← Chapters

အခန်း (၆၇၁)

Vol. 43 Ch. 671

အခန်း (၆၇၁)

Vol. 43 Ch. 671

လူတိုင်းတစ်ဖက်သို့လှည့်ကာ အသံလာရာသို့ ကြည့်လိုက်ကြသည်။

ညစ်ပတ်ပေကျံနေကာ အသားညိုညိုနှင့်လူငယ်တစ်ယောက်ရှိနေ၏။ သူသည် သေးငယ်လှပြီး အပေါစားအ၀တ်စားမျာကို ၀တ်ဆင်ထားသည်။ သူ၏ဆံပင်များသည် ရှုပ်ပွနေပြီး ကောက်ရိုးမျှင်များ၊ မြက်ပင်များပင်ရှိနေ၏။

သူ၏နာမည်သည် မိုနက်ဖြစ်ပြီး မြို့ထဲတွင် အဆင်းရဲဆုံးလူများထဲမှ တစ်ယောက်ပင်။ သူစကားမပြောသေးခင်အချိန်တွင် ဘီယာခွက်ဖိုးပင် မတတ်နိုင်သည့်အတွက်ကြောင့် ဆိုင်ပေါက်၀တွင် ရပ်နေခဲ့သူဖြစ်သည်။ သူသည် ယခင်က တိတ်ဆိတ်ကာ သေးသိမ်နေခဲ့သော်လညး် ယခုအချိန်တွင် အကြောင်းပြချက်တစ်ချို့ကြောင့် ရှေ့သို့ ထွက်ခါ မစ်စတာ ဘာဘယ်အားငြင်းဆန်လိုက်သည်။

“မိုနက် မင်းဘာပြောနေလဲဆိုတာကို မင်းရောသိရဲ့လား...” ဘာဘယ်သည် မျက်မှောင်ကြုံ့လိုက်ပြီး ထိုလူငယ်အား ရက်စက်ကြမ်းကြုတ်စွာဖြင့် စိုက်ကြည့်လိုက်သည်။

“ကျွန်တော်...ခင်ဗျားပြောတာတွေမမှန်ဘူးဆိုတာ ကျွန်တော်သိတယ်။ ဘုရင်အလတ်ဇန္ဒားက ဒီစည်းမျဥ်းတွေကို မချမှတ်ခဲ့ဘူး...” မြို့ထဲတွင် အရှိန်၀ါကြီးမားဆုံးလူတစ်ယောက်၏ မေးမြန်းခြင်းကို ခံနေရသည့်အချိန်တွင်မူ မိုနက်သည် နောက်ဆုတ်ပေးခြင်းမရှိပေ။ ဘာဘယ်၏မေးခွန်း၏ နောက်ကွယ်မှ အဓိပ္ပါယ်ကို သူသိရှိသော်လည်း သူ၏ စိတ်ထဲတွင်ရှိနေသည့်လူတစ်ယောက်အကြောင်းကို စဥ်းစားလိုက်မိပြီး ရင်ကော့ကာ ဖြေလိုက်သည်။

“ဟုတ်လား။ မင်းသေချာရဲ့လား မိုနက်။ မင်း ဘယ်လိုလုပ်ပြီးသိတာလဲ...”

“ဘာတွေဖြစ်ကုန်တာလဲ...”

“မိုနက် မင်းကို ဘယ်သူပြောခဲ့တာလဲ။ မင်းကျန်တာတွေရော ဘာသိသေးလဲ...”

ဘုံဆိုင်ထဲတွင်ရှိနေသည့်လယ်သမားများသည် မိုနက်ပြောသည့်အရာအား ကောက်ရိုးတမျှင်ကဲ့သို့ပင် ဆွဲကိုင်လိုက်ကြသည်။

သူတို့သည် စတင်၍ မေးကြတော့၏။ ပို၍ စိုးရိမ်နေသည့်လူတစ်ချို့သည် မိုနက်ကိုပင် ၀ိုင်းရံထားကြ၏။ မိုနက်သည် အလုပ်ကြိုးစားသည့်လူမဟုတ်သည့်အတွက် လိမ်ညာနိုင်သည်ကို သူတို့သိကြသော်လည်း အမှန်ကိုပြောနေခြင်းသာဖြစ်ရန်အတွက် ဆုတောင်းနေကြ၏။

“မိုနက် မင်းက င့ါကို လိမ်တယ်လို့ ပြောချင်နေတာလား။ ဆွေကြီးမျိုးကြီးတစ်ယောက်ရဲ့ စကားကိုလေ။ မင်း ဘာလုပ်နေတယ်ဆိုတာကို ရောမင်းသိရဲ့လား..” ဘာဘယ်သည် မျက်မှောင်ကြုံ့လိုက်သည်။ မြို့ထဲတွင် ရှိနေသည်လူများအားလုံး သူဒေါသဖြစ်နေသည်ကို သိလိုက်ကြ၏။

ထိုအမူယာကိုမြင်သည့်အချိန်တွင် ထပ်ပြောင်ကိုယ်ရံတော်သည်လည်းနှာခေါင်းရှုံ့ကာ မိုနက်ထံသို့ လမ်းလျှောက်သွားလိုက်သည်။

မိုနက်၏ ဘေးတွင်သူငယ်ချင်းတစ်ယောက်သည် သူ၏ ဂုတ်အားဆွဲ၍ တောင်းပန်ရန်အတွက် တိုက်တွန်းနေ၏။

သို့သော် ပုံမှန်အားဖြင့် သေးသိမ်နေလေ့ရှိသည့် လူငယ်၏ မျက်နှာပေါ်တွင် ခေါင်းမာသည့်အမူယာတစ်ခုရှိနေ၏။ သူ၏ကြောအား မက်လိုက်ပြီး အော်ပြောလိုက်သည်။ “ခင်ဗျားလိမ်နေတာပဲ။ ချမ်းဘော့ဒ်တိုင်းပြည်က သံတမန်တစ်ယောက်ကို ကျွန်တော်တွေ့လိုက်ရတယ်။ သူမပြောခဲ့တာ ဘုရင်အလတ်ဇန္ဒားက လယ်သမားတွေအားလုံးကို အခွန်လွတ်ကင်းခွင့်ပေးလိုက်တယ်တဲ့။ မြေငှားစရိတ်လည်းပေးစရာမလိုတော့ဘူး။ နောက်ပြီးတော့ မျို့စေ့တွေကိုလည်း ၀ယ်စရာမလိုပဲ အချိုးချခွဲ၀ေပေးမယ်တဲ့...”

“ဘာ အဲ့လိုအရာတွေက တကယ်ရောရှိသေးတာလား...”

“ချမ်းဘော့ဒ်တိုင်းပြည်က သံတမန်ဟုတ်လား။ ဘယ်မှာလဲ။ ဘာလို့ ငါဘယ်သူ့ကိုမှ မတွေ့တာလဲ။ မင်းတကယ်ရော တွေ့ခဲ့တာဟုတ်လို့လား...”

ဘုံဆိုင်ထဲတွင်ရှိနေသည့်လူတိုင်းဆူညံသွားကြ၏။ မိုနက်သူတို့အား ပြောခဲ့သည့်သတင်းအချက်လက်သည် ကန္တာရထဲတွင်ရေငတ်၍ သေခါနီးဖြစ်နေသူတစ်ယောက်၏ မျက်လုံးထဲတွင် ရေကန်တစ်ကန်အား မြင်လိုက်ရသလိုဖြစ်နေသည့်အတွက်ကြောင့်ပင်။

“ကျွန်တော်လိမ်နေတာမဟုတ်ဘူး...တကယ်ပါ...အား...”

“ဖုန်း...”

မိုနက်၏ စကားမဆုံးသေးခင်မှာပင် သူနာကျင်စွာဖြင့် အော်ဟစ်လိုက်မိ၏။

ခေါင်းပြောင်နှင့်ကိုယ်ရံတော်သည် မိုနက်အား မြေပေါ်သို့ လဲကျသည်အထိထိုးလိုက်ပြီး ကန်လိုက်သည်။

မိုနက်၏ ခန္ဓာကိုယ်သည် ချက်ချင်းပင် ကောက်ကွေးသွားတော့၏။ သူသည် အလွန်နာကျင်နေသည့်အတွက်ကြောင့် သူ၏မျက်နှာပင် ဖြူဖက်ဖြူယော်ဖြစ်သွား၏။ အသံပင် မထွက်နိုင်တော့ပေ။

ဘုံဆိုင်ထဲတွင်ရှိနေသည့်ကြသည့်လယ်သမားများအားလုံး ကြောက်လန့်သွားကြသည်။ မည်သူမှ မိုနက်အား သွားရောက်ကာ ကူညီရဲခြင်းမရှိကြပေ။

ထိုကတုံးသည် ကြယ်တစ်လုံးစစ်သည်တစ်ယောက်ဖြစ်ခါနီးနေပြီဖြစ်သည့်အတွက်ကြောင့် အတွင်းအားစွမ်းအင်များပင် စတင်၍ ရရှိနေပြီဖြစ်သည်။ ထို့ကြောင့် သူသည် ဘုံဆိုင်ထဲတွင်ရှိနေသည့် လူများအားလုံးကိုအနိုင်ယူနိုင်၏။ သူရှိနေသည့်အတွက်ကြောင့် မြို့ထဲတွင်ရှိနေသည်လူများအားလုံး မစ်စတာ ဘာဘယ်၏ အမိန့်များကို လွန်ဆန်ရဲခြင်းမရှိကြပေ။

“ထွီ..မင်း အဆင့်နိမ့်တဲ့ကောင် မင်းကများ မစ်စတာ ဘာဘယ်ကို လိမ်နေတာလို့ စွပ်စွဲရဲတယ်ပေါ့...” ကိုယ်ရံတော်သည် မြေပြင်ပေါ်သို့ တံတွေးဖြင့် ထွေးလိုက်သည်။ ထို့နောက်တွင် ပတ်၀န်းကျင်သို့ လှည့်ပတ်ကြည့်လိုက်ပြီး “ဆိုင်ထဲမှာ ရှိတဲ့တစ်ခြားကောင်တွေလဲကြည့်ထားကြ မစ်စတာ ဘာဘယ်ကို မယုံမကြည်လုပ်ရင် မင်းတို့အားလုံးလဲ ဒီလိုဖြစ်သွားမယ်...”

“သူတို့ကို ကြိုးချည်ထားလိုက်။ မနက်ဖြန်နေထွက်ရင် အဲ့ကောင်ကို မြို့လည်မှာ ကြိုးပေးသတ်မယ်။ အရှင်မင်းကြီး အလတ်ဇန္ဒားရဲ့အမိန့်ကို မနာခံတဲ့လူတွေအကုန်လုံး ဘယ်လိုဖြစ်မလဲဆိုတာကို ပြပေးရမှာပေါ့...” ဘာဘယ်လ်သည် စိတ်အေးသွားပြီး မိုနက်အား ပိုးမွှားကောင်တစ်ကောင်ကဲ့သို့ကြည့်ရှုလိုက်သည်။ ဤဆွေကြီးမျိုးကြီးသည် လူငယ်အား သူ၏ ဖိနပ်များ ညစ်ပေသွားမည်ကို စိုးရိမ်သည့်အတွက်ကြောင့် နင်းချေလိုစိတ်ပင်မရှိတော့သလိုပင်။ သူ၏ စကားလုံးများသည် ကြောက်မက်ဖွယ်ပင် အေးစက်နေ၏။

ပြတင်းပေါက်နားတွင် ထိုင်နေရင်းဖြင့် ဖှေးသည် တိုးရိစ်နှင့် ဂျက်စီတို့ ၀င်ရောက်ကူညီရန်ပြင်နေသည်ကို တားလိုက်ပြန်သည်။

မိုနက်မြေပြင်ပေါ်သို့ လဲကျသွားသည့်အချိန်တွင် သူ့အားတားရန်အတွက် ကြိးစားခဲ့သည့် မိုနက်၏ သူငယ်ချင်းသည် ဘုံဆိုင်အတွင်းမှ လစ်ထွက်သွားသည်ကို ဖှေးသတိထားလိုက်မိသည့်အတွက်ပင်။ သူသည် လူတစ်ယောက်အား သွားခေါ်ခြင်းဖြစ်သည်မှာ ထင်ရှားလှသည်။

ဖှေးထင်သည်မှာ မမှားပါက ထိုသံတမန်သည် ချမ်းဘော့ဒ်တိုင်းပြည်မှ လူတစ်ယောက်ဖြစ်ပေလိမ့်မည်ဖြစ်သည်။

ဆွေကြီးမျိုးကြီး ဘာဘယ်သည် ယုတ်မှာကာ ချမ်းဘော့ဒ်တိုင်းပြည်အား အပြစ်များပုံချခဲ့သည်။ အခွန်များတိုးကောက်ခြင်းသည်လည်း ဤလူ၏ အကြံသာဖြစ်ကြောင်းကို ဖှေးရိပ်လိုက်သည်။ အကယ်၍ ဖှေးသည်သာ ယခုအချိန်တွင် သူ၏ သရုပ်မှန်ကို ပြသလိုက်ပါက သူသည် ပြသနာအားချက်ချင်းပင် ဖြေရှင်းနိုင်လိမ့်မည်ဖြစ်သည်။ သို့သော် သူသည် မိုနက်ပြောခဲ့သည့် သံတမန်အကြောင်းကို ပို၍ စိတ်၀င်စားသည့်အတွက်ကြောင့် ထိုသံတမန်ဤကိစ္စအား မည်ကဲ့သို့ဖြေရှင်းမည်ကို သူသိချင်သည့်အတွက် စောင့်ကြည့်နေခြင်းပင်။

ဘုံဆိုင်ထဲတွင်ဖြစ်သည်။

သနားစရာကောင်းသည့် မိုနက်အား ဆိုင်အလည်တွင်ရှိသော တိုင်တစ်လုံးတွင် ကပ်၍ ကြိုးများဖြင့် ချည်နှောင်ထားသည်။ အ၀တ်စုတ်များကိုလည်း သူ၏ပါးစပ်အတွင်းသို့ ထည့်ကာ စို့ထားပြီး သူသည် သတိရတစ်ချက်မရတစ်ချက်ဖြစ်နေ၏။

ဘာဘယ်သည် လည်သမားများအား အနည်းငယ်ထပ်မံ၍ ခြိမ်းခြောက်ပြီးသည့်အချိန်တွင် မည်သူမှ သူ၏အမိန့်ကို လွန်ဆန်ရဲခြင်းမရှိကြတော့ပေ။

သူမ၏ နှာခေါင်းအား ပ၀ါဖြင့် အုပ်ထားသည့် ဆွေကြီးမျိုးကြီးအမျိုးသမီး ကယ်လီသည် ပျင်းရိလာသည့်အတွက်ကြောင့် ဆိုင်အတွင်းသို့ လှည့်ပတ်ကြည့်လိုက်သည်။ ရုတ်တရက်ပင် လူစိမ်းငါးယောက်ကို မြင်လိုက်မိသည့်အတွက် သူမ၏ မျက်လုံးများ ကျဥ်းမောင်းသွားတော့သည်။ သူမထက်အဆပေါင်းများစွာပို၍ လှပသည့်အန်ဂျယ်လာအပေါ်သို့ သူမ၏ ရန်လိုမှုကို ပြသပြီးသည့်နောက်တွင် ရုပ်ရည်ချောမောသည့် ဖှေး၊ တိုးရိစ်နှင့် ဂျက်စီတို့ကိုအာရုံစိုက်ကြည့်လိုက်မိသည်။

ဆာလောင်နေသည့် အမျိုးသမီးတစ်ယောက်ပင်။

ဖှေးသည် သူမအား လေ့လာမိပြီးဖြစ်သည်။ သူသည် ဂျပန်အပြာကားများစွာကို ကြည့်ရှုဖူးသည့်အတွက် ဤအသတ်လတ်ပိုင်းအရွယ်အမျိုးသမီး၏ ရည်ရွယ်ချက်ကိုချက်ချင်းပင်နားလည်သွားသည်။

ဖှေးသည် ဘုရင်တစ်ပါးဖြစ်ပြီး သူ၏ ပတ်ပတ်လည်တွင် ထူးခြားသည့်အရှိန်၀ါတစ်ခုရှိနေသည့်အတွက်ကြောင့်လည်းဖြစ်ပေလိမ့်မည်။ ကယ်လီ၏မျက်လုံးများသည် ဘုရင်အပေါ်သို့ ရောက်ရှိသွား၏။

အမျိုးသမီးတစ်ယောက်၏ အာရုံခံနိုင်စွမ်းဖြင့် သူမသည် လူငယ်သုံးယောက်၏ အဆင့်အား ချက်ချင်းပင် ခန့်မှန်းလိုက်မိသည်။

ဤအချိန်တွင် ဘာဘယ်သည်လည်း တစ်ဖက်သို့လှည့်လာကာ သူ့မိန်းမကြည့်နေသည့်နေရာသို့ ကြည့်လိုက်ပြီး လူစိမ်းငါးယောက်ကို သတိထားလိုက်မိသည်။ ယောက်ျားလေးတစ်ယောက်အနေဖြင့် သူ၏မျက်လုံးများသည် ချက်ချင်းပင် အန်ဂျယ်လာအပေါ်သို့ ရောက်ရှိသွားတော့သည်။

သူ၏စိတ်ထဲတွင် မကောင်းသည့်အတွေးများချက်ချင်းပင် ၀င်ရောက်လာတော့သည်။ သူတစ်ခုခုလုပ်ရန်အတွက် ကြံလိုက်သည့်အချိန်တွင် သူချက်ချင်းပင် အေးစက်သွား၏။

သူ၏မျက်လုံးများကို ပွတ်သပ်ကာ နားမလည်နိုင်ဖြစ်သွား၏။

ဤအခိုက်တန့်တွင် သူ၏အမြင်အာရုံများ၀ေ၀ါးသွားသည့်အတွက်ပင်။ သူ လူစိမ်းငါးယောက်အား ကောင်းမွန်စွာမြင်နိုင်ခြင်းမရှိတော့သည့်အတွက်ပင်။ နတ်သမီးကဲ့သို့ ကောင်မလေးအား အာရုံစိုက်ကြည့်လိုက်သည့်အချိန်တွင် သူမ၏ မျက်နှာအား ကောင်းမွန်စွာမြင်တွေ့နိုင်ခြင်းမရှိတော့ပေ။ သို့သော် သူတစ်ဖက်သို့ လှည့်လိုက်ပြီးတစ်ခြားလူများကို ကြည့်လိုက်သည့်အချိန်တွင် သူ၏အမြင်အာရုံသည် ပုံမှန်ပြန်ဖြစ်သွား၏။

ဖှေးသည် သူ၏ စွမ်းအားများဖြင့် တစ်ခြားလူများ၏အမြင်အာရုံကို သူတို့အား မမြင်နိုင်စေရန်အတွက် ကာဆီးထားခြင်းပင်။ အကယ်၍ ချမ်းဘော့ဒ်တိုင်းပြည်မှ သံတမန်ရောက်လာမည့်အချိန်ကိုသာ ဖှေးစောင့်မနေပါက ဤအကျင့်မကောင်းသည့် ဆွေကြီးမျိုးကြီးအား ဘ၀ထဲမှ ဖျောက်ပေးနေလောက်ပြီဖြစ်သည်။

ဘာဘယ်သည် သူ၏ခေါင်းကို ငုံ့လိုက်ပြီး ထိပ်ပြောင်ကိုယ်ရံတော်အား တစ်ခုခုကပ်ပြောလိုက်သည်။ ထို့နောက်တွင် ထပ်ပြောင်သည် ဖှေးတို့အုပ်စုအား လှမ်းကြည့်လိုက်ပြီး မြှောက်ပင့်သည့်အပြုံးတစ်ခုဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ ထိုကိုယ်ရံတော်သည် ဖှေးတို့ အုပ်စုထံသို့ လမ်းလျှောက်လာရန်ပြင်နေသည့်အချိန်တွင် ဘုံဆိုင်၏ သစ်သားတံခါးသည် ရုတ်တရက်ပွင့်လာ၏။

“ကျေးဇူးပြုပြီးတော့ ကယ်ပါဦး။ မိုနက်ကို သူတို့တွေရိုက်ထားကြတာ။ သူကြာကြာတောင့်ခံနိုင်မှာမဟုတ်တော့ဘူး...” စိုးရိမ်နေသည့်အသံတစ်ခုထွက်ပေါ်လာပြီး ဘုံဆိုင်ထဲတွင်ရှိနေသည့်လူများအားလုံးကြားလိုက်ရ၏။

ဆိုင်ထဲတွင်ရှိနေသည့်လူများအားလုံး တံခါးပေါက်ထံသို့ ကြည့်လိုက်ကြ၏။

အရပ်၁.၆မီတာခန့်ရှည်လျားသည့်လူတစ်ယောက်ရောက်ရှိလာသည်။ ထိုလူသည် အနီရောင်၀တ်ရုံတစ်ထည်နှ့င် ရွှေရောင်ခါးပတ်အား ၀တ်ဆင်ထား၏။ ငယ်ရွယ်သည့် ခန္ဓာကိုယ်သည် လန်းဆန်းတက်ကြွနေပြီး မီးတောက်များကဲသို့သော အနီရောင်ဆံပင်ရှည်များသည် လေထဲတွင် ပြန့်လွှင့်နေ၏။ ၀တ်ရုံဖြင့် ဤလူသည် တောက်လောင်နေသည့်မီးတောက်တစ်ခုကဲ့သိုပင်။

ထိုလူသည် အမျိုးသမီးတစ်ယောက်ပင်။

အတိကျပြောရပါက အသက်၁၅ ၁၆သာရှိသေးသည့် ကောင်မလေးတစ်ယောက်ပင်။

ထိုကောင်မလေး၏ ဘေးတွင်ရှိနေသည်မှာ လူငယ်သုံးယောက်ပင်။ သူတို့ထဲမှ နှစ်ယောက်သည် အနက်ရောင်ချပ်၀တ်များကို ၀တ်ဆင်ထားကြပြီးအသက်၁၅၊ ၁၆သာရှိသေးသည့်ပုံပင်။ တတိယမြောက်လူသည် မကြာသေးမှီအချိန်က ဘုံဆိုင်ထဲမှ လစ်ထွက်သွားခဲ့သည့် မိုနက်၏ သူငယ်ချင်းပင်။

အနီရောင်၀တ်ရုံနှင့်ကောင်မလေးသည် လူတိုင်းအံ့သြနေကြသည်အား လျစ်လျှူရှုလိုက်သည်။ သူ၏ခေါင်းအား မော့ထားပြီး သူမ၏မျက်လုံးများသည် ဘာဘယ်အား စိုက်ကြည့်နေ၏။ သူမသည် နှာခေါင်းရှုံ့ကာအပေါ်စီးမှ မေးလိုက်သည်။ “လိမ်ညာပြီးတော့ ဘုရင်အလတ်ဇန္ဒားကို သိက္ခာချဖို့ ကြိုးစားနေတဲ့ ဆွေကြီးမျိုးကြီး ပေါက်စလေးက ခင်ဗျားလား...”

အလွန်စိုးမိုးနိုင်သည့်အသံနေအသံထားပင်။

ဤကောင်မလေးသည် ဘာဘယ်၏ ရာထူးအား လုံး၀ပင် လျစ်လျှူရှုလိုက်သည်။

“မင်းက ဘယ်သူလဲ...” ဘာဘယ်မျက်မှောင်ကြုံ့ကာမေးလိုက်သည်။

“ကျွန်မက ချမ်းဘော့ဒ်တိုင်းပြည်ရဲ့ သံတမန်ပဲ။ ချမ်းဘော့ဒ်မြို့ပြနဲ့ စစ်ဘက်ဆိုင်ရဦ တက္ကသိုလ် ရဲ့ဒုတိယနှစ်ကျောင်းသူ၊ နောက်ပြီးတော့ တက္ကသိုလ်မှာ စံပြကျောင်းသူတစ်ယောက်လဲဖြစ်တယ်။ ကျွန်မနာမည်ကို မှတ်ထားလိုက်...ကျွန်မက လူး၀စ်ပဲ...” အနီရောင်၀တ်ရုံနှင့်ကောင်မလေးသည် ဂုဏ်ယူစွာပင်ပြန်ဖြေလိုက်သည်။

“ဖွီး...” ဖှေး သူသောက်နေသည့် ဘီယာများပင် သီးသွား၏။

သူသည် ဤကောင်မလေးအား ချက်ချင်းပင် မှတ်မိသွားသည်။ ချမ်းဘော့ဒ်တိုင်းပြည်မှ သံတမန်ဆိုသူသည် သူမဖြစ်နေလိမ့်မည်ဟု ထင်ထားခြင်းမရှိသည့်အတွက်ပင်။

All Chapters