အခန်း (၆၆၉)
Vol. 43 Ch. 669
ဘုရင်၏မျက်လုံးများထဲတွင် မျက်ရည်များပင်၀ိုင်းလာ၏။
“ဒီကောင်မလေးတွေက အရင်တုန်းက အပြစ်ကင်းပြီး သဘောကောင်းကြပါတယ်။ ချမ်းဘော့ဒ်မှာ ခနနေဖူးတော့ ဒီလိုပြောင်းလဲကုန်ကြတာလား...” သူတွေးလိုက်မိသည်။
ဂိ့ကိုမူ ဖှေးလူအုပ်အတွင်းမှ ကန်ထုတ်ပေးလိုက်သ်ည။
“ဟုတ်...”
အံ့သြသွားပြီးသည့်နောက်တွင် အယ်လီနာသည် ပြန်လည်ကာ တည်ငြိမ်သွားပြီဖြစ်သည်။ သူမသည် ဖှေးပေးသည့် နှင်းဆီပန်းများကို ညင်သာစွာယူလိုက်ပြီး ခေါင်းငြိမ့်ပြလိုက်သည်။ သူမ၏ အဖြေသည် စကားလုံးတစ်လုံးတည်းသာဖြစ်နေပြီး ဆုံးဖြတ်ချက်လွယ်လွယ်ကူကူချလိုက်သည်ဟု ထင်ရ၏။ သို့သော် ဤကဲ့သို့သော အဖြေမှ သူမ၏ စတိုင်နှင့်ကိုက်ညီလှသည်။
အယ်လီနာသည် တည်တည်ငြိမ်ငြိမ်ပင် ပြုမူနေသော်လည်း အယ်လီနာ၏ လက်ထဲတွင်ရှိသည့် နှင်းဆီပန်းများသည် ကြေမွေနေသည်ကို ဖှေးသတိထားလိုက်မိသည်။ သူမသည် အလွန်စိတ်လှုပ်ရှားနေသဖြင့် ပန်းစည်းကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားမိနေခြင်းပင်။
“ဟာ နင်က သူ့ကို လွယ်လွယ်နဲ့အဖြေပေးလိုက်တာပဲ...” အယ်လီနာ၏ သူငယ်ချင်းများသည် မကျေနပ်စွာဖြင့် အော်ဟစ်လိုက်ကြသည်။
“အေး အတော်ပျင်းစရာကောင်းတာပဲ။ ငါနင်တို့ကိုပြောပါတယ် အယ်လီနာလို ကောင်မလေးက ဖှေးလက်ထပ်ခွ့င်တောင်းရင် ချက်ချင်း အဖြေပေးလိုက်မှာပါဆိုနေ။ ခက်ခဲမှာမဟုတ်ဘူးလေ။ ဒါက အချိန်ဖြုန်းနေတာတစ်ခုပဲ ငါ့ပါငါပဲသွားပြီးတာေ့ နတ်ဘုရားမှော်အစီရင်ကို ဆက်လေ့လာလိုက်ဦးမယ်...” ကိန်းသည် ဤကိစ္စအား ကြိုသိနေပြီးသလိုပင် သူ၏ခေါင်းကို ခါရမ်းလိုက်သည်။
“နောက်ဆုံးတော့ ရှင်က အသက်ကြီးတာတောင့် မိန်းမမရသေးရတဲ့အကြောင်းရင်းကို ကျွန်မသိသွားပြီပဲ...” အာကာရာသည် တည်ငြိမ်စွာပင် ဖော်ပြလိုက်သည်။
“အမ် ဘာလို့လဲ...” ကိန်း ကြောင်တောင်တောင်ဖြစ်သွားကာ မေးလိုက်သည်။
“ပထမဆုံးနေနဲ့ ရှင့်ပုံစံပဲ။ ရှင့်ပုံစံကအတော် လေးရဲရင့်ပြီး ဖန်တီးနိုင်မှုစွမ်းအားမြင့်မားတဲ့ပုံပေါက်ပါတယ်။ ဒါပေမယ့် အဲ့တာအကြောင်းမဟုတ်ဘူး။ အဓိကအကြောင်းရင်းက ရှင်က စိတ်၀င်စားစရာမကောင်းပဲနဲ့ အချစ်ကိုလည်း နားမလည်တတ်တဲ့လူပဲ...” အာကာရာသည် အလွန်ရက်စက်သည့်လူပင်။
“ဟင်...” ကိန်းသည် ချက်ချင်းပင် စိတ်ဓာတ်ကျသွားတော့၏။
တစ်ဖက်တွင် ဖှေးသည် အယ်လီနာ၏ အေးစက်သည့်လက်များကို ကိုင်ဆွဲထားလိုက်သည်။
သူသည် ဤကိစ္စအတွက် ကြိုတင်၍ ပြင်ဆင်လာခဲ့သည်မှာ အချိန်အတော်ကြာပြီဖြစ်ပြီး အယ်လီနာအား များစွာအံ့သြပျော်ရွှင်သွားစေလိုခဲ့သည်။ သို့သော် အယ်လီနာ တည်တည်ငြိမ်ငြိမ်အပြုမူသည် ဖှေးအား အနည်းငယ်စိတ်ပျက်သွားစေ၏။ သို့သော် တစ်ဖက်မှ တွေးကြည့်ပါက ဤသည်မှာ အယ်လီနာ၏ ပုံစံပင်။ ဖှေးကိုယ်တိုင်ပင် သူမအား ဤအတိုင်းတာထိအံ့သြအောင်လုပ်နိုင်ခဲ့သည့်အတွက် ပျော်ရွှင်သင့်၏။
အယ်လီနာသည် ထိုကဲ့သို့သာဖြစ်သည် သူ့အား “အန်ဂျယ်လာကရော..” ဟူသည့် မေးခွန်းမျိုးကိုပင် မေးခြင်းမရှိပေ။
သူမ၏ “ဟုတ်ကဲ့..” ဟူသော ရိုးရှင်းသည့်အဖြေသည် ဖှေးအပေါ်တွင်ထားရှိသည့် အကြွင်းမဲ့ယုံကြည်မှုတို့ကို ဖော်ပြနေ၏။ ဖှေး အယ်လီနာ၏ အဖြေကို ကြားလိုက်ရသည့်အချိန်တွင် သူမ၏ ဆုံးဖြတ်ချက်ခိုင်မာမှုကိုလည်း ခံစားလိုက်ရသည်။
......
ဖှေးဒိုင်ယာဘလိုကမ္ဘာထဲမှ ထွက်လာခဲ့သည့်အချိန်တွင် တစ်ခါမှမကြုံဖူးသေးသည့် ပျော်ရွှင်မှုနှင့် စိတ်အေးချမ်းမှုတို့ကို ခံစားလိုက်ရသည်။
ဖှေးသည် ဤလက်ထပ်ခွင့်တောင်းရန်အတွက် များစွာကြိုတင်ပြင်ဆင်ခဲ့ပြီး စီစဥ်ထားသည်ထက်ပင် ပို၍ကောင်းမွန်စွာပြီးဆုံးသွားခဲ့သည်။ ဤသည်မှာ အယ်လီနာအတွက် ဖှေးဘက်မှ ပြန်လည်ကျေးဇူးတင်သည့်အနေဖြင့် ဖန်တီးပေးခြင်းပင်။ အယ်လီနာသည် ဖှေးအား အန္တရာယ်ကြီးမားသည့် အခြေအနေများအားလုံးတွင် ကူညီပေးခဲ့သည်။ သူမသည် ပို၍ပင် ပေးဆပ်ခဲ့ရသည့်လူပင်။
ပျော်ရွှင်နေသည့်လူတစ်ယောက်၏ ခံစားချက်သည် အမြင့်ဆုံးသို့ ရောက်ရှိနေ၏။
ထို့ကြောင့် ဖှေးသည် ဤကမ္ဘာပေါ်တွင်ရောက်ရှိခဲ့စဥ်ကတည်းက အကောင်းဆုံးသော အိပ်စက်ခြင်းကို ရရှိခဲ့သည်။ သူသည် အိပ်ယာထပင် နောက်ကျခဲ့၏၊ ယခင်က ဤကဲ့သို့ ဖြစ်ဖူးခဲ့ခြင်းမရှိပေ။ သူတဲအတွင်းမှ ထွက်လာခဲ့သည့်အချိန်တွင် နေလုံးကြီးသည် ကောင်းကင်ပေါ်တွင် တောက်ပစွာထွန်းလင်းနေပြီးဖြစ်၏။ ချမ်းဘော့ဒ်တိုင်းပြည်၏ တပ်ဖွဲ့သည်လည်း အချိန်များနောက်ကျကုန်၏။
နေ့လည်ခင်းတွင် တပ်ဖွဲ့သည် ချမ်းဘော့ဒ်ပိုင်နက်အတွင်းသို့ ပြန်လည်ကာ ရောက်ရှိလာခဲ့သည်။
ချမ်းဘော့ဒ်တိုင်းပြည်၏ ပိုင်နက်အသစ်ပင်။
ပြီးခဲ့သည့် အဖွဲ့၀င်တိုင်းပြည်များ စစ်ရေးလေ့ကျင့်မှုပြိုင်ပွဲတွင် ဖှေး၏ ကောင်းမွန်စွာစွမ်းဆောင်နိုင်ခဲ့မုုကြောင့် ချမ်းဘော့ဒ်တိုင်းပြည်သည် အဆင့်၆အဖွဲ့၀င်တိုင်းပြည်အဖြစ်မှ အဆင့်၁အဖွဲ့၀င်တိုင်းပြည်အဖြစ်သို့ ခုန်တက်သွားခဲ့သည်။ ထို့ကြောင့် ပို၍ သေးငယ်သောအဖွဲ့၀င်တိုင်းပြည်များဖြစ်သည့် မဟူရာတိုင်းပြည်၊ ချီရှူအီတိုင်းပြည်နှင့် လေစီတိုင်းပြည်တို့သည် ချမ်းဘော့ဒ်တိုင်းပြည်၏ ပိုင်နက်အတွင်းသို့ ဆုလာဘ်နေဖြင့် ပေးခြင်းကိုခံလိုက်ရ၏။ ထို့ကြောင့် ချမ်းဘော့ဒ်တိုင်းပြည်၏ မြေပိုင်နက်သည် ငါးဆခန့်ကျယ်၀န်းလာခဲ့၏။
လက်ရှိတွင် ဖှေးတို့တပ်ဖွဲ့သည် မဟူရာတိုင်းပြည်အတွင်းသို့ ရောက်ရှိနေခြင်းပင်။
တိုင်းပြည်ကျယ်ပြန့်လာခြင်းသည် မည်သည့်အဖွဲ့၀င်တိုင်းပြည်မဆိုမြင်ချင်သည့်အရာတစ်ခုပင်။ သို့သော် ပို၍ကြီးမားလာသည့် ပိုင်နက်အား ကွပ်ကဲရခြင်းကြောင့် ချမ်းဘော့ဒ်တိုင်းပြည်မှ ၀န်ကြီးများ၊ ခေါင်းဆောင်များသည်လည်း ပို၍ ခေါင်းကိုက်လာနေလျှက်ရှိကြ၏။
တိုင်းပြည်သည် ရုတ်တရက်ပင်မြေပိုင်နက်နှင့် မြို့သူမြို့သားများစွာရရှိလာခဲ့သည့်အတွက်ကြောင့် ကြီးကြပ်ကွပ်ကဲရန်အတွက် လူအင်အား လုံလုံလောက်လောက်မရှိသေးပေ။ ဖှေး၏ ယောက္ခမဖြစ်သူ ဘတ်စ်နှင့် စစ်ရေးခေါင်းဆောင် ဘရွတ်တို့သည် ဤကိစ္စအား ဖှေးထံသို့ တင်ပြစာများပေးပို့ခဲ့ကြသော်လည်း ဖှေး၏အဖြေမှာ အရှက်ကင်းမဲ့လှသည်။ သူသည် အစိုးရိမ်ကင်းကင်းဖြင့် နေထိုင်မှုအား အသားကျနေပြီဖြစ်သောကြောင့် သူတို့အား သင့်တော်သလိုသာ ကြည့်ကြပ်၍ စီမံကြရန်ပြန်ဖြေလိုက်သည်။
ထို့ကြောင့် သူတို့နှစ်ယောက်သည် ဤကိစ္စအား ဖြေရှင်းပြီးသည်မပြီးသည်အား ဖှေးသေချာမသိသေးပေ။
ဖှေးသည် အပူပင်ကင်းကင်းနေရသည်ကို နှစ်သက်သော်လည်း တာ၀န်ယူမှုမရှိသည့် ဘုရင်တစ်ပါးလဲမဟုတ်ပေ။ သူ၏ တိုင်းပြည်အား ကြည့်ရှုလိုသည့်အတွက်ကြောင့် သူတို့တပ်ဖွဲ့သည် ချမ်းဘော့ဒ်တိုင်းပြည်ပိုင်နက်အတွင်းသို့ ရောက်ရှိလာခဲ့သည့်အချိန်မှစ၍ နှေးနှေးသာ ခရီးဆက်ကြ၏။
ဖှေးအား စိတ်ကျေနပ်စေသည်မှာ လမ်းတစ်လျှောက်တွင် ကစဥ့်ကလျားဖြစ်နေသည့်အရာများကိုမြင်တွေ့ရခြင်းမရှိခြင်းပင်။
နေမ၀င်ခင်တွင် တပ်ဖွဲ့သည် မြို့စွန်တစ်ခုသို့ရောက်ရှိလာကြ၏။
....
ဤ ကီလွန်ဟုအမည်ရသည့် မြို့သည် သာမန်လယ်သမားများ၏ မြို့တစ်ခုပင်။
ဤုမြို့သည် ယခင်က မဟူရာတိုင်းပြည်ပိုင်ဆိုင်သည့် မြို့တစ်ခုပင်။
လွန်ခဲ့သည့် သုံးလခန့်က ချမ်းဘော့ဒ်ဘုရင်သည် သူ၏ စွမ်းအားကို မြို့တော်စိန့်ပီတာစဘာ့တ်ထဲတွင် ပြသခဲ့ပြီးနာမည်ကြီးလာခဲ့သည်။ မဟူရာတိုင်းပြည်ဟု စွမ်းဆောင်မှုမှာ မကောင်းမွန်ခဲ့သည့်အတွက်ကြောင့် မဟူရာတိုင်းပြည်၏ တော်၀င်မိသားစုမှာ ရာထူးဖြုတ်ခံလိုက်ရပြီး တိုင်းပြည်တစ်ခုလုံးသည် ချမ်းဘော့ဒ်လက်အောက်သို့ ရရှိသွားခဲ့သည်။ ထို့ကြောင့် ဤကီလွန်မြို့သည်လည်း ချမ်းဘော့ဒ်တိုင်းပြည်လက်အောက်သို့ အလိုလိုရောက်ရှိလာခဲ့သည်။
ဤမြို့တွင် နစ်ပေါင်းများစွာနေထိုင်လာခဲ့ကြသည့် လယ်သမားမိသားစုများသည် မည်သူအုပ်ချုပ်သည်ကို ဂရုစိုက်ခြင်းမရှိကြပေ။
သူတို့သည် အသက်ရှင်နိုင်ရန်ကိုပင် ရုန်းကန်ကြိုးစားနေရသည့်အတွက်ပင်။ မြို့အား မည်သူအုပ်ချုပ်နေသည်ကို စိုးရိမ်ခြင်းမရှိပဲ သူတို့စိုက်ပျိုးသည့် လယ်ယာများအဖြစ်ကောင်းမည်မကောင်းမည်ကိုသာ စိုးရိမ်မိကြ၏။ အကယ်၍ သူတို့သည် မြေရှင်များထံမှ မြေများကို ငှားယူနိုင်လိုက်ပါက အခွန်သိပ်ပေးစရာလိုတော့မည်မဟုတ်ပေ။ ဤကဲ့သို့ ကိစ္စများသည် သူတို့၏ ဘ၀နှင့်ပို၍ သက်ဆိုင်နေသည့်အတွက်ပင်။
ည၇နာရီထိုးပြီဖြစ်သောကြောင့် နေ၀င်သွားပြီဖြစ်သည်။ မြူခိုးတိမ်တိုက်များသည် ကောင်းကင်အား စတင်၍ လွှမ်းခြုံလာပြီး ခွေးဟောင်သံများနှင့် ကြက်တွန်သံများသည် နေရာတစ်၀ိုက်တွင် ဆူညံနေ၏။
လယ်သမားများသည် မြို့ထဲတွင်ရှိနေသည့် ဘုံဆိုင်တစ်ခုတွင် ဆုံစည်းနေကြသည်။ သူတို့သည် အုပ်စုလိုက်ထိုင်ကာ မြို့ထဲတွင်ရှိသည့် ဆွေကြီးမျိုးကြီးများ အခွန်နှုန်းထားအသစ်များကို ကြေငြာမည့်အချိန်အား စောင့်ဆိုင်းနေကြ၏။
ဤဘုံဆိုင်တည်ရှိနေသည်မှာ အချိန်ပေါင်းများစွာကြာပြီဖြစ်သည့်အတွက်ကြောင့် ကောင်းမွန်စွာထိန်းသိမ်းထားခြင်းမရှိခဲ့ပေ။ သို့သော် ဤနေရာတွင် မြို့ထဲတွင် သာမန်လူတန်းစားများအတွက် တစ်ခုတည်းသော အပန်းဖြေစရာနေရာတစ်ခုပင်။ တစ်ခါတစ်ရံတွင် ယာယီအစည်း၀ေးခန်းတစ်ခုအနေဖြင့်ပင် အသုံးပြုလေ့ရှိကြ၏။
ဘုံဆိုင်၏ သစ်သားတံခါးမှာ လူများပြန်လိုက်၀င်လာလိုက်ဖြစ်သည့်အတွက်ကြောင့် ဖွ့င်လိုက်ပိတ်လိုက်ပင်။
အသားမဲမဲလူများသည် ဘုံဆိုင်အတွင်းသို့ ၀င်လာကြ၏။ သူတို့သည် ကြမ်းတမ်းသည့် အ၀တ်စားများနှင့် စုတ်ပြဲနေသည့်အမဲရောင်ဘွတ်ဖိနပ်များကို ၀တ်ဆင်ထားကြကာ သူတို့၏မျက်နှာပေါ်တွင် ခါးသက်သည့်အပြုံးများရှိနေကြ၏။ သူတို့၏ မိတ်ဆွေများကို နှုတ်ဆက်ကာနေရာလွတ်များတွင် ၀င်ထိုင်လိုက်ကြသည်။
မြို့ထဲတွင်ရှိသည့် တစ်ယောက်တည်းသော ဆွေကြီးမျိုးကြီးဖြစ်သူ မစ်စတာ ဘာဘယ်လ်သည် သူတို့အား လာမည့်နွေဦးရာသီအတွက် မျိုုးစေ့ဖြန့်၀ေပေးမည့်အစီစဥ်အသစ်နှင့် အခွန်ကောက်မည့်နှုန်းထားအသစ်တို့ကို ကြေငြာမည်ဟုပြောထားသည့်အတွက်ကြောင့် သူတို့အားလုံး ဘုံဆိုင်မှာ လာရောက်စောင့်နေကြခြင်းပင်။ သူတို့၏ မျက်နှာအမူယာများ ခါးသက်နေရသည့်အကြောင်းရင်းမှာ မစ်စတာ ဘာဘယ်လ်ဆိုသည့်လူမှာ သူတို့ထံမှ တတ်နိုင်သလောက်အမြတ်ထုတ်ရန်အတွက် ကြိုးစားတော့မည်ကို သိသည့်အတွက်ပင်။
“ကျွီ...”
ဘုံဆိုင်ဂိတ်တံခါးပွင့်လာကာ ၀င်ရောက်လာသည့်လူသည် ဆံပင်ရွှေရောင်နှင့် ကိုယ်ရံတော်တစ်ယောက်ဖြစ်ပုံရသည့် လူငယ်တစ်ယောက်ပင်။ သူ့အား ကြည့်ရသည်မှာ လန်းဆန်းနေပြီး သူသည် ထူးဆန်းသည့် ပုံဆန်ရှိသည့် လေးတစ်လက်ကို ကိုင်ထား၏။ သူ၏ဘေးတွင် အမဲရောင်ဆံပင်ရှည်နင့် လူငယ်တစ်ယောက်နှင့် လှပသည့် ကောင်မလေးတစ်ယောက်လို့ လိုက်ပါလာကြသည်။
သူတို့ရောက်ရှိလာခြင်းသည် လူတိုင်း၏ အာရုံစိုက်မှုများကို ဖမ်းယူလိုက်သည်။
ဤရုပ်ရည်ချောမောသည့်လူများသည် ဤကီလွန်မြို့မှ မဟုတ်ကြပေ။ သူတို့သည် တစ်ခြားမြို့များမှ ဖြစ်သည်မှာထင်ရှားလှသည်။ ဤမြို့သည် ၀ေးလံခေါင်ဖျားသော်လည်း ကုန်သည်မများနှင့် ကြေးစားစစ်သည်များမကြာခနဖြတ်သွားဖြတ်လာရှိသည့်အတွက်ပင်။ ထို့ကြောင့် လူစိမ်းများကို မြင်တွေ့ရသည်မှာ ထူးဆန်းခြင်းမရှိပေ။ သို့သော် ဤလူသုံးယောက်လုံးသည် အလွန်ရုပ်ရည်ချောမောသည့်အတွက် ဘုံဆိုင်ထဲတွင်ရှိနေသည့်လူများမင်သက်သွားကြ၏။
ထိုလူသုံးယောက်၏အနောက်တွင် လိုက်ပါလာကြသည်မှာ ဆံပင်အညိုရောင်နှ၍့် လူငယ်တစ်ယောက်နှင့် အဖြူရောင်ဆံပင်တိုများနှင့် သူရဲကောင်းတစ်ယောက်တို့ပင်။ ထိုလူငါးယောက်တို့သည် ဘုံဆိုင်အတွင်းသို့ ၀င်ကာ သင့်လျော်သည့် နေရာတစ်ခုကို ရှာဖွေ၍ ၀င်ထိုင်လိုက်ကြသည်။