အခန်း (၆၈၃)
Vol. 44 Ch. 683
လူတိုင်းခံတပ်နံရံ၏ အောက်ခြေသို့ ရောက်သွားသည့်အချိန်တွင် ဂီယာစက်သွားသံများထွက်ပေါ်လာတော့သည်။ ထို့နောက် လူတိုင်း၏ အရှေ့တွင် ပေါ်တယ်တစ်ခုကဲ့သို့သော ဂိတ်တံခါးကြီးတစ်ခုပေါ်လာ၏။ ထို့နောက်တွင် လူများသည် ထိုပေါ်တယ်အတွင်းသို ၀င်ရောက်သွားပြီးချက်ချင်းပင် မြို့တော်အတွင်းသို့ တယ်လီပေါ့တ်ကာ ရောက်ရှိသွားကြတော့၏။
ယခုအချိန်မှ ပြန်ရောက်လာကြသည့် စစ်သည်များနှင့် သိုင်းဆရာများသည် အံ့သြသွားကြပြီး မြို့တော်တွင်အ၀င်ဂိတ်တံခါးမရှိရခြ်ငး၏ အကြောင်းရင်းကို နားလည်သွားကြတော့၏။
ဤယန္တယားသည် နတ်ဆိုးဘုရင်၏ အသိပညာစာအုပ်ထဲတွင်ပါ၀င်သည့် ခရီးတိုတယ်လီပေါ့တ်ပြုလုပ်ခြင်းမှော်အစီရင်အားအသုံးပြုထားခြင်းပင်။ နတ်ဘုရားများနှင့် နတ်ဆိုးများကြီးစိုးခဲ့သည့် ခေတ်တွင် ဤကဲ့သို့သော မှော်အစီရင်များကို နေရာတိုင်းလိုလိုတွင် အသုံးပြုခဲ့သည်။ ရွာငယ်လေးများပင် အသုံးပြုနိုင်သည့် မှော်အစီရင်များပင်။ သို့သော် ထိုခေတ်ကုန်ဆုံးသွားသည့်အချိန်တွင် မှော်ပညာအများစုသည်လည်း ပျောက်ကွယ်သွားခဲ့၏။
အာကာရာနှင့် ကိန်းတို့သည် နတ်ဆိုးဘုရင်၏အသိပညာများစာအုပ်အား ပြန်လည်လေ့လာ၍ တယ်လီပေါ့တ်မှော်အစီရင်အား ပြန်လည်ဖန်တီးကာ ချမ်းဘော့ဒ်တိုင်းပြည်၏ ခုခံမှုအား အဆင့်မြှင့်တင်ခဲ့ခြင်းပင်။
ဘလတ်ကီ၏ ကျောပေါ်တွင်တင်ထားသည့် ကစဥ့်ကလျားခြင်းပုလ္လင်ပေါ်တွင်ရပ်နေရင်းဖြင့် ဖှေးနှင့်အန်ဂျယ်လာတို့သည် ရင်းနှီးသော်လည်း ထူးဆန်းနေသည့် လမ်းများပေါ်တွင် ဖြတ်သန်းသွားလာနေ၏။
ချမ်းဘော့ဒ်တိုင်းပြည်သည် ကြီးမားနေသည့်အတွက်ပင်။
ချမ်းဘော့ဒ်သားများသည် ဤတိုင်းပြည်ကြီးအား ဖန်တီးခဲ့ခြင်းမဟုတ်ပေ။ ဘိုးဘေးများရှာဖွေတွေ့ခဲ့သည် နတ်ဘုရားများခေတ်က မြို့တော်ဟောင်းတစ်ခုပင်ဖြစ်၏။ မြို့တော်၏ ဒီဇိုင်းအား ချမ်းဘော့ဒ်တိုင်းပြည်၏ လက်ရှိအသိပညာဗဟုသုတများအရလိုက်မှီခြင်းမရှိသေးပေ။ ပြန်လည်ပြုပြင်ပြောင်းလဲကာ တည်ဆောက်ပြုပြင်ထားသည့်အတွက်ကြောင့် မြို့တော်ကြီးသည်အသစ်အတိုင်းပင် တောက်ပနေသည်။
ချမ်းဘော့ဒ်မြို့တော်သည် သိသိသာသာပြောင်းလဲသွားသည်ကို ဖှေးပြောနိုင်၏။
မီတာ၁၀၀တိုင်းတွင် မှော်စွမ်းအင်အရှိန်၀ါများစွာတောက်ပနေသည့် လျို့၀ှက်နေရာတစ်ခုရှိနေ၏။ မြို့တော်ထဲတွင်ရှိနေသည့် မှော်စွမ်းအင်အရှိန်၀ါများသည် ပုံမှန်ထက်ပင်များစွာပို၍ ကြီးမားနေ၏။ ကြီးမားသည့်မှော်အစီရင်ကြီးမားသည် မြို့တော်၏ နေရာတိုင်းအား ကာကွယ်ပေးထားပြီးမြို့တော်ထဲတွင် မှော်အဆောက်ဦးအငယ်စား ၉ခုနှင့် မှော်မျှော်စင်ကြီး ၃၆ခုခန့်ရှိနေ၏။ မှော်စီးကြောင်းများသည် အရာရာတိုင်းကို ချိတ်ဆက်ထားပြီးချမ်းဘော့ဒ်တိုင်းပြည်အား သူ၏ ကိုယ်ပိုင်ထူးခြားသည့် မှော်စွမ်းအင်အကာကွယ်တစ်ခုကို ပေးထား၏။
ဤကဲ့သို့သော ခုခံခြင်းစနစ်အသစ်ကြောင့် မှော်စွမ်းအင်လုံလုံလောက်လောက်သာရှိနေပါက အမဲရောင်ချပ်၀တ်နှင့်ရန်သူများနှင့် ပြန်လည်တိုက်ခိုက်ရပါက ရန်သူများသည် နှစ်ငါးဆယ်ကြာအောင်ကြိုးစားစေကာမူ ချမ်းဘော့ဒ်တိုင်းပြည်အား ဖုန်မှု့န်တစ်ခုထအောင်ပင်ပြုလုပ်နိုင်တော့မည်မဟုတ်ပေ။
မှော်ပညာခုခံခြင်းစနစ်အသစ်အပြင် မြို့တော်ထဲတွင် တစ်ခြားအဆောက်ဦးအသစ်များလည်းရှိနေ၏။
မီတာ၁၀၀၀ခန့်၀ေးသည့်နေရာတိုင်းတွင် အစောင့်များတင်းကြပ်ကာ စွမ်းအားမြင့်လက်နက်များရှိနေသည့် ခံတပ်အငယ်စားလေးတစ်ခုစီရှိနေ၏။
ခံတပ်တ်ပတ်လည်တွင် နဂါးသတ်လက်နက်ဟုခေါ်သည့် ကြီးမားသည့် စစ်ဘက်ဆိုင်ရာသုံး ဒူးလေးကြီးများကို နေရာချထားသည်။ ထိုဒူးလေးကြီးများကိုလည်းလည်း နတ်ဆိုးဘုရင်၏ အသိပညာများစာအုပ်ထဲမှ အတိုင်းတီထွင်ဖန်တီးထားခြင်းပင်ဖြစ်သည်။ ဒိုင်ယာဘလိုကမ္ဘာမှ ပန်းပဲဆရာမ ချယ်စီနှင့် ချမ်းဘော့ဒ်တိုင်းပြည်မှ ပန်းပဲဆရာများအကူညီဖြင့် ပူးပေါင်းဖန်တီးထားကြခြင်းပင်။
ထိုဒူးလေးကြီးများသည် ဆယ်မီတာပတ်ပတ်လည်ခန့်နေရာသာယူပြီး တစ်နေရာမှ တစ်နေရာသို့ လွယ်ကူစွာ ရွေ့လျားနိုင်၏။ မှော်တလင်းကျောက်များအား ဒူးလေးကိုယ်တွင်ထည့်ကာ အသုံးပြုရသည့် မှော်လက်နက်များဖြစ်ပြီး စစ်သည်ငါးယောက်ခန့်ပူးပေါင်းကာ လွယ်လွယ်ကူကူ အသုံးပြုနိုင်၏။ ထိုဒူးလေးကြီးများမှ ပစ်လွှတ်လိုက်သည့် ကြီးမားသော မှော်မြှားကြီးများသည် ကြယ်ငါးလုံးအဆင့်အောက်တွင်ရှိသည့် မည်သည့်သိုင်းဆရာကိုမဆိုလွယ်ကူစွာသတ်ဖြတ်နိုင်စွမ်းရှိသည်။
တောင်နံရံများတွင် ကင်းပုန်းစောင့်ကြည့်ရေးအဆောက်ဦးများရှိနေသည်ကိုလည်း ဖှေးသတိထားလိုက်မိသည်။ ထိုအဆောက်ဦးများသည် မြို့တော်ထဲနှင့် မြို့တော်အပြင်ဘက်လွင်ပြင်အား ကောင်းမွန်စွာစောင့်ကြည့်နိုင်၏။
လမ်းဘေးနှစ်ဖက်တွင် လှပသည့် ကျောက်ရုပ်တုများလည်းရှိနေ၏။ ဤကျောက်ရုပ်တုများသည် ယခင်ကတည်းကရှိနေခဲ့ခြင်းဖြစ်ပြီး ပြန်လည်ကာ သန့်ရှင်းရေးလုပ်ထားခြင်းပင်။ ကျောက်ရုပ်များထဲတွင်ရှိနေသည့် မှော်မီးအိမ်များထံမှ ငွေရောင်အလင်းတန်းများသည် အမှောင်ထုအား ထွင်းလင်းစေနေလျှက်ရှိသည်။
ဤကဲ့သို့သော ရုပ်တုများအားချမ်းဘော့ဒ်တိုင်းပြည်၏ နေရာအနှံ့တွင်ချထားသည့်အတွက်ကြောင့် ချမ်းဘော့ဒ်မြို့တော်ကြီးတစ်ခုလုံးသည် လင်းထိန်နေ၏။
ဖှေးပတ်၀န်းကျင်သို့ လှည့်ပတ်ကြည့်လိုက်သည့်အချိန်တွင် ရေမြောင်းများ၊ အများသုံးအိမ်သာများ၊ ရေချိုးခန်းများနှင့် မှော်စွမ်းအင်အသုံးပြုသည့် မီးပွင့်စနစ်များကိုပင် သတိထားလိုက်မိ၏။
ရှေးကျသည့်အဆောက်ဦးများ၊ ရုပ်တုများသာရှိမနေပါက ချမ်းဘော့ဒ်မြို့တော်သည်အလွန်ခေတ်မီနေသည့်အတွက် ဖှေးယခင်ဘ၀သို့ပြန်လည်ရောက်ရှိသွားသည်ဟုပင်ထင်မိမည်ဖြစ်သည်။
ဖှေး၏ အမိန့်အတိုင်းပြန်လည် မွမ်းမံတည်ဆောက်လိုက်ပြီးသည့်နောက်တွင် ချမ်းဘော့ဒ်သည် တိုက်ပေါ်တွင်လိုက်လံတုပ၍ မရနိုင်သည့် လှပသောမြို့တော်တစ်ခုဖြစ်လာတော့၏။
ဘုရင်၏ နန်းတော်ထဲတွင်ရှိသည့် အစည်း၀ေးခန်းမသည်ယခင်ကနေရာဖြစ်သော်လည်း အလှဆင်ယင်ထားခြင်းများ၊ အတွင်းခန်းအပြင်ဆင်များနှင့် ဖှေးရင်းနီးခြင်းမရှိသေးပေ။
ဖှေးသည် ရိုးရိုးရှင်းရှင်းနေရသည်ကို သဘောကျသည့်လူတစ်ယောက်ပင်။ ထို့ကြောင့် သူသည် အေဇာရုတိုက်သို့ စတင်ရောက်ရှိလာခဲ့စဥ်က နန်းတော်၏ လှပခမ်းနားသောအပြင်ဆင်များကို သဘောကျခဲ့ခြင်းမရှိပေ။ ထို့ကြောင့် မြို့တော်အား ပြုပြင်ပြောင်းလဲနေသည့်အချိန်တွင် သူ၏နန်းတော်ကိုလည်း ပြောင်းလဲပစ်ခဲ့သည်။
ဤကဲ့သို့ နန်းတော်အား ပြောင်းလဲခြင်းနှင့် ပတ်သက်၍ ကောင်းမွန်သည့်အရာတစ်ခုသည် အကုန်ကျသက်သာြခင်းပင်။ ရွှေများ၊ ငွေများဖြင့် ပြုလုပ်ထားသည့် ပရိဘောဂပစ္စည်းများကို ရွေ့ပြောင်းကာ ရောင်းချလိုက်သည့်အတွက်ကြောင့် နန်းတော်သည် ပို၍ရိုးရျင်းလာ၏။ ထို့အပြင် နန်းတော်ထဲတွင် အပင်မျိုးစုံကိုလည်း စိုက်မျိုးထားသည့်အတွက်ကြောင့် ဥယျာဥ်တစ်ခုကဲ့သို့ပင်ဖြစ်နေ၏။
ဖှေးသည် သူ၏ခြင်္သေ့နှစ်ကောင်ရုပ်တုပါရှိသည့် ပုလ္လင်အဟောင်းပေါ်တွင်ထိုင်နေလျှက်ရှိပြီး ရက်ကွန်းကောင်လေးသည်လည်း သူ၏ ပခုံးပေါ်တွင်ရပ်နေရင်းဖြင့် ချမ်းဘော့ဒ်တိုင်းပြည်၏ ၀န်ကြီးများကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေလျှက်ရှိသည်။
ပုလ္လင်၏ အရှေ့တွင် ရှည်လျားသည့် ကျောက်တုံးရေကန်လေးတစ်ခုရှိနေ၏။ ကြာပင်တစ်ချို့သည် ရေကန်မျက်နှာပြင်ပေါ်တွင်ရှိနေပြီး အလှမွေးငါးများလေးများသည် ကန်ထဲတွင်ကူးနေကြ၏။
“အရှင်မင်းကြီး မြို့တော်စိန့်ပီတာစဘာ့တ် စစ်ဘက်ဆိုင်ရာဌာနက လွှတ်လိုက်တဲ့ သံတမန်က အရှင်မင်းကြီးကို စောင့်နေတာ အခုဆိုရင်လေးရက်လောက်ရှိပါပြီ။ သူက အရှင့်ကို လာတွေ့ဖို့တောင်းဆိုးထားတယ်။ ပြီးကျတော့ သူ့မှာလည်း ရယ်စရာကောင်းတဲ့ တောင်းဆိုချက်တွေအများကြီးလည်းရှိနေတယ်...” ဘရွတ်သည် ကျောက်တုံးထိုင်ခုံတစ်ခုပေါ်တွင် ထိုင်ရင်းဖြင့် ပြောလိုက်သည်။ သူ၏ အသံအား အတွင်းအားစွမ်းအင်ဖြင့် ပြောဆိုလိုက်ခြင်းဖြစ်သည့်အတွက်ကြောင့် ခန်းမဆောင်ထဲတွင်ရှိနေသည့်လူတိုင်း ကြားလိုက်ရသည်။
“ရယ်စရာကောင်းတဲ့ တောင်းဆိုးမှုတွေဟုတ်လား။ ဘယ်လိုလဲ...” ဖှေးပြုံးလိုက်သည်။ သူသည် ဤကိစ္စနှင့်ပတ်သက်၍ အလွန်သိချင်နေသည့်အတွက်ပင်။
ဖှေးသည် မနေ့ညပွဲတော်မပြီးခင်တွင် သူ၏နန်းတော်ဆောင်သို့ ပြန်လာခဲ့ပြီးမနေ့ညပါတီပွဲတွင် သူ့အား တမန်တော်မှ လိုက်ရှာနေခဲ့ကြောင်းကို တိုးရိစ်ပြန်လည်လျှောက်တင်မှသိလိုက်ရသည်။ ဖှေးအားရှာမတွေ့ခဲ့သည့်အတွက်ကြောင့် ထိုတမန်တော်သည် ဒေါသဖြစ်သွားခဲ့ပြီး ပေါက်ကွဲခဲ့သည့်အတွက် ပါတီအပျော်များကိုပင် ပျက်ဆီးသွားစေခဲ့သည်။ စိတ်ဆက်သည့်လူများဖြစ်ကြသည့် ပီးရာ့စ်နှင့် ဒရော့ဂ်ဘာတို့သည်လည်း ထိုတမန်တော်အား ရိုက်နှက်ရန်ကြိုးစားခဲ့ကြသည်ဟုဆို၏။
မြို့တော်စိန့်ပီတာစဘာ့တ်ထဲတွင်ရှိနေသည့် ချမ်းဘော့ဒ်တိုင်းပြည်မှ အေးဂျင့်များသည် ဤဘားကော့ဗ်ဟုအမည်ရသည့် တမန်တော်အကြောင်းကို စာချွန်လွှာရုံးမှတဆင့်ဖှေးထံသို့ သတင်းပို့ထားပြီးဖြစ်သည့်အတွက် ဘုရင်သည် သူ့အားကြောင်းကို ကောင်းစွာသိရှိပြီးဖြစ်သည်။
ထိုလူသည် အားနည်းသည့် မိသားစုတစ်ခုမှ ဆင်းသက်လာသည့် ဆွေကြီးမျိုးကြီးအငယ်စားလေးတစ်ယောက်ပင်။ သို့သော် သူသည် မင်းသားအာရှဗင်၏ အဖွဲ့ထဲသို့ ၀င်ရောက်လာခဲ့ပြီးသည့်နောက်တွင် ရာထူးအာဏာတစ်ချို့ရရှိလာခဲ့၏။ ထို့အပြင် မင်းသားအာရှဗင်သတိထားမိစေရန်အတွက် သူသည် မင်းသားဒိုမင်ဂူဘက်မှဖြစ်သည့် ဆွေကြီးမျိုးကြီးများ၊ သို့မဟုတ်မည်သည့်ဘက်ကမှမဟုတ်သည့် ဆွေကြီးမျိုးကြီးများကိုလည်း စွပ်စွဲလုပ်ကြံသတ်ဖြတ်ခဲ့ဖူးသည်။ ထို့ကြောင့် သူ၏လက်များတွင် မတရားသည့် သွေးများစွန်းထင်းနေသည်ဟုဆိုနိုင်၏။
ဤလူသည် အလွန်ပါးနပ်ကာ ဉာဏ်များသည့်အတွက်ကြောင့် သူ၏ပစ်မှုများနှင့်ပတ်သက်သည့် သက်သေခိုင်ခိုင်လုံလုံကို ရှာဖွေနိုင်ခြင်းမရှိပေ။ ထို့ကြောင့် မင်းသားသည်လည်း သူ့အား နှစ်သက်၍ လူများစွာသည် သူ၏စိတ်ဓာတ်ကို ကြိုက်နှစ်သက်ခြင်းမရှိသော်လည်း သူနှင့် ရှုပ်လိုခြင်းမရှိကြပေ။ ဤလူအား အာရှဗင်၏ လက်ထဲတွင်ရှိနေသည့် ဓားမြောင်တစ်လက်ဟုလည်း တင်စားကြ၏။
စစ်ဘက်ဆိုင်ရာဌာနသည် သူ့အား တမန်တော်အနေဖြင့် ခန့်အပ်၍ ချမ်းဘော့ဒ်တိုင်းပြည်သို့ စေလွှတ်ကာ ဂျက်အင်ပါယာစစ်မြေပြင်မှ သတင်းအချက်လက်များကို မေးစေလိုက်ခြင်းပင်။ ဤကိစ္စများအားလုံး၏ နောက်ကွယ်တွင် အာရှဗင်ရှိနေသည်မှာ ရှင်းလင်းလှ၏။
ရိုးရိုးသားသားပင်ပြောရပါက ယဥ်ကျေးပြီး အရည်ချင်းရှိသည့်လူများကို သဘောကျတတ်သည့် မင်းသားအာရှဗင်သည် သူ့အားမည်သည့်အတွက်ကြောင့်များစွာမုန်းတီးနေသည်ကို ဖှေးမသိချေ။ မင်းသားသည် သူ့အားရှင်းလင်းလိုနေသည့်အတိုင်းပင်။
ထို့ကြောင့် ဘားကော့ဗ်ရောက်လာခြင်းသည်လည်း အကောင်းမဟုတ်နိုင်ပေ။
“အရှင်မင်းကြီး အဲ့သံတမန်က မြို့တော်ထဲမှာလျှောက်သွားပြီးတော့ အရှိန်၀ါကြီးမားတဲ့လူတွေစီကို အလည်ပတ်သွားနေခဲ့တာ။ ချမ်းဘော့ဒ်တိုင်းပြည် အုပ်ချုပ်ရေးဌာနခြောက်ခုလုံးမှာရှိတဲ့အရာရှိအကုန်လုံးလိုလို သူ့စီကနေ လက်ဆောင်တွေရထားပါတယ်။ ဘတ်စ်နဲ့ ကျွန်တော်လည်း သူ့စီကနေလက်ဆောင်တွေရထားပါသေးတယ်။ သူစကားပြောတဲ့ပုံအရ သူက အရှင်မင်းကြီးကိုလေးလေးစားစားမရှိဘူး။ နောက်ပြီးတော့ သူက....” ဘရွတ်သည် မြို့တော်ထဲတွင်ရှိနေသည့်အရာမှန်သမျှကို အကုန်သိရှိသည့်အတွက်ကြောင့် ဘုရင်ကိုလည်း အသေးစိတ်တင်ပြလိုက်သည်။ “နောက်ပြီးတော့ သူက ကျွန်တော်တို့ရဲ့ တယ်လီပေါ့တ်မှော်အစီရင်တွေ နဂါးသတ်ဒူးလေးတွေကိုလည်း စိတ်၀င်စားနေတယ်။ သူက ကျွန်တော်တို့စီကနေ ပုံကြမ်းတွေ ခနခနတောင်းထားသေးတယ်။ နောက်ပြီးတော့ ဥပဒေပြုဌာနကအရာရှိတော်တော်များများတင်ပြထားတာ သူက ကျွန်တော်တို့ရဲ့ ရေးပေး၀ေမှုစန်၊ မိလ္လာစနစ်၊ မီးပွင့်စနစ်တွေကိုလည်း အတော်လေးမျက်စိကျနေတဲ့ပုံပဲ။ အဲ့မှာလုပ်တဲ့အလုပ်သမားတွေ ပြန်ပေးဆွဲပြီးတော့ မှော်အစီရင်တွေ ပုံကြမ်းတွေအကြောင်းကို စစ်မေးခံရတာမျိုးတွေတောင်ရှိနေတယ်...”
ဘုရင်၏လွှမ်းမိုးမှုကြောင့်ဖြစ်ပေလိမ့်မည် ဘရွတ်သည် နည်းပညာဆိုင်ရာအသုံးနှုန်းများဖြင့် ဖှေးအား လျှောက်တင်လိုက်၏။
“ဟမ် ကြားရသလောက်တောင့် အဲ့ ဘားကော့ဗ်ဆိုတဲ့ကောင်က မျက်လုံးတော်တော်ကောင်းတာပဲ...” ဖှေးတွေးကြည့်ကာပြောလိုက်သည်။ “တစ်ယောက်ယောက်ကိုလွှတ်ပြီးတော့ ငါအလုပ်ရှုပ်နေလို့ လာမတွေ့နိုင်သေးဘူးလို့ သူ့ကိုပြောခိုင်းလိုက်။ ငါနဲ့တွေ့ချင်ရင် တစ်လလောက်စောင့်ဦးလို့ ပြောလိုက်ကွာ...”
“ဟုတ်ကဲ့ပါ အရှင်မင်းကြီး...”
ဖှေးသည် ပတ်၀န်းကျင်သို့ လှည့်ပတ်ကြည့်လိုက်ပြီးအနည်းငယ်စိတ်ခံစားချက်ပြင်းထန်လာ၏။
ဤကဲ့သို့သောအစည်း၀ေးများကိုတက်ရောက်ရန်အတွက် ချမ်းဘော့ဒ်ပြည်သူများရွေးချယ်ထားသည့် လေးစားမှုခံရသော သက်ကြီးပိုင်းလူများမှ လွှဲ၍ ခန်းမဆောင်ထဲတွင်ရှိနေကြသည့် တစ်ခြားလူများသည် အလယ်လတ်နှင့် အဆင့်မြင့် အရာရှိများပင်။
ဖှေးသည် သူ၏ ဓားကို ကိုင်မြှောက်၍ ချမ်းဘော့ဒ်တိုင်းပြည်ထဲတွင်ရှိသည့် အကျင့်ပျက်ခြစားနေသော ဆွေကြီးမျိုးကြီးများကို ကွပ်မျက်ခဲ့သည့်အတွက်ကြောင့် ဤအရာရှိအများစုသည် လူငယ်များသာဖြစ်ကြ၏။ သူတို့ထဲမှ အသက်အကြီးဆုံးသည် အသက်လေးဆယ်ခန့်သာရှိသေးပြီး အသက်အငယ်ဆုံးသည် ၁၉နှစ်ခန့်သာရှိသေး၏။ ဤလူများကို မိသားစုနောက်ခံများကို ကြည့်ရှု၍ ရွေးချယ်ခြင်းမဟုတ်ပဲ သူတို့၏ အရည်ချင်းအလျှောက်ခန့်အပ်ထားခြင်းပင်။
သူတို့သည် ချမ်းဘော့ဒ်တိုင်းပြည် ဖွံ့ဖြိုးတိုးတတ်ရေးအတွက် အဓိကသော့ချက်များပင်။
သူတို့ဘုရင်သည် စွမ်းအားကြီးမားသော်လည်း တိုင်းပြည်အား တစ်ယောက်တည်းအင်အားဖြင့် ထူထောင်နိုင်လိမ့်မည်မဟုတ်ပေ။ ထိုကြောင့် ဖှေး၏ ရှေ့တွင်ရှိနေသည့်လူများသည်လည်း အစားထိုး၍မရနိုင်သည့်လူများဖြစ်ကြ၏။
“လွန်ခဲ့တဲ့နှစ်၀က်လောက်တုန်းက ငါက တပ်ဖွဲ့ကိုဦးဆောင်ပြီးတော့ မြို့တော်ထဲက ထွက်ခွာသွားခဲ့တယ်။ အဲ့အချိန်တုန်းကဆိုရင် မင်းတို့ထဲက အများစုက သာမန်မြို့သူမြို့သားတွေပဲရှိသေးတယ်။ အခုဆိုရင်မင်းတို့တွေက တိုင်းပြည်အတွက် အရေးပါတဲ့လူတွေဖြစ်နေကြပြီ။ ငါက မင်းတို့တစ်ယောက်ခြင်းစီရဲ့နာမည်ကိုရော မျက်နှာကိုရော မှတ်မိပါတယ်။ မင်းတို့ကောင်တွေလုပ်ထားတဲ့အလုပ်တွေနဲ့ ပတ်သက်ပြီးတော့လည်း ငါစိတ်ကျေနပ်မှုရှိတယ်။ မစ်စတာ ဘတ်စ်နဲ့ မစ်စတာဘရွတ်တို့က တိုင်းပြည်ရဲ့အလုပ်တွေအးလုံးကို သူတို့နှစ်ယောက်တည်းနဲ့လုပ်နိုင်ကြမှာမဟုတ်ဘူးလေ။ အဲ့တာကြော့င်မို့ မင်းတို့တွေကလည်း ချမ်းဘော့ဒ်တိုင်းပြည်ရဲ့ သူရဲကောင်းတွေပါပဲ...”
ဖှေးပြောလိုက်သည့်အရာကြောင့် ဤလူများပီတိဖြစ်သွားကြသည်။
ဤဘုရင်ငယ်သည် လူများအားစကားလုံးများဖြင့်ပင် စိတ်ဓာတ်တက်ကြွအောင်လုပ်နိုင်စွမ်းရှိပြီး သူ့အား လေးစားစေလာ၏။
“မင်းတို့အားလုံး ဒီကိုရောက်နေတယ်ဆိုတော့ ငါကြေငြာစရာတစ်ခုရှိတယ်။ လူစုံတုန်းပြောလိုက်တာပေါ့။ နောက်လ၀က်လောက်နေလို့ လပြည့်ရင် ငါက မစ်စတာဘတ်စ်ရဲ့ သမီးအန်ဂျယ်လာနဲ့ ချမ်းဘော့ဒ်တက္ကသိုလ်က လေးပညာသင်ကြားပေးတဲ့ဆရာမ အယ်လီနာတို့ကို လက်ထပ်မယ်။ မင်းတို့တွေလည်း တက်ရောက်ကြလိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်...” ဖှေးသည် တောက်ပသည့်အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
ဖှေးသည် မနေ့ညက ဤအကြောင်းကို ဘတ်စ်အား ပွင့်ပွင့်လင်းလင်းပြောပြပြီးဖြစ်သည်။ အံ့သြဖွယ်ကောင်းစွာပင် သူ၏ ယောက္ခမလောင်းသည် သဘောတူခဲ့ပြီး ဒေါသဖြစ်သွားခြင်းမရှိပေ။ ဘတ်စ်မှ အလွယ်တကူသဘောတူလိုက်သည့်အတွက်ကြောင့် ဖှေးအနည်းငယ်စိုးရိမ်မိသွား၏။
ထို့နောက်တွင် ဘတ်စ်သည် ဆွေကြီးမျိုးကြီးအသိုင်း၀ိုင်းမှလာသည့်လူတစ်ယောက်ဖြစ်သည့်အတွက်ကြောင့် တစ်ယောက်မကသော ဇနီးမယားရှိခြင်းနှင့်ပတ်သက်၍ ရင်းနှီးပြီးသားဖြစ်သည်ကို ဖှေးသိလိုက်ရသည်။ ထို့ကြော့င် ဘတ်စ်မှ လွယ်ကူစွာသဘောတူလိုက်ခြင်းပင်။
ခန်းမဆောင်ထဲတွင် လက်ခုပ်သံများထွက်ပေါ်လာ၏။
ထုံးတန်းစဥ်လာများအရ ဘုရင်သည် လက်ထပ်ရမည့်အသက်ရွယ်ထက်ပင် ကျော်လွန်နေပြီဖြစ်သည်။ ဇီးနစ်အင်ပါယာထဲတွင် မင်းသားများစွာသည် အသက်၁၂နှစ်အရွယ်ခန့်တွင် လက်ထပ်လေ့ရှိသည့်အတွက်ပင်။
ဤသည်မှာ လေးနက်သည့်ကိစ္စတစ်ခုပင် အင်ပါယာကိုယ်တိုင်ထီးနန်းတင်မြှောက်ပေးထားသည့် ဘုရင်သည် အသက်၁၈သို့ရောက်လာသည့်တိုင် လက်မထပ်ရသေးခြင်းသည် ပုံမှန်မဟုတ်သည့်အရာတစ်ခုပင်။ ထို့ကြောင့် အင်ပါယာနှင့် တိုင်းပြည်ထဲတွင်ရှိနေသည့်လူများစွာသည်လည်း ဤအကြောင်းအားပြောခဲ့ကြသည်။
ထို့ကြောင့် ဖှေးကြေငြာလိုက်သည့်အချိန်တွင် သူ၏လူများပျော်ရွှင်သွားကြခြင်းပင်။
ချမ်းဘော့ဒ်တိုင်းပြည်၏ အလှပဆုံးကောင်မလေးနှစ်ယောက်သည် ယခုအချိန်တွင် ပိုင်ဆိုင်သူပေါ်လာပြီဖြစ်၏။
အမှန်ပင် အယ်လီနာအား ကြိတ်ကြိုက်နေကြသည့် လူငယ်တစ်ချို့သည် အနည်းငယ်စိတ်ပျက်သွားမိကြ၏။ သို့သော် သေချာပြန်စဥ်းစားကြည့်ပါက သူတို့၏ ဘုရင်သာလျှင် အယ်လီနာကဲ့သို့သော ကောင်မလေးအား ပိုင်ဆိုင်ရန်ထိုက်တန်သည်ဟုလက်ခံလာကြ၏။
ဘုရင်၏ လက်ထပ်ခြင်းအခမ်းနားကို ပွဲတော်ကြီးတစ်ခုကဲ့သို့ပင် တစ်တိုင်းပြည်လုံးအနေဖြင့် ကျင်းပတော့မည်ဖြစ်သည်။
ဘဏ္ဏာရေးဌာနမှ အရာရှိများလည်း ရှေ့သို့ထွက်လာပြီး ငွေကြေးနှင့် စာရင်းအင်းဆိုင်ရာ ကိစ္စများကို ကြိုတင်စီစဥ်ထားမည်ဖြစ်ကြောင်းလျှောက်တင်လိုက်သည်။
ခန်းမဆောင်ထဲတွင်ရှိသည့် လေထုသည် ပို၍ပို၍နွေးထွေးလာပြီး ဤသည်မှာ ဖှေးသည် ဘုရင်တစ်ပါးအနေဖြင့် မည်မျှပေါပျူလာြဖစ်သည်ကို ပြသနေ၏။
အစည်း၀ေးပြီးသွားသည့်အချိန်တွင် ဖှေးသည် ဘတ်စ်၊ ဘရွတ်နှင့် ဂျက်စီတို့ကို နေခဲ့ရန်အတွက် တောင်းဆိုလိုက်သည်။ မဟာဘုရားကျောင်း၏ ထုံးတမ်းစဥ်လာများအရ ဖှေးအား ၀တ်ရုံနက်ကျောင်းတော်၏ တရား၀င်ဂိုဏ်းအုပ်တစ်ယောက်အနေဖြင့် တင်မြှောက်ပြီးပါက ကျောင်းတော်၏ ဌာနချုပ်ကိုလည်း ချမ်းဘော့ဒ်တိုင်းပြည်ထဲသို့ ရွေ့ပြောင်းလာမည်ဖြစ်သည်။
ဂျက်စီသည် ကျောင်းတော်အသစ်တည်ဆောက်ရန်အတွက် ကောင်းမွန်သည့်နေရာအား မြို့တော်ထဲတွင် လှည့်ပတ်၍ ရှာဖွေမည်ဖြစ်သည့်အတွက်ကြောင့် ဖှေးသည် ဘတ်စ်နှင့် ဘရွတ်တို့အား ဂျက်စီကို ကူညီပေးကြရန်မှာကြားနေခြင်းပင်။
ဤကိစ္စများကို ဆောင်ရွက်ပြီးသည့်နောက်တွင် ဖှေးသည် သူ၏ ဇနီးလောင်းများနှင့် နေ့လည်စာစားရန်ပြန်သွားလိုက်၏။
ထိုနောက်တွင် ဖှေးသည် ချမ်းဘော့ဒ်တိုင်းပြည်အနောက်ဘက်တွင်ရှိနေသည့် တောင်တန်းများထံသို့ သွားလိုက်၏။ အဓိကလျို့၀ှက်ချက်များသည် မြေအောက်လိုဏ်ဂူများထဲတွင်ရှိနေသည့်အတွက်ပင်။
မြို့တော်သည် ကြီးမားစွာပြောင်းလဲသွားသည့်အတွက် ဖှေးသည် မြေအောက်လိုဏ်ဂူကိုလည်း မြင်တွေ့ရရန်အတွက်စောင့်နိုင်ခြင်းမရှိတော့ပေ။ မြေအောက်လိုဏ်ဂူသည် ပြန်လည်ပြုပြင်ခြင်းကိစ္စများ၏ အဓိကအကြောင်းရင်းဖြစ်နေသည့်အတွက်ပင်။
မှော်ဆန်မှုများဖြင့် ပြည့်နှက်နေသည့် မြေအောက်လိုဏ်ဂူတစ်ခုဖြစ်နေတော့မည်ဖြစ်သည်။