← Chapters

အခန်း (၆၆၈)

Vol. 43 Ch. 668

အခန်း (၆၆၈)

Vol. 43 Ch. 668

လက်ထဲတွင် တူကို ကိုင်ထားရင်းဖြင့် ဖှေးသည် သူရဲကောင်းဆန်ကာ ပြိုင်ဘက်ကင်းမဲ့နေသလို ခံစားနေရသည်။

သူသည် ကမ္ဘာပေါ်တွင်ရှိနေသည့် စွမ်းအားမြင့်သိုင်းဆရာများအားလုံးကို ခုခံနိုင်နေသလိုပင်။

ဤခံစားချက်အား ခံစားပြီးသည့်အချိန်တွင် ဘုရင်သည် မသေမျိုးဘုရင်တူအား သူ၏ လက်နက်ထားသိုရာအကန့်ထဲတွင် သိမ်းလိုက်သည်။ ထို့နောက်တွင် ဒူရီရယ်ထံမှရရှိထားသည့် တစ်ခြားပစ္စည်းများကို စတင်၍ ကြည့်ရှုတော့သည်။ ပစ္စည်းလေးခုကျန်ရှိနေပြီး သုံးခုသည် လိမ္မော်ရောင်အလင်းရောင်များလွှမ်းခြုံနေလျှက်ရှိပြီး လယ်ဗယ်၆ပစ္စည်းများဖြစ်ကြောင်းကို ဖော်ပြနေသည်။ မဆိုးသော်လည်း ထူးခြားသည့် ဂုဏ်သတ္တိများမရှိပါက ဖှေးအား စိတ်လှုပ်ရှားစေလိမ့်မည်မဟုတ်ပေ။

ထိုလိမ္မော်ရောင်ပစ္စည်းသုံးခုသည် သံမဏိလက်အိတ်တစ်စုံ၊ ကြီးမားသည့် ခါးပတ်ကြီးတစ်ခုနှင့် အနုစိတ်ဆန်သည့် သိမ်းငှက်ဦးဆောင်းတစ်ခုပင်။

ဖှေးထိုပစ္စည်းများကို ကောက်ယူလိုက်ပြီး သူတို့၏ ဂုဏ်သတ္တိများကို ဖတ်ကြည့်လိုက်သည်။ ပစ္စည်းများ၏ အရည်သွေးကို စစ်ဆေးလိုက်ပြီးသည့်နောက်တွင် သာမန်သာဖြစ်သည်ကို သိလိုက်ရ၏။ ဒိုမိန်းသည် တိုက်ပွဲအတွင်းတွင် သူ၏လက်အတ်များကို ဖျက်ဆီးခဲ့သည့်အတွက်ကြောင့် ဤလက်အိတ်နှစ်စုံကို ၀တ်ဆင်လိုက်၏။ ကျန်ရှိနေသည့် ပစ္စည်းနှစ်ခုကို သူ၏ ထားသိုရာအကန့်ထဲသို့ ထည့်လိုက်၏။ သူသည် မြို့သို့ ပြန်ရောက်သည့်အချိန်တွင် ဤပစ္စည်းနှစ်ခုအား ရောင်းချရန်အတွက် ကြံစည်နေခြင်းပင်။

ထိုပစ္စည်းသုံးခုမှ လွဲ၍ ကျန်ရှိနေသည့် ပစ္စည်းတစ်ခုသည် အစိမ်းရောင်စုံလိုက်ပစ္စည်းတစ်ခုပင်။

ရှေးကျသည့် ငွေရောင်လေးတစ်လက်ဖြစ်၏။

ဖှေးပျော်ရွှင်သွားပြီး စစ်ဆေးခြင်းစာလိပ်တစ်လိပ်ကို အသုံးပြု၍ စစ်ဆေးကြည့်လိုက်သည်။ ဤလေး၏ နာမည်နှင့် ဂုဏ်သတ္တိများကို ချက်ချင်းပင်တွေ့လိုက်ရ၏။

[မာဗီနာ၏လေး]ပင်။

ဤလေးသည် တစ်ခြားအဆင့်မြင့်စုံလိုက်ပစ္စည်းများထဲမှ အစိတ်ပိုင်းတစ်ခုပင်။

ဤလေးသည် အမေဇုန်ဇာတ်ကောင်အတွက် အကောင်းဆုံးစုံလိုက်ပစ္စည်းများထဲမှတစ်ခုပင်။ တန်ဖိုးကြီးသည့်နေရာတွင် မသေမျိုးဘုရင်၏ တူထက် မနိမ့်ကျလှပေ။

“ငါက အခုတလောပိုင်း သိုသိုသိပ်သိပ်များနေလာခဲ့လို့များ ကံကောင်းလာခဲ့တာလား။ သေစမ်း ငါကအတော်လေးကံကောင်းတာပဲ။ အဆင့်မြင့်စုံလိုက်ပစ္စည်းတွေထဲက နှစ်မျိုးတောင် ရလိုက်တာပဲ။” ဖှေးသည် လေးအားကြည့်ရင်းဖြင့် သက်ပြင်းချကာ သူ၏ ကံကောင်းမှုအပေါ်တွင် မှတ်ချက်ပြုလိုက်သည်။

မာဗီနာလေးသည် ငွေရောင်ဖြစ်နေပြီး တလင်းကျောက်ကဲ့သို့ပင် ကြည့်ရသည်မှာ အိမ်မက်ဆန်လှသည်။ ဤလေးသည် သာမန်လေးများထက်ပင် ပို၍ ထူထပ်လှပြီး လေးကိုယ်ပေါ်တွင် နွယ်ပင်ကဲ့သို့သော ကနုတ်များထိုးထား၏။ ထို့ကြောင့် အသုံးပြုသူသည် ပို၍ မြဲမြံစွာဆုပ်ကိုင်နိုင်သည်။ လေး၏ အစွန်းနှစ်ဖက်သည် ဓားများကဲ့သို့ပင် ချွန်ထက်နေသည့်အတွက်ကြောင့် အနီးကပ်တိုက်ပွဲများတွင်လည်း လက်နက်တစ်ခုအနေဖြင့် အသုံးပြုနိုင်၏။ ထို့အပြင် လေးကြိုးသည်လည်းအသုံးပြုသူ အသုံးပြုမှ ပေါ်လာမည်ဖြစ်ပြီး ကျန်ရှိနေသည့်အချိန်တွင် လေးကိုယ်ထည်ကိုသာ မြင်တွေ့နေရမည်ဖြစ်သည်။

နံပါတ်များအပေါ်တွင်မူတည်ပါက ဤလေးမှ ပစ်လွှတ်လိုက်သည့် မြှားတစ်ချောင်းခြင်းစီတိုင်းသည် ထိခိုက်စေနိုင်မှု ၆၀မှ၃၀၇ထိရှိမည်ဖြစ်သည်။ အကယ်၍ မှော်လေးသည်တော်တစ်ယောက်သာ ဤလေးကို အသုံးပြုပါက ထိခိုက်စေနိုင်စွမ်းသည် ပို၍ပင် မြင့်မားလာနိုင်၏။ မြှားသုံးချောင်းတည်းကပင် အဆင့်နိမ့်လသစ်သိုင်းဆရာများကို သေစေနိုင်သည်။

အမှန်ပင် ဤလေးအား အသုံးပြုရန်အတွက် လိုအပ်သည့် လယ်ဗယ်၊ ခွန်အားနှင့် ကြံ့ခိုင်ရည်တို့သည်လည်း မြင့်မားလှသည်။

ဖှေးဤလေးအား လေ့လာပြီးသည့်အချိန်တွင် သူသည် သူ၏ဘေးတွင်ရှိနေသည့်အမျိုးသမီးအား ပေးလိုက်၏။ အယ်လီနာ၏ စွမ်းအားများသည် အဆမတန်ပင် မြင့်တက်လာသည့်အတွက်ကြောင့် သူမလက်ရှိအသုံးပြုနေသည့်လေးသည် သူမနှင့် သင့်လျော်ခြင်းမရှိတော့ပေ။ အယ်လီနာ၏ တိုက်ခိုက်နိုင်စွမ်းများကိုပင် အနည်းငယ်နှောင့်ယှက်နေ၏။

အယ်လီနာသည်လည်း ဤလေးအား အသုံးပြုနိုင်သည့်အတွက်ကြောင့် ကိုက်ညီသည်ဟုဆိုရလိမ့်မည်ဖြစ်သည်။

“ဟုတ်...” အယ်လီနာသည် ခေါင်းငြိမ့်လိုက်ပြီး မာဗီနာလေးကို ယူလိုက်သည်။ သူမလေးကြိုးအားဆွဲတင်ကြည့်ပြီးသည့်အချိန်တွင် မှတ်ချက်ပြုလိုက်သည်။ “ကောင်းတာပဲ...”

ဖှေးငိုချင်စိတ်ပင် ပေါက်သွားကာ သူတွေးလိုက်မိသည်။ “ဒါက ဒိုင်ယာဘလိုကမ္ဘာထဲမှာဆိုရင် အဆင့်မြင့် လေးတစ်လက်ပဲ။ အဲ့တာကို အယ်လီနာက ကောင်းတာပဲလို့ပဲ ပြောတာလဲ...င့ါခေါင်းကို တောင်နံရံနဲ့ပစ်တိုက်ချင်လာပြီ...”

ကံကောင်းစွာပင် ဖှေးသည် ယခုအချိန်တွင် အယ်လီနာ၏ တည်ငြိမ်သည့်အပြုမူများနှင့် နေသားကျနေပြီဖြစ်သည်။

ဖှေးသူရရှိခဲ့သည့် အကျိုးမြတ်များနှင့် ဆုလာဘ်မျာကို ပေါင်းကြည့်လိုက်သည်။

ဒုတိယမြေပုံအား အောင်မြင်ပြီးသည့်ချိန်တွင် ဖှေး၏ လူရိုင်းဇာတ်ကောင်သည် အိမ်မက်ဆိုးခက်ခဲမှုအဆင့် လယ်ဗယ်၅၆သို့ ရောက်ရှိသွားပြီဖြစ်ပြီး ဂုဏ်သတ္တိဆိုင်ရာအမှတ် ၃၀နှင့် ကျွမ်းကျင်မှုဆိုင်ရာအမှတ်၁၂မှတ်ခန့်ကိုပင် စုဆောင်းရရှိခဲ့သည်။ သူသည် မသေမျိုးဘုရင်၏တူကိုလည်းရရှိခဲ့သည့်အတွက်ကြောင့် သူ၏တိုက်ခိုက်မှုပုံစံသည်လည်း ပြောင်းလဲတော့မည်ဖြစ်သည်။ ထို့ကြောင့် သူ၏ ကျွမ်းကျင်မှုဆိုင်ရာအမှတ်များအားလုံးကို လက်နက်ရှည်အသုံးပြုခြင်းအား တိုးမြှင့်ရန်အတွက် အသုံးပြုလိုက်ပြီး ဂုဏ်သတ္တိဆိုင်ရာအမှတ်များကို ခွန်အားတိုးမြှင့်ရန်သာထည့်လိုက်၏။

အယ်လီနာသည်လည်း သူမ၏ စွမ်းရည်အမှတ်များကို ပြင်ဆင်ပြီးသည့်အချိန်တွင် ယနေ့ကျန်ရှိနေသည့်အချိန်အကန့်သက်မှာမပြည့်သေးပေ။

ဖှေးသည် နောက်ထပ်မြေပုံတစ်ခုသို့ ဆက်သွားကာ မသေမျိုးဘုရင်၏ တူကို စမ်းသပ်အသုံးပြုနေချင်သော်လည်း သူ၏ဆန္ဒများကို ထိန်းကာ အယ်လီနာအား သာမန်ခက်ခဲမှုအဆင့်တွင်ရှိသည့် သူပုန်စခန်းသို့ ပြန်ခေါ်လာခဲ့သည်။

“လာခဲ့အယ်လီနာ ဒီမှာ ရပ်နေ ငါနင့်ကို ပြစရာတစ်ခုရှိတယ်...” ဖှေးသည် လျို့၀ှက်စွာဖြင့် ပြောလိုက်သည်။

အယ်လီနာအနည်းငယ်ရှုပ်ထွေးသွားသည်။ သို့သော် သူမသည် ဖှေးစကားကိုနားထောင်၍ စခန်း၏ အလည်တွင်ရှိသည့် နေရာလွတ်တစ်ခုတွင် ရပ်နေခဲ့သည်။ အကြောင်းပြချက်တစ်ချို့ကြောင့် ဤနေရာတွင် လေးစွမ်းရည်လေ့ကျင့်နေကြဖြစ်သည့် သူမ၏ သူငယ်ချင်းများကိုလည်း တွေ့ရခြင်းမရှိပေ။ ချယ်စီ၏ ပန်းပဲဖိုမှ ထွက်ပေါ်လာနေကျဖြစ်သည့် တူထုသံများကိုလည်း ကြားရခြင်းမရှိပေ။ စခန်းတစ်ခုလုံးတွင် သူမနှင့် ဖှေးတို့နှစ်ယောက်တည်းသာ ရှိနေသည့်အတိုင်းပင်။

ဖှေးသည် သူမ၏ အနားတွင်ရှိနေပြီး သူမအား ချစ်စဖွယ်အကြည့်များဖြင့် ကြည့်နေသည့်အတွက်ကြောင့် အယ်လီနာသည် အနည်းငယ်ရှက်မိသွားကာ သူမ၏ ခေါင်းကို ငုံ့လိုက်သည်။

“ဟားဟား ငါ့ရဲ့ ရေခဲနတ်သမီးလေးက အခုတော့ ရှက်တတ်သွားပြီးပေါ့...” ဖှေးသည် တိုက်အသစ်တစ်ခုကို ရှာတွေ့လိုက်သလိုပင် ရယ်မောလိုက်ကာ လက်ဖျောက်တီးလိုက်သည်။

“ဖျောက်...”

အသံထွက်ပေါ်လာပြီးသည့်နောက်တွင် မြေပြင်ပေါ်တွင် မီးတောက်တစ်ခုရုတ်တရက်စတင်၍ တောက်ပလာ၏။

အယ်လီနာသည်မီးတောက်များကို အံ့သြစွာကြည့်ရှုရင်းဖြင့် မီးတောက်များသည် ဆက်လက်လောင်ကျွမ်းကာ သူတို့နှစ်ယောက်အား ၀ိုင်း၍ အသဲပုံတစ်ခုကိုရေးဆွဲလိုက်သည်။

“ဖုန်း ဖုန်း ဖုန်း...”

ထို့နောက်တွင် တောက်ပသည့် မီးရှူးမီးပန်းကဲ့သို့သော မီးတောက်များသည် ကောင်းကင်ပေါ်သို့ ပျံတက်ကာ ပေါက်ကွဲသွားသည်။ အလင်းရောင်များသည် ကောင်းကင်ပေါ်တွင် ပန်းပွင့်များကို ချယ်သလိုက်ပြီး လှပသည့် မီးရှူးမီးပန်းတစ်ခုပင်။

အစိမ်းရောင် အရိုးများ၊ အရွက်များနှင့် ရောင်စုံပန်းပွင့်များ....။ မီးရှူးမီးပန်းများသည် မှောင်မိုက်နေသည့် ကောင်းကင်အား လှပကာ စိတ်ယူးယဥ်ဖွယ်ကောင်းနေအောင်ပြုပြင်ပေးနေလျှက်ရှိသည်။

ဤမီးတောက်များကို မှော်ပညာဖြင့် ဖန်တီးထားခြင်းဖြစ်သောကြောင့် ပို၍ ကောင်းမွန်စွာ အလုပ်လုပ်နေသည်။ အရောင်သွေးသည် ပို၍ တောက်ပနေပြီး ကောင်းကင်ပေါ်တွင် ပို၍ အချိန်ကြာကြာတောက်ပနေနိုင်သည်။ တကယ်တန်းတွင် ကောင်းကင်ပေါ်တွင် ထာ၀ရရှိနေတော့မည်ဟုပင် ထင်ရ၏။

ကောင်းကင်ပေါ်တွင်ရှိနေသည့် အလင်းရောင်များသည် အယ်လီနာ၏ မျက်နှာအား ထင်ဟပ်နေပြီး သူမသည် ပို၍ပင် လှပနေ၏။ ကောင်းကင်ပေါ်တွင်ရှိနေသည့် နတ်ဘုရားများကိုပင် လှုပ်လှုပ်ရှားရှားဖြစ်သွားနိုင်၏။

ဖှေးသည် သူနှင့်အတူများစွာဖြတ်သန်းခဲ့သည့် ဤကောင်မလေးကိုကြည့်ရင်းဖြင့် သူ၏စိတ်ခံစားချက်များသည်လည်း ပြင်းထန်လာခဲ့သည်။

ထရစ်စတမ်မြို့တွင် အရိုးစုလေးသည်တော်များ၏ လက်ချက်ဖြင့် သူတို့နှစ်ယောက်လုံး သေခဲ့ရမလိုဖြစ်ခဲ့သည့်အချိန်နှင့် ဂူထဲတွင် သူမ၏ ညီအမများကို ရုပ်ပျက်ဆင်းပျက်အလောင်းများကိုတွေ့ခဲ့သည့်အချိန်က အယ်လီနာအကူညီကင်းမဲ့စွာ ငိုကြွေးခဲ့သည့်အချိန်များကို ဖှေးပြန်စဥ်းစားလိုက်မိသည်။

ဤအဖြစ်ပျက်များသည် လွန်ခဲ့သည့်ငါးလခန့်ကဖြစ်ပျက်ခဲ့သော်လည်း ရာစုနှစ်ပေါင်းများစွာအလွန်ကလို ဖှေးခံစားနေရသည်။

ယခုအချိန်တွင် ဖှေးနှင့်အယ်လီနာတို့သည် သာမန်ခက်ခဲမှုအဆင့်မှ မည်သည့်မြေပုံကို မဆိုလွယ်လွယ်ကူကူပင် ရှင်းနိုင်နေပြီဖြစ်ပြီး သူတို့နှစ်ယောက်လုံးသည် များစွာပို၍ စွမ်းအားမြင့်မားလာခဲ့ကြပြီဖြစ်သည်။ ဤအခိုက်တန့်တွင် ဖှေးသည် ဤလှပသည့်ကောင်မလေးကို သူ့အား လက်ထပ်ရန်အတွက် တောင်းဆိုတော့မည်ဖြစ်သည်။ သူတို့နှစ်ယောက်လုံးသည် ဖူးစာပါပြီးသားဖြစ်သော်လည်းဖှေးသည် အကြောင်းပြချက်တစ်ချို့ကြောင့် အနည်းငယ်စိတ်လှုပ်ရှားကြောက်ရွံ့နေမိသည်။

အယ်လီနာ၏ မျက်နှာပေါ်တွင် ရှာပါးကာချစ်စရာကောင်းသည့် အပြုံးတစ်ခုပေါ်လာသည့် အချိန်တွင် ဖှေးသည်နှင်းဆီပန်းစည်းတစ်ခုကို ထုတ်ယူလိုက်သည်။ ပန်းနှံ့သည် နေရာတစ်၀ိုက်တွင် ပြန့်နှံ့သွားတော့သည်။ ဘုရင်သည် အယ်လီနာ၏ အရှေ့တွင် ဒူးတစ်ဖက်ထောက်လိုက်ပြီး ခေါင်းမော့ကာ အရိုးရှင်းဆုံးအမူယာတစ်ခုနှင့်အတူတောင်းဆိုလိုက်သည်။ “အယ်လီနာ နင့်ရှေ့မှာရှိနေတဲ့ ခန့်ညားတဲ့ကောင်လေးကို လက်ထပ်နိုင်မလား...”

အယ်လီနာ၏ လေးကိုင်ထားသည့်လက်များပင် လျှော့ကျသွားသည်။ သို့သော် သူမသည် အကျင့်အရပို၍ တင်းကြပ်စွာဆုပ်ကိုင်လိုက်မိသည်။ သူမဘာပြောရမယ်မှန်းမသိဖြစ်နေသည့်အချိန်တွင် တဲများ၏အနောက်မှ ပျော်ရွှင်စွာအားပေးသည့်အသံများကိုကြားလိုက်ရသည်။

ငယ်ရွယ်ခါချစ်စရာကောင်းကြသည့်အမျိုးသမီးသူပုန်များ ပြေးထွက်လာကြပြီး စခန်းထဲတွင်ရှိနေသည့် တစ်ခြားလူများသည်လည်းအပြင်သို့ ထွက်လာခဲ့ကြသည်။ ပန်းပဲဆရာမချယ်စီ၊ ကုန်သည် ဂိတ်နှင့် ကုန်သွယ်ရေးအဖွဲ့ခေါင်းဆောင် ၀ါးရစ်တို့ထွက်လာကြကာ အယ်လီနာနှင့် ဖှေးတို့အား ၀ိုင်းရံလိုက်ကြသည်။

“အမဘာတွေစောင့်နေတာလဲ...” မာရီနာဟု အမည်ရသည့် ကောင်မလေးတစ်ယောက်သည် အယ်လီနာအား မျက်စပစ်ပြကာ ပြောလိုက်သည်။ “လက်ခံလိုက်သည်...”

“ဟီးဟီး အယ်လီနာ ငါနင့်ကို အရမ်းမနာလိုဖြစ်တာပဲ...”

“မဟုတ်ဘူး လက်မခံသေးတဲ့ဦး ငါတို့ လက်ဆောင်တွလိုသေးတယ်။ မှော်တလင်းကျောက်၁၀၀၀၀၊ မာဗီနာစုံလိုက်ပစ္စည်းတွေအကုန်လုံး ဟီးဟီးဟုတ်တာပေါ့ သရဖူတစ်ခုရော...”

“ဟုတ်တယ် အယ်လီနာ နင်က ငါတို့ထဲမှ အတော်ဆုံးနဲ့အလှဆုံးပဲ မဟာခေါင်းဆောင်ဆိုပေမယ့် နင့်ကို ဒီလောက်လွယ်လွယ်နဲ့မရသင့်ဘူး...”

“အော်အေး ဟုတ်သားပဲ တစ်ခြားကမ္ဘာမှာဆိုရင် တကယ်လို့ ယောက်ျားတစ်ယောက်က ကောင်မလေးတစ်ယောက်ကို လက်ထပ်ခွ့င်တောင်းမယ်ဆိုရင် လက်ထပ်လက်စွပ်လိုတယ်တဲ့။ င့ါမှာ လက်စွပ်တစ်ခုရှိတယ် ရွှေစစ်စစ်ပဲ နောက်ပြီးတော့ ရှေးမျိုးနွယ် သိုင်းဆရာတစ်ယောက်လုပ်ထားတာ။ နှစ်တစ်သောင်းကြာတော့ လက်စွပ်တစ်ကွင်းပဲကျန်တော့တယ်။ အရောင်သွေးတွေ ဘာတွေကိုလည်းတစ်ချက်ကြည့်လိုက် မှော်အစီရင်တွေလဲပါတယ်။ မင်းဘယ်လိုထင်လဲ ဖှေး ဒီအခြေအနေမှာဆိုရင် မင်းင့ါစီကနေ၀ယ်ပြီးတော့ အယ်လီနာကို လက်ဆောင်ပေးလိုက်သင့်တယ်။ အမ် မင်းက မဟာခေါင်းဆောင်ဆိုတော့ ငါမင်းကို ခြောက်ဆယ်ရာခိုင်နှုန်းဒစ်စကောင့်ပေးပြီးတော့ ရွှေဒင်္ဂါးတစ်သိန်းနဲ့ ရောင်းပေးမယ်လေ မင်းဘယ်လိုထင်လဲ...”

ဉာဏ်များသည့် ဂိ့သည် အိုဟောင်းကာ သံကြေးတပ်နေသည့် မှော်စွမ်းအင်ကုန်ဆုံးသည်မှာ ကြာနေပြီဖြစ်သည့် မှော်လက်စွပ်တစ်ကွင်းကို ထုတ်ယူလိုက်ပြီးဖှေးအား တောက်ပသည့်အပြုံးတစ်ခုဖြင့် ပြသလိုက်သည်။

All Chapters