← Chapters

အခန်း (၆၈၂)

Vol. 44 Ch. 682

အခန်း (၆၈၂)

Vol. 44 Ch. 682

ဖှေးသည် သင်္ဘောကုန်းဘက်ပေါ်တွင်ရပ်နေရင်းဖြင့် စိတ်ခံစားချက်ပြင်းထန်နေသည့်လူအုပ်ကြီးကို လမ်းဖယ်ပေးလိုက်၏။ ဥပဒေပြုစစ်သည်အနည်းငယ်၏ ကာကွယ်မှုအောက်တွင် သူသည် ယောက္ခမလောင်းဘတ်စ်ထံသို့ လမ်းလျှောက်သွားလိုက်သည်။ ဘတ်စ်သည်လည်း သူ့ထံသို့ လမ်းလျှောက်လာနေ၏။

“အရှင်က ကျွန်တော်တို့ထင်ထားတာထက် စောပြီးတော့ ရောက်လာခဲ့တာပဲ...” ဘတ်စ်သည် သူ၏ဆံပင်နှင့် အင်္ကျီများကို သပ်လိုက်ပြီး ပြုံးကာ ဖှေး၏ပဖုံးကို ပုတ်လိုက်၏။ သူ၏ သမက်လောင်းအား အလွန်ပင် စိတ်ကျေနပ်နေသည့်ပုံပင်။

နှစ်၀က်ခန့်သာ ကြာသေးသော်လည်း ဘတ်စ်သည် များစွာအိုမင်းသွားခဲ့သည့်ပုံပင်။ သူ၏ ဆံပင်များသည်ပို၍ပင်ဖြူလာ၏။ ခန္ဓာကိုယ်သည်လည်း များစွာပိန်ကျလာခဲ့သည်။ သူသည် စိတ်အားထက်သန်နေသည့်ပုံပေါ်သော်လည်း အနည်းငယ်ပင်ပန်းနေပုံလဲရ၏။

ဖှေးအနည်းငယ် အပြစ်မကင်းသလိုခံစားလိုက်ရသည်။

ဖှေးချမ်းဘော့ဒ်တပ်ဖွဲ့အား ဦးဆောင်ကာ ရန်သူများကို ရင်ဆိုင်တိုက်ခိုက်နေခဲ့စဥ်က အုပ်ချုပ်ရေးနှင့် စီမံရေးကိစ္စမျးကို ဘတ်စ်ထံသို့ သာလွှဲထားခဲ့သည်။ ချမ်းဘော့ဒ်တိုင်းပြည်သည် အစပိုင်းတွင် အနည်းငယ် ပရမ်းပတာဆန်နေခဲ့သည့်အတွက် ပြုပြင်ရန်လိုအပ်နေသည့်နေရာများစွာလည်းရှိနေခဲ့သည်။ ထို့အပြင် ပြန်လည်ပြုပြင်တည်ဆောက်ခြင်း လုပ်ငန်းစဥ်လည်းရှိနေခဲ့သည်။ ထို့ကြောင့် လုပ်စရာအလုပ်များစွာရှိနေခဲ့ရာ ဘတ်စ်နှင့် ဘရွတ်တို့သည် အလွန်ပင်ပန်းစွာဆောင်ရွက်ခဲ့ရသည်ဟုဆိုနိုင်၏။

“အဖေ...”

အံ့သြသည့် အော်ဟစ်သံတစ်ခုထွက်ပေါ်လာပြီး အန်ဂျယ်လာသည် ဖှေးအားကျော်လွန်ကာ သူမ၏ အဖေကိုပွေ့ဖက်လိုက်သည်။ သူမတစ်သက်လုံးတွင် သူမ၏ အဖေနှင့် ဤမျှကြာကြာ ခွဲခွာခဲ့ဖူးခြင်းမရှိပေ။ ထို့ကြောင့်များစွာ လွမ်းနေခဲ့မိ၏။

“အလုပ်ကြိုးစားပေးတဲ့အတွက် ကျေးဇူးပါပဲ ခေါင်းဆောင်ဘရွတ်...”

ဖှေးသည် သူ့အား အချိန်ကြာမြင့်စွာအမှုထမ်းလာပေးခဲ့သည့် ဘရွတ်အား ကြည့်လိုက်ရင်းဖြင့် ပြောလိုက်သည်။

ယခင်က တောင့်တောင့်တင်းတင်းနှင့် ဘရွတ်သည်လည်း ယခုအချိန်တွင် ပိန်ကျနေကာ သူသည်လည်း ပင်ပန်းနေသည့်ပုံပင်။ သူ၏ မျက်လုံးအောက်တွင်ရှိနေသည့် အညိုမဲများသည်လည်း ကြီးမားလှပြီး သူသည် အချိန်ကြာမြင့်စွာကောင်းကောင်းအိပ်စက်ရခြင်းမရှိခဲ့သေးသည့်ပုံပင်။

သူသည် တိုင်းပြည်၏ ကိစ္စများကို စီမံကွပ်ကဲနေခဲ့ရသည့်အတွက်ကြောင့် သူ၏ ကျင့်ကြံခြင်းမှာ များစွာအဆင့်တက်လာခဲ့ခြင်းမရှိပေ။ သူ၏ ခန္ဓာကိုယ်အား ဟော့ခ်ဆေးပုလင်းဖြင့် ပြောင်းလဲပြုပြင်ထားပြီး ဖှေးသည်လည်း သူ့အတွက် ကျင့်ကြံခြင်းလမ်းစဥ်တစ်ခုဖန်တီးပေးထားခဲ့သော်လည်း သူသည် လက်ရှိအချိန်တွင် ကြယ်ငါးလုံးအဆင့်သို့ပင်မရောက်သေးပင်။ အဆင့်မြင့် ကြယ်လေးလုံးအဆင့်သာရှိနေသေး၏။

တစ်ချိန်တည်းတွင် ဘုရင့်ထံသို့ အမှုထမ်းခဲ့သည့် သူ၏အပေါင်းဖော်များနှင့် နှိုင်းယှဥ်ကြည့်ပါက သူသည် အားအနည်းဆုံးဖြစ်နေ၏။

ယခင်က စွမ်းအားမရှိကာ အားနည်းသည့်လူငယ်တစ်ယောက်ဖြစ်သည့် တိုးရိစ်ပင် ယခုအချိန်တွင် ကြယ်ရှစ်လုံးအလယ်လတ်အဆင့်သိုင်းဆရာတစ်ယောက်ဖြစ်နေပြီဖြစ်ပြီး ရူးလောက်ဖွယ်လေးစွမ်းရည်ကိုလည်း ပိုင်ဆိုင်ထား၏။

သို့သော် ဤကဲ့သို့ဖြစ်သော်လည်း ဘရွတ်သည် ဖှေးတွင်ရှိသည့် အစားထိုး၍မရနိုင်သော လူယုံများထဲမှတစ်ယောက်ပင်။

ထို့အပြင် ဘရွတ်အပေါ်တွင်လည်း ဖှေးအပြစ်မကင်းသလိုခံစားလိုက်မိသည်။

ဘရွတ်၏ အရည်ချင်းသည် တိုးရိစ်၊ ဒရော့ဂ်ဘာတို့ကဲ့သို့သောလူများထက်များစွာပို၍မြင့်မားကြောင်းကို ဖှေးသိ၏။ အကယ်၍ ဘရွတ်သည်သာ အုပ်ချုပ်ရေး၊ စီမံကွပ်ကဲရေးကိစ္စများနှင့် အလုပ်များမနေခဲ့ပါက သူသည် ယခုအချိန်တွင့် လအဆင့်သို့ ပင်ရောက်ရှိနေလောက်ပြီဖြစ်၏။

“အရှင်မင်းကြီးနဲ့ တိုင်းပြည်ကို အမှုထမ်းရတာ ကျွန်တော့အတွက် ဂုဏ်ယူစရာပါ...” ဘရွတ်သည် ဘုရင်အား ပြန်လည်တွေ့မြင်ရသည်ကို စိတ်လှုပ်ရှားနေသည့်အတွက် သူ၏ အသံပင်အနည်းငယ်တုန်ခါနေ၏။ လက်ရှိတွင် သူသည် ဖှေးနှင့်အတူ အမဲရောင်ချပ်၀တ်နှင့် ရန်သူများအား တိုက်ခိုက်ခဲ့စဥ်က ၀တ်ဆင်ခဲ့သည့် ချပ်၀တ်ကိုပင် ၀တ်ဆင်ထား၏။

ဘရွတ်ဒူးတစ်ဖက်ထောက်ရန်ပြင်လိုက်သည့်အချိန်တွင် ဖှေးလျှင်မြန်စွာတားလိုက်၏။

ဘုရင်သည် ဘာမှမပြောပဲ ဘရွတ်၏ ပခုံးကိုသာ ပုတ်လိုက်၏။

ဤအချိန်တွင် စိတ်လှုပ်ရှားနေကြသည့် ချမ်းဘော့ဒ်မြို့သူမြို့သားများသည် သူတို့၏ ဘုရင်ကို သတိထားမိသွားကြတော့သည်။

မြို့သူမြိုသားများသည် ဒူးထောက်လိုက်ကြပြီး သူတို့၏ ဘုရင်ကို အရိုသေပေးလိုက်ကြသည်။

“ဘုရင်မင်းကြီးအသက်ရှည်ပါစေ...”

“ဘုရင်အလတ်ဇန္ဒား ကျန်းမာပါစေ...”

မြို့သူမြို့သားများ၏ ကျယ်လောင်စွာအော်ဟစ်အားပေးနေသည့် အသံများသည် ဆူနာမီရေလှိုင်းကြီးတစ်ခုထက်ပင် ပို၍ ကျယ်လောင်နေတော့ပဲီး ဖှေးသည်လည်း တစ်ခါမှမကြုံဖူးသေးသည့် ပီတိတစ်မျိုးကိုခံစားနေရ၏။ ဤကဲ့သို့သောအောင်မြင်မှုများအားလုံးကို သူကိုယ်တိုင်ရယူခဲ့ခြင်းဖြစ်သည်။ ဉာဏ်ရည်မမှီသည့် ဘုရင်တစ်ယောက်အဖြစ်မှ လူများ၏ လေးစားကိုးကွယ်ခြင်းကိုခံရသည့် ကြီးမြတ်သော အုပ်ချုပ်သူတစ်ယောက်ဖြစ်လာရန်မှာ လွယ်ကူသည့် ကိစ္စတစ်ခုမဟုတ်ပေ။ ဖှေးကိုယ်တိုင် ကြိုးစားရယူခဲ့ရခြင်းပင်။

အမှောင်နှင့်အလင်းကို ကိုယ်စားပြုကြသည့် ဟေဇယ်-ဘန့်ခ်နှင့် ဂျက်စီတို့သည် ဖှေး၏အနောက်တွင် တိတ်ဆိတ်စွာဖြင့် ရပ်နေလျှက်ရှိကြသည်။

အောက်လမ်းမှော်ဆရာသည် သူ၏ နေအဆင့်စွမ်းအင်များကို တည်ငြိမ်အောင်ထိန်းချုပ်ထားနိုင်ပြီဖြစ်သည့်အတွက်ကြောင့် သူ၏ အရှိန်၀ါကို ကောင်းမွန်စွာပင်ကွယ်၀ှက်ထားနိုင်ပြီဖြစ်သည်။ သူသည် နတ်ဘုရားလှည့်စားခြင်းတံဆိပ်များကို အသုံးပြုထားခြင်းမရှိသော်လည်း သူ၏ ဘေးတွင်ရှိနေသည့် ဂျက်စီပင် ဟေဇယ်-ဘန်ခ့် အောက်လမ်းမှော်ဆရာတစ်ယောက်ဖြစ်သည်ကို ရိပ်မိခြင်းမရှိပေ။ အကယ်၍ ဤမှော်ဆရာသည် တိုက်ပွဲ၀င်နေခြင်းမဟုတ်ပါက သူသည်အောက်လမ်းဆရာတစ်ယောက်ဖြစ်သည်ကို မည်သူမှ ပြောနိုင်လိမ့်မည်မဟုတ်ပေ။

ဂျက်စီသည် မကြာသေးမှီအချိန်က တိုက်ပွဲတစ်ခုတွင် ဒဏ်ရာပြင်းထန်စွာရရှိခဲ့သော်လည်း မြင့်မြတ်သောစွမ်းအင်၏ ထူးခြားသည့်အစွမ်းတစ်ခုမှာ လူများကို ကုသပေးနိုင်ခြင်းပင်ဖြစ်သည်။ ဂျက်စီသည်လည်း ထူးချွန်သည့် သူတော်စင်တစ်ယောက်ဖြစ်သည့်အတွက် သူသည် ရက်အနည်းငယ်အတွင်းတွင် ဒဏ်ရာများပျောက်ကင်းကာ အကောင်းပတိဖြစ်လာခဲ့သည်။

အောက်လမ်းဆရာသည် နှစ်ရာပေါင်းများစွာအသက်ရှင်နေလာခဲ့ပြီး အဖြစ်ပျက်များစွာကို မြင်တွေ့ဖူးပြီး၊ ဂျက်စီသည်လည်း သူတော်စင်တစ်ယောက်ဖြစ်သည့်အတိုင်း အတွေ့ကြုံများစွာရှိသော်လည်း သူတို့နှစ်ယောက်လုံးသည် သောင်းနှင့်ချီသော လူအုပ်ကြီးထံမှ ပျော်ရွှင်စွာအော်ဟစ်အားပေးနေသည့်အသံများကို ကြားလိုက်ရသည့်အချိန်တွင် ထူးခြားသည့်ခံစားချက်တစ်ခုကို ခံစားနေရ၏။

ဤနှစ်ယောက်လုံးသည် ထူးခြားသည့်လူများဖြစ်သည့်အတွက် လူများ၏ စိတ်ကို ထိုးဖောက်မြင်နိုင်၏။ သူတိူ့သည် ဤလူများ၏ မျက်လုံးများထဲတွင်ရူးသွပ်သည့် စိတ်အားထက်သန်မှုများကို မြင်နေရပြီး ထိုအရာသည် သန်မာသည့် စွမ်းအားတစ်ခုဖြစ်သည်ကိုလည်း ပြောနိုင်ကြ၏။ ဤမြို့သူမြို့သားများသည် သူတို့၏ ဘုရင် အားကူညီရန်အတွက် မည်ကဲ့သို့သော အရာမျိုးကိုပင် လုပ်ဆောင်နိုင်ကြသည်ကို ဖော်ပြနေ၏။

မတူညီသည့် သိုင်းဆရာနှစ်ယောက်သည် ချမ်းဘော့ဒ်တိုင်းပြည်နှင့်ပတ်သက်၍ တူညီသောအမြင်တစ်ခုကိုရရှိလိုက်ကြ၏။

......

မိနစ်လေးဆယ်ခန့်ကြာသည့်အချိန်တွင် အောင်ပွဲခံနေခြင်းများရပ်တန့်သွား၏။

ဘတ်စ်နှင့် တစ်ခြားလူများချမှတ်ထားသည့်အစီစဥ်အရ ညနေပိုင်းတွင် ပွဲတော်ကြီးတစ်ခုကျင်းပ၍ ဘုရင်နှင့် တပ်ဖွဲ့အား တရား၀င်ကြိုဆိုမည်ဖြစ်သည်။

All Chapters