← Chapters

အခန်း (၆၈၀)

Vol. 43 Ch. 680

အခန်း (၆၈၀)

Vol. 43 Ch. 680

ဤတစ်ကြိမ်တွင်မူ ဘေးလ်သည် အမှန်တကယ်ပင် သေဆုံးသွားပြီဖြစ်သည်။

သူသည် ယခုအချိန်တွင် အသက်ရှင်နိုင်တော့မည်မဟုတ်ပေ။

ဖှေးသည် ဘေးလ်၏အလောင်းအား ဂရုတစိုက်ကြည့်လိုက်ရာ ခန္ဓာကိုယ်ထဲတွင်ရှိနေသည့် မှော်စွမ်းအင်စီးဆင်းသည့်လမ်းကြောင်းများ ပျက်ဆီးနေသည်ကို သတိထားလိုက်မိသည်။ ဖှေး၏ အောက်လမ်းဆရာဇာတ်ကောင်လက်ချက်ကြောင့် ဘေးလ်၏ ခန္ဓာကိုယ်အခြေအနေသည် ယခင်ကတည်းက ဆိုး၀ါးနေခဲ့သည်။ သူ၏ လအဆင့်အတွင်းအားစွမ်းအင်များကြောင့်သာ မဟုတ်ပါက သူသည် သေဆုံးသည်မှာ ကြာနေလောက်ပြီးဖြစ်၏။

ထို့ကြောင့် မိမိကိုယ်မိမိသတ်သေလိုက်ခြင်းသည် သူခံစားနေခဲ့ရသည့် ၀ေဒနာများကို အဆုံးသက်လိုက်ပေးခြင်းသာဖြစ်၏။

ဖှေးစဥ်းစားကြည့်လိုက်ပြီး မြေပြင်သို့ လက်သီးဖြင့်ထိုးကာ တွင်းကြီးတစ်တွင်းကို ဖန်တီးလိုက်သည်။ ထို့နောက်တွင် ဘေးလ်၏ အလောင်းတွင်ရှိနေသည့် ခြေရာလက်ရာများကို ဖယ်ရှားလိုက်ပြီး အလောင်းအားကျင်းထဲသို့ ပစ်ထည့်လိုက်၏။ ထို့နောက်တွင် သူ၏လက်ကို ၀ှေ့ရမ်းကာ ကျန်ရှိနေသည့် သူရဲကောင်းသုံးယောက်၏ အလောင်းများကိုလည်း ကျင်းထဲသို့ ပစ်ထည့်လိုက်သည်။ သူသည် တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာကိုလည်း ရှင်းလင်းလိုက်ပြီး ခြေရာလက်ရာများ ကျန်ရှိခဲ့ခြင်းမရှိတော့ပေ။

တစ်ဖက်တွင် ပူပေါင်းကဲ့သို့သော စွမ်းအင်စက်လုံးထဲတွင် ပိတ်မိနေသည့် ခေါင်းဆောင်သူရဲကောင်းသည် ရုန်းကန်နေခြင်းအား ရပ်တန့်လိုက်၏။

ဤစက်လုံးသည် ပါးလွှာသော်လည်း အလွန်ခိုင်မာ၏။ အာကာရာနှင့်ကိန်းတို့ ဖန်တီးထားသည့် ပစ္စည်းတစ်ခုပင်။ သူတို့သည် နတ်ဆိုးဘုရင်၏ အသိပညာစာအုပ်အား ထိန်းချုပ်ထားသည့် နတ်ဘုရားမှော်အစီရင်များကို လေ့လာ၍ ဤစာလိပ်အား ဖန်တီးခဲ့ခြင်းပင်။ ဤစွမ်းအင်အကာရံဖြင့် ချုပ်နှောင်ခြင်းခံလိုက်ရပါက နေအဆင့်သခင်တစ်ယောက်ပင် လွတ်မြောက်နိုင်တော့မည်မဟုတ်ပေ။

“မင်းင့ါကို လွှတ်ပေးလိုက်တာကောင်းမယ်။ အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ ချမ်းဘော့ဒ်တိုင်းပြည်တစ်ခုလုံးပျက်ဆီးသွားလိမ့်မယ်နော်...” ခေါင်းဆောင်သူရဲကောင်းသည် ခြိမ်းခြောက်သည့်အသံဖြင့် ပြောလိုက်၏။ သူသည် တည်ငြိမ်သွားပြီဖြစ်ပြီး ရက်စက်ကြမ်းကြုတ်မှုများနှင့် ရူးသွပ်မှုများကို သူ၏မျက်လုံးများထဲတွင်မြင်နေရ၏။

ဖှေးမျက်မှောင်ကြုံ့ကာ သူ၏မျက်နှာအား နှစ်ချက်ရိုက်လိုက်သည်။

ကျိုးပဲ့သွားသည့်သွားများနှင့် အသားစများသည် သူ၏ပါးစပ်အတွင်းမှ ထွက်လာ၏။ ဤခေါင်းဆောင်သူရဲကောင်း၏မျက်နှာသည် သစ်တော်သီးတစ်ခုကဲ့သို့ပင် ယောင်ကိုင်းလာတော့သည်။

“မင်း မင်းကများင့ါကို ဒီလိုအရှက်ခွဲရဲတယ်ပေါ့။ ငါဘယ်သူလဲဆိုတာကို မင်းသိလား။ ခရစ်ဆိုတဲ့ငါ့လိုကောင်ရဲ့ရှေ့မှာ....”

အရိုက်ခံလိုက်ရပြီးသည့်နောက်တွင် ခရစ်ဟုအမည်ရသည့် မြင့်မြတ်သောသူရဲကောင်းသည် ဒေါသဖြစ်သွား၏။ ရှင်ရဲဘုရားကျောင်းတော်တွင် နံပါတ်၁လအဆင့်သိုင်းဆရာဟုကျော်ကြားသည့် ဤလူသည် တည်ငြိမ်နိုင်ခြင်းမရှိတော့ပဲ ခွေးအတစ်ကောင်ကဲ့သို့ပင် ဒေါသဖြင့်အော်ဟစ်နေ၏။

“ဖျောင်း ဖျောင်း...”

ဖှေးသည်လည်း ပြန်လည်ကာ တုန့်ပြန်သည့်အနေဖြင့် နောက်ထပ်နှစ်ချက်ခန့်ထပ်ရိုက်ပေးလိုက်သည်။

ခရစ်၏ နားများပင် အူထူသွားတော့သည်။ သူသည် များစွာနာကျင်နေပြီးများစွာလည်း ဒေါသဖြစ်နေလျှက်ရှိသည်။ ပြန်လည်တုန့်ပြန်နိုင်ခြင်းမရှိသည့်အချက်ကလည်း သူ့အား ဒေါသဖြစ်စေသည့်အတွက်ကြောင့် ရလဒ်အနေဖြင့် မေ့လဲသွားတော့၏။

ဖှေးသည် သူ့အား စကားပြောရန်ပင် ပျင်းရိနေသည်။ ထို့ကြောင့် စွမ်းအင်စက်လုံးကို ကျော်လွန်၍ ခရစ်၏ခန္ဓာကိုယ်ကို ဆုပ်ကိုင်လိုက်သည်။

အဖျက်စွမ်းအားကြီးသည့်စွမ်းအင်တစ်ခုသည် ခရစ်၏ ခန္ဓာကိုယ်ထဲသို့ စီး၀င်သွားတော့သည်။

ကျိုးပဲ့သံများထွက်ပေါ်လာပြီးသည့်နောက်တွင် သူ၏ခန္ဓာကိုယ်ထဲတွင်ရှိသည့် အတွင်းအားစီးကြောင်းများသည်လည်း ပိတ်ဆို့ပျက်ဆီးသွားကာ မြင့်မြတ်သောစွမ်းအင်များကိုအသုံးပြုနိုင်ခြင်းမရှိတော့ပေ။

ထို့နောက်တွင် ဖှေးသည် တစ်ဖက်သို့ လှည့်ကာ လူး၀စ်၊ ပါတိုနှင့် ဘရ်တို့ကိုကြည့်လိုက်သည်။ ဤအခိုက်တန့်တွင် ဤကလေးသုံးယောက်သည် သူ့အား ဘုရားသခင်ကဲ့သို့ကြည့်နေကြ၏။ သူသည် ပါတိုနှင့် ဘရန်တို့ကို ပြောလိုက်သည်။ “ဒီငတုံးကို သယ်ဖို့အတွက် င့ါကို ကူညီပေးပါဦး။ ဟိုရောက်ရင် အိုလတ်ဂ်ကိုပေးလိုက်။ ဒီကောင့် ပါးစပ်ထဲက ရနိုင်သမျှသတင်းတွေကို စစ်မေးပေးပါလို့ အိုလတ်ဂ်ကို ပြောလိုက်ပါ...”

သူထိုကဲ့သို့ ပြောပြီးသည့်နောက်တွင် မသေမျိုးဘုရင်၏ ၀ိဉာဥ်အချုပ်နှောင်အား ပြန်သိမ်းလိုက်၏။

ယခုအချိန်တွင် ဤတူကြီးအား ဤကမ္ဘာပေါ်တွင် ပထမဆုံးအနေဖြင့် ထုတ်သုံးလိုက်ခြင်းပင်။ သူ၏ စွမ်းအားသည် ယုံနိုင်ဖွယ်ပင်မရှိပေ။ ဖှေး၏ စွမ်းအားအစစ်မှန်သည် အလယ်လတ်လခြမ်းအဆင့်တွင်သာရှိပြီး သူသည် ခရစ်ထက်များစွာပို၍ စွမ်းအားနည်းသေးသည့်လူသည်။ သို့သော် သူ၏ လက်ထဲတွင်တူကို ကိုင်ထားသည့်အတွက်ကြောင့် သူသည် ဤအဆင့်မြင့် လပြည့်သိုင်းဆရာအား ဆယ်ချက်ထဲဖြင့်ပင် ခုခံလိုက်နိုင်၏။ ဤခံစားချက်သည် ရူးလောက်ဖွယ်ပင်။

ဤတူကြီးသည် ဖှေး၏လက်ထဲတွင် သိုင်းဆရာများစွာ၏ သွေးကို သောက်ယူတော့မည်ဖြစ်ပြီး ယနေ့ညသည် သူ၏ပထမဆုံးသောစားပွဲကြီးပင်။

ဖှေးနှင့်အဖွဲ့စခန်းသို့ ပြန်ရောက်သည့်အချိန်တွင် သန်းခေါင်ရံအချိန်သို့ပင် ရောက်ရှိနေပြီဖြစ်သည်။

ခေါင်းဆောင်သူရဲကောင်းဖြစ်သည့် ခရစ်ကိုလည်း အိုလတ်ဂ်၏ လက်ထဲသို့ ထည့်ပေးလိုက်ပြီဖြစ်သည်။

ထို့ကြောင့် အိုလတ်ဂ်၏ တဲအတွင်းမှ မျှော်လင့်ချက်မဲ့စွာဖြင့် သားရဲကောင်များကဲ့သို့အော်ဟစ်သံများကိုကြားနေရသည်။ ထိုအသံများသည် လူသားများပြုလုပ်သည့်အသံများနှင့် တူညီခြင်းမရှိပေ။ ထို့ကြောင့် လူတိုင်းသည် အိုလတ်ဂ်၏ တဲနှင့် ဆယ်မီတာခန့်ခွာကာနေနေရ၏။

နောက်နေ့နံနတ်ခင်းတွင် အိုလတ်ဂ်သည် ဘုရင်အား အသေးစိတ်တင်ပြချက်တစ်ခုကိုပေးလိုက်သည်။

ဖှေးသည် သေချာဂရုတစိုက်ဖတ်လိုက်ပြီး ခနတာခန့်စဥ်းစားလိုက်ပြီး သူ၏ လက်ကောက်၀တ်ကို လှုပ်ရှားလိုက်သည်။ ထိုတင်ပြစာသည် ချက်ချင်းပင် ပြာမှုန့်များအဖြစ်သို့ ပြောင်းလဲသွားတော့၏။ ထိုပြာမုန့်များသည် လေထုထဲတွင်လွှင့်ပျံကာ ပျောက်ကွယ်သွားတော့၏။

ဘုရင်သည် ခေါင်းငြိမ့်ကာ အိုလတ်ဂ်အား ကျေနပ်စွာဖြင့် ပြောလိုက်သည်။

မဆိုးဘူးပဲ။

တိုနီ၊ နှင်းတောင်သိုင်းဆရာတို့နှင့် တိုက်ခိုက်ခဲ့သည့်အချိန်တွင် အိုလတ်ဂ်ပြသခဲ့သည့် သတ္တိ၊ ဇွဲလှုံ့လနှင့် သစ္စာရှိမှုတို့သည် လူတိုင်း၏ စိတ်ထဲတွင် ကောင်းမွန်သောအမြင်ကို ထင်ကျန်သွားစေခဲ့သည်။ သူသည် မြှောက်ပင့်ဖားယားတတ်သည့်လူတစ်ယောက်ဖြစ်နေဆဲဖြစ်သော်လည်း ဖှေးသည်သူ့အားပို၍ပင် အကောင်းမြင်လာပြီဖြစ်သည်။

အရှင့်စီမှာ တာ၀န်ထမ်းဆောင်ရတာက ကျွန်တော့အတွက် ဂုဏ်ယူစရာပါ။ ဘုရင်၏ ချီးမွမ်းခြင်းကို ရရှိလိုက်သည့်အတွက် အိုလတ်ဂ်ပျော်ရွှင်သွား၏။

“ဒီကမ္ဘာပေါ်မှာ သူတို့ကပဲ အရာရာကို ထိန်းချုပ်နိုင်တယ်လို့ ထင်နေကြတဲ့လူတွေအများကြီးရှိနေသေးတယ်။ မင်းသူတို့ကို နာကျင်မှုကိုမခံစားခိုင်းဘူးဆိုရင် မင်းကို လွယ်ကူတဲ့ပစ်မှတ်လို့ ယူဆလိုက်ပြီးတော့ မင်းကို အနိုင်ကျင့်ချင်လာကြမှာလေ။ သူတော်စင်ဘေးလ်က အဲ့လိုလူတစ်ယောက်ပဲ။ သူကသေသွားပြီဆိုပေမယ့် တစ်ခြားလူတွေရဲ့စိတ်ထဲမှာ လောဘမီးတွေကို မွေးသွားခဲ့သေးတယ်။ ဒါက ချမ်းဘော့ဒ်တိုင်းပြည်အတွက် အန္တရာယ်ဖြစ်လာနိုင်မယ့်အရာတွေပဲ။ ဟီးဟီး ရှီရဲကျောင်းတော်ဟုတ်လား၊ ဂိုဏ်းအုပ် ပလတ်တီနီဟုတ်လား...ကောင်းတယ်။ မင်းတို့ကောင်တွေက င့ါကို ပစ်မှတ်ထားတိုက်ခိုက်ဖို့ကြံနေကြတာဆိုတော့ ငါကလည်း ၀တ်ရုံနက်ကျောင်းတော်ရဲ့ ဂိုဏ်းအုပ်တစ်ယောက်အနေနဲ့ မင်းတို့ကိုလည်းပြန်ပြီးတော့ မီးမွေးပေးရမှာပေါ့...” ဖှေးတွေးလိုက်ပြီး စခန်းအလည်တွင်ရှိသည့် တဲအတွင်းမှ ထွက်သွားကာ ကောင်းကင်ပေါ်တွင်ရှိနေသည့် နေမင်းကြီးကို မော့ကြည့်လိုက်သည်။

ဤအခိုက်တန့်တွင် နေလုံးကြီးသည် အရှေ့ဘက်ကောင်းကင်မှ ဖြေးညှင်းစွာဖြင့်မြင့်တက်လာနေလျှက်ရှိသည်။

အိုလတ်ဂ်သည် ဘုရင်၏အနောက်မှ လိုက်ပါလာခဲ့သည်။ သူ၏ သခင်အကြောင်းကို စဥ်းစားရသည်အား အိုလတ်ဂ်နှစ်သက်ပြီး သူသည် ဖှေးအကြောင်းကို ကောင်းမွန်စွာသိသည့်လူပင်။ ထို့ကြောင့် သူသည် ဘုရင်၏ ရေရွတ်သံများကိုကြားလိုက်မိသည့်အတွက် နွေးထွေးသောနွေဦးလေသည် အနည်းငယ်အေးစက်နေသလို ခံစားလိုက်ရသည်။ သူ၏ စိတ်ထဲတွင်လည်းအလောင်းများပုံထပ်နေကာ မီးတောက်များနှင့် ပြည့်နှက်နေသည့် မြင်ကွင်းကို မြင်ယောင်လိုက်မိသည်။

“ငါတို့တွေပိုပြီးတော့ မြန်မြန်ဆန်ဆန်ခရီးဆက်ကြတာပေါ့။ မနက်ဖြန်နေမ၀င်ခင်မှာ ချမ်းဘော့ဒ်တိုင်းပြည်ကို ရောက်အောင်ပြန်ကြမယ်ဟေ့...” ဖှေးအော်ဟစ်လိုက်သည်။

......

နောက်နေ့နေ့လယ်ခင်းတွင် ဖှေးတို့တပ်ဖွဲ့သည် ချမ်းဘော့ဒ်တိုင်းပြည်၏ ပိုင်နက်အဟောင်းအတွင်းသို့ စတင်၀င်ရောက်လာပြီဖြစ်သည်။

သူတို့၏ နယ်မြေထဲသို့ ပြန်ရောက်လျှင်ရောက်ခြင်းပင် စစ်သည်တော်များနှင့် စစ်သားများစွာတို့သည် အော်ဟစ်ငိုကြွေးလိုက်မိကြသည်။

နှစ်၀က်ခန့်အချိန်သည် ကြာမြင့်ခြင်းမရှိသော်လည်း ကိစ္စများစွာဖြစ်ပျက်ခဲ့သည့်အတွက်ပင်။ သူတို့ဘုရင်နှင့်အတူ မြို့တော်စိန့်ပီတာစဘာ့တ်တွင် စစ်ဘက်ဆိုင်ရာပြိုင်ပွဲ၀င်ရန်အတွက် စတင်ထွက်ခွာလာခဲ့ခြင်းဖြစ်ပြီး ဂျက်အင်ပါယာစစ်မြေပြင်အထိပါရောက်ရှိ၍ တိုက်ပွဲများစွာကို ကျော်ဖြတ်ကာ စစ်သည်ဂုဏ်သရေများကို ရရှိခဲ့သည်။

တိုက်ပွဲ၀င်နေသည့်အချိန်တွင် သူတို့၏ အမိမြေအား ပြန်လည်မြင်တွေ့ရန်မှာ သေချာခြင်းမရှိသော်လည်း သူတို့သည် ဘုရင်အတွက်တိုက်ခိုက်ပေးကာ အမှုထမ်းလိုကြသည်။

သူတို့ဘုရင်သည်လည်း သူတို့အား စိတ်ပျက်စေခဲ့ခြင်းမရှိပေ။

သူတို့သည် လူ၃၁၈ယောက်ဖြင့် စထွက်ခဲ့ခြင်းဖြစ်ပြီး ၃၁၈ယောက်လုံး အသက်ရှင်လျှက်ပြန်ရောက်လာနိုင်ခဲ့ကြသည်။ ချမ်းဘော့ဒ်သားတစ်ယောက်မှ တိုက်ပွဲထဲတွင် ကျဆုံးခဲ့ခြင်းမရှိပေ။ ဤသည်မှာ အံ့သြဖွယ်ပင်။

ယခုအချိန်တွင် စစ်သည်များသည် ဒူးထောက်ကာ အစိမ်းရောင်မြက်ပင်များကို နမ်းရှိုက်နေကြပြီး သူတို့၏ မိသားစုများ၏ နာမည်ကို အော်ဟစ်နေကြသည်။ သူတို့သည်အလွန်ပင် အိမ်လွမ်းနေသည့်အတွက်ကြောင့်ပင်။ ကြီးမားသည့် တောက်ကြီးများ၏ အောက်ခြေတွင်ရှိနေသည့် ချမ်းဘော့ဒ်မြို့တော်ကိုပင် မြင်နေရသလိုရှိကြ၏။

“ကြည့်စမ်း ငါတို့တိုင်းပြည်က ကင်းထောက်တွေပဲ...”

သိပ်မ၀ေးသည့် တောက်ကုန်းတစ်ခုပေါ်တွင် မီးမုုတ်သားရဲသုံးကောင်အား စီးနင်းနေကြသည့် မြင်းစစ်သည်သုံးယောက်ခန့်ကို တွေ့လိုက်ရသည့်အတွက်ပင်။ ခေါင်းဆောင်နေသည့် စစ်သည်သည် ပုဆိန်တစ်လက်နှင့် ဓားတစ်လက်ကို ပါးစပ်တစ်ဖက်စီတွင်ကိုက်ထားသည့် ခေါင်းနှစ်လုံးခွေးသင်္ကေတပါရှိသော အလံတိုင်းကို ကိုင်ထားပြီး ထိုအလံသည် လေထဲတွင် လွှင့်မျောနေလျှက်ရှိသည်။

သူတို့သည် ချမ်းဘော့ဒ်တိုင်းပြည်မှ ကင်းထောက်များဖြစ်ကြသည်မှာ ရှင်းလင်းလှသည်။

ချမ်းဘော့ဒ်တိုင်းပြည်ထဲတွင်ရှိနေသည့် လူများသည် သူတို့ဘုရင်နှင့်အဖွဲ့ပြန်ရောက်လာကြတော့မည်ကို သိထားပြီးဖြစ်သည်။ ထို့ကြောင့် ဘတ်စ်နှင့် ဘရွတ်တို့သည် ဖှေးပြန်လာမည့်လမ်းကြောင်းတွင် ကင်းထောက်များကို ကြိုတင်ကာ စေလွှတ်ထားခြင်းပင်။ ကင်းထောက်တစ်ယောက်သည် သတင်းပို့ရန်ပြန်သွားပြီး ကျန်ရှိနေသည့် သုံးယောက်သည် သူတို့၏ ဘုရင်အားနှုတ်ဆက်ရန်အတွက် ရောက်ရှိလာကြခြင်းပင်။

မှော်မြှားတစ်ချောင်းကို ကောင်းကင်ပေါ်သို့ ပစ်လွှတ်လိုက်ပြီး ခေါင်းနှစ်လုံးခွေးပုံပါ ချမ်းဘော့ဒ်အလံကို ကောင်းကင်ပေါ်တွင် ထင်ဟပ်စေလိုက်သည်။

ဤသည်မှာ ချမ်းဘော့ဒ်တိုင်းပြည်မှ တပ်ဖွဲ့များ၏ ဆက်သွယ်နည်းအသစ်ပင်။

“အရှင်မင်းကြီး...”

မြင်းစစ်သည်သုံးယောက်သည် သူတို့၏ မီးမှုတ်သားရဲများကို အရှိန်မြှင့်လိုက်ကြပြီး ဖှေးထံသို့ အနီရောင်တိမ်တိုက်သုံးခုကဲ့သို့ပင် လျှင်မြန်စွာရောက်ရှိလာကြတော့၏။

သူတို့သည် မြင်းများပေါ်မှ လှပစွာခုန်ဆင်းလိုက်ကြပြီး ဒူးတစ်ဖက်ထောက်ကာ ဘုရင်အား အရိုသေပေးလိုက်ကြသည်။

သူတို့သည် နောက်ဆုံးတွင် ချမ်းဘော့ဒ်တိုင်းပြည်၏ ကြီးမြတ်သောသခင်ကို တွေ့ရပြီဖြစ်သည်။ ရလဒ်အနေဖြင့် ကင်းထောက်သုံးယောက်သည် အလွန်ပင်စိတ်လှုပ်ရှားနေကြသည်။ သူတို့၏ အသံများသည် တုန်ခါနေပြီး သူတို့သည် ဖှေးအား လေးစားစွာဖြင့် စိုက်ကြည့်နေကြသည်။ လူး၀စ်၊ ပါတို၊ ဘရန်တို့နှင့် နှိုင်းယှဥ်ပါက ဤကင်းထောက်များသည် ပိုများသောလေးစားမှုများကို ပြသနေ၏။

ချမ်းဘော့ဒ်မြို့သူမြို့သားများ၏ စိတ်ထဲတွင် ဖှေးသည် နတ်ဘုရားတစ်ပါးကဲ့သို့ပင် ဖြစ်နေသည့်အတွက်ပင်။

All Chapters