“အပြောင်းလဲ”
Vol. 43 Ch. 673
“မစိုးရိမ်ပါနဲ့ မစ်စတာ ဘာဘယ်။ ဟီးဟီး အဲ့ကလေးမက မန္တန်တစ်ခုနှစ်ခုလောက်ပဲတတ်တာပါ။ ကျွန်တော်တို့ကိုများ လာပြီးတော့ အရူးလုပ်နေသေးတယ်။ ကျွန်တော် ဖြေရှင်းပေးမယ်...” ထိပ်ပြောင်ကိုယ်ရံတော်သည် မာနထောင်လွှားစွာဖြင့် ပြောလိုက်၏။
ပုံမှန်အားဖြင့် သူ့အား တစ်မြို့လုံးမှ ကြောက်ကြ၏။ ထို့ကြောင့် သူသည် သူ၏ စွမ်းအားအစစ်မှန်ကို မေ့နေကာ သူ့ကိုယ်သူပြိုင်ဘက်ကင်းစစ်သည်တော်တစ်ယောက်ဟူ၍ပင် ထင်နေ၏။ သူသည် တစ်ချိန်က လယ်သမားဆယ်ယောက်ခန့်ကို တစ်ယောက်တည်းအနိုင်ယူနိုင်ခဲ့သည့်အတွက်ကြောင့် ဤကောင်မလေးကိုလည်း အနိုင်ယူနိုင်လိမ့်မည်ဟု ထင်နေသည်။
“ငါ အဲ့မီးတောက်တွေနဲ့မထိမခြင်းအဆင်ပြေမှာပါ။ ဟီးဟီး မှော်ဆရာတွေက အနီးကပ်တိုက်ပွဲတွေဆိုရင် မတိုက်ခိုက်နိုင်ဘူးကြားတယ်။ ငါက အဲ့ကလေးမနားကို ကပ်သွားလိုက်ရုံပဲ...” သူတွေးလိုက်မိသည်။
“ရှပ် ရှပ် ရှပ်...”
သူ၏ခြေလှမ်းများကို မြန်လိုက်ပြီး ထိုကိုယ်ရံတော်သည် သူ၏အနေထားအား ၀က်၀ံတစ်ကောင်ကဲ့သို့ပင် လျှင်မြန်စွာပြောင်းလဲပြီး လူး၀စ်အနီးသို့ ကပ်လာတော့သည်။
သူ့အတွင် အတွင်းအားစွမ်းအင်များ စတင်၍ ကိန်းအောင်းနေပြီဖြစ်သောကြောင့်ပင်။ သူသည် ကြယ်တစ်လုံးအဆင့်စစ်သည်တစ်ယောက် တရား၀င်မဖြစ်သေးသော်လည်း ဤကဲ့သိုသော လှုပ်ရှားမှုများကို ပြုလုပ်နိုင်နေပြီဖြစ်သည်။
တစ်ဖက်တွင် ကောင်မလေးသည် အချိန်မှီမတုန့်ပြန်နိုင်လိုက်သလိုပင်။ သူမ၏ မန္တန်ကိုပင် ရွတ်ဆိုခြင်းမရှိပေ။
မျှော်လင့်ချက်အရိပ်ယောင်သည် ဘာဘယ်နှင့် ကယ်လီတို့၏ စိတ်ထဲတွင် ပြန်လည်တောက်ပစပြုလာသည့်အချိန်တွင် နှာခေါင်းရှုံ့သံတစ်ခုကို ကြားလိုက်ရ၏။
လူး၀စ်၏ ဘေးတွင်ရပ်နေသည့်လူငယ်တစ်ယောက်သည် စတင်၍ လှုပ်ရှားတော့သည်။ သူသည် ရှေ့သို့ ချက်ချင်းပင် ပြေးသွားလိုက်ပြီး ခြေထောက်တွင် အပြာရောင်စွမ်းအင်များ လွှမ်းခြုံလျှက် ကန်ထုတ်လိုက်သည်။
ခေါင်းပြောင်နှင့်ကိုယ်ရံတော် မရှောင်နိုင်သေးခင်မှာပင် သူ၏ မေးစေ့အား အကန်ခံလိုက်ရ၏။
အပြာရောင်သန်းနေသည့် စွမ်းအင်တစ်ခုသည် သူ၏ မေးစေ့မှတဆင့် ခန္ဓာကိုယ်ပေါ်သို့ ပြန့်နှံ့သွားတော့သည်။ စက္ကန့်အနည်းငယ်အတွင်းမှာပင် သူ၏ခန္ဓာကိုယ်အား သိပ်သည်းသည့် ရေခဲစများလွှမ်းခြုံသွားပြီး ရေခဲအတွင်းအားစွမ်းအင်များကြောင့် အေးခဲသွားတော့၏၊ သူ၏ မျက်လုံးများသာ လှုပ်ရှားနိုင်တော့သည်။
“ခင်ဗျားက ကြယ်တစ်လုံးအဆင့်ကိုတောင် မရောက်သေးပဲနဲ့။ ချမ်းဘော့ဒ်တက္ကသိုလ်ရဲ့ နံပါတ်၁ စုန်းမ အမ် မဟုတ်ပါဘူး နံပါတ်၁ နတ်သမီးကို လာပြီးတော့ ဒီလိုမလေးမစားပြောရဲတယ်ပေါ့။ ရိုးရိုးသားသားပြောရမယ်ဆိုရင် ခင်ဗျားရဲ့ ရဲရင့်မှုကိုတော့ အတော်လေား အားကျပါတယ် ခေါင်းပြောင်ကကြီး...” ထိုလူငယ်သည် မြေပြင်ပေါ်သို့ ပြန်လည်ကာ ဆင်းသက်လိုက်ပြီး သူ၏လက်များကို ပုတ်လိုက်သည်။ သူ၏အသံနေအသံထားသည် လှောင်ပြောင်ခြင်းတို့ဖြင့် ပြည့်နှက်နေ၏။
“ဟားဟား ပါတို င့ါကို အဲ့လို မချီးကျူးပါနဲ့ ငါတောင်ရှက်လာပြီ။ ဘုရင်အလတ်ဇန္ဒားပြောခဲ့တာက ပုရွတ်ဆိတ်တွေ နဂါးတစ်ကောင်ပေါ်သို့ တက်ရဲတာက သူတို့က ရဲရင့်လိုမဟုတ်ဘူး မသိကြလို့တဲ့။ အဲ့တာကြောင့် ဒီမသိနားမလည်တဲ့ ကတုံးကိုလည်းခွင့်လွှတ်ပေးလိုက်ပါမယ်။ လူး၀စ်သည် သူမကိုယ်သူမ နဂါးတစ်ကောင်ဟုပင် ရည်ညွှန်းလိုက်ကာ သူမ၏ မျက်နှာပေါ်တွင် စနောက်သည့်အပြုံးတစ်ခုထွက်ပေါ်လာ၏။ ထို့နောက်တွင် အေးခဲနေကာလှုပ်ရှားနိုင်ခြင်းမရှိသည့် ကတုံးထံသို့ လမ်းလျှောက်သွားလိုက်သည်။
ကတုံးကြောက်လန့်နေသည့်အချိန်တွင် သူ၏လက်ဖြင့် ကတုံး၏ ရင်ဘက်အား တွန်းလိုက်၏။
“ဘုန်း...”
ကတုံးသည် သစ်သားတုံးတစ်တုံးလိုပင် မြေပြင်ပေါ်သို့ ပစ်လဲသွားတော့သည်။
ဘုံဆိုင်ထဲတွင်ရှိနေသည့် လယ်သမားများအားလုံး အံ့သြကုန်ကြ၏။
ဤကောင်မလေးနှင့် သူမ၏ အပေါင်းဖော်များသည် သူတို့ စိတ်ကူးယဥ်ထားနိုင်သည်အထက်ပင် ပို၍စွမ်းအားကြီးမားနေသည့်အတွက်ပင်။ မြို့ထဲတွင် အသန်မာဆုံးဖြစ်သည့် ကတုံးကိုယ်ရံတော်အား ဤမျှလွယ်လွယ်ကူကူဖြင့် အနိုင်ယူနိုင်လိမ့်မည်ဟု သူတို့ထင်ထားခြင်းမရှိကြပေ။ သူသည် ရန်သူများ၏ အ၀တ်စားများကိုပင် ထိခွင့်မရလိုက်ပေ။
“သူတို့တွေက ဒီလောက်အသက်ငယ်ငယ်နဲ့ဘာလို့ စွမ်းအားမြင့်မားနေကြတာလဲ...”
ဤအခိုက်တန့်တွင် ဘုံဆိုင်ထဲတွင်ရှိနေသည့်လူအများစုသည် ထိုကလေးသုံးယောက်သည် ချမ်းဘော့ဒ်တိုင်းပြည်မှ သံတမန်များဖြစ်ကြသည်ကို ယုံကြည်သွားကြ၏။
ချမ်းဘော့ဒ်တိုင်းပြည်မှ သံတမန်များသာလျှင် ဤမျှစွမ်းအားမြင့်မားနိုင်သည့်အတွက်ပင်။
“ဟမ် မစ်စတာ ဘာဘယ်ရှင် ခုနက ဘာပြောနေခဲ့တာ။ အခုကျမှ ထွက်ပြေးဖို့ ကြံနေပြီလား...” လူး၀စ်သည် လူများသူတို့အား အာရုံစိုက်နေခြင်းမရှိသည့်အချိန်တွင် ထွက်ပြေးရန်ကြံနေကြသည့် ဘာဘယ်နှင့် ကယ်လီတို့ကိုလှည့်ကြည့်ကာ ပြောလိုက်သည်။
“အမ်...ကျွန်တော် ဒါက ...” ဘာဘယ်သည် လူမိသွားသဖြင့် ခြေမကိုင်မှီလက်မကိုင်မှီဖြစ်သွား၏။ သူသည် တစ်ဖက်သို့လှည့်လိုက်ပြီး ပြုံးရန်အတွက် ကြိုးစားလိုက်သည်။ သို့သော် ထိုအပြုံးသည် ငိုနေသည့် မျက်နှာထက်ပင် ပို၍ ရုပ်ဆိုးလှ၏။ သူ၏ မာနများအားလုံးမရှိတော့ပဲ စကားထစ်သွားကာ ပြောလိုက်သည်။ “သံတမန်မျိုးသမီး...ဒါက အထင်မြင်လွဲမှားနေတာပဲဖြစ်ရမယ်။ ကျွန်တော်က တစ်ယောက်ယောက်လိမ်တာကို ခံလိုက်ရလို့ပါ....”
“ဟားဟား ရှင်ချမ်းဘော့ဒ်တိုင်းပြည် တရားမျှတရေးဌာနကို ရောက်မှာ ဦးလေးအိုလတ်ဂ်ကို ဒါတွေရှင်းပြလိုက်ပါ...ဒါနဲ့ သတိပေးရဦးမယ် ဦးလေး အိုလတ်ဂ်က ကျောက်တုံးကိုတောင် ငိုအောင်လုပ်နိုင်တဲ့လူတစ်ယောက်ပဲ သူက ဘုရင်အလတ်ဇန္ဒားနဲ့အတူ ချမ်းဘော့ဒ်တိုင်းပြည်ကို ပြန်လာနေပြီ။ ရှင်သာ ကံကောင်းမယ်ဆိုရင် သူကိုယ်တိုင်စစ်ဆေးမေးမြန်းတာကို ခံရလိမ့်မယ်...”
လူး၀စ်စနောက်သည့်အပြုံးတစ်ခုဖြင့် ပြောလိုက်သည့် အရာသည် မစ်စတာ ဘာဘယ်နှင့် ကယ်လီတို့အား သတိလစ်သွားစေလုနီးနီးပင်။
“မလုပ် မလုပ်ပါနဲ့ သံတမန်အမျိုးသမီးရယ်။ ကျွန်မတို့စကားကို နားထောင်ပေးပါဦး။ ကျွန်မတို့ကို သံတမန်အတုတစ်ယောက်က လှည့်စားလိုက်လို့ပါ...” ကယ်လီက အော်ဟစ်လိုက်သည်။
“ပါးစပ်ပိတ်စမ်း ရှင်က အတော်လေး မာယာများတဲ့အမျိုးသမီးပဲ...” ပြုံးနေသည့် လူး၀စ်သည် သူမ၏အမူယာအားချက်ချင်းပင်ပြောင်းလဲလိုက်၏။ သူမသည် ရေခဲကဲ့သို့ပင် အေးစက်သွားပြီး သူမဆူလိုက်သည်။ “ရှင်က ချမ်းဘော့ဒ်တိုင်းပြည်က သံတမန်တွေကိုများ ငတုံးတွေထင်နေတာလား။ ကျွန်မတို့ အခုချိန်မှ ရောက်လာတာက တစ်ခြာလေးနက်တဲ့ ကိစ္စတွေကို စုံစမ်းနေလို့။ နောက်ပြီးတော့ ရှင်တို့နှစ်ယောက်ကျူးလွန်ထားတဲ့ ပတ်သက်တဲ့ သက်သေတွေကိုလည်း ကျွန်မတို့ရထားပြီးပြီ။ ရှင်တို့လုပ်ထားတဲ့ ရာဇ၀တ်မှုတွေ၊ ကျန်သေးတဲ့လူလေးယောက်နဲ့ ပေါင်းကြံထားတဲ့ ကိစ္စတွေကိုလည်း ကျွန်မတို့ သိထားတယ်။ ရှင်တို့က လယ်သမားတွေကို အုံကြွမှုဖြစ်လာအောင် လှုံ့ဆော်ပေးနေကြတာပဲ။ ဘရန်သူတို့ကို ဖမ်းလိုက်စမ်း...”
သူမ၏ စူးရှသည့် စကားလုံးများသည် ချက်ချင်းပင် ဘာဘယ်နှင့် သူ၏ ဇနီးတို့အား ဖျက်ဆီးလုနီးနီးပင်။
ထို့နောက်တွင် ယခင်က မလှုပ်ရှားသေးခဲ့သည့် လူငယ်သည် ရှေ့သို့ ထွက်သွားပြီး လက်ထိပ်နှစ်စုံကို ယူလာပြီး ထိုလူနှစ်ယောက်ကို အတူပူးကာချည်နှောင်လိုက်သည်။
တစ်ဖက်တွင် ရေခဲစွမ်းအင်အားအသုံးပြုခဲ့သည့်လူငယ်သည် တိုင်လုံးတွင် ကြိုးဖြင့် ချည်ခံထားရသည့် မိုနက်အား ကြိုးဖြေပေးလိုက်သည်။ ထို့နောက်တွင် သူ၏အတွင်းအားစွမ်းအင်ကို အသုံးပြုလိုက်ပြီး ထိုလူငယ်၏ ဒဏ်ရာများကို ကုသပေးလိုက်၏။
“ကောင်းပြီလေ ဘုရင်အလတ်ဇန္ဒားကို နာမည်ဖျက်ဖို့လုပ်နေကြတဲ့ ရာဇ၀တ်သားတွေကို ဖမ်းပြီးပြီဆိုတော့ ချမ်းဘော့ဒ်တိုင်းပြည်ရဲ့ သံတမန်တစ်ယောက်အနေနဲ့ အရှင်မင်းကြီးရဲ့ အမိန့်တွေကို ကြေငြာပေးမယ်။ ဒီနွေဦးကစပြီးတော့ လယ်သမားတွေအားလုံး မြေငှားခပေးစရာမလိုဘူး။ မနက်ဖြန်ရောက်ရင် မျိုးစေ့တွေကို မစ်စတာ ဘာဘယ်စံအိမ်ရှေ့မှာ အလကားညီတူညီမျှ၀ေပေးမယ်...” လူး၀စ်သည် စားပွဲခုံတစ်ခုံပေါ်သို့ ခုန်တက်လိုက်ပြီး ကြေငြာလိုက်သည်။
ဘုံဆိုင်ထဲတွင် ပျော်ရွှင်စွာအော်ဟစ်သည့်အသံများဖြင့် ဆူညံသွားတော့သည်။
“ဘုရင်အလတ်ဇန္ဒားကွ...”
“ဘုရင်မင်းကြီး အသက်ရှည်ပါစေ...”
“အရှင်မင်းကြီးကို ဘုရားသခင်ကောင်းချီးပေးပါစေ...”
“စိတ်ထားကောင်းတဲ့ အရှင်အလတ်ဇန္ဒားအတွက် ကျွန်တော်မျိုးတို့တွေ ဆုတောင်းပေးပါ့မယ်”
ယခင်က အော်ဟစ်ဆဲဆိုနေကြသည့်အသံများသည် ယခုအချိန်တွင် ပျော်ရွှင်စွာအော်ဟစ်ဆုတောင်းပေးနေသည့် အသံများအဖြစ်သို့ ပြောင်းလဲသွားပြီး ဖှေးသည်လည်း အာဏာရှင်အဖြစ်မှ ကြီးမြတ်သည့်ဘုရင်တစ်ပါးအဖြစ်သို့ ပြောင်းလဲသွားပြန်တော့သည်။
လူး၀စ်နှင့် ကောင်းလေးနှစ်ယောက်သည်လည်း ဤမြင်ကွင်းကြောင့် ပီတိဖြစ်သွားရပြီး ကလေးများဖြစ်ကြသည့်အတိုင်းပျော်ရွှင်စွာပင် ခုန်ပေါက်နေကြတော့သည်။
လယ်သမားများသည်လည်း ဘုံဆိုင်အတွင်းမှ ထွက်ခွာကာ အိမ်သို့ပြန်သွားကြတော့သည်။
လမ်းတွင် သူတို့သည် ဘုရင်အလတ်ဇန္ဒား၏ နာမည်ကို ရွတ်ဆိုနေကြဆြ၌င်။
မကြာမှီတွင် ဘုံဆိုင်ထဲတွင် လူသိပ်မကျန်တော့ပေ။
ဆိုင်ရှင်အမျိုးသမီး၊ စားပွဲထိုးကောင်မလေး ဂျန်နီ၊ ဘာဘယ်၊ ကယ်လီနှင့် သူတို့၏ သက်တော်စောင့်များ၊ လူး၀စ်၊ ပါတို၊ ဘရန်၊ မိုနက်နှင့် ဖှေးတို့ လူငါးယောက်အုပ်စုသာ ကျန်ရှိတော့၏။
“ဟမ် မိတ်ဆွေတို့ ရှင်တို့ကို သိပ်ပြီးတော့ မတွေ့ဖူးပါဘူး။ ဒီမြို့ထဲမှာပဲ နေကြတာလား...” လူး၀စ်သည် တစ်ဖက်သို့လှည့်ကာ မျက်နှာပေါ်တွင် လေးနက်သည့်အမူယာတစ်ခုနှင့်အတူမေးလိုက်၏။
ပြတင်းပေါက်နားတွင် ထိုင်နေကြသည့်လူငါးယောက်အနက် သူမသည် လူနှစ်ယောက်၏မျက်နှာကိုသာ မြင်နိုင်သောကြောင့်ပင်။ ထိုလူနှစ်ယောက်သည် ဆံပင်အညိုရောင်နှင့် လူငယ်ကောင်လေးတစ်ယောက်နှင့် ဆံပင်အဖြူရောင်နှင့် လူငယ်တစ်ယောက်တို့ပင်။
သူမမည်မျှပင် ကြိုးစားစေကာမူ သူမသည် ကျန်ရှိနေသည့် လူသုံးယောက်၏မျက်နှာကို မြင်နိုင်ခြင်းမရှိပေ။ သူတို့၏မျက်နှာကိုသာ အကြမ်းဖျင်းမြင်နေရ၏။
ထို့အပြင် ထိုလူများ၏စွမ်းအားကိုလည်း သူမခန့်မှန်းလို့မရပေ။
သူမသည် ထိုကဲ့သိုသော သိုင်းဆရာများကို စကားမပြောသင့်ပေ။ သို့သော် ချမ်းဘော့ဒ်တိုင်းပြည်၏ ပိုင်နက်အသစ်များထဲသို့ ထူးဆန်းသည့်သိုင်းဆရာများလာရောက်ကာ ပြသနာရှာလေ့ရှိသည့်အတွက်ကြောင့် ဤအုပ်စုသည်လည်း ရန်သူလားမိတ်ဆွေဖြစ်သည်ကို သိလိုသည့် အတွက်ပင်။ သူမသည် ကြိုတင်ကာ စီစဥ်ထားသည့်အတွက်ကြောင့် ဤလူငါးယောက်အကြောင်းကို ညနေကတည်းက သိရှိပြီဖြစ်သည်။
“ဘာလို့လဲ ကလေးမလေး နင်က ငါတို့ကို လာပြီးစစ်ဆေးနေတာလား...”
ထိုအသံနှင့်အတူ ဖော်ပြ၍ မရနိုင်သည့် ဖိအားကြီးတစ်ခုပါလာပြီး လူး၀စ်၊ ပါတိုနှင့် ဘရန်တို့၏ စိတ်များကို ကြောက်လန့်သွားစေသည်။ သူတို့အားလုံးထိုးဖောက်ကြည့်ခြင်းခံလိုက်ရသလို ခံစားလိုက်ရပြီး သူတို့၏ခန္ဓာကိုယ်များပင် တုန်ခါလာတော့သည်။ သူတို့သည် ချက်ချင်းပင် အတွင်းအားစွမ်းအင်များကို ထုတ်လွှတ်လိုက်ကြပြီး ကြိုတင်ကာ ပြင်ဆင်ထားလိုက်ကြ၏။