“စမ်းသပ်ခြင်း”
Vol. 43 Ch. 674
“ဘယ်လိုစွမ်းအားမျိုးလဲ...”
လူး၀စ်၊ ပါတိုနှင့် ဘရန်တို့အားလုံး စိုးရိမ်သွားကြ၏။
“အဲ့လူက စကားတစ်ကြောင်းပဲပြောလိုက်တာကို ငါတို့က ဖိအားတွေအများကြီးကို ခံစားနေရပြီ။ သူ့ရဲ့စွမ်းအားက ချမ်းဘော့ဒ်မြို့ပြ, စစ်ဘက်ဆိုင်ရာ တက္ကသိုလ်ကဆရာတွေအားလုံးထက်ပိုပြီး မြင့်မားနေတယ်...” သူတို့အားလုံးတွေးလိုက်မိကြသည်။
“ဒီလိုမြို့ငယ်လေးထဲမှာ ဘာလို့ ဒီလောက်စွမ်းအးမြင့်မားတဲ့ သိုင်းဆရာတစ်ယောက်ရှိနေရတာလဲ...” သူတို့သုံးယောက်လုံး တုန်လှုပ်သွားကြသည်။
သူတို့သည် အကောင်းဆုံးနှင့် အတိကျဆုံးလေ့ကျင့်မှုများကို ရရှိထားသည့်အတွက်ကြောင့် ဘာမှမသိသည့် ခေါင်းပြောင်ထက်စာလျှင် အများကြီးပိုသာနေခဲ့သည်။
လူး၀စ်သည် သူမ၏ မျက်နှာပေါ်တွင်တောက်ပသည့် အပြုံးတစ်ခုရှိနေဆဲပင် သို့သော် သူမ၏ အနောက်တွင် လက်ဟန်ခြေဟန်တစ်ခုကို ပြုလုပ်လိုက်၏။ ပါတိုနှင့် ဘရန်တို့သည် သူတို့ခေါင်းဆောင်၏ ရည်ရွယ်ချက်ကိုနားလည်သွားကြပြီး တိတ်ဆိတ်စွာဖြင့် သူတို့၏ တည်နေရာများကို ပြောင်းလဲလိုက်ကြ၏။ သူတို့သုံးယောက်သည် အလွန်ပင်ကောင်းမွန်စွာ ပူးပေါင်းဆောင်ရွက်နိုင်ကြပြီး သူတို့သုံးယောက်လုံးသည် အခြေအနေအလွန်အန္တရာယ်များလာပါကအကောင်းဆုံးသော ထွက်ပြေးနိုင်သည့်လမ်းကြောင်းများကိုလည်း တွက်ဆထားပြီဖြစ်သည်။
သူတို့ဤကဲ့သို့ဆောင်ရွက်နိုင်ခြင်းသည် ချမ်းဘော့ဒ်တက္ကသိုလ်တွင် လိုအပ်သည့်သင်ခန်းစာတစ်ခုအနေဖြင့် သင်ကြားခဲ့ဖူးသည့်တွက်ပင်။
“ကျွန်မက ချမ်းဘော့ဒ်တိုင်းပြည်ရဲ့ သံတမန်တစ်ယောက်ပဲ။ အဲ့တာကြောင့် လူစိမ်းတွေကို တွေ့ရင် မေးမြန်းစစ်ဆေးရမှာက ကျွန်မတာ၀န်ပဲ...” လူး၀စ်သည် အဆင်သင့်ဖြစ်ပြီဟု ခံစားလိုက်မိသည့်အချိန်တွင် သူမ၏ခေါင်းကို မော့ကာ တည်တည်ကြည်ကြည်ဖြင့် ပြန်ဖြေလိုက်၏။
သူမ၏ စကားမဆုံးသေးခင်မှာပင် ရူးလောက်ဖွယ်ကောင်းသည့် ဖိအားတစ်ခုသည် သူမထံသို့ ပျံသန်းလာ၏။ ကြီးမားသည့် တောင်ကြီးတစ်လုံးသည် ကောင်းကင်ပေါ်မှ ကျဆင်းလာနေသည့်အတိုင်းပင်။
“ရှင်...” လူး၀စ်နှင့် ကောင်လေးနှစ်ယောက်တို့ တုန်လှုပ်သွားကြသည်။ ဤလျို့၀ှက်ဆန်းကျယ်သည့်လူသည် သူတို့အားချက်ချင်းပင် စတင်၍ တိုက်ခိုက်လာလိမ့်မည်ဟု ထင်မထားခဲ့သည့်အတွက်ပင်။
ထို့အပြင် ထိုလူတိုက်ခိုက်လိုက်သည့်အချိန်တွင် ဘုံဆိုင်ထဲတွင်ရှိနေသည့် ထွက်ပေါက်များအားလုံးကိုလည်း ပိတ်ဆို့ထားလိုက်၏။ ဤလူသည် သူတို့၏အတွေးများ၊ အကြံစည်များအားလုံးကို ထိုးဖောက်မြင်နိုင်နေသလိုပင်။
ယခုအချိန်တွင် ဤကလေးသုံးယောက်သည် သူတို့ရှိသမျှအရာများအားလုံးကို ထုတ်သုံးရတော့မည်ဖြစ်သည်။
လူး၀စ်သည် လျှင်မြန်စွာအနောက်သို့ ဆုတ်လိုက်ပြီး သူမ၏ ပစ္စည်းသိမ်းမှော်လက်စွပ်ထဲတွင်ရှိနေသည့် ဘုရင့်အမိန့်တော်ပြန်တမ်းစာလိပ်ကို ထုတ်ယူလိုက်သည်။
စာလိပ်သည် လေထဲတွင်ပွင့်သွား၏။ လူး၀စ် မန္တန်တစ်ခုကို စတင်၍ ရွတ်ဆိုလိုက်သည့်အချိန်၌ ဆိုင်ထဲတွင်ရှေးကျသည့်ခံစားချက်တစ်ခုထွက်ပေါ်လာ၏။
တစ်ချိန်တည်းမှာပင် ပါတိုနှင့် ဘရန်တို့နှစ်ယောက်လုံးသည် ရှေ့သို့ ပြေး၀င်သွား၏။
သူတို့၏ ဓားများကို ဆွဲထုတ်လိုက်ပြီး လူး၀စ်၏ ဘေးသို့ ကပ်လိုက်ကြသည်။ သူတို့၏ သစ်သားစွမ်အင်နှင့် ရေခဲစွမ်းအင်များ ပေါင်းစပ်သွားပြီး အတွင်းအားစွမ်းအင်မီးတောက်များသည် ပို၍ပင် တောက်ပလာတော့သည်။ အတူတကွ ပူးပေါင်းပြီး သူတို့ထံသို့ လာနေသည့်ဖိအားကို ရပ်တန့်သွားအောင် သို့မဟုတ်ပါက အနည်းဆုံး နှေးကွေးသွားအောင် ကြိုးစားနေကြ၏။
“အစိမ်းရောင် သစ်ပင်သိုင်းကွက်...”
“အဖြူရောင်နှင်းပွင့်သိုင်းကွက်...”
နှစ်ယောက်သားအော်ဟစ်လိုက်ရင်းဖြင့် သူတို့၏ စွမ်းအားအမြင့်ဆုံးသိုင်းကွက်များကို ထုတ်သုံးလိုက်ကြသည်။ ထိုသိုင်းကွက်များကို ချမ်းဘော့ဒ်တိုင်းပြည်ထဲတွင် စွမ်းအားအမြင့်မားဆုံးဖြစ်သည့် ဘုရင်အလတ်ဇန္ဒားကိုယ်တိုင် ချမ်းဘော့ဒ်တက္ကသိုလ်မှ ကျောင်းသားများအတွက် ဖန်တီးပေးထားခြင်းပင်။ အခြေခံသိုင်းကွက်များသာဖြစ်ပြီး ထူးဆန်သည့် နာမည်များရှိနေသော်လည်း လျို့၀ှက်သည့်ဆရာများထံမှ သင်ကြားခဲ့ပြီးသည့်နောက်တွင် ထိုရိုးရှင်းသည့် သိုင်းကွက်များကပင် အလွန်ထိရောက်လာပြီး ထိခိုက်စေနိုင်မှု နှစ်ဆခန့်ကို ပေးနိုင်၏။
“ဖုန်း ဖုန်း...”
သို့သော် သူတို့သိုင်းကွက်များကို အသုံးမပြုနိုင်သေးခင်မှာပင် ဖိအားသည် သူတို့အား ထိမှန်သွား၏။ လေပြင်းတိုက်ခတ်သည့် လမ်းကြောင်းပေါ်တွင်ရှိနေသည့် စက္ကူစများလိုပင် သူတို့နှစ်ယောက်လုံးအနောက်သို့ လွှ့င်ပျံသွားကြ၏။ သူတို့သည် ထိုဖိအားအား တစ်စက္ကန့်မျှပင် ရပ်တန့်နိုင်ခြင်းမရှိကြပေ။
“ဘုရင်အလတ်ဇန္ဒား၏ ကာကွယ်ခြင်း...”
ကံကောင်းစွာပင် လူး၀စ်သည် စာလိပ်အား အလွယ်တစ်ကူပင်အသက်သွင်းလိုက်နိုင်၏။ သူမသည် ချက်ချင်းပင် မန္တန်အားပြီးမြောက်အောင်ရွတ်ဖတ်နိုင်လိုက်သည်။ သူမအော်ဟစ်လိုက်သည့်အချိန်တွင် ဘုရင်၏ အမိန့်တော်ပြန်တမ်းစာလိပ်ထဲမှ မီးတောက်များထွက်ပေါ်လာတော့သည်။ ခေါင်းနှစ်လုံးနှင့် ခွေးတစ်ကောင်သည် စာလိပ်အတွင်းမှ ခုန်ထွက်လာပြိး ဟိန်းဟောက်ကာ အမဲရောင်စွမ်းအင်အကာရံတစ်ခုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
တစ်ချိန်တည်းမှာပင် လူး၀စ်သည် တွန့်ဆုတ်နေခြင်းမရှိပဲ သူမ၏ ခန္ဓာကိုယ်ပေါ်အား မှော်အစွမ်းမျိုးစုံသုံးလိုက်သည်။ လေပေါ်ပျံသန်းနိုင်သည့် အစွမ်း၊ ခန္ဓာကိုယ်ပေါ့ပါားသည့် အစွမ်း၊ လျှင်မြန်ဖြတ်လတ်သည့်အစွမ်း အစရှိသည်တို့ပင်။
ထို့နောက်တွင် သူမသည် အနီရောင်အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွာပြီး အ၀ေးသို့ လွှင့်ထွက်သွားကာ သတိလစ်ခါနီးဖြစ်နေသည့် ပါတိုနှင့် ဘရန်တို့အားဆွဲခေါ်ကာ ထွက်ပြေးရန်အတွက် ကြိုးစားတော့သည်။
သူမ၏ အချိန်ဆ၊ လှုပ်ရှားမှုများနှင့် ထွက်ပြေးရန်အတွက် လမ်းကြောင်းရွေးချယ်မှုတို့သည် အဆင့်မြင့်ကာ ရှင်းလင်းလှ၏။
“ဘုန်း...”
ကြီးမားသည့်အမဲရောင်စွမ်းအင်အကာရံကြီးသည် သုံးစက္ကန့်ခန့်သာ ခံလိုက်၏။
“ချွတ်...”
ထိုအက်ကွဲသည့်အသံသည် ကျယ်လောင်ခြင်းမရှိသော်လည်း ဤကလေးသုံးယောက်အား တုန်လှုပ်သွားစေခဲ့သည်။
ဘုရင်၏ အမိန့်တော်ပြန်တမ်းစာလိပ်များသည် ဘုရင်အလတ်ဇန္ဒားကိုယ်တိုင်ဖန်တီးထားသည့် မှော်စာလိပ်များဖြစ်ပြီး အမိန့််ပြန်စာများအဖြစ် အသုံးပြနိုင်သလို စွမ်းအားမြင့် တိုက်ခိုက်ခြင်း၊ ခုခံခြင်းအစွမ်းများလည်း ပါရှိသည့်တွက် လက်နက်များအနေဖြင့်လည်းအသုံးပြုနိုင်၏။ ဘုရင်အလတ်ဇန္ဒား၏ ကာကွယ်ခြင်းဟူသည့်အစွမ်းသည် စွမ်းအားမြင့်မားသည့် စွမ်းအင်အကာရံတစ်ခုဖြစ်ပြီး အဆင့်နိမ့်လသစ်အဆင့်သိုင်းဆရာများ၏ စွမ်းအားများကိုပင် ကာကွယ်ပေးနိုင်၏။
“ဒီလူကို မကာနိုင်ဘူး။ သူက လသစ်အဆင့်ထက်တောင်ပိုပြီး အစွမ်းထက်တဲ့သိုင်းဆရာတစ်ယောက်များလား...”
ပါတိုနှင့် ဘရန်တို့ကို လက်ထဲတွင်ပွေ့ထားရင်းဖြင့် လူ၀စ်သည် အနောက်သို့ပင် ပြန်လှည့်ကြည့်ရဲခြင်းမရှိပဲ အရှေ့သို့သာပြေးလိုက်၏။ သူမသည် ချက်ချင်းပင် ဂိတ်တံခါးကို ဖျက်ဆီးကာ ဆိုင်အတွင်းမှ ထွက်ပြေးသွားခဲ့သည်။ သူမ၏ ခြေတစ်လှမ်းခြင်းစီတိုင်းသည် အနည်းဆုံးလေးမီတာခန့်အား လျှောက်နိုင်၏။
“ဟမ် ငါတို့တွေ အပြင်တော့ရောက်လာပြီ။ ဒီကိစ္စကို ချမ်းဘော့ဒ်မြို့တော်ပြန်ပြီးတော့ ပြန်သတင်းပို့မှ ရမယ်။ ငါတို့နယ်မြေထဲကို ဒီလောက်စွမ်းအားမြင့်မားတဲ့သိုင်းရာတစ်ယောက်ရောက်နေတာပဲ...”
လူး၀စ်သည် အသက်၀၀ရှူလိုက်ပြီး ရှေ့သို့ဆက်လက်ထွက်ပြေးရန်ပြင်လိုက်သည်။ သို့သော် သူမသည် ထက်မံ၍ တုန်ခါသွားကာ သူမ၏မျက်နှာပေါ်တွင် ထိတ်လန့်သည့်အမူယာတစ်ခုပေါ်လာတော့သည်။
ထိုလျို့၀ှက်သည့်လူသည် သူတို့၏အရှေ့တွင်ရောက်နေနှင့်ပြီးဖြစ်ပြီး လမ်းကြောင်းအားပိတ်ဆို့ထားပြီးဖြစ်သည်။ သူမသည် ထိုအရာအား ယခုအချိန်မှသာ အာရုံခံလိုက်မိခြင်းပင်။
“အတော်စွမ်းအားကြီးမားတာပဲ။ ငါတို့သူ့ကို ဘာမှလုပ်နိုင်မှာမဟုတ်ဘူး...” လူး၀စ်တွေးလိုက်မိသည်။
သူသည် အလွန်စွမ်းအားကင်းမဲ့သလိုခံစားလိုက်ရသော်လည်း လျှင်မြန်စွာပင် တုန့်ပြန်လိုက်သည်။ သူမ၏ လက်မောင်းများကို ၀ေ့ရမ်းလိုက်ပြီး ကောင်လေးနှစ်ယောက်ကို တစ်ဖက်တစ်ချက်စီသို့ ပစ်လွှတ်လိုက်၏။ သူမ၏ မျက်နှာပေါ်တွင်ရဲရင့်သော အမူယာတစ်ခုဖြင့် သူမအော်ဟစ်လိုက်သည်။ “သွားကြတော့ င့ါကို မစိုးရိမ်နဲ့ နင်တို့က ဒီသတင်းကို ပြန်သွားပြောပေးမှ ရလိမ့်မယ်။ မစ်စတာဘတ်စ်နဲ့ မစ်စတာ ဘရွတ်တို့ကို ကြိုဆင်ပြင်ဆင်ထားဖို့ပြောလိုက်၏။ ငါတို့တိုင်းပြည်အပေါ်ကို ရန်လိုနေတဲ့စွမ်းအားမြင့်သိုင်းဆရာတစ်ယောက်ရှိနေတယ်...”
ဤအခိုက်တန့်တွင် လူး၀စ်သည် သူမ၏အသက်ကိုရင်း၍ ကောင်လေးနှစ်ယောက်အတွက် အချိန်ဆွဲထားပေးရန်ဆုံးဖြတ်ထားပြီးဖြစ်သည်။ ကောင်လေးနှစ်ယောက်အောင်မြင်စွာထွက်ပြေးနိုင်သွားပြီး သတင်းပြန်ပို့နိုင်အောင် လုပ်ထားပေးရမည်ဖြစ်သည်။
သူမတို့အား တိုက်ခိုက်နေသည့်လူမည်သူဖြစ်နေစေကာမူ သူမတို့သည် ကြိုတင်ကာ ပြင်ဆင်ထားရမည်ဖြစ်သည်။
“တကယ်လို့ ဒီသိုင်းဆရာသာ ချမ်းဘော့ဒ်မြို့တော်ကို တိုက်ခိုက်လာမယ်ဆိုရင် တိုင်းပြည်အတော်လေးပျက်ဆီးသွားနိုင်တယ်...” လူး၀စ်တွေးလိုက်မိသည်။
ဤအကောင်မလေးသည် အမိန့်ပြန်တမ်းစာလိပ်ထဲတွင်ရှိသည့် ဒုတိယအစွမ်းအားထုတ်သုံးတော့မည့်အချိန်တွင် သူမထက်မံ၍ မင်သက်သွားတော့၏။ သူမ၏ ခန္ဓာကိုယ်အား မိုးကြိုးပစ်လိုက်သလိုပင် ခန္ဓာကိုယ်တစ်ခုလုံးတုန်ခါသွားပြီး သူမ၏ မျက်လုံးများကို ပွတ်သပ်ကြည့်လိုက်မိသည်။ ထင်ယောင်ထင်မှားဖြစ်နေခြင်းမဟုတ်ကြောင်း သေချာစေရန်ပင်။
“ဘာလဲ ကလေးမလေး။ နင်က င့ါချစ်သူဖြစ်လာပေးမယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား။ ဘာလို့လဲ င့ါကိုတောင် မမှတ်မိတော့ဘူးလား...”
ဖှေးသည် တစ်ဖက်သို့လှည့်ကာ သူ၏ သရုပ်မှန်ကိုပြလိုက်ပြီး ပြုံးလိုက်သည်။
“အာ ရှင်က အလတ်ဇန္ဒား...တကယ်ပဲ အရှင်လား။ ဘုရင်အလတ်ဇန္ဒားပဲ...” ချမ်းဘော့ဒ်တိုင်းပြည်၏ ဒဏာရီတစ်ခုအား မြင်လိုက်ရသည့်အချိန်တွင် လူး၀စ်ပင် ကောင်းကောင်းမတွေးနိုင်တော့ပဲ စကားထစ်သွား၏။
လူး၀စ်အား ကယ်တင်ပေးရန်အတွက် ပြန်ပြေးလာခဲ့သည့် ပါတိုလည်း အနီးသို့ရောက်သည့်အချိန်တွင် အံ့သြသွား၏။ သူ၏မျက်နှာပေါ်တွင် အလွန်စိတ်လှုပ်ရှားသွားသည့် အမူယာတစ်ခုပေါ်လာတော့သည်။
ထွက်ပြေးနေသည့် ဘရန်သည်လည်း လူး၀စ်၏ အော်သံကိုကြားသည့်အချိန်တွင် စိုးရိမ်ကာ ပြန်လာခဲ့ပြီး အံ့သြသွားခဲ့သည်။
သို့သော် ခနကြာသည့်အချိန်တွင် သူသည်တစ်စုံတစ်ခုအားတွေးလိုက်မိပြီး ဒူးတစ်ဖက်ထောက်လိုက်သည်။ သူ၏ခေါင်းအား ငုံ့ထားကာ စကားအထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်၏။ “အရှင်မင်းကြီး ကျွန်တော်က သေရမှာမကြောက်ပါဘူး။ ကျွန်တော်က သေရမှာစိုးလို့ ထွက်ပြေးနေတာမဟုတ်ပါဘူး...”
လွန်ခဲ့သည့် တစက္ကန့်ခန့်က လူး၀စ်သည်ကောင်လေးနှစ်ယောက်အား အ၀ေးသို့ ပစ်လိုက်သည့်အချိန်တွင် သူတို့နှစ်ယောက်လုံးသည် မတူညီသောဆုံးဖြတ်ချက်များကို ချခဲ့ကြ၏။
ပါတိုသည် သူ၏အပေါင်းဖော်အား မထားခဲ့နိုင်သည့်အတွက်ကြောင့် လူး၀စ်နှင့်အတူတိုက်ခိုက်ရန်အတွက် ပြန်လာခဲ့သည်။ သို့သော် ဘရန်သည် တွန့်ဆုတ်နေခြင်းမရှိပဲ ထွက်ပြေးလွတ်မြောက်ရန်ကိုသာ ဆုံးဖြတ်ခဲ့၏။ ယခုအချိန်တွင် သူသည် အလွန်စိုးရိမ်နေပြီး တိုင်းပြည်၏ ဘုရင်သည် သူ၏ဆုံးဖြတ်ချက်အား နားလည်မှုလွဲသွားမည်ကို စိုးရိမ်လာ၏။
ဖှေးရယ်မောကာ သူ၏လက်ကို ၀ှေ့ရမ်းလိုက်သည်။ ညင်သာသည့်စွမ်းအင်တစ်ခုပေါ်လာကာ ဘရန်အား မြေပေါ်မှ ထူပေးလိုက်သည်။ “အန္တရာယ်နဲ့ ကြုံလာတဲ့အချိန်မှာ ထွက်ပြေးနိုင်တဲ့လမ်းကြောင်းတစ်ခုကို ရွေးချယ်တာက မင်းကို လူကြောက်တစ်ယောက်မဖြစ်စေပါဘူး။ တကယ်တန်း ပိုပြီးတော့ ရဲရင့်ပြတ်သားတဲ့ဆုံးဖြတ်ချက်ပဲ။ မင်းရဲ့ ဆုံးဖြတ်ချက်ကို လူအများစုက သံသယဖြစ်နိုင်ပေမယ့် ကျန်တဲ့လူတွေနဲ့အတူသေရတာထက်တော့ ပိုပြီးတော့ တန်ဖိုးရှိတဲ့ ဆုံးဖြတ်ချက်ပဲလေ။ ဟားဟား င့ါကို အဲ့လိုမကြည့်ပါနဲ့ ချမ်းဘော့ဒ်တက္ကသိုလ်က စာအုပ်တွေထဲမှာလည်း အဲ့လိုပဲရေးထားတာလေ။ ငါကိုယ်တိုင် ရေးထားခဲ့တာပဲ။ အေး ဘရန် မ်ငးထွက်ပြေးခဲ့တယ်ဆိုတာက ဒီသတင်းကို အထက်လူကြီးတွေကို တင်ပြရမှဖြစ်မှာမို့ဆိုတာကို ငါသိပါတယ်။ လူး၀စ်မင်းကို လုပ်စေချင်တဲ့အတိုင်းလေ...”
ဘရန်၏ မျက်လုံးများထဲတွင် မျက်ရည်များ၀ိုင်းလာခဲ့သည်။
သူနှင့် ပါတိုတို့သည် မတူညီသည့် စိတ်ထားများရှိကြ၏။ ပါတိုသည် စိတ်ခံစားချက်ပြင်းထန်ကာ ဒေါသကြီးသည့်လူငယ်တစ်ယောက်ဖြစ်ပြီး သူသည် ပို၍တည်ငြိမ်ကာ စဥ်းစားချင့်ချိန်တတ်သည့်လူငယ်တစ်ယောက်ပင်။ ထို့ကြောင်သူသည် ပါတိုနှင့်မတူသော လက်တွေ့ကျသည့် ဆုံးဖြတ်ချက်ကိုချခြင်းပင်။
“အရှင်မင်းကြီး ဘုရင်အလတ်ဇန္ဒားက တကယ်ပဲ ကြင်နာတတ်ပြီး ဉာဏ်ပညာမြင့်မားတဲ့ လူတစ်ယောက်ပဲ။ နောက်ပြီးတော့ သူ့ရဲ့စွမ်းအားကလည်း ငါတို့စိတ်ကူးနိုင်တာထက်တောင်ကျော်လွန်နေတယ်။ ဟားဟား နောက်ပြီးတော့ ငါတို့က ဘုရင်နဲ့ အနည်းငယ်တိုက်ခိုက်လိုက်ရတာပဲ။ ငါတို့ အတန်းထဲကကောင်တွေကို ပြန်ကြွားလို့ရပြီလေ။ သူတို့တော့ မနာလိုဖြစ်နေကြတော့မှာပဲ...” ပါတိုနှင့် ဘရန်တို့သည် စိတ်လှုပ်ရှားစွာဖြင့် တွေးလိုက်မိကြသည်။
“ဟီးဟီး အလတ်ဇန္ဒားက အရင်ကလိုပဲ စွမ်းအားမြင့်ပြီး ဉာဏ်ထက်နေတုန်းပဲ။ နောက်ပြီး သူက အရင်ကထက်လဲပိုချောလာသလိုပဲ...” လူး၀စ်သည် ဖှေးအားကြိတ်ကြွေနေသည့်ကောင်မလေးတစ်ယောက်ကဲ့သို့တွေးလိုက်မိသည်။
“ဟားဟား ကောင်းတယ် မင်းတို့ရဲ့စွမ်းရည်တွေက င့ါကို တကယ်အံ့သြသွားစေတာပဲ။ ချမ်းဘော့ဒ်တက္ကသိုလ်က တကယ်ပဲ အရည်ချင်းရှိတဲ့မျိုးဆက်သစ်တွေကို မွေးထုတ်ပေးနေခဲ့တာပဲ...” ဖှေးသည် သူမြင်လိုက်ရသည့်အရာများကြောင့် အံ့သြသွားခဲ့သည်။ ဤကလေးသုံးယောက်သည် တစ်ယောက်နှင့်တစ်ယောက်မတူညီကြသော်လည်း သူ့နေရာနှင့် အရည်ချင်းရှိသည့်လူငယ်များပင်။
ဤအချိန်တွင် အန်ဂျယ်လာနှင့် ကျန်ရှိနေသည့်လူများသည်လည်း ဘုံဆိုင်အတွင်းမှ လမ်းလျှောက်ထွက်လာကာ ပြုံးလိုက်ကြသည်။
“အန်ဂျယ်လာ၊ တိုးရိစ်...” လူး၀စ်၏မျက်လုံးများလင်းလတ်သွားပြီး သူမသည် အန်ဂျယ်လာ၏လက်မောင်းများအတွင်းသို့ ခုန်၀င်လိုက်သည်။ သူမနှင့် အန်ဂျယ်လာတို့သည် ရင်းနှီးသည့်လူများပင်။ အန်ဂျယ်လာသည် ငယ်ရွယ်စဥ်ကပင် အမေကို ဆုံးရှုံးလိုက်ရသည့် ဤကောင်မလေးကို အမြဲဂရုစိုက်ပေးလာခဲ့သည်။
ပါတိုနှင့် ဘရန်တို့သည်လည်း ဘေးမှ ရပ်ကာ စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေကြ၏။
သို့သော် နောက်လူတစ်ယောက်ကို မြင်လိုက်ရသည့်အချိန်တွင် သူတို့စိတ်လှုပ်ရှားသွားကြ၏။ ချမ်းဘော့ဒ်တိုင်းပြည်၏ နာမည်ကြီးစစ်သည်တော်များထဲမှတစ်ယောက်ဖြစ်သည့် တိုးရိစ်ပင်။ သူသည် ယခင်က အားနည်းသည့်လူငယ်တစ်ယောက်ပင်။ သို့သော် သူသည် ဘုရင်အလတ်ဇန္ဒား၏ အယုံကြည်ရဆုံးကိုယ်ရံတော်တစ်ယောက်ဖြစ်လာခဲ့ပြီး မြို့တော်စိန့်ပီတာစဘာ့တ်တွင်ကျင်းပသည့် စစ်ဘက်ဆိုင်ရာလေ့ကျင့်ရေးပြိုင်ပွဲတွင်လည်း ထိပ်တန်းအယောက်၂၀စာရင်း၀င်ခဲ့သည်။
[လေညှင်း၏ သားတော်] ဖာနန်ဒို-တိုးရီစ်သည် ချမ်းဘော့ဒ်တက္ကသိုလ်ထဲတွင် ပေါ်ပျူလာအဖြစ်ဆုံး စစ်သည်တော်များထဲမှတစ်ယောက်ပင်။