်ကြားသွားခဲ့သည်ကို မည်သူမှ သိလိုက်ကြခြင်းမရှိပေ။

"အလတ်ဇန္ဒားက ဒီလောက်တောင် ဖိအားများနေတာလား..." အန်ဂျယ်လာ တွေးလိုက်မိကာ သူမ၏ နှလုံးသားပင်တုန်ခါသွားသည်။

သူမသည် မည်သည့်အချိန်ကမှ ချမ်းဘော့ဒ်တိုင်းပြည်၏ အခြေအနေကို အာရုံစိုက်ခဲ့ခြင်းမရှိပေ။

မြို့တော်စိန့်ပီတာစဘာ့တ်ထဲတွင် ဖှေးအား ၀ံပုလွေစွယ်တပ်ဖွဲ့တည်ထောင်နိုင်အောင် ကူညီပေးခဲ့သည့်အချိန်မှလွဲ၍ သူမသည် ချမ်းဘော့ဒ်တိုင်းပြည်အား စီမံကွပ်ကဲမှုအပိုင်းများတွင် ပါ၀င်ခဲ့ခြင်းမရှိပေ။ သူမ၏ ချစ်သူအတွက် အနှောင့်ယှက်ဖြစ်မည်ကို စိုးရိမ်သည့်အတွက်ပင်။

ဤသည်မှာ ပထမဆုံးအနေဖြင့် ဖှေးမည်မျှဖိအားများရှိနေကြောင်ကို သူမသိလိုက်မိခြင်းပင်။

"ဒါပေမယ့် ငါအလတ်ဇန္ဒားကို ဘယ်လိုကူညီနိုင်မှာလဲ..." သူမသည် တဲအရှေ့တွင်ရပ်နေရင်းဖြင့် သူမ၏ နှုတ်ခမ်းကို ညင်သာစွာဖြင့် ကိုက်လိုက်မိသည်။ သူမသည် အသုံးမ၀င်သလိုပင် ခံစားလိုက်ရ၏။ ဖှေးအတွက် ဟင်းချက်ပေး အ၀တ်စားများပြင်ဆင်ပေးရုံမှလွဲ၍ သူမသည် ဘာမှမလုပ်တတ်သလိုပင်။

ထိုကဲ့သို့တွေးလိုက်မိသဖြင့် ကောင်မလေးသည် အနည်းငယ်ပို၍ စိတ်ဓာတ်ကျမိသွားသည်။

"ဟီးဟီးဟီး ငတုံးမလေး နင်င့ါအတွက် ဘာမှလုပ်ပေးဖို့မလိုပါဘူး..." တစ်စုံတစ်ယောက်သည် သူမအား အနောက်မှ ဖက်လိုက်ပြီး ရင်းနှီးသည့်အသံတစ်ခုကို သူမ၏ နားထဲတွင်ကြားလိုက်ရသည်။ "ငါနင့်ကို ဒီလိုမိနစ်အနည်းငယ်လောက် နေ့တိုင်းဖက်ခွင့်ရနေမယ်ဆိုရင် င့ါရဲ့ဘ၀က ပျော်စရာတွေနဲ့အရောင်သွေးစုံနေမှာပါ..."

"အာ အလတ်ဇန္ဒား..." သူမသည် ဖှေးနှင့် ပွေ့ဖက်ရသည်နှင့် အသားကျနေပြီဖြစ်သော်လည်း ရှက်ရွံ့မိနေဆဲပင်ဖြစ်ကာ သူမ၏ ရင်ခုန်သံများသည်လည်း မြန်ဆန်သွား၏။ သူမ၏ ခါးပေါ်တွင်ရှိနေသည့်လက်များကိုကိုင်ကာ သူမပြောလိုက်သည်။ "ဒါပေမယ့် အလတ်ဇန္ဒား ငါနင့်ကို ကူညီချင်တယ်လေ..."

"ဟမ် အဲလိုဆိုရင် နင်က တိရိစ္ဆာန်လေးတွေကို ကောင်းကောင်းလေ့ကျင့်ပေးလေ။ သူတို့အရွယ်ရောက်လာတဲ့အချိန်ကျရင် ငါတို့ချမ်းဘော့ဒ်တိုင်းပြည်မှာ တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်ပေးမယ့် စွမ်းအားမြင့် နဂါးသုံးကောင်ရှိနေလိမ့်မယ်။ အဲ့တာက အတော်လေးအရေးကြီးရဲ့အရာပဲ..." ဖှေးသည် အန်ဂျယ်လာအားနှစ်သိမ့်အားပေးကာ တဲအတွင်းသို့ ပြန်ခေါ်သွားလိုက်သည်။

အန်ဂျယ်လာသည် စိတ်ပါလက်ပါဖြင့် ခေါင်းငြိမ့်ပြကာ ပြောလိုက်သည်။ "ပြသနာမဖြစ်ပါဘူး ငါလုပ်နိုင်တယ်..."

ဤကောင်မလေးအား စိတ်ဒုက္ခပေးနေသည့် ပြသနာသည် ဖှေး၏ချိုသာသောစကားလုံးများကြောင့် လွယ်ကူစွာပင် ဖြေရှင်းပြီးဖြစ်သွား၏။

"အန်ဂျယ်လာ..." ဖှေးသည် အန်ဂျယ်လာအား တင်းကြပ်စွာဖက်လိုက်သည်။

"ဟင်..."

"င့ါကို လက်ထပ်ပါ။ ငါတို့ရဲ့ မင်္ဂလာပွဲကို ကျင်းပရအောင်လေ..."

"ဟင်..." ကောင်မလေး အံ့သြသွားသဖြင့် သူမ၏အသံပင် တုန်ယဥ်နေ၏။

"ငါတို့တိုင်းပြည်ကို ပြန်ရောက်ရောက်ခြင်း လက်ထပ်ပွဲကျင်းပကြတာပေါ့...နင်ဘယ်လိုထင်လဲ..." ဖှေး၏အသံသည် အန်ဂျယ်လာအတွက် အိမ်မက်ဆန်နေသည်။ "ငါတို့ရဲ့ မင်္ဂလာအခမ်းနားက သောင်းနဲ့ချီတဲ့ ချမ်းဘော့ဒ်ပြည်သူတွေရဲ့အရှေ့မှာ ကောင်းကင်ပေါ်ကနေ ပန်းမိုးတွေ ရွာသလို လှပနေလိမ့်မယ်။ ငါတို့က နန်းတော်ပေါ်မှာနေပြီးတော့ ငါတို့တိုင်းသူပြည်သားတွေက ငါတို့အတွက် ဂုဏ်ယူပျော်ရွှင်နေကြလိမ့်မယ်။ နေရာတစ်၀ိုက်မှာရှိနေတဲ့ ဉာဏ်ရည်မြင့်သားရဲတွေကလည်း ငါတို့စီကို လာပြီးတော့ ဂုဏ်ပြုပေးလိမ့်မယ်။ ငါမင်းရဲ့ သတို့သမီး၀တ်စုံကိုလည်း ကိုယ်တိုင် ဒီဇိုင်းဆွဲပေးမယ်လေ။ နင်က ဒီကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံး၊ ကံအကောင်းဆုံးနဲ့ ချစ်စရာအကောင်းဆုံး သတို့သမီးလေးတစ်ယောက်ဖြစ်နေတော့မှာပေါ့..."

ပျော်ရွှင်ခြင်းခံစားချက်များသည် အန်ဂျယ်လာအား လွှမ်းမိုးသွား၏။ သူမသည် အနည်းငယ်ထုံကျင်သလိုပင် ခံစားလိုက်ရ၏။ ခံစားချက်သည် အလွန်ပင်ထူးဆန်းပြီး သူ၏နှလုံးခုန်နှုန်းများသည် မြန်ဆန်နေ၏။

သူမ၏ နားအနီးတွင်ရှိနေသည့်အသက်ရှုူသံများသည် သူမအား သတိလစ်မေ့မျောသွားအောင် ပြုလုပ်နိုင်သလိုပင်။

သူမ၏နှုတ်ခမ်းများကို ကိုက်ထားနေရင်းဖြင့် ကျန်ရှိနေသော လှပသည့် ကောင်မလေးတစ်ယောက်၏ ပုံရိပ်သည် သူမ၏ စိတ်ထဲတွင်ပေါ်လာ၏။ ခနတာတွ့န်ဆုတ်သွားပြီးသည့်အချိန်တွင် သူမသည် ဖှေးဘက်သို့ လှည့်ကာ ထူးဆန်းကာ ပွင့်လင်းသည့် အမူယာတစ်ခုဖြင့် ကြည့်လိုက်သည်။

ဤအခိုက်တန့်တွင် လေထုသည် အနည်းငယ်ထူးဆန်းသွား၏။

အန်ဂျယ်လာ၏ အမူယာသည် ဖှေးအား အနည်းငယ်ထိတ်လန့်သွားစေသည့်အတွက်ကြောင့်ပင်။ သူတစ်ခုခုပြောရန်ကြံလိုက်သည့်အချိန်တွင် ကောင်မလေးသည် ရုတ်တရက်ရယ်မောလိုက်ကာ သူမ၏ ဖြူသွယ်သည့်လက်ချောင်းများကို ဖှေး၏နှုတ်ခမ်းပေါ်သို့ တင်လိုက်သည်။ သူမ၏ မျက်နှာပေါ်တွင် ကစားလိုသည့် အမူယာတစ်ခုဖြတ်ကနဲပေါ်လာကာ ရယ်မောလိုက်သည်။ "အလတ်ဇန္ဒား နင်လူတစ်ယောက်အကြောင်းကို မေ့နေတယ်ထင်တယ်..."

"အမ်..." ဖှေးအနည်းငယ် အပြစ်မကင်းသလိုခံစားလိုက်ရသည်။ အန်ဂျယ်လာဆိုလိုသည့် လူတစ်ယောက်ကို သူသိသည့်အတွက်ပင်။

"အမ အယ်လီနာက နင်တို့နဲ့ ပတ်သက်တဲ့ဇာတ်လမ်းတွေကို င့ါကို ပြောပြထားခဲ့တယ်လေ။ အယ်လီနာက နင့်ကို အန္တရာယ်ရှိတဲ့ တာ၀န်တွေကို အဖော်ပြုပေးခဲ့တယ်ဆိုတာကို ငါမသိခဲ့ဘူး။ နင်တို့က တစ်ယောက်ဘေးမှာ တစ်ယောက်ရှိနေပေးပြီးတိုက်ပွဲတွေအများကြီးကျော်ဖြတ်လာခဲ့တာပဲ။ ငါက တကယ်ပဲ အယ်လီနာကို အားကျမိတယ်။ သူမက စွမ်းအားမြင့်မားပြီးတော့ နင့်ကိုလဲတိုက်ပွဲတွေမှာ ကူညီနိုင်တယ်လေ..." အန်ဂျယ်လာသည် ဖှေး၏ ပါးပြင်ကို ပွတ်သပ်ပေးလိုက်ပြီး ဆက်ပြောလိုက်သည်။ "နင်က တစ်ခြားကမ္ဘာမှာလည်း ကြီးမားတဲ့အန္တရာယ်တွေနဲ့ ရင်ဆိုင်နေခဲ့ရတယ်ဆိုတာကို ငါမသိခဲ့ဘူး..."

"အန်ဂျယ်လာ ငါက..."

"ငါသိပါတယ် အလတ်ဇန္ဒား။ နင်င့ါကို မပြောခဲ့ဘူးဆိုတာက ငါစိုးရိမ်နေမှာစိုးလို့ပါ။ အမ အယ်လီနာကိုလည်း အပြစ်မပြောပါနဲ့။ ငါတို့နှစ်ယောက်လုံး လွန်ခဲ့တဲ့တစ်နှစ်လောက်က သတိမေ့သွားခဲ့တော့ ငါတို့နင့်ကို ဘယ်တော့မှ မတွေ့ရတော့လောက်ဘူးလို့ ထင်ခဲ့တာလေ။ အဲ့အမှောင်ထုကြီးထဲမှာ ငါတို့နှစ်ယောက်ပဲရှိနေတာဆိုတော့ င့ါကို အာရုံစိတ်ဓာတ်မကျအောင်လို့ သူက နင်တို့ဇာတ်လမ်းတွေကို ပြောပြခဲ့တာပါ..."

ဤကောင်မလေးသည် အမြဲတမ်းသူများအတွက် တွေးပေးတတ်သည့်လူတစ်ယောက်ပင်။

"အဲ့တာကြောင့် အလတ်ဇန္ဒား နင်င့ါကိုပဲ လက်ထပ်လို့ မရဘူးလေ။ ငါတို့မင်္ဂလာပွဲမှာ င့ါလက်ကိုပွဲ ဆွဲကိုင်ထားလို့မရဘူး။ အမအယ်လီနာကလည်း နင့်ဘေးမှာငါထက်မနည်းပဲ ရှိနေပေးခဲ့တဲ့လူပဲ။ အယ်လီနာနဲ့ ငါနဲ့နှစ်ယောက်လုံး နင်ကိုယ်တိုင်ဒီဇိုင်းဆွဲထားတဲ့ သတို့သမီး၀တ်စုံကို ၀တ်ပြီးနင့်ဘေးမှာ ရပ်နေပြီးတော့ ချမ်းဘော့ဒ်တိုင်းပြည်က ပြည်သူတွေ၀ိုင်းပြီးတော့ ကောင်းချီးပေးတာကို ခံချင်တယ်..."

ဖှေး တုန်လှုပ်သွား၏။ သူတစ်ချိန်တည်းမှာပင် ပီတိဖြစ်ကာ အပြစ်မကင်းသလိုခံစားလိုက်ရသည်။

နိုင်ရာစားလောကဖြစ်သည့် အေဇာရုတိုက်ပေါ်တွင် ယောက်ျားလေးများသည် မိန်းကလေးများထက်ပို၍ အသားပေးချင်းကို ခံရသည်။ ထို့ကြောင့် မိန်းမများစွာကို လက်ထပ်ထားသည့် ယောက်ျားတစ်ယောက်အား မြင်တွေ့ရန်မှာ မခဲယဥ်းလှပေ။ ရာထူးအရှိန်၀ါမြင့်မားသည့် ဆွေကြီးမျိုးကြီးများသည် ချစ်သူရာပေါင်းများစွာရှိနေတတ်ကြ၏။ အဖွဲ့၀င်တိုင်းပြည်များ၏ ဘုရင်များတွင်လည်း မိဘုရားများစွာရှိနေခြင်းသည် မဆန်းလှပေ။ မြင့်မြတ်သန့်စင်ကာ စွမ်းအားမြင့်မားသည့် မဟာဘုရားကျောင်းကပင် အပျိုရည်အခွင့်ရေးဆိုသည့် ကြောက်မက်ဖွယ်ဥပဒေတစ်ခုအား ခွင့်ပြုထားသည်။ ထိုဥပဒေရှိနေသည့် တိုင်းပြည်များ၊ အင်ပါယာများတွင် မိန်းကလေးများ လက်မထပ်မှီ သူတို့၏ အပျိုစင်ဘ၀ကို တိုင်းပြည်၏ အုပ်ချုပ်သူအား ပေးအပ်ရသည့် ဥပဒေပင်။

ထို့ကြောင့် ကောင်မလေးနှစ်ယောက်အား တစ်ကြိမ်တည်းလက်ထပ်ခြင်းသည် ပုံမှန်ဖြစ်ရိုးဖြစ်စဥ်အရာတစ်ခုဖြစ်သည့်အတွက်ကြောင့် အန်ဂျယ်လာသည် ကန့်ကွက်ခြင်းမရှိပေ။

အန်ဂျယ်လာသည် ကိုယ်ခြင်းစာတတ်သည့် လူတစ်ယောက်ပင်။ ဖှေးနှင့် အယ်လီနာတို့ တစ်ခြားကမ္ဘာတွင် အတူရင်ဆိုင်ခဲ့ရသည့်အန္တရာယ်များအကြောင်းကို သိရှိပြီးသည့်အချိန်တွင် သူတို့နှစ်ဦးကြားမှ ခွဲခွာ၍မရနိုင်သည့် ဆက်ဆံရေးကိုလည်း နားလည်လာခဲ့သည်။ သူမသည် အယ်လီနာနှင့် သတိလစ်မေ့မျောနေသည့်အချိန်တွင်လည်း ရင်းနှီးခွင့်ရခဲ့သေးသည်။ ထို့ကြောင့် အန်ဂျယ်လာသည် အယ်လီနာအား ချက်ချင်းပင် လက်ခံသွားကာ သူမ၏စိတ်ထဲတွင် နောက်ဆုံးကျန်ရှိနေသည့်အတားဆီးကြီးလည်းမရှိတော့ပေ။

အန်ဂျယ်လာနှင့် အယ်လီနာတို့ဖြစ်ခဲ့သည့်အရာကြောင့် သူတို့သုံးယောက်တစ်ယောက်နှင့်တစ်ယောက်ပို၍ နားလည်လာခဲ့ခြင်းပင်။

ဖှေးဘာမှပြောခြင်းမရှိပဲ သူ၏ လက်ထဲတွင်ရှိနေသည့် ကောင်မလေးကိုသာ ပို၍တင်းကြပ်စွာဖက်လိုက်၏။

......

......

ဒိုင်ယာဘလိုကမ္ဘာထဲတွင်ဖြစ်သည်။

ဖှေးနှင့် အယ်လီနာတို့သည် လု့တ်ဂိုလိမ်၏ နောက်ဆုံးခေါင်းဆောင်ကြီး ပုန်းအောင်းနေသော သင်္ချိုင်းမြေပေါ်တွင် ရပ်နေကြ၏။

All Chapters