အခန်း (၆၆၅)
Vol. 42 Ch. 665
ဂျက်စီသည် ၀တ်ရုံနက်ကျောင်းတော်အား ယုံကြည်ကိုးကွယ်သည့် မိသားစုတစ်ခုမှ ကလေးတစ်ယောက်ပင်ဖြစ်ပြီး သူသည် ငယ်ရွယ်သေးစဥ်ကပင် မြင့်မြတ်သောစွမ်းအားကို ကျင့်ကြံရာ၌ ထူးခြားသော ပါရမီတို့ကို ပြသခဲ့သည်။ ၀တ်ရုံနက်ကျောင်းတော်သည် သူ့အား အသက်လေးနှစ်လောက်ကပင် မျက်စိကျခဲ့ပြီး သူ့အား ကျောင်းတော်၏ အကြီးကဲများဖြစ်ကြသည့် သူတော်စင် ဘတ်စတီနှင့် တော့တီတို့မှ ကိုယ်တိုင်သင်ကြားပေးခဲ့သည်။ သူသည် ၀တ်ရုံနက်ကျောင်းတော်၏ စည်းမျဥ်းစည်းကမ်းများနှင့် ကျင့်စဥ်များကို လေ့လာသင်ကြားခဲ့ပြီဂ ထိုစဥ်းမျဥ်းစည်းကမ်းများအတိုင်းပင် တင်းကြပ်စွာဖြင့် ဘ၀ကို နေထိုင်ဖြတ်သန်းလာခဲ့သည်။
ထို့ကြောင့် ဂျက်စီသည် စည်းကမ်းကြီးသည့်လူတစ်ယောက်ဟူ၍ ပြောနိုင်၏။ သူကိုယ်တိုင်ပင် သူ့အတွက် ထားရှိသည့် စည်းကမ်းများမှ ပို၍မြင့်မားလှသည်။
ထို့ကြောင့် ချမ်းဘော့ဒ်ဘုရင်ကဲ့သို့သော အရိုင်းဆန်သည့် ဘုရားသခင်၏အနှစ်သက်ဆုံးကလေးငယ်တစ်ယောက်သည် ၀တ်ရုံနက်ကျောင်းတော်၏ ဂိုဏ်းချုပ်တစ်ယောက်ဖြစ်လာခြင်းသည် သူ့အတွက် တစ်ကြိမ်တည်းဖြင့် လက်ခံရန်မှာ ခဲယဥ်းနေ၏။ ဘတ်စတီကဲ့သို့သော လူများကပင် သူ့အား ရှင်းပြခဲ့သော်လည်း သူသည် လွယ်ကူစွာဖြင့် လက်ခံနိုင်ခြင်းမရှိသေးပေ။
သို့သော် သူသည် အကြီးကဲများ၏ အမိန့်စကားကိုလက်ခံရမည်ဖြစ်သည်။
ထို့အပြင် မဟာဘုရားကျောင်း၏ ကျမ်းစာများထဲတွင် ဖော်ပြထားသည်မှာလည်း ဘုရားသခင်၏အနှစ်သက်ဆုံးကလေးငယ်များသည် ကျောင်းတော်များ၏ ဂိုဏ်းအုပ်များဖြစ်လာရန်အရည်ချင်းပြည့်မှီသည် ဟူ၍ပင်။ ဂျက်စီအား စိတ်ရှုပ်ထွေးစေသည့် တစ်ခုတည်းသောအရာသည် နတ်ဘုရားများသည် မည်သည့်အတွက်ကြောင့် ချမ်းဘော့ဒ်ဘုရင်အား ဘုရားသခင်၏အနှစ်သက်ဆုံးကလေးငယ်တစ်ယောက်အဖြစ် ရွေးချယ်ခဲ့သည်ဆိုသည်ကိုပင်။ ချမ်းဘော့ဒ်ဘုရင်သည် မည်သည့်အချိန်ကမှ နတ်ဘုရားများ၏ အဆုံးမကျမ်းစာများထဲကအတိုင်း လိုက်လာပြုမူခြင်းမရှိသည့်အတွက်ကြောင့်ပင်။
ဂျက်စီအတွက် အယုံကြည်များလွဲကွာခြင်းသည် သူ၏အသက်ကို ဆုံးရှုံးရသည်ထက်ပင် ပို၍ ဆိုး၀ါးလှ၏။
"နတ်ဘုရားတွေက ဘယ်တုန်းကမှ မှားခဲ့တာမဟုတ်ပါဘူး။ ငါအဆုံးမကျမ်းစာတွေကို ကောင်းကောင်းမွန်မွန်နားမလည်သေးလို့ပဲနေမှာပါ။ င့ါရဲ့ကျင့်စဥ်လမ်းကြောင်းက အတော်လေးလိုသေးတာပဲ။ ငါက အရှင်အလတ်ဇန္ဒားနောက်ကို လိုက်ရင်းနဲ့ အမှန်တရားကို နားလည်နိုင်လာလိမ့်မယ်ထင်တယ်..."
......
သူတော်စင်လူငယ် အတွေးများဖြင့် ရှုပ်ထွေးနေသည့်အချိန်တွင် ချမ်းဘော့ဒ်မှ စစ်သည်တော်များဖြစ်ကြသည့် ပီးရာ့စ်နှင့် ဒရော့ဂ်ဘာတို့ကဲ့သို့သောလူများသည် အင်ပါယာထဲတွင်လူပေါင်းများစွာမှ ချစ်ခင်ရသည့် မင်းသားအာရှဗင်အား ဆဲဆိုနေကြ၏။
"ဟမ် အဲ့ကောင်ကို Xီးပဲ့ပေါ့ကွာ။ သူက ဟန်ဆောင်သမားတစ်ယောက်ပါပဲ။ တကယ်လို့ အရှင်မင်းကြီကိုသာ ပင်မတပ်ဖွဲ့ငါးခုလုံးပေးလိုက်မယ်ဆိုရင် အရှင်မင်းကြီးလဲ စပါတပ်အင်ပါယာနဲ့ အိုက်ဟိုဗင်အင်ပါယာတို့ကို သိမ်းပိုက်နိုင်မှာပဲလေ။ အဲ့စစ်မြေပြင်တွေကို စစ်သည်အင်အား တစ်သိန်းခွဲလောက်ပေးထားတာပဲကို..." ဒရော့ဂ်ဘာသည် လက်ထဲတွင်ကိုင်ထားသည့် အသားကင်ကို ကိုက်ရင်းဖြင့် မကျေနပ်စွာဖြင့် ပြောလိုက်သည်။ သူသည် ဒေါသဖြစ်နေကာ အာရှဗင်ကိုပင် မလေးမစားဖြင့် နာမည်တပ်ခေါ်နေလျှက်ရှိသည်။
"မင်းပြောတာမှန်တယ် ငါတို့အရှင်မင်းကြီးက ဂျက်အင်ပါယာက ကျူးကျော်သူ၇သောင်းလောက်ကို ဖွဲ့ထားတာမကြာသေးတဲ့ တပ်ဖွဲ့တစ်ခုတည်းနဲ့ ရက်လေးဆယ်လောက် ခုခံပေးထားနိုင်ခဲ့တာပဲ။ သူက နှင်းတောင်သိုင်းဆရာလို့ ခေါ်တဲ့စွမ်းအားမြင့်သိုင်းဆရာတစ်ယောက်ကိုတောင် သတ်ဖြတ်နိုင်ခဲ့ပြီးတော့ ဒဏာရီလာနန်းတော်အတွက်ရောက်လာခဲ့ကြတဲ့ သိုင်းဆရာတွေအားလုံးကိုလည်း ဖိနိမ့်ထားနိုင်တာပဲ။ မင်းသား အာရှဗင်က လုပ်နိုင်ပါ့မလား...." ပီးရာ့စ်သည်လည်း အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။
"ဟုတ်တယ် ကျွန်တော်ကြားတာတော့ မင်းသား အာရှဗင်က သူ့လူတွေကိုအနော်တောင်ပိုင်း စစ်မြေပြင်ကို တာ၀န်ပေးထားခဲ့ပြီး သူကတော့ မြို့တော်ကို ပြန်သွားတယ်လို့ပြောကြတယ်။ သူက ဒီလိုအောင်နိုင်နေတဲ့အချိန်မှာ မင်းသားဒိုမင်ဂူကို ပုလ္လင်တိုက်ပွဲမှာ အနိုင်ပိုင်းနိုင်အောင် စီစဥ်နေတဲ့ပုံပဲ။ လူတွေပြောနေကြတာက သူကအရှင်မင်းကြီးကို တိုက်ပွဲကို မလိုအပ်ပဲအချိန်ဆွဲထားတာ၊ အလံနှစ်စုံမြို့တော်ကို အင်ပါယာအရှင်သခင်တစ်ယောက်လို အုပ်ချုပ်နေခဲ့ပြီးတော့ ဆွေကြီးမျိုးကြီးတွေကို ကွပ်မျက်ပစ်တာ၊ ရန်သူတွေနဲ့ လျို့၀ှက်ဆက်သွယ်ခဲ့တာ အဲ့တာတွေနဲ့ စွပ်စွဲထားတယ်တဲ့..." တိုးရိစ်ပြောလိုက်သည်။ ကောလဟာလမျိုးစုံအား ကြားခဲ့ပြီးသည့်နောက်တွင် ပုံမှန်အားဖြင့် တည်ငြိမ်နေလေ့ရှိသည့် တိုးရီစ်ပင် ဒေါသဖြစ်နေ၏။
"မင်းသားက အရှင်မင်းကြီးကို တိုက်ခိုက်ဖို့ကြိုးစားနေတာရှင်းနေတာပဲ။ သေစမ်း ဘယ်လောက်တောင် ကျက်သရေမဲ့တဲ့ကောင်လဲ။ အရှင်မင်းကြီးသာ ချမ်းဘော့ဒ်တောင်ထိပ်မှာ သူ့ကို မကယ်ခဲ့ဘူးဆိုရင် သူက ပဲရစ်သတ်တာ ခံနေရလောက်ပြီ..."
"မြို့တော် စိန့်ပီတာစဘာ့တ်မှာ အခြေအနေတွေ ရှုပ်ထွေးနေတယ်လို့ ပြောနေကြတယ်။ ဆွေကြီးမျိုးကြီးတွေ အားလုံးလိုလိုက မင်းသားကို ထောက်ခံနေကြပြီတဲ့။ မင်းသမီးရဲ့ အစီစဥ်တွေအောက်မှာ မင်းသားအာရှဗင်က အကုန်လုံးနီးပါးကို ထိန်းချုပ်ထားနိုင်နေပြီ။ နောက်ပြီး ဒုတိယမင်းသားကအတော်လေး အန္တရာယ်ရှိနေပြီလို့လဲပြောနေကြတယ်။ လုပ်ကြံသတ်ဖြတ်မှုတစ်ချို့ကိုတောင် ကြုံတွေ့နေရပြီတဲ့..."
"သေစမ်း ဒီမင်းသမီးကတော့ သူက ဘာတွေလုပ်ဖို့ကြိုးစားနေတာလဲ။ အရှင်မင်းကြီးက သူ့ကိုလည်း ကောင်းကောင်းဆက်ဆံခဲ့တာပဲ။ အဲ့တာကို မင်းသားအာရှဗင် ချမ်းဘော့ဒ်တိုင်းပြည်ကို တိုက်ခိုက်မှာကို ဘာလို့ ကူညီပေးနေတာလဲ..."
"အမ် မင်းသမီက ဘာမှမလုပ်ပါဘူး..."
"မင်းဘာသိလို့လဲ မင်းသမီးသာ ဘာမှမလုပ်ဘူးဆိုရင် ဘယ်လို့ဖြစ်ပြီးတော့ ဆွေကြီးမျိုးကြီးတွေအများကြီးထွက်လာပြီး အရှင်မင်းကြီးကို ၀ိုင်းစွပ်စွဲနေကြတာလဲ။ ဟီးဟီး င့ါအမြင်အတိုင်းဆိုရင်တော့ ငါတို့ မြို့တော်စိန့်ပီတာစဘာ့တ်ကို ပြန်သွားသင့်တယ်ထင်တယ်။ အခုအချိန်မှာ အရှင်မင်းကြီးရဲ့စွမ်းအားနဲ့ဆိုရင် ဘယ်သူက ငါတို့ကို ရပ်တန့်လို့ရမှာလဲ။ ငါတို့ကိုအနိုင်ကျင့်ချင်နေတဲ့ ဆွေကြီးမျိုးကြီးတွေအကုန်လုံးကို သတ်ပစ်လို့ရတယ်။ အဲ့အချိန်ကျရင် ဘယ်သူက ငါတို့ကို စွပ်စွဲဦးမလဲကြည့်ရသေးတာပေါ့..."
ဆွေးနွေးနေမှုသည် အရှိန်မြင့်တက်လာတော့သည်။
ဤအခိုက်တန့်တွင် လူတစ်ယောက်သည် လမ်းလျှောက်လာကာချောင်းဟန့်လိုက်သည်။
လူတိုင်း၏ အာရုံစိုက်မှုကို ရပြီးသည့်အချိန်တွင် သူသည် မပြောသင့်သောအရာများကို ပြောနေသည့် ချမ်းဘော့ဒ်စစ်သည်တော်တစ်ချို့အားကြည့်ကာ ဆူလိုက်သည်။ "မင်းတို့ကောင်တွေဘာပြောနေတယ်ဆိုတာကိုရော မင်းတို့သိကြရဲ့လား။ စပိုင်တွေသာရှိနေမယ်ဆိုရင် မင်းတို့ပြောနေကြတဲ့အရာတွေက သူရဲကောင်းနန်းတော်ကို ရောက်သွားမှာပဲ။ အဲ့ကျရင် မင်းတို့တွေဖမ်းချုပ်ခံရပြီးတော့ မဟူရာအကျင်းထောင်ထဲကို ရောက်သွားနေမယ်။ လက်ရှိအခြေအနေက တည်ငြိမ်နေတာမဟုတ်ဘူး။ အရှင်မင်းကြီးကို ဒုက္ခမပေးကြပါနဲ့..."
စကားပြောနေသည့်လူမှာ ချမ်းဘော့ဒ်တိုင်းပြည်၏ ဗျူဟာမှုးအဖိုးကြီး အာရန်းပင်။
အဖိုးကြီး အာရန်းသည် ချမ်းဘော့ဒ်တိုင်းပြည်သို့ နောက်ကျမှ ရောက်လာခဲ့သော်လည်း ချမ်းဘော့ဒ်တိုင်းပြည်မှ ခေါင်းဆောင်များအားလုံးသည် သူ့အား လေးစားကာ သူ၏စကားကို နားထောင်ကြသည်။ သူ၏ စစ်ဘက်ဆိုင်ရာဗဟုသုတများနှင့် တည်ကြည်မှုတို့ကြောင့်ပင်။ ထို့အပြင် ဖှေးကိုယ်တိုင်ကပင် အဖိုးကြီးအာရန်းကို လေးစားကာ အားကိုးသည့်အတွက်ကြောင့် သူသည်ချမ်းဘော့ဒ်တိုင်းပြည်မှ စစ်သည်တော်များကို လွှမ်းမိုးနိုင်၏။ သူပြောသည်ကို ကြားလိုက်သည့်အချိန်တွင် ပီးရာ့စ်နှင့် ဒရော့ဂ်ဘာတို့သည် သူတို့လွန်သွားသည်ကို သိလိုက်သည့်အတွက်ကြောင့် အောက်သို့ ခေါင်းငုံ့ကာ ရယ်မောနေကြ၏။
"ဇီးနစ်အင်ပါယာမှာ ရှိနေတဲ့အခြေအနေကို စကားလုံးတစ်လုံးထဲနဲ့ ဖော်ပြရမယ်ဆိုရင် ဗရမ်းပတာဖြစ်နေတာပဲ။ နှစ်လုံးနဲ့ဖော်ပြရမယ်ဆိုရင် အတော်လေး ဗရမ်းပတာဖြစ်နေတယ်။ ဘာဆက်ဖြစ်မယ်ဆိုတာကို ဘယ်သူမှမသိကြသေးဘူး။ အရှင်မင်းကြီးက စိတ်ရှည်ပြီးတော့ ပညာရှိတဲ့လူတစ်ယောက်ပဲ။ အဲ့တာကြောင့် သူက လွန်ခဲ့တဲ့ သုံးရက်လုံးမှာ ဒေါသကို ထိန်းပြီးတော့ နေခဲ့တာ။ သူက ချမ်းဘော့ဒ်တိုင်းပြည်ကို စစ်ထဲဆွဲမခေါ်ချင်လို့ပဲ။ မင်းတို့ကောင်တွေက အရှင်မင်းကြီးရဲ့ အစောဆုံးနောက်လိုက်တွေပဲ။ အဲ့တာကြောင့် မင်းတို့ကောင်တွေဒီလိုအချိန်မှာ စိတ်ရှည်သည်းခံပြီးတော့ အရှင်မင်းကြီး ရဲ့အစီစဥ်တွေကို မဖျက်မိအောင်နေရမယ်...."
အဖိုးကြီးအာရန်းသည် အသံမာသွားသည်ဟုထင်လိုက်မိသဖြင့် သူ၏ လေသံကို လျှော့ကာ ချမ်းဘော့ဒ်မှ စစ်သည်တော်များကို ပြောလိုက်သည်။
ဒရော့ဂ်ဘာနှင့် ပီးရာ့စ်တို့သည် ရိုးသားဖြောင့်မက်သည့်လူများဖြစ်သည့်အတွက်ကြောင့် အဆူခံရသည်ကို စိတ်ခုခြင်းမရှိကြပေ။
ဖတ်တီးအိုလတ်ဂ်သည် အဖိုးကြီးအာရန်းထိုင်ရန်အတွက် ဘေးသို့ နည်းနည်းတိုးကာ နေရာဖယ်ပေးလိုက်သည်။ သူတို့အားလုံးသည် အဖိုးကြီးအာရန်း၏ လက်ရှိအခြေအနေအပေါ်သုံးသပ်မှုကို နားထောင်လိုသည့်အတွက်ပင်။
"စစ်မြေပြင်သုံးခုရှိတဲ့အထဲမှာ ဂျက်အင်ပါယာစစ်မြေပြင်က ပြန်လည်မကျူးကျော်ခဲ့တဲ့ တည်ခုတည်းသောစစ်မြေပြင်ပဲ။ အဲ့တာကြောင့် အရှင်မင်းကြီးက မျက်နှာမလှဘူးဖြစ်နေတာပေါ့။ နောက်ပြီးတော့ အစပိုင်းမှာ အလံနှစ်စုံမြို့တော်ထဲက အင်အားစုတွေကို စည်းလုံးအောင်အရှင်မင်းကြီးက ဆွေကြီးမျိုးကြီး ၇ယောက်ကို ကွပ်မျက်ပြခဲ့တယ်လေ။ အဲ့တာမကောင်းကြံချင်နေတဲ့လူတွေအတွက် ပြောစရာဖြစ်လာတော့တာပေါ့။ အရှင်မင်းကြီးကို ရန်လိုနေတဲ့လူတွေသာ လူထုအမြင်ကို ထိန်းချုပ်နိုင်မယ်ဆိုရင် အရှင်မင်းကြီးအတွက် ပြသနာတွေအများကြီးရှိလာနိုင်တယ်..."
အဖိုးကြီး အာရန်းသည် ထိုင်လိုက်ပြီး အခြေအနအား သုံးသပ်ပြလိုက်သည်။
"အခုချိန်မှာ ဇီးနစ်စစ်ပွဲနတ်ဘုရားအာရှဗင်က တောင်ပိုင်းစစ်မြေပြင်မှာအနိုင်ရထားတော့ သူက မြို့သူမြို့သားတွေရဲ့စိတ်ထဲမှာ သူရဲကောင်းတစ်ယောက်ပဲ။ ဆွေကြီးမျိုးကြီးတော်တော်များများကလည်း သူ့ကို နှစ်သက်နေကြတယ်။ သူ့ရဲ့လွှမ်းမိုးနိုင်မှုကလည်း အများကြီးတိုးလာပြီလေ။ သူ့ကို စစ်ဘက်ဆိုင်ရာဌာနကလည်း ထောင်ခံထားတယ်။ အင်ပါယာမှာ ပင်မတပ်ဖွဲ့ဆယ်ခုရှိတဲ့အထဲမှာ ခြောက်ခုကို သူက ထိန်းချုပ်ထားတယ်။ နောက်ပြီးတော့ ကျန်တဲ့တပ်ဖွဲ့လေးခုကိုလည်း သူထိန်းချုပ်တော့မှာပဲ။ သူက ထီးနန်းရဖို့အစိုးမိုးနိုင်ဆုံးအခြေအနမှာရှိနေတာပဲ။ ဘာမှသာဆက်မဖြစ်ဘူးဆိုရင် နေမကောင်းဖြစ်နေတဲ့ အင်ပါယာအရှင်သခင်ယရှင်းနတ်ရွာစံသွားတဲ့အချိန်ကျရင် မင်းသားက အင်ပါယာအရှင်သခင်ဖြစ်လာလိမ့်မယ်..."
"ဒါပေမယ့် ဒီအင်ပါယာရဲ့အရှင်သခင်က အရှင်မင်းကြီးကို ရန်သူလိုမြင်နေတယ်လေ။ တကယ်လို့ အာရှဗင်သာ အင်ပါယာအရှင်သခင်တစ်ယောက်ဖြစ်လာခဲ့မယ်ဆိုရင် ချမ်းဘော့ဒ်တိုင်းပြည်လဲ ဒုက္ခရောက်သွားလိမ့်မယ်..."
"အရှင်မင်းကြီးက ဂျက်အင်ပါယာစစ်မြေပြင်ခေါင်းဆောင်၊ ၀ံပုလွေစွယ်တပ်ဖွဲ့ရဲ့ စစ်ရေးခေါင်းဆောင်ရာထူးတွေကနေ ရုတ်သိမ်းလိုက်တယ်ဆိုတာ အာရှဗင်က အရှင်မင်းကြီးကို စစ်ဌာနအစည်း၀ေးတစ်ခုမှာ စွပ်စွဲခဲ့လို့ပဲ။ လက်ရှိမှာ မင်းသားက အရှိန်၀ါကြီးမားနေတော့ သူ့အမြင်ကချက်ချင်းပဲ အမိန့်စကားတွေဖြစ်လာတော့တာပဲ။ အဲ့တာကြောင့် လက်ရှိမှာ ဂျက်အင်ပါယာရဲ့စစ်မြေပြင်ခေါင်းဆောင်က အာရှဗင်ရဲ့ သစ္စာရှိလူယုံတစ်ယောက်ဖြစ်တဲ့ ဘိုနာလာပဲ။ အလံနှစ်စုံမြို့တော်ထဲက စစ်သည်တွေကိုလည်း ပြန်လည်စီစဥ်တော့မယ်ထင်တယ်။ အရှင်မင်းကြီးနဲ့ ရင်းနှီးတဲ့ မစ်စတာ ရစ်ဘရိတို့လည်း သိပ်ပြီးတော့ အခြေအနေကောင်းတော့မှာမဟုတ်ဘူး။ နောက်ပြီးတော့ အရှင်မင်းကြီးထူထောင်ထားတဲ့ ၀ံပုလွေစွယ်တပ်ဖွဲ့ကိုလည်း ပြန်ပြီးတော့ စီစဥ်တော့မှာ။ စစ်သည်တွေ ခေါင်းဆောင်တွေ ရာထူးဖြုတ်ခံရဖို့အလားလာတွေကလည်း မြင့်တက်နေတယ်..."
"တကယ်တန်းဆို မစ်စတာရစ်ဘရီကိုလည်း မြို့ခံတပ်ဖွဲ့ခေါင်းဆောင်ရာထူးကနေဖြုတ်လိုက်ပြီလို့ ပြောနေကြတယ်။ စစ်ဌာနက သူ့နေရာမှာ တစ်ခြာတးစ်ယောက်ကို ခန့်တော့မှာလေ။ နောက်ပြီးတော့ ၀ံပုလွေစွယ်တပ်ဖွဲ့ထဲက ချမ်းဘော့ဒ်ကိုနှစ်သက်ကြတဲ့ မင်းသမီးစင်ဒီ၊ ရီရဲနဲ့ ရှိဗ်ချန်ကိုတို့ကိုလည်း ရာထူးဖြုတ်ပြီးတော့ သူတို့သက်ဆိုင်ရာ တိုင်းပြည်တွေကို ပြန်လွှတ်လိုက်ပြီလို့ ပြောတယ်။ တစ်ချို့လူတွေက အရှင်မင်းကြီးကို ကြောက်နေကြပြီးတော့ ရှင်းလင်းချင်နေတာပဲ။ အခုမှာဖြစ်နေတာတွေက အစပဲရှိသေးတယ်လို့ ငါထင်တယ်။ ပိုပြီးတော့ စက်ဆုတ်စရာကောင်းတဲ့ နည်းလမ်းတွေ လှည့်ကွက်တွေလာဦးမယ်ထင်တယ်....
အဖိုးကြီး အာရန်းထိုအရာများကို ပြောပြီးချိန်တွင် ခနနားလိုက်သည်။
ချမ်းဘော့ဒ်တိုင်းပြည်မှ စစ်သည်တော်များသည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြပြီး မည်ကဲ့သို့ ပြန်ဖြေရမည်ကို မသိကြပေ။ ခနအကြာတွင် တိုးရိစ်သည် သူ၏လေးကြိုးကို ဆော့ကစားနေရာမှ မေးလိုက်သည်။ "ကျွန်တော်တို့ ဘာဆက်လုပ်သင့်လဲ..."
"လက်ရှိမှာတော့ ဘာမှလုပ်စရာမလိုသေးဘူး..." အဖိုးကြီး အာရန်း၏မျက်လုံးများထဲတွင် ဉာဏ်ပညာမြင့်မားသည့် အရိပ်ယောင်တစ်ချို့ပေါ်လာပြီး ညင်သာစွာပြောလိုက်သည်။ "မင်းတို့ကောင်တွေ အရှင်မင်းကြီးအတွက် ပြသနာကြီးကြီးမားမားတွေမဖြစ်စေဘူးဆိုရင် ပြသနာကြီးကြီးမားမားရှိမလာလောက်သေးဘူး။ အရှင်မင်းကြီးက လက်ရှိမှာ အလျှော့ပေးနေတယ်ထင်ရပေမယ့် ဇီးနစ်အင်ပါယာထဲမှာ ဘယ်သူမှ အရှင်မင်းကြီးကို ခြိမ်းခြောက်နိုင်တဲ့လူမရှိဘူး။ ငါထင်တာမမှားဘူးဆိုရင် အရှင်မင်းကြီးရဲ့ စွမ်းအားတွေက နောက်တစ်ဆင့်ကို ရောက်နေပြီ။ သူက ဇီးနစ်အင်ပါယာထဲမှာ ပြိုင်ဘက်ကင်းတဲ့လူတစ်ယောက်လို့တောင် ပြောလို့ရမယ်...."