အခန်း (၆၆၇)
Vol. 43 Ch. 667
ဤသည်မှာ ဖှေးအတွက် ဒုတိယအကြိမ်အနေဖြင့် နာကျင်မှု၏သခင် ဒူရီရယ်အား တိုက်ခိုက်ခြင်းပင်။
မှောင်မိုက်အေးစက်နေသည့် မြေအောက်လမ်းသည် နှာခေါင်းစူးရှစေသည့် သွေးနံ့များဖြင့် ပြည့်နှက်နေပြီး လေထုသည် စိုစွတ်နေသည်။ မကောင်းဆိုးများ၏ သွေးများသည် နေရာအနှံ့ပင် ဖြစ်နေပြီး ရွံ့ဗွက်အိုင်များပင် ထနေကြသည်။ ထိုသွေးကွက်များသည် ဖှေးနှင့် အယ်လီနာတို့ စွန်းထင်းထားသည့် မှော်ဖိနပ်များကို စွန်းထင်းစေ၏။ အသတ်ခံထားရသည့် မကောင်းဆိုး၀ါးများ၏ အလောင်းများသည်လည်း ထိုသွေးအိုင်များ ပတ်ပတ်လည်တွင် လဲကျနေကြသည်။ ရှေးကျသော မှော်အလင်းရောင်များအောက်တွင် ဤမြင်ကွင်းသည် ငရဲပြည်ကဲ့သို့ပင်။
ဖှေးသည် လွန်ခဲ့သည့်အလုပ်များမှရရှိထားခဲ့သည့် ဟိုလာဒရစ်ကုဗတုံးအား ဒူရီယာပုန်းအောင်းနေသည်နေရာသို့ ၀င်နိုင်ရန်အတွက် နံရံပေါ်တွင်ရှိနေသည့် သင်္ကေတ၇လုံး၏အလည်တွင်ရှိနေသော အချိုင့်အတွင်းသို့ ထည့်လိုက်သည်။
“ဒီ ခပ်၀၀ ပိုးကောင်ကြီး ဒူရီရယ်က ငရဲပြည်ရဲ့ အထင်ကရမကောင်းဆိုး၀ါးတစ်ကောင်ပဲ။ သူ့ကို သတ်ပြီးရင်တော့ ပစ္စည်းကောင်းကောင်းတွေရလိမ့်မယ်ထင်တယ်။ မသေမျိုးဘုရင် စုံလိုက်ပစ္စည်းတွေထဲက ကျန်နေတဲ့ပစ္စည်းတွေကိုသာ ရရင်တော့ အကောင်းဆုံးပေါ့...” ဖှေးသူ၏စိတ်ထဲမှ ဆုတောင်းကာ သူ၏ဘေးတွင်ရှိနေသော စစ်နတ်သမီးအားကြည့်ပြီးပြောလိုက်သည်။ “သွားကြစို့ အယ်လီနာ...”
သူတို့ပေါ်တယ်အတွင်းသို့ ၀င်ရောက်သွားကာ ထူခြားသည့်နေရာတစ်ခုသို့ ချက်ချင်းပင်ရောက်ရှိသွားသည်။ ပြင်းထန်သည့် လေပြင်းများနှင့်အတူ ဒေါသဖြစ်နေသည့် ဟိန်းဟောက်သံများကို သူတို့နှစ်ယောက်ကြားလိုက်ကြရသည်။
“ဟားဟား ဒီပိုးကောင်ကြီးက အတော်လေးချစ်စရာကောင်းတာပဲ။...” ဖှေးရယ်မောလိုက်သည်။
သူ့၏အနောက်တွင် အယ်လီနာရှိနေသည့်အတွက်ကြောင့် ရှောင်တိန်းခြင်းမရှိပေ။ ထိုအစား မကောင်းဆိုး၀ါးများကို သတ်ဖြတ်ရာမှရရှိခဲ့သည့် တလင်းကျောက်ဓားနှစ်လက်ကို ကိုင်ကာ ပြေး၀င်သွားလိုက်သည်။
“ဖုန်း...”
စွမ်းအင်လှိုင်းများသည် ဤသင်္ချိုင်းအား ပျက်ဆီးစေလုနီးနီးပင်။ နေရာတစ်ခုလုံးစတင်၍ တုန်ခါလာကာ ဖုန်မှုန့်များ မျက်နှာကျက်ပေါ်မှ ပြုတ်ကလာပြီး မြင်နိုင်စွမ်းကို လျှော့ကျသွားစေသည်။
ကြီးမားသည့် အားကြီးသည် ဓားနှစ်လက်ပေါ်သို့ ရောက်ရှိသွားပြီး ဖှေးသည်အနောက်သို့ ခြေတစ်လှမ်းဆုတ်ခွာသွား၏။ သူ၏လက်ထဲတွင်ကိုင်ထားသည့် တလင်းကျောက်ဓားများပင် ကျိုးပဲ့သွားကာ ပိုးကောင်ကြီး ဒူရီရယ်သည်လည်း အော်ဟစ်ကာ အနောက်သို့ လွှင့်ထွက်သွား၏။
ဂုဏ်သတ္တိဆိုင်ရာအမှတ်များအားလုံးကို ခွန်အားထဲသို့ ပေါင်းထည့်ထားသည့်အတွက်ကြောင့် အကျိုးကျေးဇူးများထွက်ပေါ်လာ၏။ ဒူရီရယ်ပင် ဖှေးအား ရုပ်ပိုင်းဆိုင်ရာခွန်အားနေရာတွင် ယှဥ်နိုင်ခြင်းမရှိပေ။
“၀ိုး ဒီခေါင်းဆောင်ကြီးရဲ့ အားကလည်း ဘလတ်ကီလောက်တောင် မကြီးဘူး...”
အိမ်မက်ဆိုးခက်ခဲမှုအဆင့်မှ ခေါင်းဆောင်ကြီးများအကြောင်းကို ပို၍ ရှင်းလင်းစွာနားလည်လာခဲ့သည့်အတွက်ကြောင့် ဖှေးပို၍ ယုံကြည်ချက်ရှိလာ၏။
သို့သော် ဖှေး၏လက်ထဲတွင်ရှိသည့် ဓားနှစ်လက်သည်လည်း ကျိုးပဲ့သွားပြီဖြစ်သည်။
“၀ှစ် ၀ှစ် ၀ှစ် ၀ှစ်...”
လေခွင်းသည့်အသံများစွာထွက်ပေါ်လာပြီး မှော်မြှားများစွာသည် ဖှေးအား ကျော်ဖြတ်ကာ လေပေါ်တွင် လွှင့်ပျံနေဆဲဖြစ်သည့် ဒူရီရယ်ထံသို့ ဦးတည်သွားလိုက်သည်။
လှပသည့် ကိုယ်ရံတော်မလေးသည်လည်း သူမ၏ စွမ်းအားများကို ပြသနေ၏။
ဒူရီရယ်သည် အလွန်ဒေါသဖြစ်ကာ သောင်းကျန်းနေသော်လည်း သူ၏ တိုက်ခိုက်မှုများသည် ကျူးကျော်လာသည့် လူနှစ်ယောက်အား မည်ကဲ့သို့မှ သက်ရောက်နိုင်ခြင်းမရှိပေ။ ဖှေးနှင့် အယ်လီနာတို့သည် အလွန်ကောင်းမွန်စွာပင် ပူးပေါင်းဆောင်ရွက်နိုင်ကြ၏။
ဆယ်မိနစ်ခန့်ကြာပြီးသည့်နောက်တွင်...
“ဟမ် ဟားဟားဟား သေစမ်း ငါကအတော်လေးကံကောင်းတာပဲ။ ငါလိုချင်တာရပြီကွ...” ဖှေးသည် ဒူရီရယ်၏ အလောင်းရှေ့တွင်ရပ်နေရင်းဖြင့် ကျယ်လောင်စွာရယ်မောလိုက်သည်။
သူ၏အရပ်ထက်ပင် ပို၍ မြင့်မားသည့် တူကြီးတစ်လက်ကို ကိုင်ထား၏။
[မသေမျိုးဘုရင်၏ ကျောက်ခွဲတူ]ပင်။
ဤသည်မှာ မသေမျိုးဘုရင်၏ စုံလိုက်ပစ္စည်းများထဲတွင် ပါ၀င်သည့် လက်နက်တစ်ခုပင်။
ထိုတူသည် အမဲရောင်ဖြစ်ပြီး သူ၏ စတိုင်မှာလည်း ရိုးရှင်းသည်။ အမည်မသိသော သတ္တုတစ်မျိုးဖြင့် ထုလုပ်ထားခြင်းဖြစ်ပြီး ထူထဲလေးလံကာ စွမ်းအားမြင့်မားသလိုခံစားရသည်။ ကြည့်ရုံဖြင့်ပင် အံ့သြဖွယ်ကောင်းသည့် သမိုင်းတစ်ခုရှိနေကြောင်းသိသာနေသည်။ တူရိုးကပင် နှစ်မီတာကျော်ခန့်ရှည်လျား၏။ တူရိုး၏အနောက်ပိုင်းတွင် ကြက်ဥပုံသဏာန်အရာတစ်ခုပါရှိပြီး အရိုးသည် တူခေါင်းနေရာသို့ကပ်လာလေလေပို၍ ထူလာလေလေဖြစ်သည်။ ရှေးကျသည့် သင်္ကေတများသည် လက်ကိုင်ပေါ်တွင်ရှိနေပြီး နဂါးများစွာရစ်ပတ်နေသလိုပင်။ လက်ကိုင်အား ကိုက်ရသည်မှာ နွေးထွေးနေပြီးချော်ထွက်နေခြင်းလဲမရှိပေ။
တူခေါင်းကြီးသည် စည်ပိုင်းတစ်ခုကဲ့သို့ပင်ဖြစ်နေပြီး အပေါ်တွင် လက်သီးဆုပ်ခန့်အရွယ်စားရှိသည့် ဆူးချွန်ကြီးတစ်ခုပါရှိသည်။ တူခေါင်းတစ်ဖက်သည် ပြားနေပြီး တစ်ဖက်သည် သံချောင်းကဲ့သို့ပင် ချွန်ထက်နေသည်။ ထိုအစွန်းသည် ငွေရောင်အလင်းတန်းတစ်ခုကို ထုတ်လွှတ်နေလျှက်ရှိ၏။ လူများ၏ ၀ိဉာဥ်ကိုပင် ထိုးဖောက်နိုင်ပုံရပြီး သွေးဆာနေကာ အဖျက်စွမ်းအားအလွန်ကြီးမားသလိုပင်။
မသေမျိုးဘုရင် ဘူးလ်-ခရေးတို့စ်၏ ဒဏာရီလာလက်နက်ဖြစ်နေသည်မှာ မဆန်းလှပေ။ ရုပ်ပိုင်းဆိုင်ရာအပြင်ဆင်ကပင် လူများအား ကြောက်လန့်စေနိုင်၏။
ကြယ်အဆင့်စစ်သည်များဆိုလျှင် ဤတူကြီးအား မနိုင်လိမ့်မည်ပင်မဟုတ်ပေ။
ဖှေး၏ လူရိုင်းဇာတ်ကောင်သည် အလွန်ခွန်အားကြီးမားသော်လည်း ဤတူကိုကိုင်ရသည်မှာ သူ၏စိတ်ထဲတွင်ပေါ့ပါးနေခြင်းမရှိပေ။ အနေတော်ကဲသို့သာ လေးလေပင်ပင်ရှိနေ၏။
ဖှေး၏လက်နက်များအားလုံးနီးပါသည် ဒိုမိန်းနှင့် တိုက်ပွဲတွင် ပျက်ဆီးသွားခဲ့ပြီဖြစ်သည်။ သူ၏ ဓားနှစ်လက်ဖြစ်သည့် ဘူးလ်ခရေးတို့စ်၏ ကလေးငယ်များပင် တိုက်ပွဲတွင် အပိုင်းပိုင်းကွဲအက်သွားခဲ့ပြီဖြစ်သည်။
ဖှေးတွင် သင့်လျော်သည့် လက်နက်တစ်ခုလိုအပ်နေလေရာ ဤမသေမျိုးဘုရင်၏ ကျောက်ခွဲတူသည် အချိန်ကိုက်ရောက်ရှိလာခဲ့ခြင်းပင်။ ပုံမှန်ခက်ခဲမှုအဆင့်တွက် ဖှေးသည် ကျွမ်းကျင်မှုဆိုင်ရာအမှတ်တစ်ချို့ကို လက်နက်ရှည်အသုံးပြုခြင်းတွင် ထည့်ခဲ့သည့်အတွက်ကြောင့် သူ့အတွက် ဤတူအား အသုံးပြုရန်မှာခက်ခဲနေခြင်းမရှိပေ။ ထိုအစားသူသည် လူရိုင်းဇာတ်ကောင်၏ ပို၍ ပြင်းထန်ကာကြမ်းတန်းသည့် ခွန်အားများကို ထုတ်လွှတ်နိုင်သလိုခံစားနေရသည်။
ရယ်မောပြီးသည့်နောက်တွင် ဖှေးပြန်လည်ကာ တည်ငြိမ်သွားပြီး လက်နက်၏ အဓိက အချက်လက်များကို စစ်ဆေးလိုက်သည်။
ထိခိုက်စေနိုင်မှု - ၄၃၁-၅၃၈. တိုက်ခိုက်မှုတစ်ခုခြင်းစီတိုင်းသည် အဆင့်နိမ့်လသစ်အဆင့်သိုင်းဆရာတစ်ယောက်၏ သိုင်းကွက်စွမ်းအားနှင့် ညီမျှသည်ဆိုသည်ကိုပင်။ ဤသည်မှာ ဖှေးမြင်ခဲ့သမျှထဲတွင် စွမ်းအားအမြင့်မားဆုံးဖြစ်သည့်လက်နက်တစ်ခုပင်။
[
လိုအပ်သည့်လယ်ဗယ် - အိမ်မက်ဆိုးခက်ခဲမှုအဆင့် လယ်ဗယ်၄၀
လိုအပ်သည့် ခွန်အား - အိမ်မက်ဆိုးခက်ခဲမှုအဆင့် ၁၀၀
မကောင်းဆိုး၀ါးများအား ထိခိုက်စေနိုင်မှု +၂၅၀
နတ်ဆိုးများကို ထိခိုက်စေနိုင်မှု +၂၀၀
ထိုးမြှင့်ပေးသည့် ထိခိုက်စေနိုင်မှု +၂၀၀
တိုက်ခိုက်မှုနှုန်း - +၄၀
.....
.....
.....
ဤလက်နက်၏ စွမ်းအားများသည် ဖှေး၏မျက်လုံးများကို မျက်အိမ်အတွင်းမှ ကျွတ်ကျစေလုနီးနီးပင်။
အပြင်ကမ္ဘာမှ နတ်ဘုရားတစ်ပိုင်းအဆင့်လက်နက်များ၊ နတ်ဘုရားအဆင့်လက်နက်များသည် ဒိုင်ယာဘလိုကမ္ဘာထဲတွင် မည်ကဲ့သို့သော ဂုဏ်သတ္တိများရှိလိမ့်မည်ကို သူမသော်လည်း မသေမျိုးဘုရင်၏ တူသည် အလွန်ရူးလောက်ဖွယ်ဖြစ်သည့် ဂုဏ်သတ္တိများနှင့် လက်နက်တစ်လက်ဖြစ်သည်ကို ဖှေးသိလိုက်သည်။
ကံမကောင်းစွာပင် မသေမျိုးဘုရင်၏ တူကိုပါ ထပ်ပေါင်းပါက ဖှေးထံတွင် စုံလိုက်ပစ္စည်းနှစ်ခုသာရှိနေသေးသည်။ ထို့ကြောင့် ထပ်ပေါင်းထားသည့် လျှပ်စစ်၊ အအေးဓာတ်၊ အဆိပ်နှင့် မှော်စွမ်းအင်ထိခိုက်စေမှုများကို အသုံးပြုနိုင်ဦးမည်မဟုတ်ပေ။ လက်ရှိတွင် တိုက်ပွဲတွင် ၂၁၁-၃၉၇ရှိသည့် ထိခိုက်စေမှုကိုသာ အသုံးပြုနိုင်သေးသည်။
သို့သော် ဖှေး၏ အာရုံစိုက်မှုသည် တစ်ခြားအရာတစ်ခုပေါ်သို့ ရောက်ရှိသွား၏။
ဖျက်ဆီး၍ မရနိုင်ခြင်းပင်။
ဤလက်နက်၏ အကြမ်းခံနိုင်စွမ်းသည် အကန့်သက်မဲ့သည့်အတွက်ပင်။ တိုက်ခိုက်မှုများအားလုံးကို ကြံ့ကြံ့ခံနိုင်မည်ဖြစ်ပြီး ပျက်ဆီးသွားလိမ့်မည်မဟုတ်ပေ။
အလွန်ရူးလောက်ဖွယ်ဖြစ်သည့် ဂုဏ်သတ္တိတစ်ခုပင်။
အကယ်၍ ဒိုမိန်းနှင့် တိုက်ခိုက်ခဲ့စဥ်က သူ၏လက်ထဲတွင် ဤတူသာရှိနေပါက သူသည် ဒိုမိန်း၏ မီးနတ်ဘုရားဓားသွားကိုပင် တူဖြင့် ကာနိုင်လောက်သည်ဖြစ်သည်။ သူ၏လက်နက်သည်လည်းပျက်ဆီးသွားလိမ့်မည်မဟုတ်ပေ။ သူသည်လည်း အန္တရာယ်များပြားလှသည့်အန္တရာယ်တစ်ခုတွင် ကျရောက်သွားလိမ့်မည်မဟုတ်ပေ။
ဤလက်နက်သည် လူရိုင်းဇာတ်ကောင်အတွက် ပြည့်စုံသော နတ်ဘုရားအဆင့်လက်နက်တစ်ခုပင်။
လူရိုင်းဇာတ်ကောင်၏ မြင့်မားသည့် ရုပ်ပိုင်းဆိုင်ရာစွမ်းအားများကသာလျှင် ဤတူ၏ စွမ်းအားကို အမြင့်ဆုံးအနေထားသို့ ထုတ်လွှတ်နိုင်လိမ့်မည်ဖြစ်သည်။ ဤတူအား ကိုင်ဆွဲကာ လူရိုင်းဇာတ်ကောင်သည် ၀ှေ့ရမ်း၍ ရန်သူများကို ဖျက်ဆီးနိုင်လိမ့်မည်ဖြစ်သည်။ နတ်ဘုရားများကိုပင် ဤတူဖြင့် ဖျက်ဆီးပစ်နိုင်၏။
တူအား လက်ထဲတွင် ကိုင်ထားရင်းဖြင့် ဖှေးသည် သူ၏မျက်လုံးများကို မှိတ်ကာ ပွတ်သပ်ကြည့်လိုက်သည်။ သူသည် ဤတူထံမှ တိုက်ပွဲဆာလောင်မှုများကို ခံစားနေရသလိုပင်။ ဤလက်နက်တွင် ကိုယ်ပိုင်အသက်၀ိဉာဥ်တစ်ခုရှိနေ၏။ တိုက်ပွဲ၀င်ရန်အတွက် ပြုလုပ်ထားသည့်လက်နက်ပင်။
“စိတ်မပူပါနဲ့ မင်းင့ါလက်ထဲမှာဆိုရင် စွမ်းအားမြင့်သိုင်းဆရာတွေရဲ့ သွေးကို သောက်ရမှာပါ...”
ဖှေးသည် သူ၏မျက်လုံးမျာကို ဖွင့်လိုက်ပြီး မသေမျိုးဘုရင်၏ ကျောက်ခွဲတူအား သူ၏လက်နက်ကိုင်ဆွဲသည့်နေရာသို့ ထည့်လိုက်၏။ သူသည်ချက်ချင်းပင် တူနှင့်တစ်သားတည်းဖြစ်လာသလိုခံစားလိုက်ရပြီး အသုံးလိုလာပါက လွယ်လွယ်ကူကူပင် ဆင့်ခေါ်နိုင်၏။
သူသည် တူအား ညင်သာစွာ၀ှေ့ရမ်းလိုက်ရင်းဖြင့် မိုးချုန်းသံများနှင့် နဂါးဟိန်းဟောက်သလို ဆူညံသံများထွက်ပေါ်လာ၏။ နေရာအာကာသပင်ပြိုလဲသွားတော့မည့်အတိုင်းပင်။
]