အခန်း (၆၈၁)
Vol. 44 Ch. 681
တပ်ဖွဲ့များ မြို့နှင့်နီးကပ်လာသည့်အချိန်တွင် နေ၀င်ချိန်သို့ပင်ရောက်ရှိလာပြီဖြစ်သည်။ နေရောင်ခြည်သည့်အရာအားလုံးကို ရွှေရောင်ခြယ်သလျှက်ရှိသည်။
ဘလတ်ကီ၏ ကြောပေါ်တွင်တင်ထားသော ကစဥ့်ကလျားပုလ္လင်ပေါ်တွင်ထိုင်နေလျှက် ဖှေးသည် အဆင့်မြင့်ပြန်လည်တည်ဆောက်ထားသည့် ချမ်းဘော့ဒ်တိုင်းပြည်အား ရှုစားလိုက်သည်။
သူ၏မြင်ကွင်းထဲသို့ ပထမဆုံးရောက်ရှိလာသည့်အရာသည် ကျယ်ပြန့်သောမြစ်ကြီးပင်။
ဇူလီမြစ်ကြီးသည် ယခင်အတိုင်း ချမ်းဘော့ဒ်တိုင်းပြည်အား ကျုံးသဖွယ်ကာဆီးထားဆဲပင်ဖြစ်ပြီး ရေငွေ့များကို ရေမျက်နှာပြင်ထက် ၁၀၀၀မီတာခန့်တွင်မြင်နေရ၏။
နှစ်ပေါင်းထောင်နှင့်ချီကာ ရှိနေခဲ့သည့် ကျောက်တုံးတံတားကိုလည်း ယခုအချိန်တွင် အစားထိုးလိုက်ပြီဖြစ်သည်။
ထိုတံတားသည် ချမ်းဘော့ဒ်သားများ ဇူလီမြစ်အား ဖြတ်ကျော်ကာ မြို့ထဲသို့ အ၀င်ထွက်ပြု လုပ်နိုင်သည့်တစ်ခုတည်းသော လမ်းဖြစ်ခဲ့သည်။ သို့သော် အမဲရောင်ချပ်၀တ်နှင့်ရန်သူများ ချမ်းဘော့ဒ်အား ကျူးကျော်တိုက်ခိုက်လာခဲ့စဥ်က ကာကွယ်ရန်အတွက် ကျောက်တုံးတံတားကို ဖြိုချပစ်ခဲ့သည်။ စစ်ပွဲပြီးသည့်အချိန်တွင် သံမဏိကျိုးတံထားတစ်ခုဖြင့် တံတား၏ ကျိုးပဲ့နေသည့်နေရာတွင် အစားထိုးကာ ဆောက်လုပ်ခဲ့သည်။ ထိုယာယီကျိုးတံတားသည်လည်း အသုံးပြုရ လွယ်ကူ၏။
ယခုအချိန်တွင် ဤကျောက်တုံးတံတားအားလုံးပင် အသစ်ပြန်လည်အစားထိုးလိုက်ပြီဖြစ်သည်။
ဖှေးတံတားအား ဖြိုချခဲ့စဥ်က မီတာ၂၀ခန့်အစိတ်ပိုင်းကိုသာ ဖြိုချခဲ့ခြင်းဖြစ်၏။ ယခုအချိန်တွင် ကျောက်တံတားအဟောင်းတစ်ခုလုံးအား မီတာ၁၀၀၀ခန့်ဖြိုကျထားသည်။ မြစ်ကမ်းနှစ်ဖက်တွင် အရင်ကျောက်တံတား၏ သေးငယ်သောအစိတ်ပိုင်းလေးနှစ်ခုသာကျန်ရှိနေပြီး ယခင်က ရှိခဲ့ကြောင်းကို ကိုယ်စားပြုနေ၏။
ကျောက်တံတားနေရာတွင် ကြီးမားသည့် စစ်သင်္ဘောကြီးတစ်ခုရှိနေ၏။
ဤသင်္ဘောကြီးသည် မီတာ၁၀၀ခန့်ရှည်လျားပြီး ၂၀မီတာခန့်ကျယ်၀န်းကာ ရေထဲမှ ထွက်ပေါ်နေသည့် ထိုသင်္ဘော၏ အစိတ်ပိုင်းသည် ၁၀မီတာခန့်ပင်မြင့်မားနေ၏။ မြစ်ပေါ်တွင်ရှိနေသည့် အဆောက်ဦးကြီးတစ်ခုလိုပင်။ ရေစီးသန်သော မြစ်ပေါ်တွင် တည်တည်ငြိမ်ငြိမ်ဖြင့် ပေါ်နေလျှက်ရှိ၏။
ဤသင်္ဘောကြီးသည် အေဇာရုတိုက်ပေါ်တွင် တွေ့နေကျစစ်သင်္ဘောများနှင့် တူညီခြင်းမရှိပေ။ ရွက်တိုင်များ၊ ရွက်များပါရှိခြင်းမရှိပဲ အလှဆင်ယင်ခြင်းများ၊ ထွင်းစာများလည်းပါရှိခြင်းမရှိပေ။
ချိုတစ်ဖက်ပါမြင်းတစ်ကောင်ကဲ့သို့ ထုလုပ်ထားသည့် သင်္ဘော၏ ဦးပိုင်းမှလွဲ၍ သင်္ဘောပေါ်တွင် ရှေ့သို့ ချွန်ထွက်နေသည့်အရာများပါရှိခြင်းမရှိပေ။ သင်္ဘော၏ မျက်နှာပြင်သည် ချောမွေ့နေလျှက်ရှိပြီး ပင်လယ်ထဲတွင် အနားယူနေသည့် ၀ေလငါးကြီးတစ်ကောင်လိုပင်။
မသိသည့်လူများအတွက် ဤသင်္ဘော၏ ပုံစံသည် ထူးဆန်းပြီး ခရီးရှည်ရှည်ဆက်နိုင်သည့်ပုံမပေါ်ပေ။ အတွေ့ကြုံမရှိသည့် ရေကြောင်းဗိသုကာပညာရှင်တစ်ယောက်ဆောက်လုပ်ထားသည့်အတိုင်းပင်။
သို့သော် ထိုသင်္ဘောကြီးမည်မျှစွမ်းဆောင်နိုင်သည်ကို ဖှေးကောင်းမွန်စွာသိရှိ၏။
နတ်ဘုရားများနှင့် နတ်ဆိုးများစစ်ပွဲဖြစ်ပွားခဲ့စဥ်ကအသုံးပြုခဲ့သည့် နတ်ဆိုးစစ်သင်္ဘောကြီးတစ်ခု၏ ပုံစံကို မှီငြမ်းထားခြင်းပင်။ ထိုသင်္ဘော၏ ပုံစံဘလူးပရင့်ကို နတ်ဆိုးဘုရင်၏ အသိပညာများစာအုပ်ထဲမှ တွေ့ခဲ့ခြင်းပင်။
ဤဇူလီမြစ်ထဲတွင်ရှိနေသည့် သင်္ဘောကြီးသည် ထိုရှေးခေတ်က သင်္ဘောကြီးကို ပြန်လည်ကာ ဆောက်လုပ်ထားခြင်းဖြစ်သည်ဟုဆိုနိုင်၏။ ရှေးခေတ်မှော်နည်းပညာများဖြစ်သည့် ခေါင်းဆောင်းများပါရှိသည်။ လေဖြင့် ရွက်လွှင့်ရမည့်အစား သန်စင်သောမှော်စွမ်းအင်ကိုသာအသုံးပြု၍ ရွေ့လျားသွားလာ၏။ ရူးလောက်ဖွယ်မြင့်မားသည့် တိုက်ခိုက်နိုင်စွမ်းရှိပြီး ရေအောက်သို့လည်း ငုပ်လျိုးနိုင်ကာ ရေငုပ်သင်္ဘောတစ်စီးအဖြစ်လည်းအသုံးပြုနိုင်၏။
ဒဏာရီလာနတ်ဘုရားများ၏ ခေတ်တွင် ဤကဲ့သို့သော သင်္ဘောများကို အိပ်ပျော်နေသည့် ၀ေလငါးစစ်သင်္ဘောများဟုသိကြပြီး တိုက်ပေါ်မှ ရေလမ်းကြောင်းများကို ထိန်းချုပ်ခဲ့ကြ၏။ ထိုစဥ့် ဤသင်္ဘောများသည် ထိပ်တန်းစစ်သင်္ဘောဆယ်စီးအဆင့်သို့ မရောက်ရှိခဲ့သော်လည်း သူ့နေရာနှင့်သူ ဗျူဟာကျအသုံးပြုပါက အလွန်ကြောက်မက်ဖွယ်ကောင်းသည့် သင်္ဘောများပင်။
[Adminလည်းအခုမှ နေမကောင်းပျောက်... ဖတ်ရတာ ပြတ်တောင်းပြတ်တောင်းဖြစ်နေလို့ တောင်းပန်ပါတယ်ဗျ။ ကျွန်တော်ဒီGpကို အပိုင်းပိုတွေအများကြီး တိုးပေးသွားဖို့ရှိပါတယ်။ ဒီနေ့က တစ်ပိုင်းခွဲပဲပြီးလိုက်လို့ Part A ဆိုပြီးတင်လိုက်တာပါ။ စိတ်မပျက်ပဲ ဆက်လက်ပြီးအားပေးကြပါဦးနော်..]
ကိန်းနှင့်အာကာရာတို့သည် ဤကဲ့သို့သော စစ်သင်္ဘောမျိုးကို နှစ်၀က်အတွင်းတွင် အပြီးဆောက်လုပ်နိုင်လိမ့်မည်ဟု ဖှေးထင်မထားခဲ့ပေ။
ဤစစ်သင်္ဘောသည် ဇူလီမြစ်အား ကာကွယ်နေသည့်အတွဥ် ကျောက်တံတားအား လိုအပ်ခြင်းမရှိတော့ပေ။ သင်္ဘောအား အသုံးပြု၍ ချမ်းဘော့ဒ်နှင့်ပြင်ပလောကသို့ လူများ၊ ကုန်ပစ္စည်းများကိုသယ်ဆောင်နိုင်ပြီဖြစ်သည်။
ဖှေးတို့တပ်ဖွဲ့သည် မြို့နှင့်ပို၍ပို၍ နီးကပ်လာကြ၏။
မကြာမှီတွင် စစ်သည်များအားလုံးသည် မြို့တော်၏ ခံတပ်နံရံကြီးကို မြင်လိုက်ရ၏။
နေရောင်အောက်တွင် မြို့တော်ကြီးသိသိသာသာပြောင်းလဲသွားသည်ကို မြင်လိုက်ရသည့်အတွက်ကြောင့် ဥပဒေပြုစစ်သည်များနှင့် သူတော်စင်စစ်သည်များ တုန်လှုပ်သွားရ၏။ သူတို့မှတ်မိသည့်ပုံစံအတိုင်းမဟုတ်တော့ပေ။
ပထမဆုံးအနေဖြင့် အမဲရောင်ခံတပ်နံရံကြီး၏ ပုံသဏာန်သည်ပြောင်းလဲခြင်းမရှိပေ။ မျက်နှာပြင်သည် သန့်ရှင်းနေ၏။ နှစ်ပေါင်းများစွာ ရာသီဥတုဒဏ်ကိုခံခဲ့ရသည့်အတွက်ကြောင့် ခံတပ်နံရံ၏ မျက်နှာပြင်သည် ယခင်က ဖုန်မှု့န်များ၊ ရေညှိများဖြင့် ဖုံးလွှမ်းနေခဲ့သော်လည်း ယခုအချိန်တွင် ချောမွေ့သန့်ရှင်းကာ နေရောင်အောက်တွင် တောက်ပနေ၏။ တစ်စုံတစ်ယောက်သည် အပေါ်ပိုင်းမှ ငွေကွပ်ထားသလိုပင်ဖြစ်ပြီး အသစ်ဆက်ဆက်ပုံပေါက်နေ၏။
ထို့နောက်တွင် မြို့တော်၏ ဂိတ်တံခါးမရှိတော့သည်ကို စစ်သည်များသတိထားလိုက်မိသည်။
မြို့တော်သည် ယခုအချိန်တွင် အ၀င်ဂိတ်တံခါးမရှိတော့ပဲဖြစ်နေ၏။
“ဟမ် ဂိတ်တံခါးလဲမရှိဘူး။ လူတိုင်းက ကြိုးတွေကိုပဲသုံးပြီးတော့ မြို့တော်ထဲကိုအ၀င်ထွက်လုပ်ရတော့မှာလား...” စစ်သည်များနှင့် သိုင်းဆရာများ အံ့သြသွားကြ၏။ သူတို့သည် ဘုရင်နှင့် လူသန်ကြီး ၂၃ယောက်တို့ ကြိုးများနှင့် ခံတပ်နံရံပေါ်မှ တွယ်ဆင်းကာ အမဲရောင်ချပ်၀တ်နှင့် ရန်သူများထံသို့ ချီတပ်သွားသည့်မြင်ကွင်းကိုပင် ပြန်လည်ကာ စဥ်းစားလိုက်မိကြသည်။
မြို့တော်နှင့်နီးကပ်လာလေလေအပြောင်းလဲများကို ပို၍သတိထားမိလေလေဖြစ်၏။
ရုတ်တရက်ပင် ကျယ်လောင်သည့် အော်ဟစ်သံများနှင့် လက်ခုပ်သံများကို မြစ်တစ်ဖက်ကမ်းမှကြားလိုက်ရ၏။ ပျော်ရွှင်စွာ အော်ဟစ်အားပေးနေကြသည့်အသံများသည် ကျယ်လောင်လွန်းလှသဖြင့် ဇူလီမြစ်ရေစီးသံကိုပင် ဖုံးလွှမ်းသွား၏။
ခံတပ်နံရံ၏အပြင်ဘက်တွင် ပျော်ရွှင်စွာဖြင့် စောင့်ကြိုနေကြသည့်လူအုပ်ကြီးရှိနေ၏။ သူတို့သည် နောက်ခံမတူ၊ ရာထူးအဆင့်တန်းမတူညီကြသည့်လူများဖြစ်သော်လည်း သူတို့အားလုံးသည် ချမ်းဘော့ဒ်သားများဖြစ်သည့်အတွက် သူတို့ဘုရင်ပြန်ရောက်လာသည်ကို ကြိုဆိုရန်အတွက် ရောက်ရှိလာကြခြင်းပင်။
မိုးကုတ်စက်၀ိုင်းအောက်တွင် ဘလတ်ကီ၏ တောင်ကြီးကဲ့သို့သော ခန္ဓာကိုယ်အားမြင်လိုက်ရသည့်အချိန်တွင် ချမ်းဘော့ဒ်မြို့သူမြို့သားများသည် စိတ်ထိန်းနိုင်ခြင်းမရှိတော့ပဲ ပျော်ရွှင်စွာအော်ဟစ်ကြတော့သည်။ တစ်ချို့ဆိုလျှင် အသံ၀င်သွားကြသော်လည်း ဂရုစိုက်ခြင်းမရှိပဲ ဆက်လက်၍ ဆူညံသံများကို ပြုလုပ်ကာအော်ဟစ်အားပေးနေကြ၏။
ရေငွေ့များကို ဖြတ်ကျော်၍ မြို့သူမြို့သားများသည် ရင်းနှီးပြီးဖြစ်သည့် လူများကို မြင်လိုက်ရ၏။
“မေမေ ဘာလို့ ငိုနေတာလဲ...” သုံးနှစ်အရွယ်ခန့်ရှိသည့် ကလေးလေးတစ်ယောက်သည် သူ၏အမေအား မော့ကြည့်ကာမေးလိုက်သည်။ “အော် သားသိပြီ အဖေပြန်လာလို့မလား...”
“ဟုတ်တယ် င့ါသား။ အဲ့မာကြည့်လိုက်မင်းအဖေလေ...မင်းအဖေက ချမ်းဘော့ဒ်တိုင်းပြည်ရဲ့ သူရဲကောင်းတွေထဲကတစ်ယောက်ပဲ။ သူက ဘုရင်နဲ့အတူလိုက်ပါတိုက်ခိုက်ပြီးတော့ ချမ်းဘော့ဒ်တိုင်းပြည်နဲ့ ငါတို့ မိသားစုရဲ့ ဂုဏ်သရေကို ယူဆောင်လာပေးခဲ့တာပဲ...” အမျိုးသမီးသည် မြစ်ကမ်း၏တစ်ဖက်တွင်ရှိနေသည့် တပ်ဖွဲ့အားညွှန်ပြလိုက်ပြီး ကောင်လေး၏ ပါးကို နမ်းကာ ဂုဏ်ယူ၀င့်ကြွားစွာဖြင့် ပြောလိုက်သည်။ သူမ၏ မျက်နှာပေါ်တွင် ၀မ်းသာမှုကြောင့် ကျသည့်မျက်ရည်များဖြင့်ပြည့်နှက်နေ၏။
“ကျွန်တော်မှတ်ထားပါ့မယ် မေမေ ဘုရင်အလတ်ဇန္ဒားဆိုတာကရော ဘယ်သူလဲ။ သူကရော အဖေ့လို သူရဲကောင်းတစ်ယောက်ပဲလား...”
“ဟုတ်တယ် သားလေး။ အရှင်မင်းကြီး အလတ်ဇန္ဒားက ကမ္ဘာပေါ်မှ အကြီးမြတ်ဆုံးဘုရင်တစ်ပါးပဲ။ သူက ဘုရင်အစစ်မှန်တစ်ပါးပဲ။ မင်းအသက်ကြီးလာရင် လက်နက်ကိုင်ပြီးတော့ အရှင်မင်းကြီးစီမှာ အဖေ့လိုပဲ အမှုထမ်းရမယ်။ အဲ့လိုလုပ်ရဖို့က ချမ်းဘော့ဒ်တိုင်းပြည်မှာ ရှိတဲ့ကလေးတိုင်းအတွက် ဂုဏ်ယူစရာအိမ်မက်တစ်ခုပဲ...”
......
[ဘုရင်အလတ်ဇန္ဒား]ဟုအမည်ပေးထားသည့် စစ်သင်္ဘောထဲမှ ထွက်လာပြီးသည့်အချိန်တွင် ဖှေးသည် မြစ်တစ်ဖက်ကမ်းမှ ကျယ်လောင်စွာအော်ဟစ်အားပေးနေသည့် အသံများကိုကြားလိုက်ရသည်။
စစ်သည်များနှင့် သိုင်းဆရာများသည်လည်း သူတို့၏ စိတ်လှုပ်ရှားမှုမျာကို ထိန်းချုပ်နိုင်ခြင်းမရှိတော့ပေ။ သူတို့အားလုံး သင်္ဘောကုန်းဘက်ပေါ်သို့ ပြေးသွားလိုက်ပြီး မြစ်တစ်ဖက်ကမ်းတွင်ရှိနေသည့်လူများကို သူတို့၏ လက်နက်များကို ၀ှေ့ရမ်းနှုတ်ဆက်ရင်းဖြင့် သူတို့၏ မိသားစု၀င်များကိုရှာဖွေနေကြ၏။
ဤကဲ့သို့သော အခြေအနေတွင် ယောက်ျားရင့်မာကြီးတစ်ယောက်ပင် ငိုမိမည်ဖြစ်သည်။
အိမ်မှထွက်လာခဲ့သည့်အချိန်တွင် သူတို့ထဲမှအများစုသည် အဆင့်၆အဖွဲ့၀င်တိုင်းပြည်ငယ်လေးတစ်ခုမှ လယ်သမားများသာဖြစ်ကြ၏။ သူတို့သည် တိုက်ပွဲအတွေ့ကြုံလဲမရှိကြသေးသည့်အတွက် တစ်ခြားစစ်သည်များ၏ အထင်သေးခြင်းကိုလည်းခံခဲ့ကြရသည်။ ထိုစဥ်က သူတို့သည် ချမ်းဘော့ဒ်တိုင်းပြည်၏ အနာဂတ်အတွက်လည်းမျှော်လင့်သလို မထင်မှတ်ထားသည့်အရာများအတွက်လည်း ကြောက်လန့်နေခဲ့မိသည်။ ရှည်လျားသည့်ညများတွင် သူတို့သည် ချမ်းဘော့ဒ်တိုင်းပြည်အား ဘုရားသခင်စောင့်ရှောက်ရန်ကိုသာ ဆုတောင်းနေခဲ့မိကြသည်။ သူတို့သေသည်ဆိုစေကာမူ ချမ်းဘော့ဒ်တိုင်းပြည်ရှေ့တွင်သာသေလိုကြ၏။
ယခုအချိန်တွင် သူတို့သည် အဆင့်၁အဖွဲ့၀င်တိုင်းပြည်တစ်ခု၏ သူရဲကောင်းများနှင့် စစ်သည်များဖြစ်ကြပြီး တိုက်ပွဲများစွာကို ဖြတ်သန်းလာခဲ့ဖူး၏။ ထို့ကြောင့် သူတို့သွားသည့်နေရာတိုင်းတွင် အော်ဟစ်အားပေးမှုများ၊ လက်ခုပ်သံများ ပန်းပွင့်များနှင့် ပြည့်နှက်နေတော့၏။
ထို့ကြောင့် ဤစစ်သည်များသည် သူတို့၏ အောင်မြင်မှုများကို သူတို့မိသားစုများနှင့် ၀ေမျှရန်အတွက် စောင့်နိုင်ခြင်းမရှိကြတော့ပေ။ သူတို့သည် ချမ်းဘော့ဒ်တိုင်းပြည် တိုးတတ်လာရေးတွင် ပါ၀င်ခဲ့ကြသူများဖြစ်သည့်အတွက်ပင်။
ဘုရင်အလတ်ဇန္ဒားဟု အမည်ပေးထားသည့်စစ်သင်္ဘောသည် မှော်စွမ်းအင်ဖြင့် သွားလာခြင်းဖြစ်သည့်အတွက်ကြောင့်နှေးကွေးခြင်းမရှိလှပေ။ တစ်ဖက်ကမ်းမှ တစ်ဖက်ကမ်းသို့ ငါးမိနစ်အတွင်းမှာပင် အရောက်သွားနိုင်၏။
သင်္ဘောတက်ဖက်ကမ်းသို့ ရောက်သွားသည့်အချိန်တွင် ကုန်းဘက်ပေါ်မှ သစ်သားဘုတ်ပြားများထွက်လာပြီး ကုန်းအော်သို့ ကပ်ရလွယ်အောင် အလိုလျှောက်ပြုမူလိုက်၏။
ဤအခိုက်တန့်တွင် စောင့်ကြိုနေကြသည့်မြို့သူမြို့သားများလည်းပြေးလာပြီး သင်္ဘောပေါ်တွင်ရှိနေသည့် ချမ်းဘော့ဒ်တိုင်းပြည်မှစစ်သည်များသည်လည်း အောက်သို့ ခုန်ဆင်းကာပြေးသွားကြတော့သည်။ လူအုပ်စုနှစ်ခုသည် နောက်ဆုံးတွင် တွေ့ဆုံသွား၏။
“အိုး ဘုရားရေ ရှင်ပြန်လာတာပဲ။ ရှင်အသက်ရှင်ရက်ပြန်လာတာပဲ။ ဘုရားမတာပဲ။ ကျွန်မအိမ်မက်မက်နေတာမဟုတ်ဘူးမလား...”
“သားလေး..အဖေလို့ ခေါ်လိုက်လေ။ သူကမင်းရဲ့အဖေပဲ မင်းစကားမပြောတတ်သေးခင်တုန်းက ထွက်သွားခဲ့တာ....”
“၀ါး အဖေပြန်ရောက်လာပြီ...”
“ဟားဟားဟား ကောက်လေး မင်းက အရပ်ပိုရှည်လာပြီး ကြံ့ခိုင်လာတာပဲ။ ဘုရင်အလတ်ဇန္ဒားနောက်ကို လိုက်ရတာအဆင်ပြေခဲ့ရဲ့လား။ မင်းင့ါကိုတော့ အရှက်မခွဲခဲ့ဘူးမလား။ မင်းတိုက်ပွဲမှာ အချောင်ခိုနေခဲ့တယ်လို့ မင်းရဲ့ ရဲဘော်တွေစီက ပြန်ကြားရလို့ကတော့ သေပြီသာမှတ်...”
“အမ မစိုးရိမ်ပါနဲ့ ဒီဒဏ်ရာက ပျောက်သွားတာ ကြာပါပြီ။ ဟီးဟီး ကျွန်တော်ရဲရင့်ခဲ့တယ်ဆိုတဲ့ သက်သေပေါ့။ ဘုရင်အလတ်ဇန္ဒားကိုယ်တိုင် ကျွန်တော့ကို ချီးကျူးခဲ့တာလေ။ ဒီမှာတွေ့လား။ ဒါက အရှင်မင်းကြီး ကျွန်တော့ကိုချီးမြှင့်ထားတဲ့ ရဲရင့်ခြင်းအထိန်းမှတ်ဆုတံတိပ်ပဲ။ ကျွန်တော်က ဒီဆုရထားတဲ့လူနည်းစုထဲက တစ်ယောက်ပဲ ဟီးဟီး။ ရဲဘော်တော်တော်များများတောင် ကျွန်တော့ကို အားကျနေကြတာလေ...”
ပွေ့ဖက်ခြင်းများ၊ အော်ဟစ်သံများ၊ မျက်ရည်များနှင့် အနမ်းများပင်။
မြို့တော်၏အရှေ့တွင်ရှိသည့် လွင်ပြင်သည် လူများဖြင့်ပြည့်နှက်သွားတော့၏။ လေထုသည်လည်း တောက်ပသွားကာ မီးတောင်တစ်ခုပေါက်ကွဲသလိုပင် ခံစားနေရ၏။