“မီးကဲ့သို့သော ကောင်မလေး”
Vol. 43 Ch. 672
ဖှေးနှင့် အယ်ဂျယ်လာတို့သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ရယ်လိုက်မိကြသည်။
သူတို့နှစ်ယောက်လုံး ဤမီးတောက်ကဲ့သို့သော ကောင်မလေးအား သိသည့်အတွက်ပင်။ တကယ်တန်းတွင် သူမအား ချမ်းဘော့ဒ်တိုင်းပြည်ထဲတွင်ရှိသည့်လူတိုင်းလိုလိုပင် တန်ဖိုးထားကြ၏။
“အရှင်က ဘုရင်အလတ်ဇန္ဒားလား။ အရှင်သာ ကျွန်မအဖေကို ကယ်နိုင်မယ်ဆိုရင် အရှင့်ရဲ့ ချစ်သူတစ်သက်လုံးလုပ်ပေးပါ့မယ်...” ဤသည်မှာ သူတို့နှစ်ယောက်စတွေ့ခဲ့ဖူးသည့်အချိန်တွင် လူး၀စ်ဖှေးအား ပြောခဲ့ဖူးသည့်အရာပင်။
ထိုစဥ်က ဖှေးသည် ဒိုင်ယာဘလိုကမ္ဘာအား စတင်သိခါစဖြစ်သည့်အတွက်ကြောင့် စမ်းသပ်နေဆဲကာလပင်။ ထိုအချိန်တွင် ချမ်းဘော့ဒ်တိုင်းပြည်သည်လည်း ကျူးကျော်တိုက်ခိုက်ခံနေရပြီး အမဲရောင်ချပ်၀တ်နှင့် ရန်သူများမှ ၀န်းရံထားကြသည်။ တိုက်ပွဲတွင် ရန်သူ၏ နံရံပေါ်တွယ်တက်ရာတွင် အသုံးပြုသည့်လှေကားကြီးများကို ဖျက်ဆီးရန်အတွက် ပီးရာ့စ်သည် သူ၏အသက်ကို ရင်းကာ ကြိုးစားခဲ့သည့်အတွက်ကြောင့် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး သေလုမျောပါးအခြေအနေသို့ ရောက်ရှိသွားခဲ့သည်။
ဖှေး ဒိုင်ယာဘလိုကမ္ဘာမှ သွေးပုလင်းအငယ်စားအား အပြင်ကမ္ဘာသို့ အောင်မြင်စွာဖြင့် ပြန်သယ်လာနိုင်ခဲ့ပြီးသည့်နောက်တွက် သူသည် ပီးရာ့စ်အား မကယ်တင်မှီ ပီးရာ့စ်၏ သမီးဖြစ်သူ ဆံပင်အနီရောင်နှင့်ကောင်မလေး လူး၀စ်နှင့် တွေ့ခဲ့ရသည်။
ထိုစဥ်က လူး၀စ်သည် အလွန်ငယ်သေးပြီး ဆယ်နှစ်ကျော်သာရှိသေးသည့်ပုံပင်။ ယခုအချိန်တွင် တစ်နှစ်ကျော်ခန့်ကုန်ဆုံးသွားပြီဖြစ်သည့်အတွက်ကြောင့် အဖေဘေးတွင်ငိုနေခဲ့သည့်ကောင်မလေးသည်လည်း ခြောက်နှစ်၇နှစ်ခန့်ပို၍ အသက်ကြီးလာကာ ရင့်ကျက်လာသည့်ပုံပင်။ သူမ၏ ပိန်ပါးပြီး အားနည်းသည့် ခန္ဓာကိုယ်သည်လည်း များစွာထွားကျိုင်းလာခဲ့ပြီဖြစ်ပြီး သူမသည် အမျိုးသမီးငယ်လေးတစ်ယောက်နှင့်ပင် တူနေပြီဖြစ်သည်။
သူမ၏ တင်များရင်များသည်လည်း ဖွံထားလာခဲ့သည်။ သို့သော် သူမ၏မျက်နှာအမူယာမှာမူ အနည်းငယ်ကလေးဆန်နေဆဲပင်။
သူမ၀င်လာသည့်အချိန်တွင် လူတိုင်း၏ အာရုံစိုက်မှုများသည် ဤကောင်မလေးထံသို့ ရောက်ရှိသွား၏။
ဘတ်စ်နှင့် ဘရွတ်တို့သည် ချမ်းဘော့ဒ်တိုင်းပြည်၏ ပိုင်နက်အသစ်များကို စစ်ဆေးရန်အတွက် ချမ်းဘော့ဒ်တက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများကို စေလွှတ်လိမ့်မည်ဟု ဖှေးထင်မထာခဲ့ပေ။ လူး၀စ်၏အနောက်တွင်ရှိနေသည့် ကောင်လေးနှစ်ယောက်သည်လည်း တက္ကသိုလ်ယူနီဖောင်းများကို ၀တ်ဆင်ထားသည့်အတွက် သူတို့သည်လည်း ကျောင်းသားများဖြစ်ကြသည့်ပုံပင်။
ဖှေးအား စိတ်ကျေနပ်စေသည်မှာ သူအပျော်သဘောအနေဖြင့် လွန်ခဲ့သည့်တစ်နှစ်ခန့်က တည်ထောင်ခဲ့သည့် တက္ကသိုလ်သည် ယခုအချိန်တွင် ကောင်းမွန်စွာလည်ပတ်နေသည့်အတွက်ပင်။
ဤအခိုက်တန့်တွင် လူး၀စ်သည် ကြယ်နှစ်လုံးအဆင့်မှော်ဆရာမတစ်ယောက်ပင်ဖြစ်နေပြီဖြစ်ပြီး သူမ၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် မီးဂုဏ်သတ္တိမှော်စွမ်းအင်ဓာတ်များ ပျံသန်းနေ၏။ ကျန်ရှိနေသည့် ကျောင်းသားနှစ်ယောက်သည် ခပ်ပိန်ပိန်ဖြစ်သော်လည်း သူတို့၏ ခန္ဓာကိုယ်ထဲတွင် အတွင်းအားစွမ်းအင်များလည်ပတ်နေသည်ကို ဖှေး ပြောနိုင်၏။ သူတို့နှစ်ယောက်လုံးသည် ကြယ်တစ်လုံးအဆင့်စစ်သည်တော်များပင်။
သူတို့သုံးယောက်သည် ဤမြို့ငယ်လေးထဲတွင် ပြိုင်ဘက်ကင်းသည့်လူများဟုဆိုနိုင်ပြီး သူတို့သည် လက်ရှိအခြေအနေအား လွယ်ကူစွာပင် ဖြေရှင်းနိုင်၏။
ထို့ကြောင့် ဖှေးသည် အန်ဂျယ်လာ၏ လက်အားကိုင်ထားရင်းဖြင့် ချမ်းဘော့ဒ်ကျောင်းသားများ၏ စွမ်းဆောင်ရည်ကို လေ့လာကြည့်ရှုနေတော့သည်။ ဤလူငယ်သုံးယောက်သည် လက်ရှိပြသနာအား မည်ကဲ့သို့ ဖြေရှင်းတော့မည်ကို သူသိချင်သည့်အတွက်ပင်။
......
“နင်က ချမ်းဘော့ဒ်တိုင်းပြည်က သံတမန်လား...”
ဘာဘယ်၏ အမူယာသည် အဆိပ်ပြင်းသည့် မြွေတစ်ကောင်ကဲ့သို့ပင် တွန့်လိမ်သွား၏။ သူ၏အမူယာသည် ဆက်တိုက်ပင်ပြောင်းလဲနေတော့သည်။
ဤဆွေကြီးမျိုးကြီးသည် တစ်စုံတစ်ခုမှားယွန်းနေသကဲ့သို့ ခံစားနေရ၏။ သူသည်တစ်ဖက်သို့ လှည့်ကာ သူ၏ခေါင်းပြောင်းကိုယ်ရံတော်အား ကြည့်လိုက်သည့်အချိန်တွင် ခေါင်းပြောင်သည်လည်း ကြောက်လန့်ပုံမရသည်ကို တွေ့လိုက်ရ၏။ ထို့ကြောင့် သူအားတက်သွားကာ ရန်စလိုက်သည်။ “နင့်မှာ သက်သေရှိလို့လား ကလေးမလေး။ နင့်ရဲ့သရုပ်မှန်ကို သက်သေပြနိုင်လား...”
“ရှင့်လို အရှက်မရှိတဲ့လူတွေက ဒီလိုမေးခွန်းမျိုးမေးလိမ့်မယ်ဆိုတဲ့ ကျွန်မတို့က ကြိုသိပြီးသားပဲ။ အဲ့တာကြောင့် ချမ်းဘော့ဒ်တိုင်းပြည် ၀န်ကြီးချုပ် မစ်စတာ ဘတ်စ် ကျွန်မတို့ကို ဒီစာလိပ်တွေပေးလိုက်တယ်။ ရှင့်လို ဘုရင်အလတ်ဇန္ဒားကို နာမည်ဖျက်ချင်နေတဲ့လူကို ဒီစာလိပ်ပြပေးလိုက်မယ်လေ။ အဲ့တာမှ ရှင်လဲလက်လျှော့သွားမှာ...” လူး၀စ်သည် နှာခေါင်းရှုံ့လိုက်ပြီး သူမ၏ အိပ်ထောင်အတွင်းမှ ရွှေကွပ်ထားသည့်အနီရောင်စာလိပ်တစ်ခုကို ထုပ်ယူလိုက်သည်။ ထို့နောက်တွင် သူမ၏ လက်ကောက်၀တ်အား ညင်သာစွာလှုပ်ရှားလိုက်ပြီး စာလိပ်သည်လည်း ပွင့်လာတော့၏။ ထို့နောက်တွင် စွမ်းအင်အရှိန်၀ါတစ်ခုထွက်ပေါ်လာပြီး ပုဆိန်တစ်လက်နှင့် ဓားသွားတစ်လက်အားကိုက်ထားသည့် ဦးခေါင်းနှစ်လုံးနှင့် ခွေးသင်္ကေတပုံရိပ်ထွက်ပေါ်လာတော့သည်။ ထိုပုံရိပ်အား မှော်စွမ်းအင်ဖြင့် ဖန်တီးထားခြင်းဖြစ်သည့်အတွက်ကြောင့် တောက်ပနေကာ အမြင်အာရုံအား ဆွဲဆောင်နေ၏။
ဤသည်မှာ ချမ်းဘော့ဒ်တိုင်းပြည်၏ သင်္ကေတပင်။
ဤစာလိပ်သည် ဘုရင်၏ အမိန့်ပြန်တန်းပင်ဖြစ်ပြီး ဤစာလိပ်များကို စွမ်းအားမြင့်မှော်ဆရာများမှ ဖန်တီးထားသည့်အတွက် လိုက်လံတုပ၍မရနိုင်သလောက်ပင်။ သာမန်အဆင့်၁အဖွဲ့၀င်တိုင်းပြည်တစ်ခုသည် ဤကဲ့သို့သော စာလိပ်မျိုးကို ဖန်တီးနိုင်လိမ့်မည်မဟုတ်ပေ။
လွန်ခဲ့သည့်သုံးလခန့်က ဤစာလိပ်များသည် ဘုရင်အလတ်ဇန္ဒား၏ ဆန္ဒနှင့် အမိန့်တို့ကို ကိုယ်စားပြုလိမ့်မည်ဟု ကြေငြာာခဲ့သည်။
ထို့ကြောင့် ဘုံဆိုင်ထဲတွင်ရှိနေကြသည့် လယ်သမားများအားလုံးကို စိတ်လှုပ်ရှားစွာဖြင့် ထရပ်လိုက်ကြပြီး မျက်လုံးများကို ပွတ်သပ်ကာ စာလိပ်ပေါ်တွင်ရှိနေသည့် ပုံရိပ်အားကြည့်နေကြ၏။
ဤအခိုက်တန့်တွင် လူတိုင်းနီးပါးပင် လူး၀စ်၏ သရုပ်မှန်ကို ယုံကြည်သွားကြ၏။
ဘာဘယ်၏ အမူယာသည်လည်း အေးခဲသွားတော့သည်။
“ဟားဟားဟား ရယ်စရာပဲ...” ဘာဘယ်၏ ဇနီးဖြစ်သူ ကယ်လီသည် ရုတ်တရက်ရယ်မောလိုက်သည်။ “ကောင်မလေး နင်က တစ်နေရာရာကခိုးလာတဲ့စာလိပ်ကို လာပြီးတော့ ကြွားချင်နေတာလား။ အတော်ဆိုးတဲ့ ကလေးမပဲ။ လူတိုင်းတွေးကြည့်လိုက်လေ။ ဉာဏ်ပညာ အရည်ချင်းတွေနဲ့ပြည့်စုံတဲ့ဘုရင်အလတ်ဇန္ဒားက ဒီလိုကလေးမလေးကို သံတမန်အနေနဲ့ စေလွှတ်ပါ့မလား။ နောက်ပြီးတော့ နင်တို့ပုံတွေကို ကြည့်ရတာ အရွယ်ရောက်သေးတဲ့ပုံတောင်မပေါက်ဘူး။ အရှင်မင်းကြီးက နင်တို့လို ကလေးတွေကို ဘယ်လိုဖြစ်ပြီးတော့ အယုံကြည်ရှိမှာလဲ။ ဒါက အတော်လေးရယ်စရာကောင်းတာပဲ။ ဒီမှာကလေးမလေး နင့်ကိုယ်နင် ဘုရင့်ရဲ့ သံတမန်လို့ လိမ်ညာနေတာက ကြိုးဒဏ်တောင်ပေးခံရနိုင်တယ်နော်...”
ထိုအမျိုးသမီး၏ ဆဌမအာရုံသည် စူးရှသည်ဆိုသည်ကို ၀န်ခံရလိမ့်မည်ဖြစ်သည်။ ကယ်လီသည် လူး၀စ်၏ အသက်အား ချက်ချင်းပင် ခန့်မှန်းလိုက်မိပြီး ပြန်လည်ကာ ချေပလိုက်သည်။
ကယ်လီ၏ စကားကို ကြားသည့်အချိန်တွင် လူး၀စ်အား ယုံကြည်နေကြသည့် လယ်သမားများသည်လည်း စတင်၍ သံသယ၀င်လာကြတော့သည်။
“ဟားဟားဟား ငါတောင်နင်အရူးလုပ်တာခံရတော့မလို့။ ကလေးမလေး နင်က အတော်လေးရဲတင်းပါ့လား။ နင်က ချမ်းဘော့ဒ်ဘုရင်ရဲ့ အမိန့်ပြန်တမ်းစာလိပ်ကိုတောင် ခိုးပြီးတော့ ကီလွန်မြို့က လူတွေကို လာပြီး လှည့်စားရဲတယ်ပေါ့။ နင့်ကို ဘယ်သူခိုင်းလဲဆိုတာကို ပြောစမ်း။ မိုနက်ဆိုတဲ့ကောင်နဲ့ ပေါင်းကြံတာမလား။ ချမ်းဘော့ဒ်တိုင်းပြည်က တကယ့်သံတမန်က င့ါရဲ့စံအိမ်ထဲမှာ နားနေတယ်။ သူ့ရဲ့အမိန့်ပြန်တမ်းစာလိပ်ပျောက်သွားလို့တောင် စိုးရိမ်နေသေးတယ်။ ဒီလိုလာခဲ့စမ်းအစောင့်တွေ သူတို့ကို ဖမ်းချုပ်ပြီးတော့ စစ်မေးလိုက်ကြ။ ဒီကိစ္စမှာ ဘယ်သူတွေပါသေးလဲဆိုတာကို ငါသိချင်သေးတယ်...”
ကယ်လီ၏ စကားလုံးများကြောင့် ဘေဘယ်ပြန်လည်ကာအသိ၀င်လာပြီး အပြစ်များအားလုံးးကို အကျင့်အတိုင်းပင် လူး၀စ်တို့အဖွဲ့အား လွှဲချလိုက်ပြီး သူခိုးဟူ၍ပင် စွပ်စွဲလိုက်၏။
ခြေသံများစွာထွက်ပေါ်လာသည်။
လက်ထဲတွင် လက်နက်များကိုင်လာပြီး စစ်သည်ဆယ်ယောက်ခန့်ဘုံဆိုင်အတွင်းသို့ ပြေး၀င်လာတော့သည်။ သူတို့၏ မျက်နှာပေါ်တွင်ရက်စက်ကြမ်းကြုတ်သည့်အပြုံးများဖြင့် လူး၀စ်နှင့် သူတို့အဖွဲ့ကို ၀ိုင်းလိုက်ကြသည်။ ဆိုင်ထဲတွင်ရှိနေကြသည့်လယ်သမားများသည် အလွန်ကြောက့်လန့်သွားသည့်အတွက် ဘေးသို့ပင် ထွက်ပြေးကုန်ကြသည်။ လူး၀စ်တို့အဖွဲ့အား သွားခေါ်လာသည့်လူငယ်သည် အလွန်ပင်ကြောက်လန့်သွားသည့်အတွက် သူ၏မျက်နှာသည် ဖြူဖက်ဖြူယော်ဖြင့် မြေပြင်ပေါ်သို့လဲကျသွားတော့သည်။
“ရှင်က ဒီလို ကြံဦးမယ်ဆိုတာလည်း သိပြီးသားပါ...” လူး၀စ်နှာခေါင်းရှုံ့လိုက်သည်။
သူမ၏ လက်များကို လှုပ်ရှားလိုက်ပြီး စာလိပ်အား ကမ္ဘာပေါ်တွင် တန်ဖိုးအရှိဆုံးသော ရတနာတစ်ခုကဲ့သို့ ဘေးသို့ ချထားလိုက်သည်။ ထို့နောက်တွင် ဘာဘယ်အား လက်ညိုးထိုးလိုက်ပြီး ကျယ်လောင်စွာပင် အော်ဟစ်ပြောဆိုလိုက်သည်။ “ကျွန်မက အမိန့်ပြန်တမ်းစာလိပ်ကို ရှင်ယုံယုံမယုံယုံထုတ်ပြပြီးသွားပြီ။ ကီလွန်မြို့က ဆွေကြီးမျိုးကြီး ကျွန်မ ချမ်းဘော့ဒ်တိုင်းပြည်ရဲ့ သံတမန်က ရှင်ဂျက်အင်ပါယာက ရန်သူတွေနဲ့ပူးပေါင်းပြီးဘုရင်အလတ်ဇန္ဒားကို နာမည်ဖျက်ဖို့ကြံနေတယ်လို့ သံသယရှိနေတယ်။ နောက်ပြီးတော့ ရှင်က ဘုရင့်အမိန့်ကိုလည်း လွန်ဆန်ခဲ့ပြီး မရိုးမသားပြုမူခဲ့တယ်။ အဲ့တာကြောင့် ရှင်အခုချက်ချင်းအရှုံးပေးလိုက်ပြီးတော့ တိုင်းပြည်တရားရုံးရဲ့ စီရင်မှုကို အသာတကြည်လက်ခံသင့်တယ်။ ရှင်ခုခံနေမယ်ဆိုရင် ရှင့်ကို ဒီနေရာမှပင် သတ်ပစ်ပိုင်ခွ့င်ရှိတယ်...”
လူး၀စ်သည် ဘာဘယ်နှ့င် ကယ်လီတို့ထက်ပင် ပို၍ စိတ်ဓာတ်မာကြောသည့်လူပင်။ သူမ၏ ပါးစပ်ကို ဖွ့င်ကာ ဘာဘယ်အား သစ္စာဖောက်ရန်ကြံစည်နေသည့်လူတစ်ယောက်ဟုပြောလိုက်၏။ သူမ၏ ဆုံးဖြတ်ချက်ခိုင်မာပြတ်သားမှုနှင့် ရဲစွမ်းသတ္တိတို့ကို ဂျက်စီနှင့် အလန်တို့ပင် လေးစားသွားလိုက်မိသည်။ ထို့နောက်တွင် တစ်ဖက်သို့လှည့်ကာ ဖှေးအားကြည့်ပြီး တွေးလိုက်မိကြသည်။ “အဲ့ကောင်မလေးက ချမ်းဘော့ဒ်တိုင်းပြည်က သံတမန်ဆိုတာ အံ့သြစရာမရှိပါဘူး။ သူမက ဘုရင်အလတ်ဇန္ဒားအတိုင်းပဲ...”
“ဘာ နင်ကများ။ နင်သေချင်လို့လား...” ဘာဘယ်သည် ဒေါသဖြင့်အော်ဟစ်လိုက်သည်။ “ဒီလူလိမ်တွေကို အမြန်ဖမ်းလိုက်ကြစမ်း...”
အစောင့်များသည်လည်းနှာခေါင်းရှုံ့ကာ ရှေ့သို့ ချီတပ်လာကြသည်။
လူများ ဤကောင်မလေးအတွက် စိုးရိမ်သည့်အချိန်တွင် သူတို့အားလုံး မန္တာန်ရွတ်ဖတ်သည့်အသံများကို ကြားလိုက်ရ၏။ လူ၀စ်သည် သူမ၏လက်များကို ရင်ဘက်ပေါ်သိ့ု တင်လိုက်ပြီး လက်ဖ၀ါးများထဲတွင် မီးတောက်များပေါ်လာတော့၏။ ထိုမီးတောက်များသည် ဘုံဆိုင်ထဲတွင်ရှိနေသည့်အပူချိန်အား ချက်ချင်းပင် မြင့်တက်သွားစေသည်။
ထို့နောက်တွင် မီးတောက်များအပြင်သို့ ထွက်လာပြီး အစောင့်တစ်ယောက်ချင်းစီအား ထိမှတ်သွားတော့၏။
“ဘုန်း ဘုန်း ဘုန်း...”
သူတို့အားလုံး ဓာတ်လိုက်သွားသည့်အတိုင်းပင် ထိုအစောင့်များသည် တစ်ကိုယ်လုံးမီးသွေးတုံးဖြစ်ကုန်ပြီး ကြမ်းပြင်ပေါ်သို့ ပစ်လဲကုန်တော့၏။ သူတို့၏ ဆံပင်များပင် လောင်ကျွမ်းကုန်ပြီး ပါးစပ်အတွင်းမှ မီးခိုးငွေ့များ ထွက်လာသည်။ သူတို့၏လက်နက်များကိုပင် ကိုင်နိုင်ခြင်းမရှိတော့ပဲ သတိလစ်မေ့မျောသွားကြတော့သည်။
“မှော် မှော်ဆရာလား။ အဲ့ကလေးမက စွမ်းအားမြင့်တဲ့ မှော်ဆရာတစ်ယောက်လား...” ဘာဘယ်နှင့် ကယ်လီတို့နှစ်ယောက်လုံး တုန်လှုပ်သွားကြသည်။
လက်ရှိအခြေအနေသည် သူတို့ထိန်းချုပ်နိုင်သည့် ပမာနထက်ကျော်လွန်သွားသည်ကို သူတို့နှစ်ယောက်လုံး သိလိုက်ကြ၏။ တစ်ချိန်တည်းမှာပင် သူတို့၏ နဖူးများပေါ်မှလည်း ချွေးများကျဆင်းလာတော့သည်။