အခန်း (၆၇၅)
Vol. 43 Ch. 675
စခန်းသို့ ပြန်သည့်လမ်းတွင်ဖြစ်သည်။
အမှောင်ထုသည် ကုန်းမြေအား လွှမ်းခြုံနေပြီး အ၀ေးတွင်ရှိနေသည့် တောင်တန်းများ၊ သစ်ပင်များသည် အမဲရောင်သားရိုင်းကောင်ကြီးများကဲ့သို့ပင်။
ကောင်းကင်ပေါ်တွင် ကြယ်များစွာမရှိပဲ တိမ်မဲများ၏ ဖုံးကွယ်ခြင်းကိုခံထားရ၏။ ထို့ကြောင့် လေထုသည် အနည်းငယ်မှုန်ကုပ်ကုပ်ြဖစ်နေ၏။
လူး၀စ်သည် ပျော်တတ်သည့်ကောင်မလေးတစ်ယောက်ဖြစ်သည့်အတွက်ကြောင့်အပြန်လမ်းသည် ပြင်းစရာကောင်းနေခြင်းမရှိပေ။ သူမသည် ရယ်စရာကောင်းကာ သူမပြောသည့်အရာများကြောင့် သူတို့အုပ်စုသည် အမြဲလိုလိုရယ်မောနေကြရ၏။
အပြန်လမ်းတွင် လူး၀စ်နှင့် အန်ဂျယ်လာတို့သည် ချမ်းဘော့ဒ်တိုင်းပြည်မှ အပြောင်းလဲများအကြောင်းကို ပြောနေကြသောကြောင့် လူတိုင်းအမြန်ပြန်ရောက်ကာ ကြည့်လိုနေကြ၏။
ချမ်းဘော့ဒ်တပ်ဖွဲ့သည် အလံများကို သိမ်းထားကာ သိုသိုသိပ်သိပ်ပင်နေနေကြ၏။ စခန်းသည် ကီလွန်မြို့နှင့် ငါးကီလိုမီတာခန့်ကွာ၀ေးသည့် မြစ်တစ်စင်း၏ဘေးတွင်ရှိနေသည်။
မြို့တော်အား လေ့လာပြီးသည့်နောက်တွင် ဖှေးနှင့် တစ်ခြားလူလေးယောက်တို့သည် ပြန်လာကြ၏။ အမှန်ပင် လူး၀စ်၊ ပါတိုနှင့် ဘရန်တို့သည်လည်း သူ့အနောက်မှ လိုက်လာကြ၏။
သူတို့သည် ချမ်းဘော့ဒ်တိုင်းပြည်၏ နာမည်ကြီးစစ်သည်တော်များကိုတွေ့ရတော့မည်ဖြစ်ကြောင်းကို တွေးလိုက်မိသောကြောင့် ပါတိုနှင့် ဘရန်တို့သည် အလွန်စိုးရိမ်လာကာ ပျော်ရွှင်လာကြ၏။ ဆံပင်ဖြူလျှင်မြန်ဓားပီးရာ့စ်၊ အမဲရောင်ဆံပင် လက်သီးပြင်း ဒရော့ဂ်ဘာ၊ မျှော်လင့်ချက်များ ဖျက်ဆီးသူ အိုလတ်ဂ်နှင့် အဖျက်စွမ်းအားပြင်းလက်ချောင်းပီတာတို့သည် လက်ရှိအချိန်တွင် အလွန်နာမည်ကြီးနေကြပြီး ချမ်းဘော့ဒ်တက္ကသိုလ်မှ ကျောင်းသားတိုင်းပင် သူတို့နှင့်တွေ့ဆုံလိုနေကြသည်။ ထို့ကြောင့် ပါတိုနှင့် ဘရန်တို့သည် လမ်းလျှောက်နေသည်ကိုပင် အာရုံစိုက်နိင်ခြင်းမရှိကြပေ။
ပီးရာ့စ်၏ သမီးဖြစ်ပြီး ချမ်းဘော့ဒ်တိုင်းပြည်မှစစ်သည်တော်များကို ယခင်ကတည်းကတွေ့ခဲ့ဖူးသည့် လူး၀စ်နှင့်မတူပဲ ပါတိုနှင့် ဘရန်တို့သည် ဆင်းရဲသည့်မိသားစုများမှ မွေးဖွားလာခဲ့သူများပင်။ ချမ်းဘော့ဒ်၏ စစ်သည်တော်များသည်လည်း ပြိုင်ပွဲပြီးမှနာမည်ကြီးလာခြင်းဖြစ်သည့်အတွက်ကြောင့် ပါတိုနှင့် ဘရန်တို့သည်ယခင်က နာမည်ကြီးနေသည့် စစ်သည်တော်များနှင့် တွေ့ခဲ့ဖူးခြင်းမရှိပေ။ ထို့ကြောင့်သူတို့နှစ်ယောက်လုံး အလွန်စိတ်လှုပ်ရှားနေကြခြင်းဖြစ်၏။
သူတို့၏အပေါင်းဖော်များကဲ့သို့ပင် ဤကလေးနှစ်ယောက်သည်လည်း သူတို့၏ဘုရင်အပေါ်တွင် အလွန်သစ္စာရှိကာ လေးစားကြ၏။
အကယ်၍ ဖှေးသည်သာ လူများစွာ၏ ကန့်ကွက်နေခြင်းများအား ဆန့်ကျင်၍ တိုင်းပြည်၏ ငွေကြေးအများစုကို လူတိုင်းသင်ကြားနိုင်သည့် ကျောင်းတစ်ခုတည်ထောင်ခဲ့ခြင်းမရှိပါက ပါတိုနှင့် ဘရန်တို့ကဲ့သိုသော ဆင်းရဲ့သည့်ကလေးများသည် သူတို့၏ အိမ်မက်များဖြစ်သည့် စစ်သည်တော်များ၊ မှော်ဆရာများဖြစ်လာခြင်းတို့အား ကြိုးစားနိုင်မည့်အခွင့်ရေးပင်ရှိခဲ့လိမ့်မည်မဟုတ်ပေ။ အသက်ရှင်နိုင်ရန်အတွက် ရုန်းကန်ရသည့် ဖိအားများသည် သူတို့အား ဖိချေပစ်လိုက်မည်ဖြစ်၏။ သူတို့သည် အစားစာနှင့် အ၀တ်စားဖိုးကိုပင် ရှာဖွေနိုင်ကြလိမ့်မည်မဟုတ်ပေ။
ဘုရင် ဤတက္ကသိုလ်အား တည်ထောင်လိုက်ခြင်းသည် ဆင်းရဲသည့်မိသားစုများမှ မွေးဖွားလာခဲ့သည့်ကလေးများစွာ၏ ကံကြမ္မာကိုပြောင်းလဲပေးလိုက်သလိုပင်။
သူတို့၏ အိမ်မက်များအတိုင်းပင် စွမ်းအားမြင့်သိုင်းဆရာများဖြစ်လာနိုင်သည့်အခွင့်ရေးများကို ရရှိလာခဲ့ကြ၏။
ဤတစ်ခုတည်းကပင် တက္ကသိုလ်တက်နေကြသည့်ကလေးများ ဖှေးအား မည်မျှပင် လေးစားကြောင်းကို ခန့်မှန်းကြည့်နိုင်၏။
ဤကလေးများသည် စိတ်လှုပ်ရှားနေသည်ကိုတွေ့ရသည့်အတွက် တိုးရိစ်သည် သူတို့နှစ်ယောက်နှင့်အတူ စကားပြောပေးကာ သူတို့အား စိတ်အေးအောင်ကြိုးစားပေးနေလျှက်ရှိသည်။
တိုးရိစ်သည် ခေါင်းအေးအေဖြင့် စဥ်းစားတတ်ကာ စွမ်းအားမြင့်မားသည့် ရန်သူများ၏အရှေ့တွင်လျှင် အေးဆေးတည်ငြိမ်စွာရင်ဆိုင်တတ်သည့် နတ်ဘုရားအဆင့် လေးသည်တော်တစ်ယောက်ပင်။ သို့သော် သူသည် ဤကောင်လေးနှစ်ယောက်ကို မြင်လိုက်မိသည့်အချိန်တွင် စိတ်ခံစားချက်ပြင်းထန်သွားမိသည်။
မကြာသေးခင်အချိန်က သူ၏ ကံကြမ္မာသည်လည်း ဤကောင်လေးနှစ်ယောက်လိုပင်။ သူသည် ဆင်းရဲသည့်မိသားစုတစ်ခုမှ ပေါက်ဖွားလာခဲ့သူဖြစ်ပြီး အသက်ရှင်နိုင်အောင်ကြိုးစားရန်ကိုပင် စိုးရိမ်နေခဲ့ရသည်။ သို့သော် ဘုရင်သည် သူ၏ကံကြမ္မာအား ပြောင်းလဲပေးခဲံ၏။ ထို့ကြောင့် သူသည်လည်း ဤကလေးနှစ်ယောက်ကဲ့သို့ပင်ဖြစ်သောကြောင့် ကောင်လေးနှစ်ယောက်၏ ခံစားချက်ကို နားလည်ခြင်းပင်။
၀တ်ရုံနက်ကျောင်းတော်မှဖြစ်သည့် ဂျက်စီနှင့်အလန်တို့ တိတ်ဆိတ်နေကြ၏။
ဖြစ်ပျက်နေသည့်အရာများသည် သူတို့၏နှလုံးသားကို ပီတိဖြစ်သွားစေသည့်အတွက်ပင်။
ဤအရည်ချင်းရှိသည့် ကလေးသုံးယောက်အားတွေ့ခဲ့ပြီးချမ်းဘော့ဒ်တိုင်းပြည်ထဲတွင်ဖြစ်နေသည့်အရာများ၏အကြောင်းကို လူ၀စ်ထံမှ ကြားလိုက်ပြီးသည့်နောက်တွင် သူတို့နှစ်ယောက်လုံး တုန်လှုပ်သွားရ၏။ အထူးသဖြင့် ဂျက်စီပင်။
ရိုးသားစွာပြောရပါက သူသည် ယုံကြည်နိုင်ရန်ပင် ခက်ခဲနေ၏။
“ရက်စက်တတ်ပြီး တိုက်ပွဲဆာလောင်နေတဲ့ ချမ်းဘော့ဒ်ဘုရင်လို လူမျိုးက ဘာလို့ ဒီလိုအရာမျိုးတွေကို စွမ်းဆောင်နိုင်မှာလဲ။ ဒါပေမယ့် ဒီကလေးးတွေ ဘုရင်ကို ကြည့်တဲ့အကြည့်တွေက လေးစားမှုတွေ၊ ချစ်ခင်ခြင်းတွေ၊ ယုံကြည်ချင်းတွေ... မဟာဘုရားကျောင်းကို ကိုးကွယ်သူတွေ ပုပ်ရဟန်းမင်းကြီးကို ကြည့်တဲ့အတိုင်းပါလား...”
ဤအရာများအားလုံးကို မြင်ခဲ့ပြီးသည့်အချိန်တွင် ဂျက်စီ၏ စိတ်သည် စတင်၍ တုန်ခါလာတော့သည်။
ဤကောင်မလေးသည် အမှန်တရားများကိုသာ ပြောနေခြင်းဖြစ်သည်ကိုလည်း သူ၏မသိစိတ်အတွင်းမှသိလိုက်၏။
“မစ်စတာ ဘတ်စတီနဲ့ အလန်တို့ပြောတာကမှန်တဲ့ပုံပဲ။ ငါ့ရဲ့စိတ်က အမှောင်ဖုံးနေတာပဲ။ ဘုရားကျောင်းရဲ့စည်းမျဥ်းတွေကြောင့် ငါမမြင်နိုင်ဖြစ်နေခဲ့တာ။ ငါဒီအခွင့်ရေးကို အသုံးချပြီးတော့ ချမ်းဘော့ဒ်ဘုရင် ဘယ်လောက်တောင် စွမ်းဆောင်နိုင်လဲဆိုတာကို လေ့လာကြည့်မှရမယ်...” ဂျက်စီတွေးလိုက်မိသည်။
ရုတ်တရက်ပင် ဂျက်စီသည် စဥ်းစားနေသည်များကို ရပ်လိုက်ပြီး သူ၏ခြေလမ်းများကိုလည်း ရပ်လိုက်သည်။ သူသည်နေရာတစ်၀ိုက်တွင် သတ်ဖြတ်လိုသည့်အရှိန်၀ါများကို အာရုံခံလိုက်မိသည့်အတွက်ကြောင့်ပင်။
ထို့နောက်တွင် ရှေ့ဆုံးမှ လမ်းလျှောက်နေသည့် ချမ်းဘော့ဒ်ဘုရင်ရပ်တန့်သွားသည်ကိုလည်း သူသတိထားလိုက်မိသည်။
ဖှေးနှင့် အလန်တို့သည် အုပ်စုထဲတွင် စွမ်းအားအမြင့်ဆုံးလူများဖြစ်သည့်အတွက်ကြောင့် ပုန်းအောင်းနေသည့် အန္တရာယ်များကို အရင်ဆုံး အာရုံခံလိုက်မိခြင်းပင်။
ထို့နောက်တွင် တိုးရိစ်နှင့် အလန်တို့သည်လည်း တစ်စုံတစ်ခုမှားယွန်းနေသည်ကို အာရုံခံလိုက်မိသည့်အတွက်ကြောင့် အန်ဂျယ်လာအား ၀န်းရံကာ ကာကွယ်ပေးထားလိုက်ကြသည်။
အခြေအနေအားမြင်သည့်အချိန်တွင် ကောင်းမွန်စွာလေ့ကျင့်ပေးထားသည့် လူး၀စ်၊ ပါတိုနှင့် ဘရန်တို့သည်လည်းနည်းလည်လာပြီး အန်ဂျယ်လာအား အနောက်မှနေ၍ ကာကွယ်ပေးလိုက်ကြသည်။
သူတို့ငါးယောက်လုံးသည် အုပ်စုထဲတွင် အားအနည်းဆုံးဖြစ်သည့် အန်ဂျယ်လာအား ကာကွယ်ပေးထားလိုက်ကြ၏။
“ဘယ်သူလဲဟေ့ ထွက်ခဲ့စမ်း...မြင့်မြတ်သောမြင်ကွင်း...”
ဖှေးသည် ယခုအချိန်တွင် ၀တ်ရုံနက်ကျောင်းတော်၏ ဂိုဏ်းအုပ်ဖြစ်နေပြီးဖြစ်သည့်အတွက်ကြောင့် သူ၏ သရုပ်မှာ အလွန်မြင့်မားနေပြီဖြစ်သည်။ ထို့ကြောင့် သူသည် အရာရာအားသူကိုယ်တိုင်ကိုင်တွယ်စရာမလိုတော့ပေ။ ထို့ကြောင့် ကျောင်းတော်၏ ကာကွယ်သူများနှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်သည့် ဂျက်စီမှ ရှေ့သို့ထွက်လိုက်ခြင်းပင်။
ငွေရောင်စွမ်းအင်မီးတောက်များတောက်လာ၏။ မြင့်မြတ်သောနတ်ဘုရားများသည် ဂျက်စီအား ကောင်းချီးပေးနေသကဲ့သို့ပင်။ စွမ်းအားမြင့်သည့်အရှိန်၀ါတစ်ခုသည် သူ့အား လွှမ်းခြုံသွားပြီးသူသည် ညအမှောင်ထဲတွင် နေမင်းတစ်ခုလိုပင်။ ပတ်၀န်းကျင်အား ထွန်းလင်းလာစေလျှက်ရှိသည်။
လူး၀စ်နှင့် ကောင်လေးနှစ်ယောက်တို့သည်လည်း ထိတ်လန့်အံ့သြသွားကြ၏။ သူတို့၏မျက်လုံးများ ပြူးကျယ်လာကာ တွေးလိုက်မိကြသည်။ “မြင့်မြတ်တဲ့စွမ်းအားတွေပဲ ဒါဆို ဒီအကိုကြီးက မဟာဘုရားကျောင်းကပေါ့...”
သူတို့သည် ဂျက်စီမည်သူဖြစ်သည်အား တွေးကြည့်နေခဲ့မိသော်လည်း မဟာဘုရားကျောင်းမှ စွမ်းအားမြင့်မားသည့်သိုင်းဆရာတစ်ယောက်ဖြစ်လိမ့်မည်ဟု ထင်မထားခဲ့ပေ။
ငွေရောင်အလင်းတန်းများတောက်ပသွားရင်းဖြင့် ထူးခြားသည့်စွမ်းအင်တစ်ခုသည် နေရာအနှံ့သို့ ပြန့်နှံ့သွား၏။ အသံလှိုင်းများကဲ့သို့ပင် ဂျက်စီသည် အမဲရောင်၀တ်ရုံများနှင့်လူများမည်သည့်နေရာတွင်ရှိနေသည်ကို လျှင်မြန်စွာပင် သိရှိသွား၏။
“ဟမ် မဟာဘုရားကျောင်းက လူတစ်ယောက်လား..”
အာမေဍိတ်သံတစ်ခုထွက်ပေါ်လာသည်။ လူတစ်ယောက်သည် သူ၏အပေါင်းဖော်များကို မေးနေသည့်ပုံပင်။
ထို့နောက်တွင် အမဲရောင်၀တ်ရုံများ၀တ်ထားကာ ရုပ်ဖျက်ထားသည့် လူငါးယောက်ထွက်လာပြီး ဖှေးတို့အုပ်စုအား ၀ိုင်းထားလိုက်ကြသည်။ အရှေ့ဆုံးမှရပ်နေသည့်လူသည် သန်မာထွားကျိုင်းကာစွမ်းအားမြင့်မားလှသည်။ သူ၏ ဘေးတွင် အနည်းငယ်နေမကောင်းဖြစ်နေပုံရသည့် လူတစ်ယောက်ရှိနေသည်။ သူ၏ အရှိန်၀ါသည် စွမ်းအားမြင့်မားသော်လည်း သူ၏စွမ်းအင်သည် တည်ငြိမ်ပုံမရပေ။
အရပ်ရှည်ရှည်နှင့်စွမ်းအားမြင့်မားသည့်လူသည် မေးလိုက်သည့်လူပင်။ သို့သော် သူမေးခွန်းသည် နေမကောင်းဖြစ်နေသည်နှင့်တူသည့် လူအား မေးလိုက်ခြင်းပင်။
သို့သော် ထိုလူသည် သူ၏ခေါင်းကို ခါရမ်းလိုက်ပြီး သူလဲမသိကြောင်းငြင်းဆိုလိုက်သည်။
“ခင်ဗျားတို့ ဘယ်သူတွေလဲ...” ဂျက်စီမေးလိုက်သည်။
ရုတ်တရက် ထွက်ပေါ်လာသည့် ဤလူငါးယောက်လုံးသည် စွမ်းအားမြင့်မားသည့်လူများဖြစ်သည်ကို သူသိသည့်အတွက်ပင်။ ထို့အပြင် သူတို့သည် ဤချမ်းဘော့ဒ်တိုင်းပြည်မှ တပ်ဖွဲ့အား ရန်လိုနေသည့်အတွက်ကြောင့် ကိုင်တွယ်ရခက်ခဲလိမ့်မည်ဖြစ်သည်။
ထို့ကြောင့် ဂျက်စီသည် ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်ပြီး ၂၀မီတာခန့်ရှည်လျားသည့်အတောင်ပံတစ်စုံသည် သူ၏ကျောပေါ်တွင် ကျက်သရေရှိစွာဖြင့် ပေါ်လာတော့၏။ သူ၏ စိတ်အားပြင်ဆင်လိုက်ပြီး တိုက်ခိုက်ရန်အတွက် အသင့်ပြင်ထားလိုက်သည်။
ဤအခြေအနေတွင် ဖှေးသည် လှုပ်ရှားခြင်းပင်မရှိပေ။ သူသည် ဘေးမှကြည့်နေသည့်လူတစ်ယောက်ကဲ့သို့ပင်။
သူ၏မျက်လုံးများသည် နေမကောင်းကာ မတည်ငြိမ်သည့်စွမ်းအင်များရှိနေသည်လူအား စိုက်ကြည့်နေ၏။
“ကောင်းချီးပေးခြင်းအတောင်ပံတွေလား...” ခေါင်းဆောင်နေသည့်လူသည် ပို၍ပင် အံ့သြသွား၏။ “မင်းကအတော်လေးငယ်သေးတာပဲ။ ဒါပေမယ့် မင်းမှာ မြင့်မြတ်တဲ့စွမ်းအင်တွေအများကြီးကျင့်ကြံနိုင်ထားတာပဲ။ ဒါက တကယ်ပဲ ရှားပါးတယ်။ ကောင်လေး ငါက ချမ်းဘော့ဒ်ဘုရင်ကိုပဲလာရှာတာ။ ဒါမင်းနဲ့မဆိုင်ဘူး။ ငါမဟာဘုရားကျောင်းက လူတစ်ယောက်နဲ့မတိုက်ခိုက်ချင်ဘူး...မင်းသွားလို့ရတယ်...”
ထိုလူသည် မဟာဘုရားကျောင်းအား ကြောက်သည့်ပုံရပြီး ဂျက်စီအား ထိလိုခြင်းမရှိပေ။
“မဖြစ်နိုင်ဘူး...”
ဂျက်စီသည် လေပေါ်သို့ ခုန်တက်လိုက်ပြီး သူ၏လက်သီးများကို ဆုပ်လိုက်သည်။ သူ၏လက်များထဲတွင် ငွေရောင်စွမ်းအင်ဓားနှစ်လက်ထွက်ပေါ်လာပြီး အတောင်ပံများကို ခတ်ကာအရှေ့သို့ ပျံသန်းသွားတော့၏။
လေပေါ်တွင် ပုံရိပ်ယောင်များစွာထင်ကျန်ခဲ့ရင်းဖြင့် သူသည် ထိုလူ၏အရှေ့သို့ ချက်ချင်းပင် ရောက်ရှိသွားပြီး အောက်သို့ သူ၏ဓားများဖြင့် ခုတ်ပိုင်းချလိုက်သည်။
ဤလူငယ်သည် တိုက်ပွဲထဲတွင် ကြင်နာတတ်ကာ သိမ်မွေ့နူးညံ့သည့် သူတော်စင်တစ်ယောက်မဟုတ်တော့ပေ။ သူသည် အေးစက်ကာ ရက်စက်ကြမ်းကြုတ်တတ်သွား၏။
“ဘုန်း...”
ဦးဆောင်နေသည့်လူသည် လှုပ်ရှားခြင်းမရှိပေ။ သူ၏လက်ကို မြှောက်လိုက်ပြီး တောက်ပသည့်အလင်းတန်းတစ်ခုထွက်ပေါ်လာ၏။ သူ၏လက်များကိုပင် သုံးကာ ဂျက်စီ၏ စွမ်းအင်ဓားများကို ဖမ်းလိုက်သည်။ ထို့နောက်တွင် ကျယ်လောင်သည့် ပေါက်ကွဲသံများထွက်ပေါ်လာတော့သည်။
ငါးစက္ကန့်ခန်ကြာသည့်အချိန်တွင် ဂျက်စီ၏ ခန္ဓာကိုယ်သည် အနောက်သို့ ပျံသန်းသွား၏။
သူသည် ထိုလူအား ထိခိုက်အောင်ပြုလုပ်နိုင်လိုက်ခြင်းမရှိပေ။
ထိုလူသည် အဆင့်မြင့်လခြမ်းအဆင့်သိုင်းဆရာတစ်ယောက်ဖြစ်သည့် ဂျက်စီထက်ပင် ပို၍ စွမ်းအားမြင့်မားနေသောကြောင့်ပင်။
သို့သော် ဤအရာသည် တုန်လှုပ်ဖွယ်မကောင်းသေးပေ။
ဂျက်စီအား တုန်လှုပ်သွားစေသည်မှာ ထိုလူများမည်သူဖြစ်သည်ကို သူသိသွားသည့်အတွက်ကြောင့်ပင်။