အခန်း (၆၇၀)
Vol. 43 Ch. 670
ခနတာတိတ်ဆိတ်သွားပြီးသည့်နောက်တွင် ဘုံဆိုင်သည် ပြန်လည်၍ ဆူညံလာ၏။
အရက်ကြောင့် လယ်သမားများသည် သူတို့ဘ၀၏ ပူပင်သောကများကို ခနတာခန့်မေ့သွားကြသည်။ မစ်စတာ ဘေဘယ်ယူလာမည့် သတင်းနှင့်ပတ်သက်၍ သူတို့အားလုံး စိုးရိမ်နေကြပြီး သူတို့အိပ်ကပ်ထဲတွင် ပိုက်ဆံအနည်းငယ်သာကျန်တော့သော်လည်း ဘီယာအနည်းငယ်သောက်၍ အပန်းဖြေရန်မှာလည်း လိုအပ်နေသေး၏။
တစ်ယောက်တည်းရှိသည့် ဘုံဆိုင်၏ စာပွဲထိုးမှလေး ဂျန်နီနှင့် ခပ်၀၀ ဆိုင်ရှင်မိန်းမကြီးတို့သည် ဆိုင်ထဲတွင် လှည့်ပတ်ကာ ကာစတမ်မာများကို အရေးသွေးနိမ့်ဘီယာများ ချပေးနေလျှက်ရှိသည်။ ထိုမိန်းမနှစ်ယောက်လမ်းလျှောက်သွားနေသည့် အချိန်တွင် ယောက်ျားလေးတစ်ယောက်သည် သူ၏လက်ဖြင့် ဂျန်နီ၏ ဖင်ကို ညှစ်လိုက်သည်။ ထိုခပ်၀၀ကောင်မလေးသည် အလန့်တကြားဖြင့်ကျယ်လောင်စွာအော်ဟစ်လိုက်သဖြင့် လူတိုင်းရယ်မောလိုက်မိကြသည်။
ဤသည်မှာ လယ်သမားများနေထိုင်ရာမြို့၏ သာမန်ရက်လေးတစ်ရက်ပင်။
တစ်ချို့လူများသည် သိချင်စိတ်ပြင်းပြသည့်အတွက်ကြောင့် လူစိမ်းငါးယောက်ကို ခိုးကြည့်နေကြသည်။ အမှန်ပင် ထိုလူများသည် လူစိမ်းများထဲတွင်ပါလာသည့် လှပသည့်ကောင်မလေးကို ကြည့်လိုသည့်အတွက်ပင်။ ဤကောင်မလေးသည် အလွန်လှပလှသဖြင့် နတ်သမီးတစ်ပါးကဲ့သို့ပင်ဖြစ်နေပြီး အသက်လေးဆယ်ငါးဆယ်ခန့်အရွယ်ရှိသည့် ယောက်ျားကြီးများပင် သူမအား ချောင်းကြည့်လိုက်မိအပြီးတွင် ရှက်ရွံ့သွားကြ၏။ သူမ၏ အလှတရားသည် သူတို့စိတ်ကူးထားနိုင်သည်ထက်ပင် ကျော်လွန်နေသောကြောင့်ပင်ဖြစ်ပြီး သူတို့အားလုံးသည် သူမအား စိတ်ထဲကပင် ပြစ်မှားရဲခြင်းမရှိကြပေ။
သူမနှင့်နှိုင်းယှဥ်ကြည့်ပါက ဤမြို့ထဲတွင် အလှဆုံးဖြစ်သည့် မစ်စတာ ဘေဘယ်လ်၏ မိန်းမှပင် အလွန်ရုပ်ဆိုးသွားတော့၏။
လူများသည် အခြင်းခြင်းစကားပြောနေပြီး ထိုလူစိမ်းများမည်သူများဖြစ်သည်ကို ခန့်မှန်းနေကြ၏။ သို့သော် မည်သူမှ သူတို့ထံသို့ သွားကာ စကားပြောရဲခြင်းမရှိကြပေ။
“အေး စိတ်၀င်စားစရာပဲ။ ငါဒီလိုအငွေ့သက်ကို သဘောကျတယ်...” ဖှေးသည် ပြတင်းပေါက်ဘေးတွင်ထိုင်လိုက်ပြီး ကြယ်ရောင်များတောက်ပနေသည့်ကောင်းကင်အားကြည့်လိုက်သည်။ ဤကဲ့သို့သော ဆူညံဆူညံဖြစ်နေသည့် ဘုံဆိုင်တစ်ခု၏ အငွေ့သက်မျိုးသည် သူ၏ အရင်ဘ၀ကို သတိရစေသည့်အတွက်ပင်။ သူသည် အရင်ဘ၀တွင် တက္ကသိုလ်တက်ခဲ့စဥ်က သူနှင့် သူ၏ သူငယ်ချင်းများသည် တစ်ခါတစ်ရံတွင် အပြင်သို့ ထွက်ကာ လမ်းဘေးဘီယာဆိုင်များ ထိုင်လေ့ရှိသည့်အတွက်ပင်။
အကြောင်းပြချက်တစ်ချို့ကြောင့် ဖှေးသည် အတိတ်ကိုပို၍ လွမ်းဆွတ်နေတတ်သည်ဟု ခံစားမိ၏။
သူသည် ဤကမ္ဘာတွင် တဖြည်းဖြည်းနှင့် အသားကျလာပြီဖြစ်သည့်အတွက်ကြောင့် သူ၏ အရင်ဘ၀မှ မှတ်ဉာဏ်များသည် တရွေ့ရွေ့ဖြင့် ပျောက်ကွယ်စပြုနေပြီဖြစ်သောကြောင့်လဲဖြစ်ပေလိမ့်မည်။ ထို့ကြောင့် သူသည် တစ်ခါတစ်ရံတွင် ပြန်လည်တွေးတောကာလွမ်းမောနေတတ်ခြင်းပင်။
အန်ဂျယ်လာသည် ဤကဲသို့ပတ်၀န်းကျင်အား ရောက်ခဲ့ဖူးခြင်းမရှိပေ။ သို့သော် သူမ မုန်းတီးခြင်းမရှိပေ။ သူမ မနှစ်သက်သည့်တစ်ခုတည်းသောအရာမှာ ပြင်းထန်သည့်ဆေးရွက်ကြီးနံ့များနှင့် နံစော်နေသည့် ခြေထောက်များပင်။ သူသည် ဖှေးအား မှီ၍ သူမ၏ နှာခေါင်းများကို သဘာ၀အတိုင်းပင် ရှုံ့လိုက်မိသည်။
သူမ၏ အလှတရားသည် ငြင်းဆန်၍ မရနိုင်ပေ။
သူမ၏ အမှတ်မထင်ပြုလုပ်လိုက်မိသည့်အပြုမူတစ်ခုကြောင့် သူ၏ဘေးတွင်ထိုင်နေသည့် ယောက်ျားများသည် သူတို့၏ ဆေးလိပ်များကိုမီးငြိမ်းကာ ချထားလိုက်ကြသည်။
တိုးရိစ်သည် ဖှေး၏ဘယ်ဘက်တွင်ထိုင်နေလျှက်ရှိသည်။ သူသည် အနည်းငယ်အနောက်သို့ ဆုတ်၍ထိုင်နေကာ ဘုံဆိုင်ထဲတွင်ရှိနေသည့် လူတိုင်းကို အကဲခတ်ကြည့်ရှုနေလျှက်ရှိပြီး အန္တရာယ်ရှိမရှိကို ဆုံးဖြတ်နေ၏။ ခပ်ပိန်ပိန်နှင့်ဆင်းရဲသည့် ပြည့်တန်ဆာကောင်မလေးများကိုပင် သူသည် ကြည့်ရှုစစ်ဆေးနေလျှက်ရှိသည်။
သို့သော် ဘုရင်သည်အလွန်စွမ်းအားကြီးမားပြီး ဤမြို့ထဲတွင် ဘုရင်အား ယှဥ်နိုင်သည့်လူတစ်ယောက်မှမရှိသည်ကိုလည်း တိုးရိစ်သိသည်။ သို့သော် ကိုယ်ရံတော်တစ်ယောက်အနေဖြင့် သူ၏ မသိစိတ်မှ အလိုလျှောက်ပြုမူနေခြင်းပင်။
ဂျက်စီနှင့် အလန်တို့သည် စားပွဲခုံ၏ တစ်ဖက်တွင်ထိုင်နေကြ၏။
ဂျက်စီသည် ဆင်းရဲသည့် ပတ်၀န်းကျင်တစ်ခုတွင် မွေးဖွားလာခဲ့သူဖြစ်ပြီး ၀တ်ရုံနက်ကျောင်းတော်ထဲတွင်လည်း သူ၏ ဘ၀သည် ရိုးရှင်းခဲ့သည်။ ထို့ကြောင့် သူသည် ဤဘုံဆိုင်လေးနှင့် အမြန်ပင်အသားကျလာ၏။ သူသည် ခပ်၀၀ ၀ိတ်တာကောင်မလေးဂျန်နီကိုပင် ခေါ်လိုက်ပြီး ပဲပြုတ်တစ်ပန်းကန်၊ ဘီယာတစ်ခွက်နှင့် ဒေသထွက်ပေါင်မုန့်အနည်းငယ်တို့ကို မှာယူလိုက်သည်။
“ဘန်း...”
ဤအခိုက်တန့်တွင် ဘုံဆိုင်တံခါးအား တစ်ယောက်ယောက်မှ ကန်ဖွင့်လိုက်သည်။
လူတိုင်းလှည့်ကြည့်လိုက်သည့်အချိန်တွင် မာနထောင်လွှားနေသည့်လူတစ်ယောက်ကို မြင်တွေ့လိုက်ရသည်။ သူသည် နှစ်မီတာကျော်ခန့်မြင့်မားကာ ခေါင်းပြောင်နေ၏။
သူသည် ဆိုင်အတွင်းသို့ လှည့်ပတ်ကြည့်လိုက်အပြီးတွင် သူ၏မျက်နှာပေါ်တွင် ဂုဏ်ယူ၀င့်ကြွားသည့်အပြုံးတစ်ခုပေါ်လာ၏။ သူရောက်ရှိလာသည့်အချိန်တွင် လူတိုင်းစကားပြောနေသည်များ ရပ်သွားခြင်းကို သူကျေနပ်နေသည့်ပုံပင်။
ထို့နောက်တွင် သူတစ်ဖက်သို့ လှည့်ကာ မြှောက်ဖားလိုသည့်အပြုံးတစ်ခုကို ပန်ဆင်လိုက်ပြီး လေးစားမှုဖြင့် ပြည့်နှက်နေသည့် ဟန်ပင်အမူယာတစ်ခုကို ပြုလုပ်လိုက်၏။
ထို့နောက်တွင် ပိန်ပိန်ပါးပါးဖြူဖက်ဖြူယော်နှင့် အသတ်လတ်ပိုင်းအရွယ်လူတစ်ယောက်၀င်လာခဲ့သည်။ သူသည် သားနားသည့်၀တ်ရုံတစ်ထည်ကို ၀တ်ဆင်ထားသည်။ သူ့ဘေးတွင် သူ၏လက်မောင်းများကို ကိုင်ထားသည့် အသတ်လတ်ပိုင်းအရွယ်မိန်းမတစ်ယောက်လည်းရှိနေ၏။ ထိုမိန်းမကြီးသည် မိတ်ကပ်များစွာလိမ်းထားသည်။ ရုပ်ဆိုးသူတစ်ယောက်မဟုတ်ပဲ ဖွင့်ထားသည့် ခန္ဓာကိုယ်ကိုလည်းပိုင်ဆိုင်ထား၏။ သို့သော် အသက်အရွယ်ကြောင့်အနည်းငယ်၀ဖိုင့်ဖိုင့်ဖြစ်နေသည်။ ထို့အပြင် သူမသည် လက်၀တ်ရတနာများစွာကိုလည်း ၀တ်ဆင်ထားသည့်အတွက် သားနားသော်လည်း ကြည့်ရသည်မှာ တင့်တယ်ခြင်းမရှိပေ။
သူတို့နှစ်ယောက်ဘုံဆိုင်ထဲသို့ စ၀င်လာလျှင်၀င်လာခြင်းပင် သူတို့၏မျက်နှာပေါ်တွင် ရွံရှာသည့်အမူယာများထွက်ပေါ်လာ၏။ အဖြူရောင်လက်ကိုင်ပ၀ါများကို ထုတ်ယူလိုက်ကြပြီး ဤနေရာမှ အနံ့သက်များကို မနှစ်သက်သည့်အတိုင်း သူတို့၏ နာခေါင်းများကို ကာရံထားလိုက်ကြသည်။
ဤခပ်ပိန်ပိန်နှ့င် ဖြူဖက်ဖြူယော်လူသည် ဤမြို့ထဲတွင် တစ်ယောက်တည်းရှိသည့် ဆွေကြီးမျိုးကြီဖြစ်သူ မြို့တော်၀န်ဘာဘယ်ပင်။ သူသည် ဤမြို့ထဲတွင်ရှိသည့်လူတိုင်း၏ ကမ္ဘာကို ထိန်းချုပ်နိုင်၏။ သူသည် ယခင်မဟူရာတိုင်းပြည်တွင် ဆွေကြီးမျိုးကြီးအသေးစားတစ်ယောက်ပင်။ မဟူရာတိုင်းပြည် ချမ်းဘော့ဒ်လက်အောက်သို့ ကျရောက်သွားသည့်အချိန်တွင်လည်း သူ၏ ရာထူးသည်ပျက်ဆီးခြင်းမရှိသေးပေ။ သူ၏ ဘေးတွင်ရှိနေသည့် မိန်းမကြီးသည် သူ၏ဇနီးဖြစ်သူ ကယ်လီဖြစ်ပြီး ခေါင်းပြောင်နှင့်လူသည် သူ၏ ကိုယ်ရံတော် ဒါးရက်ခ်ပင်။
“မင်းတို့တွေအားလုံး ငါဒီနေ့လာရတဲ့အကြောင်းရင်းကို သိကြမှာပါ။ နွေဦးကရောက်လာတော့မယ်လေ။ အဲ့တာကြောင့် ငါတို့မြို့ရဲ့ဓလေ့တွေအရ မနက်ဖြန်မှာ မြေငှားသဘောတူညီမှုတွေကို စဖြန့်ပြီးမျိုးစေ့တွေကိုလည်း စရောင်းတော့မယ်။ ခင်ဗျားတို့လည်း သိပြီးတဲ့အတိုင်းပါပဲ မဟူရာတိုင်းပြည်ကြီးတစ်ခုလုံးကို ချမ်းဘော့ဒ်ဘုရင် အလတ်ဇန္ဒားဆီကို ဆုလာဘ်ပေးလိုက်ပြီလေ။ အဲ့တာကြောင့် အရင်တုန်းက စည်းမျဥ်းတွေကိုလည်း ပြောင်းလဲရတော့မယ်...”
ထို့နောက်တွက် သူသည် ဘုံဆိုင်၏ အလည်တွင်ရှိသော အသန့်ရှင်းဆုံးဟုယူဆရသည့် စားပွဲထံသို့ လမ်းလျှောက်သွားလိုက်သည်။ ၀ိတ်တာမလေး ဂျန်နီသည် အမြန်ပင်ပြေးလာပြီး ပို၍သန့်ရှင်းစေရန်အတွက် စားပွဲခုံကို အ၀တ်စဖြင့် သုတ်ပေးလိုက်သည်။ ထို့နောက်တွက် ကယ်လီသည် သူမ၏ နှာခေါင်းကို လက်ဖြင့် ကာလျှက်ပင် ထိုင်လိုက်သည်။
သို့သော် မစ်စတာ ဘာဘယ်လ်သည် ရပ်နေဆဲပင်။ တည်ငြိမ်နေသော်လည်း ဆုံးဖြတ်ထားသည့်အသံတစ်ခုဖြင့် သူသည် ပတ်ပတ်လည်ကို တစ်ချက်ကြည့်ရှုကာ ကြေငြာလိုက်သည်။
“အရှင်မင်းကြီး အလတ်ဇန္ဒားချမှတ်လိုက်တဲ့ ဥပဒေအသစ်တွေအရ ဒီနှစ်မှာအခွန်တွေ တိုးကောက်ရလိမ့်မယ်။ မျိုးစေ့ခွန်၊ တရားမျှတခြင်းအခွန်နဲ့ စစ်ပွဲအခွန်တွေပေါ့...အခွန်တစ်ခုခြင်းစီအတွက် ငွေဒင်္ဂါးတစ်ပြားစီကောက်ရလိမ့်မယ်...”
ဘာဘယ်လ်၏ စကားမဆုံးသေးခင်မှာပင် ဘုံဆိုင်အတွင်းတွင်ရှိနေကြသည့်လူများသည် စတင်၍ အော်ဟစ်ကြတော့သည်။
“သေစမ်း အခွန်သုံးခုတောင် ထပ်ပြီးတော့ ဆောင်ရတော့မှာလား။ ငါတို့ ဘယ်လိုစားရတော့မှာလဲ...”
“လူတစ်ယောက်ကို ငွေဒင်္ဂါးတစ်ပြားစီအခွန်ဆောင်ရမယ်ဟုတ်လား။ တစ်နှစ်လုံးပင်ပင်ပန်းပန်းလုပ်ထားတာတောင် ငါက ငွေဒင်္ဂါးခြောက်ပြားလောက်ပဲစုမိတယ်။ အခွန်ဆောင်ဖို့တောင် လုံလုံလောက်လောက်မရှိဘူး။ ငါတို့ဘာနဲ့စားရမှာလဲ...ဘာ၀တ်ရတော့မှာလဲ...”
“သေစမ်း ချမ်းဘော့ဒ်ဘုရင်အလတ်ဇန္ဒားက ငါတို့ကို သေအောင်သတ်နေတာလား...”
“သေစမ်း ငါတို့ အသက်တောင်ရှင်နိုင်တော့မှာမဟုတ်ဘူး။ တရားမျှတခြင်းအခွန်၊ စစ်ပွဲအခွန်ဟုတ်လား။ ဘာတရားမျှတမှုမှမရှိဘူး။ဒီနားမှာ ဘာစစ်ပွဲမှလည်းဖြစ်မနေဘူး...ငါတို့တွေ အစားစာတောင်မ၀ယ်နိုင်တာ စစ်ပွဲခွန်က ပေးရဦးမယ်ဟုတ်လား...”
“ဂျက်အင်ပါယာက ရန်သူတွေကိုသာ ဒီကိုလာခိုင်းလိုက်ပါတော့။ အဲ့လိုဆိုရင် ငါတို့လဲ စားစရာ၀ယ်ဖို့ ပိုက်ဆံကျန်မှာပေါ့...”
“အာဏာရှင်အလတ်ဇန္ဒားပဲ...”
ဤလယ်သမားများသည် တစ်နှစ်လျှင်တစ်ကြိမ်ဆွေကြီးမျိုးကြီးများ အမြတ်ထုတ်သည်နှင့်အသားကျနေပြီဖြစ်သော်လည်း ဒေါသဖြင့် အော်ဟစ်လိုက်မိကြသည်။
ချက်ချင်းပင် ဘုံဆိုင်တစ်ခုလုံးဆူညံလာပြီး လယ်သမားများ ဒေါသပေါက်ကွဲလာကြတော့၏။
အန်ဂျယ်လာနှင့် တစ်ခြားလူများသည် သူ့အား အံ့သြစွာဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသဖြင့် ဖှေး ခေါင်းခါပြကာ ပြောလိုက်သည်။ “ငါ့ကိုမကြည့်ကြပါနဲ့။ ငါအဲ့လိုအမိန့်မျိုးမပေးခဲ့ပါဘူး။ ဦးလေးဘတ်စ်နဲ့ ဘရွတ်တို့ကလည်း အဲ့လို လုပ်ကြမှာမဟုတ်ပါဘူး...”
“တိတ်ကြစမ်း...တိတ်စမ်း...” မစ်စတာ ဘာဘယ်သည် စားပွဲခုံအား အားဖြင့် ပုတ်လိုက်သည်။
ခေါင်းပြောင်နှင့် ကိုယ်ရံတော်သည်လည်း ပတ်၀န်းကျင်သို့ လှည့်ပတ်ကြည့်လိုက်ပြီး သူ၏လက်သီးများကို ဆုပ်ပြလိုက်သည်။ ထို့နောက်တွင် တိုင်လုံးတစ်ခုအား လက်သီးဖြင့် ထိုးပြလိုက်ပြီး မျက်နှာကျက်ပေါ်မှ ဖုန်မှုန့်များကျလာတော့သည်။
သူ၏ အပြုမူကြောင့် လယ်သမားများသည် ချက်ချင်းပင် ကြောက်လန့်သွားကြပြီး ငြိမ်ကျသွားတော့၏။
သူတို့တွင် စွမ်းအားမရှိ၊ ရာထူးမရှိသည့်အတွက်ကြောင့် ဒေါသဖြစ်ရုံမှလွဲ၍ ဘာမှမတတ်နိုင်ကြပေ။
“အရှင်မင်းကြီးအလတ်ဇန္ဒားက ဂျက်အင်ပါယာက ရန်သူတွေကို ရှေ့တန်းမှာတိုက်ပွဲ၀င်ပေးနေတယ်ဆိုတာကို ခင်ဗျားတို့ သိဖို့လိုတယ်။ သူက အင်ပါယာကို ကာကွယ်ပေးနေတာပဲ။ ငါတို့တွေလဲ တတ်နိုင်သလောက်ပါ၀င်ရမယ်လေ။ တကယ်လို့ တပ်ဖွဲ့သာ ထောက်ပံ့မှုလုံလုံလောက်လောက်မရဘူးဆိုရင် အင်ပါယာအသိမ်းပိုက်ခံလိုက်ရနိုင်တယ်။ သဲတစ္ဆေတွေရဲ့ ဓားသွားကို ခင်ဗျားတို့ စကားပြောဆွေးနွေးလို့ ရမှာမဟုတ်ဘူး။ သူတို့က ယောက်ျားလေးတွေအားလုံးကို သတ်ပစ်ပြီးတော့ မိန်းကလေးတွေအားလုံးကို စော်ကားလိမ့်မယ်။ ဒီမြို့တစ်ခုလုံး အဲ့ကျရင် ငရဲခန်းဖြစ်သွားမှာ။ အဲ့တာကြောင့် ခင်ဗျားတို့အားလုံး အခွန်ဆောင်ဖို့လိုလိမ့်မယ်...” လယ်သမားများသည် သူ၏စကားကြောင့် ကြောက်လန့်ကာ ငြိမ်သွားကြသည်ကို တွေ့ရသည့်အတွက် မစ်စတာ ဘေဘယ်သည်လည်း စိတ်အေးသွားကာ ဆက်ပြောလိုက်သည်။ “အခွန်တွေအပြင် မြေငှားခကလည်း သုံးဆတက်လိမ့်မယ်။ မျို့စေ့ဖိုးကလည်း သုံးဆတက်မယ် ခင်ဗျားတို့ ဆယ်ရက်အတွင်းအပြည့်ပေးကြ။ မပေးနိုင်ဘူးဆို ခင်ဗျားတို့ ဒီနေ့အတွက် စိုက်ပျိုးဖို့မျိုးစေ့ရမှာမဟုတ်ဘူး...”
သူ၏ စကားမဆုံးသေးခင်မှာပင် ဘုံဆိုင်တစ်ခုလုံးသည် စတင်၍ ဆူညံလာတော့ပြန်သည်။
“ဘာ မဖြစ်နိုင်တာ။ ငါတို့မှာ အဲ့လောက်ပိုက်ဆံမရှိဘူး...”
“ဘယ်လိုတောင်လဲ အဲ့အာဏာရှင်ကတော့ ငါတို့ကို ဘယ်သူလာပြီးတော့ ကယ်တင်ပေးတော့မှာလဲ...”
“ငါတို့ကို မဟူရာတိုင်းပြည်တော်၀င်မိသားစုအုပ်ချုပ်တာကမှတော်သေးတယ်။ ဒီသောက်ချမ်းဘော့ဒ်ဘုရင်ကတော့။ ငါတို့အသက်တွေကို ဂရုမစိုက်ဘူးပဲ။ ချမ်းဘော့ဒ်ကလူတွေကို နှင်ထုတ်လိုက်ကြ။ အလတ်ဇန္ဒားက ငါတို့ ဘ၀တွေအပေါ်အမြတ်ထုတ်ချင်နေတဲ့ သွေးစုပ်ဖုတ်ကောင်ပဲ...”
“ချမ်းဘော့ဒ်သားတွေ မဟူရာတိုင်းပြည်ထဲကနေ ထွက်သွားပေးကြပါ...”
စိတ်ဆိုးနေသည့်လူများသည် စားပွဲခုံများကို ရိုက်နက်နေကြ၏။ တစ်ချို့လူများဆိုလျှင် ဘီယာခွက်များကိုပင် ရိုက်ခွဲနေကြသည်။ မကျေနပ်စွာဖြင့် ဆဲဆိုအော်ဟစ်နေသည့်အသံများသည် ခေါင်မိုးကိုပင် ပွင့်ထွက်စေလုနီးနီးပင်။
ဘုံဆိုင်ထဲတွင်ရှိနေသည့်လေထုသည် တင်းမာနေ၏။
ဘာဘယ်ပြောလိုက်သည့်အရာသည် လွန်သွားသည်ဟုဆိုနိုင်၏။ ဤကဲ့သို့သာဆိုပါက ယခုနှစ်ထဲတွင်မည်သူမှပင် စိုက်ပျိုးနိုင်တော့မည်မဟုတ်ပေ။
“ငါလည်းဒီအခြေအနေကို ကိုယ်ခြင်းစာပါတယ်။ ဒါပေမယ့် ငါလဲဘာမှမတတ်နိုင်ဘူးကွ။ ဒါက ချမ်းဘော့ဒ်ဘုရင် အလတ်ဇန္ဒားရဲ့ အမိန့်ပဲ ဘယ်သူမှ လွန်ဆန်လို့မရဘူး...”
ဘာဘယ်သည် ရည်ရွယ်ချက်ရှိရှိပင် ချမ်းဘော့ဒ်တိုင်းပြည်အပေါ်သို့ လွှဲချလိုက်သည်။ ထို့နောက်တွင် ဒေါသဖြစ်နေသည့်လူအုပ်ကြီးသည်လည်း ချမ်းဘော့ဒ်တိုင်းပြည်အား စတင်၍ ဆဲဆိုကြတော့သည်။
တိုးရီစ်သည် သူ၏လေးအားချက်ချင်းပင် ကောက်ကိုင်လိုက်ပြီး မက်တပ်ထလိုက်သည်။ သို့သော် ဖှေးသည် ခေါင်းငြိမ့်ပြလိုက်ပြီး သူ၏ ကိုယ်ရံတော်အား ပြန်ထိုင်ရန်အတွက် အချက်ပြလိုက်သည်။ ဘုရင်သည် တစ်စုံတစ်ခုအား သိရှိသွားသည်မှာ ထင်ရှားလှသည်။
ဤအခိုက်တန့်တွင် လူငယ်တစ်ယောက်မှ ရုတ်တရက် ထရပ်လိုက်ပြီး ငြင်းဆိုလိုက်သည်။ “ခင်ဗျားလိမ်နေတာပဲ။ အရှင်မင်းကြီး အလတ်ဇန္ဒားက ဒီလိုအမိန့်တွေကို ဘယ်တော့မှ မပေးခဲ့ဘူး...”