အခန်း (၆၈၄)
Vol. 44 Ch. 684
ဖှေးနှင့် သူ၏ကိုယ်ရံတော်တိုးရီစ်တို့သည် ချမ်းဘော့ဒ်အနောက်ဘက်တွင်ရှိသည့်တောင်တန်းများထံသို့ သွားလိုက်ကြသည်။
လွန်ခဲ့သည့်နှစ်၀က်ခန့်က ဖှေး တပ်ဖွဲ့နှ့င်အတူထွက်မသွားခင်တွင် သူသည် လုပ်ကြံသတ်ဖြတ်သူဇာတ်ကောင်အနေဖြင့် ဤနေရာတွင် မှော်ထောင်ချောက်များကို နေရာချကာ လုံခြုံရေးကို တိုးမြှင့်ခဲ့သည်။
နှစ်၀က်ခန့်ကြာဖြစ်သောကြောင့် ထိုထောင်ခြောက်များသည် သက်တမ်းကုန်ဆုံးသွားပြီးဖြစ်သည်။ သို့သော် အနောက်ဘက်တောင်တန်း၏ လုံခြုံရေးသည် မြင့်မားလျှက်ရှိနေဆဲပင်။ ကိန်းနှင့် အာကာတို့၏ ကြောက်မက်ဖွယ်မှော်အစီရင်များကို ဤတားမြစ်နေရာတွင်ချထား၏။
မြေအောက်လိုဏ်ဂူ၏၀င်ပေါက်ဖြစ်သည့် ရင်ပြင်နှင့် အဆောက်ဦးတို့မှာမရှိတော့ပေ။
ထိုနေရာတွင် လေးလံသည့် ကျောက်တုံးကြီးများစွာရှိနေ၏။ ထိုကျောက်တုံးများပေါ်တွင် ရေညှိများ၊ ချိုင့်ကွက်များရှိနေသည့်အတွက်ကြော့င် တောင်ပေါ်တွင်ရှိနေသည့် တစ်ခြားကျောက်တုံးကြီးများကဲ့သို့ပင်။ တောင်ပေါ်တွင်ရှိနေသည်မှာ နှစ်ပေါင်းထောင်နှင့်ချီကာ ကြာနေသကဲ့သို့ပင်။ အမြင်စူးရှသည့် လူတစ်ယောက်ပင်လျှင် ဤကျောက်တုံးများကြီးများသည် ယခုအချိန်မှရောက်လာကြသည်ကို ပြောနိုင်လိမ့်မည်မဟုတ်ပေ။
မြေအောက်လိုဏ်ဂူထဲသို့ ၀င်ရောက်ရန်အတွက် ယခုအချိန်တွင် တယ်လီပေါ့တ်မှော်အစီရင်ကိုသာ အသုံးပြုရတော့မည်ဖြစ်သည်။
ထိုအရာသည် ဖှေး၏အစီစဥ်အတွင်းမှ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး အာကာရာနှင့် ကိန်းတို့မှ အကောင်ထည်ဖော်ပေးလိုက်ကြခြင်းဖြစ်သည်။ ထူးခြားသည့် ၀ိဉာဥ်အမှတ်သားစနစ်ကိုလည်း မှော်အစီရင်ထဲတွင်ထည့်သွင်းထား၏။ ယခုအချိန်တွင် ၀ိဉာဥ်အမှတ်သားဖြည့်သွင်းထားသည့် ခွင့်ပြုမိန့်ရလူများသာလျှင် တယ်လီပေါ့တ်မှော်အစီရင်အား အသုံးပြု၍ မြေအောက်လိုဏ်ဂူအတွင်းသို့ ၀င်ရောက်နိုင်မည်ဖြစ်သည်။
ထိုကဲ့သို့မဟုတ်ပါက စွမ်းအားမြင့်မှော်ဆရာများပင် တယ်လီပေါ့တ်မှော်အစီရင်ကို အသုံးပြုနိုင်လိမ့်မည်မဟုတ်ပဲ။ ခွင့်ပြုချက်ရသည့်လူအသုံးပြုပါက မှော်အစီရင်သည် အလျိုလျှောက်ပျက်ဆီးသွားလိမ့်မည်ဖြစ်သည်။
ထို့ကြောင့် ဤကဲ့သို့သော စနစ်သည် ချမ်းဘော့ဒ်တိုင်းပြည်၏ ထိပ်တန်းလျို့၀ှက်ချက်များ လုံခြုံရေးကို အာမခံထားလျှက်ရှိသည်။
ဘရွတ်၊ ဖှေးနှင့် တိုးရီစ်တို့၏ ၀ိဉာဥ်အမှတ်သားများကို မှတ်ယူပြီးဖြစ်သည့်အတွက် သူတို့သည် တယ်လီပေါ့တ်မှော်အစီရင်အား အသက်သွင်းကာ မြေအောက်လိုဏ်ဂူအတွင်းသို့ ၀င်လာခဲ့လိုက်ကြသည်။
အ၀ါရောက်မီးတောက်တစ်ခုတောက်ပသွားပြီး မူး၀ေသလိုခံစားချက်တစ်ခုအား ခံစားလိုက်ရပြီးသည့်နောက်တွင် ဖှေးသည် အလွန်ရင်းနှီးပြီးသားဖြစ်သည့် မြေအောက်လိုဏ်ဂူလျှောက်လမ်းကို မြင်တွေ့လိုက်ရတော့သည်။
ထိုလျှောက်လမ်းသည် မီတာ၂၀၀၀ခန့်ရှည်လျားပြီး ယခုအချိန်တွင် သူရဲကောင်းမြို့တော်ဟုနာမည်ပေးထားသည့် မြေအောက်လိုဏ်ဂူအားဆက်သွယ်ပေးထားခြင်းပင်။
လိုဏ်ဂူလျှောက်လမ်းသည်လည်း ယခင်ကလို မီးတုတ်အလင်းရောင်များသာရှိနေပြီး မှုန်ပြပြမဟုတ်တော့ပဲ ယခုအချိန်တွင်လုံး၀ပင် ပြန်လည်ပြုပြင်ထားသည်။
စိမ်းညိုရောင်နံရံများကို ပြုပြင်ထားပြီးမှော်ဆေးရည်တစ်မျိုးသုတ်လိမ်းထားသည့်အတွက်ကြောင့် တောက်ပပြောင်းလတ်နေ၏။ နံရံပေါ်တွင်ရှိနေသည့် ငွေရောင်မှော်မီးအိမ်များမှ အလင်းရောင်ကို ရောင်ပြန်ဟပ်လျှက်ရှိနေသည့်အတွက်ကြောင့် ဤလိုဏ်ဂူလျှောက်လမ်းသည် နတ်ဘုရားနန်းတော်ဆောင်တစ်ခုကဲ့သို့ပင်ဖြစ်နေ၏။
ယခုအချိန်တွင် တစ်ရာမီတာခန့်တိုင်းတွင် အမဲရောင်ဂိတ်တံခါးတစ်ခုစီရှိနေပြီး လမ်းကို ပိတ်ဆို့ထား၏။
ဖှေးအနီးကပ်ကြည့်ရှုလိုက်သည့်အချိန်တွင် ထိုဂိတ်တံခါးများကို နတ်ဆိုးအကြွင်းကျန်များ၊ မဟူရာသတ္တရိုင်းများဖြင့်ပြုလုပ်ထားသည်ကို သတိထားလိုက်မိသည်။ ထို့အပြင် တံခါးများပေါ်တွင်လည်း မှော်အစီရင်များစွာရှီနေ၏။ ထိုအစီရင်များသည် အာကာရာနှင့်ကိန်းတို့၏ လက်ရာများဖြစ်ကြသည်မှာထင်ရှားလှသည်။ ထို့ကြောင့် ဤတံခါးများသည် ကြယ်ခြောက်လုံးအဆင့်အောက်မှ သိုင်းဆရာများ၏ တိုက်ခိုက်မှုကို ကောင်းမွန်စွာခံနိုင်မည်ဖြစ်သည်။ ဖှေးဂိတ်တံခါးတစ်ခုကို ခေါက်ကြည့်လိုက်သည့်အချိန်တွင် လပြည့်အဆင့်သိုင်းဆရာတစ်ယောက်၏ သိုင်းကွက်တစ်ကြိမ်ခန့်ကိုပင် ခံနိုင်ရည်ရှိကြောင်းကို အံ့သြဖွယ်တွေ့လိုက်ရ၏။
ဤနေရာတွင် တန်ဖိုးကြီးပစ္စည်းများစွာကိုအသုံးပြုထားခြင်းပင်။ အကယ်၍ ဖှေးသည်သာလျှင် ချမ်းဘော့ဒ်အနောက်ဘက်တောင်များထဲတွင် နတ်ဆိုးအကြွင်းကျန်များကို အစုလိုက်အပြုံလိုက်တွေ့ခဲ့ခြင်းမရှိပါက ချမ်းဘော့ဒ်သည် ဤကဲ့သို့ ဆောက်လုပ်ရန်အတွက် တတ်နိုင်လိမ့်မည်မဟုတ်ပေ။ တကယ်တန်းတွင် ဤကဲ့သို့သော တည်ဆောက်ရန်မှာ လယ်ဗယ်၅ လယ်ဗယ်၆အင်ပါယာကြီးများပင် တတ်နိုင်သည့်အရာမဟုတ်ပေ။
ဂိတ်တံခါးတိုင်းတွင်အစောင့်စစ်သည်များရှိနေပြီး အစောင့်စစ်သည်များသည် စစ်ဆေးပြီးမှသာလျှင် ထူးခြားသည့် ယန္တယားများကို အသုံးပြု၍ ဂိတ်တံခါးများကို ဖွင့်ပေးမည်ဖြစ်သည်။
ထိုယန္တရားများသည်အလွန်ပင် အဆင့်မြင့်လှပြီး နတ်ဆိုးဘုရင်၏ အသိပညာများ စာအုပ်ထဲတွင်ပါရှိသည့် ယန္တရားများပင်။ ထိုယန္တရားများကို နတ်ဘုရားများ၏ လက်မှတ်ဟုလည်းခေါ်၏။ နတ်ဘုရားများကိုယ်တိုင်ပင် ဤယန္တရားများနှင့်ရင်ဆိုင်ရပါက စွမ်းအားကင်းမဲ့သလိုခံစားရကာ လက်မှတ်ထိုး၀င်ရမည်ဖြစ်သောကြောင့်ပင်။ အနည်းငယ်ချဲ့ကားနေသည့်ပုံပေါက်သော်လည်း ဤနေရာတွင်ရှိနေသည့် ယန္တရားများမည်မျှပင် လုံခြုံမှုရှိကြောင်းကို ဖော်ပြနေ၏။
ဂိတ်တံခါး၁၉ခုကို ဖြတ်ကျော်လာပြီးသည့်နောက်တွင် ဖှေး၊ ဘရွတ်နှင့် တိုးရီစ်တို့သည် သူရဲကောင်းန်းတော်သို့ ရောက်ရှိလာကြတော့သည်။
ဘုရင်နှင့် သူ၏ ကိုယ်ရံတော်တို့၏ မျက်လုံးများတောက်ပသွားတော့သည်။ သူတို့သည် ကောင်းကင်ဘုံသို့ ရောက်လာသည့်အတိုင်းပင်။
ကြီးမားသည့် မြေအောက်လိုဏ်ဂူကြီးက လုံး၀ပင်ပြောင်းလဲပြုပြင်ထား၏။ နံရံများကို ငွေရောင်မှော်ဆေးရည်များဖြင့် သုတ်လိမ်းထားသောကြောင့် နေရာတစ်ခုလုံးသည်နေ့အချိန်ကဲ့သို့ပင် လင်းထိန်နေ၏။ ရောင်စုံမှော်ကျောက်တုံးများ၊ တလင်းကျောက်များကိုလည်း နံရံများထဲတွင်မြုပ်ထည့်ထားသည့်အတွက် လင်းလတ်လှပနေသည်။
ဖှေးနှင့်တိုးရိစ်တို့နောက်ဆုံးဂိတ်တံခါးအား ဖြတ်ကျော်လာခဲ့ပြီးသည့်နောက်တွင် သူတို့သည် သစ်ပင်၊ မြက်ပင်နှင့် ပန်းပင်မျိုးစုံတို့ကိုတွေ့လိုက်ရသည်။ ရှဥ့်များ၊ လိပ်ပြာများကို မြင်လိုက်ရပြီး ကျေးငှက်တွန်သံများ၊ ရေစီးသံများကို ကြားလိုက်ရပြီး သန့်ရှင်းလတ်ဆက်သည့်လေများကို ရှူလိုက်ရသည့်အချိန်တွင် မြင့်မြတ်သောသစ်သောတစ်ခုထဲသို့ ရောက်ရှိသွားသလိုပင်ခံစားလိုက်ရ၏။
သူရဲကောင်းမြို့တော်သည် ယခင်က ဖုန်အလိမ်းလိမ်းဖြင့် မှောင်မိုက်အေးစက်သည့်နေရာတစ်ခုဖြစ်သော်လည်း ယခုအချိန်တွင် ဒဏာရီလာနန်းတော်၏ လယ်ဗယ်၃၆ဒေသကဲ့သို့ပင် လှပသည့် သုခဘုံတစ်ခုဖြစ်နေတော့၏။
ဂူ၏ထောင့်လေးထောင့်တွင် မှော်ပညာဖြင့်ပြုလုပ်ထားသည့် ရေပန်းများရှိနေ၏။ မြေအောက်ရေစီးကြောင်းမှ အေးစက်သည့်ရေများကို မှော်အစီရင်များဖြင့်ဤနေရာသို့ ဆွဲတင်ထားခြင်းဖြစ်ပြီး ရေစီးသံသည် ဤနေရာအား ပို၍ ငြိမ်းချမ်းလှပနေစေ၏။
ယခုအချိန်တွင် သူရဲကောင်းမြို့တော်ထဲတွင် လူများစွာရှိနေ၏။ ဖှေးရောက်ရှိလာသည်ကို လူတိုင်းသတိထားလိုက်မိကြသည်။ လူများစွာသည် အံ့သြပျော်ရွှင်သွားကြသော်လည်း သူတို့၏ စိတ်ခံစားချက်များကို ထိန်းချုပ်ထားကြ၏။ ဘုရင်အား နှုတ်ဆက်ပြီးနောက်တွင် သူတို့လုပ်စရာရှိသည်များကို ဆက်လက်လုပ်ကိုင်နေကြ၏။
“ဘုရင်မင်းကြီး ကျန်းမာပါစေ...” ဟူသည့်အသံများကိုနေရာတိုင်းတွင်ကြားလိုက်ရသည်။
ချမ်းဘော့ဒ်တိုင်းပြည်အား ပြန်လည်ပြုပြင်တည်ဆောက်ခြင်းသည် ကြီးမားသည့် လုပ်ငန်းစဥ်ကြီးတစ်ခုဖြစ်သည့်အတွက်ကြောင့် ယခုဖြစ်နေသည့်အရာများသည် အစပိုင်းသာရှိသေး၏။
ချမ်းဘော့ဒ်တက္ကသိုလ်မှ ကျောင်းသားကျောင်းသူများမှ လွဲ၍ ဤနေရာတွင်ရှိနေကြသည်လူများအားလုံးသည် စမ်းသပ်မှုများစွာကို အောင်မြင်လာခဲ့ကြသည့်လူများဖြစ်ပြီး သူတို့သည် ချမ်းဘော့ဒ်တိုင်းပြည်၏ သစ္စာအရှိဆုံးနှင့် အရည်ချင်းအရှိဆုံးလူများပင်။ လစာကောင်းကောင်းနှင့် ဂုဏ်သရေရှိသောအလုပ်ကိုင်ဖြစ်သောကြောင့် သူတို့သည် အလုပ်ကို ၁၀၀ရာခိုင်နှုန်းကြိုးစားလုပ်ကိုင်နေလေရာ မည်သူမှပျင်းရိနေခြင်းမရှိပေ။
ဖှေးသည် လမ်းပတ်လျှောက်နေပြီး တွေ့သည့်လူတိုင်းကို နှုတ်ဆက်အားပေးကာ ဆက်လက်လေ့လာကြည့်ရှုနေလျှက်ရှိသည်။
မြေအာက်လှိုဏ်ဂူသည်အလွန်မြင့်မားသည့်အတွက် မိုးမျှော်စင်ကြီးတစ်ခု၏ အတွင်းပိုင်းလိုပင်။ လိုဏ်ဂူနံရံများကို အထပ်တစ်ခုခြင်းစီတိုင်းတွင် ကျောက်တုံးအခန်းများနှင့် အထပ်၆၆ထပ်ခွဲထား၏။ လွန်ခဲ့သည့် နှစ်၀က်ခန့်က ပူလီများ၊ သံမဏိခြင်းများကိုအသုံးပြု၍ စက်လှေကားများပုံစံအသုံးပြုခဲ့သည်။ သို့သော် ယခုအချိန်တွင် နေရာတိုင်းတွင် တယ်လီပေါ့တ်မှော်အစီရင်များကိုအသုံးခြထားသည့်အတွက် မည်သူမဆို ပထမထပ်မှ အပေါ်ဆုံးအထပ်သို့ မျက်စိတစ်မှိတ်အတွင်းမှာပင် သွားနိုင်နေပြီဖြစ်သည်။
ဤသည်မှာ မှော်နည်းပညာ၏ အားသာချက်ပင်။
ဤနေရာတွင် တပ်ဆင်ထားသည့် ယန္တရားများစွာသည် ဖှေး၏ အရင်ဘ၀မှ စက်ပစ္စည်းများကို လိုက်လံတုပထားခြင်းဖြစ်ပြီး အာကာရာနှင့်ကိန်းတို့မှ နတ်ဆိုးဘုရင်၏ အသိပညာများစာအုပ်မှ နည်းပညာများဖြင့် အကောင်ထည်ဖော်တီထွင်ဖန်တီးပေးထားခြင်းပင်။
ဖှေးသည်ဤနေရာအား ဖန်တီးခဲ့သည့် အဓိကဗိသုကာဆရာဖြစ်ပြီး သူ၏အတွေးခေါ်များသည် သူရဲကောင်းမြို့တော်ကို ပြောင်းလဲပေးခဲ့ခြင်းပင်။
သူလမ်းပတ်လျှောက်နေရင်းဖြင့် ဘရွတ်ရှင်းပြသည်ကို နားထောင်းစရာမလိုပဲ မှော်စက်ပစ္စည်းများ၊ ယန္တရားများ၏ အသုံးပြုပုံတို့ကို ဖှေးလျှင်မြန်စွာပင် နားလည်လာခဲ့သည်။
အပူချိန်နှင့် စိုစွတ်မှုကိုပြောင်းလဲပေးနိုင်သည့်မှော်စွမ်းအင်သုံးလေအေးပေးစက်များ၊ သောက်စရာများထားသိုနိုင်သည့် မှော်စွမ်းအင်သုံးရေခဲသေတ္တာများ၊ အထပ်တစ်ခုမှတစ်ခုသို့ ရွေ့ပြောင်းပေးနိုင်သည့် တယ်လီပေါ့တ် မှော်ဓာတ်လှေကားများ၊ ခရီးသွားကဗျာဆရာများ၏ ပုံပြင်များကို အသံဖမ်းထားသည့် မှော်ရေဒီယိုများ၊ ဒိုင်ဗီတလင်းကျောက်များကိုအသုံးပြု၍ ရုပ်ရှင်ပြနိုင်သည့် မှော်ပရိုဂျက်တာများ၊ ဂိမ်းကစားနိုင်သည့်မှော်ဂိမ်းစက်များ စသည်တို့ပင်။ ဖှေးကိုယ်တိုင်ပင် သူ၏ အရင်ဘ၀မှ နည်းပညာခေတ်မှီသောကမ္ဘာပေါ်သို့ ပြန်ရောက်နေသလိုခံစားလိုက်ရသည်။
စက်ပစ္စည်းများနှင့် အကြံဉာဏ်များသည် ဤကမ္ဘာအတွက်အသစ်ဆန်းဖြစ်နေ၏။ မှော်ပညာကိုတိုက်ခိုက်ရန်အတွက်သာအဓိကအသုံးပြုကြသည့် ယုံကြည်ချက်ကိုလည်း ကျော်လွန်သွား၏။ ထူးခြားသည့် ဒီဇိုင်းများဖြစ်သည့်အတွက် အပြင်ကမ္ဘာမှ အာရုံစိုက်မှုများစွာကို ရရှိစေမည်ဖြစ်သည်။
သူ၏ ရှေ့တွင်ရှိနေသည့်ပစ္စည်းများကိုကြည့်ရင်းဖြင့် ဖှေး၏ စိတ်ထဲတွင် အောက်မြင်အောင်ဆောင်ရွက်နိုင်ခဲ့သည့်ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။
သူသည် ဤကမ္ဘာပေါ်တွင် သူ၏အမှတ်သားကို ချန်ထားပြီးခဲ့ပြီဖြစ်သည်။ ဖှေး၏ ထူးခြားသည့် စိတ်အကြံဉာဏ်များကြော့င်သာမဟုတ်ပါက အာကာရာနှင့်ကိန်းတို့သည် နတ်ဆိုးဘုရင်၏ အသိပညာများစာအုပ်ကို ပိုင်ဆိုင်ထားသော်လည်း ဤကဲ့သို့သော ပစ္စည်းများကို ဖန်တီးနိုင်လိမ့်မည်မဟုတ်ပေ။
ဖှေးစဥ်းစားနေဆဲတွင် ကျယ်လောင်စူးရှသည့်အသံတစ်ခုကို ကြားလိုက်ရတော့၏။
“သတိ သတိ အမည်မသိလူတစ်ယောက် သူရဲကောင်းမြို့တော်ထဲကို ခိုး၀င်လာပါတယ်၊ သတိ သတိ အမည်မသိလူတစ်ယောက် သူရဲကောင်းမြို့တော်ထဲကို ခိုး၀င်လာပါတယ် သူက...”
ကျယ်လောင်သည့် သတိပေးသံတစ်ခုထွက်ပေါ်လာပြီး လူတိုင်း၏မျက်နှာအမူယာများပြောင်းလဲသွားတော့သည်။