အခန်း (၆၈၅)
Vol. 44 Ch. 685
“ဘာတွေဖြစ်ကုန်တာလဲ။ ဒီနေ့ဖို့ရာ အရေးပေါ်အစမ်းလေ့ကျင့်ခြင်းလဲမရှိပါဘူး...” ဘရွတ်အံ့သြသွးသည်။
သူရဲကောင်းမြို့တော်အား စတင်တည်ဆောက်ခဲ့သည့်အချိန်မှစပြီး ဤနေရာထဲသို့ ၀င်ထွက်သည့်လူများအားလုံးကို တင်းကြပ်စွာစောင့်ကြည့်ခဲ့သည့်အတွက် လုံခြုံရေးသည်အတော်လေးကောင်းမွန်သည်ဟု ဆိုရမည်ဖြစ်သည်။ ဤနေရာထဲသို့ လူစိမ်း၀င်ရောက်ခဲ့သည့်အဖြစ်ဟူ၍ ရှိခဲ့ခြင်းမရှိပေ။ သို့ော် ယခုအချိန်တွင် ဘုရင်အလည်ပတ်လာသည့်အချိန်တွင်မှ ပထမဆုံးအနေဖြင့် လူစိမ်းတစ်ယောက်ဖောက်ထွင်းကာ၀င်လာခဲ့ခြင်းပင်။
ကျယ်လောင်သည့် သတိပေးသံများသည် အဆက်မပြတ်ထွက်ပေါ်နေလျှက်ရှိပြီး နံရံပေါ်တွင်ရှိနေသည့် အနီရောင်သတိပေးမီးလုံးများသည်လည်း တဖြတ်ဖြတ်လင်းလတ်နေလျှက်ရှိသည်။
သို့သော် သူရဲကောင်းနန်းတော်ထဲတွင်ရှိနေသည့်လူများသည် ဖှေးထင်ထားသလိုပျာယာခတ်သွားခြင်းမရှိကြပေ။ စစ်သည်များမဟုတ်သည့်လူများသည် ချက်ချင်းပင် ကြိုတင်စီစဥ်ထားသည့် လုံခြုံရေးအခန်းထဲသို့ ဆုတ်ခွာသွားကြသည်။ သူတို့သည် ကောင်းမွန်စွာဖြင့် ချောချောမွေ့မွေ့ပူးပေါင်းဆောင်ရွက်နိုင်သည့်အတွက် ဤကဲ့သို့သောအခြေနေမျိုးအတွက် အကြိမ်ပေါင်းများစွာကြိုတင်၍ လေ့ကျင့်ထားသည်မှာ ထင်ရှားလှသည်။ ထို့နောက်တွင် ကျယ်လောင်သည့်အသံများထွက်ပေါ်လာ၏။ လုံခြုံရေးဂိတ်တံခါးများပိတ်ကျလာခြင်းပင်။ ဂိတ်တံခါးများပေါ်တွင် မှော်အစီရင်များလည်းရှိနေသည့်အတွက်ကြောင့် တံခါးများကို ဖျက်ဆီးရန်မှ မဖြစ်နိုင်သလောက်ပင်၊
ထို့နောက်တွင် သူရဲကောင်းမြို့တော်အား ကာကွယ်ရန်တာ၀န်ကျသည့် စစ်သည်များသည် နေရာအနှံ့မှ ရောက်ရှိလာကြတော့သည်။
နံရံများပေါ်တွင် အပေါက်များစွာပွင့်လာပြီး မြှားများအဆင်သင့်ဖြည့်ထားသည့် နဂါးသတ်ဒူးလေးပြီးများထိအပေါက်များထဲမှ ထွက်ပေါ်လာတော့၏။ ချွန်ထက်သည့်အဖြူရောင်မြှားခေါင်းများသည် အေးစက်နေပြီး နံရံအပြည့်နီးပါးပင်။
မီးတောက်များတောက်ပလာပြီးသည့်နောက်တွက် ကိုယ်ယောက်ဖျောက်ကာကွယ်ရေးမှော်အစီရင်များကို အသက်သွင်းလိုက်သည်။ မြေအောက်လိုဏ်ဂူထဲတွင် မှော်စွမ်းအင်အရှိန်၀ါများစွာတောက်ပနေသည့် ယခင်က သာယာအေးချမ်းသည့်နေရာသည် ယခုအချိန်တွင် မှော်ထောင်ချောက်များစွာဖြင့် ပြည့်နှက်နေသည့် အန္တရာယ်ရှိသည့် နေရာတစ်ခုအဖြစ်သို့ပြောင်းလဲသွားတော့၏။
ထို့နောက်တွင် မှော်ချပ်၀တ်များ၀တ်ဆင်ထားကြသည့်စစ်သည်များသည် တယ်လီပေါ့တ်မှော်အစီရင်များထဲမှ ထွက်ပေါ်လာပြီး အဓိကနေရာများကို လူခွဲကာကွယ်ကာ ခိုး၀င်လာသည့်လူအား စတင်၍ ရှာဖွေတော့၏။
ဖှေးခေါင်းငြိမ့်ကာ ပြုံးလိုက်သည်။ သူမြင်လိုက်ရသည့်အရာအား ကျေနပ်လိုက်မိသည့်အတွက်ပင်။
မည်သည့်ခံတပ်မှ ၁၀၀ရာခိုင်နှုန်းလုံခြုံသည်ဆိုသည်မှာ မရှိသည့်အတွက် သူရဲကောင်းမြို့တော်အတွင်းသို့ လူတစ်ယောက်ခိုး၀င်လာခြင်းနှင့်ပတ်သက်၍ ဘုရင်စိတ်ပျက်မိခြင်းမရှိပေ။ လူစိမ်းခိုး၀င်လာသည်အား သိရှိလိုက်မိပြီးသည့်နောက်တွင် ဆောက်ရွက်သည့်လုပ်ငန်းဆောင်တာများနှင့် ပတ်သက်၍ သူကျေနပ်သွားခြင်းပင်။ လျှင်မြန်ပြီး စနစ်ကျသည့် လှုပ်ရှားမှုများသည် အချက်လက်များကို လုံလုံခြုံခြုံထားခြင်းနှင့်ပတ်သက်၍ အဓိကသော့ချက်ပင်။
နံရံပေါ်တွင် မှော်အလင်းရောင်များစွာထွက်ပေါ်လာပြီး ခိုး၀င်လာသူပုန်းအောင်းနေနိုင်သည့်နေရာများကို စနစ်တကျမီးများဖြင့်ထိုးကာလိုက်လံရှာဖွေနေတော့သည်။
ထိုအလင်းရောင်များကို နတ်မျက်လုံးဟုခေါ်ပြီး နတ်ဆိုးဘုရင်၏အသိပညာများစာအုပ်တွင် ပါသည့် နည်းပညာများပင်။ ထိုအလင်းရောင်များသည် ကိုယ်ယောင်ဖျောက်ထားသည့်လူများ၊ အရာ၀တ္တုများကို အလင်းရောက်ကျလိုက်သည့်အချိန်တွင်ပေါ်လာနိုင်သောအစွမ်းရှိ၏။
“အရှင်မင်းကြီး ဒီနေရာမှာ အန္တရာယ်များတယ်။ အရှင်တစ်ခြားနေရာကို သွားချင်လား...” စစ်သည်တစ်ချို့သည်ဖှေးအား ၀န်းရံကာ သူတို့၏ခေါင်းဆောင်ဖြစ်သည့် သူတော်စင်စစ်သည်အဆင့်ရှိသည့်လူမသည် ဖှေးအား ဂရုတစိုက်ဖြင့် လျှောက်တင်လိုက်သည်။
ယခုအချိန်တွင် ချမ်းဘော့ဒ်တိုင်းပြည်မှ စစ်သည်များကို အဆင့်သုံးခုခွဲထား၏။
အမြင့်ဆုံးအဆင့်သည် သူတော်စင်အဆင့်ပင်။ ဖှေးသည် ဤတပ်ဖွဲ့ကို စတင်ဖန်တီးခဲ့စဥ်က လူအုပ်စုတစ်ချို့ကို တာ၀န်ပေးခန့်အပ်ခဲ့ပြီး ယခုအချိန်တွင် စစ်သည်ပေါင်း၄၅ယောက်ခန့်ရှိနေပြီဖြစ်သည်။ ထိုစစ်သည်များထဲမှ အားအနည်းဆုံးစစ်သည်သည် ကြယ်နှစ်လုံးအဆင့်ခန့်ရှိပြီး ဒရော့ဂ်ဘာ၊ တိုးရိစ်နှင့် ပီတာတို့ကဲ့သို့သော ပို၍ စွမ်းအားမြင့်မားသည့် စစ်သည်များသည် ကြယ်ရှစ်လုံးကိုးလုံးအဆင့်ရှိကြသည်။ လီရိုသူတော်စင်စစ်သည်တော် လမ်းပါ့ဒ်သည်စွမ်းအားအမြင့်မားဆုံးဖြစ်ပြီး သူသည် လက်ရှိအချိန်တွင် လအဆင့်သို့ပင်ရောက်ရှိသွားပြီဖြစ်သည်။
ဒုတိယအဆင့်သည် ဥပဒေပြုစစ်သည်များပင်။ ချမ်းဘော့ဒ်တိုင်းပြည်မှ စစ်သည်အများစုသည် ဥပဒေပြုစစ်သည်များပင်ဖြစ်ပြီး စစ်သည်အင်အား ၅၀၀ခန့်ရှိ၏။ သူတို့ထဲမှ အများစုသည် ရေရောထားသည့် ဟော့ခ်ဆေးပုလင်းများကို သောက်သုံးဖူးသူများဖြစ်သည်။ သူတို့သည် ကြယ်အဆင့်စစ်သည်များမဟုတ်ကြသေးသော်လည်း တစ်ချို့စစ်သည်များဆိုလျှင် အတွင်းအားစွမ်းအင်တစ်ချို့ပင်ရရှိနေပြီဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ သန်မာကြံ့ခိုင်ကာ တိုက်ခိုက်ရည်ပြည့်၀ကြသူများဖြစ်သည်။
တတိယအဆင့်သည် အရန်တပ်ဖွဲ့များပင်။ ချမ်းဘော့ဒ်တိုင်းပြည်မှ မြို့သူမြို့သားတိုင်းလိုလို အရွယ်ရောက်လာသည့်အချိန်တွင် စစ်ရေးသင်တန်းတက်ရောက်ထားကြ၏။
ဖှေး၏ ရှေ့တွင်ရှိနေသည့်ခေါင်းဆောင်သည် ကြယ်နှစ်လုံးအလယ်လတ်ဆင့် သိုင်းဆရာတစ်ယောက်ဖြစ်နေပြီး ရေခဲဂုဏ်သတ္တိအတွင်းအားစွမ်းအင်များကိုအသုံးပြုသူဖြစ်သည်။ သူနှင့်အတူ သူတော်စင်တပ်ဖွဲ့၀င် ခြောက်ယောက်၊ ဥပဒေပြုစစ်သည်အယောက်၂၀ပါရှိကာ ဘုရင်အား တင်းကြပ်စွာကာကွယ်ပေးထားကြသည်။
“မစိုးရိပ်ပါနဲ့ သူရဲကောင်းမြို့တော်ထဲကို ဘယ်လိုလူက ခိုး၀င်လာနိုင်တာလဲဆိုတာကို ငါသိချင်သေးတယ်။ မင်းတို့ကောင်တွေလဲ င့ါကို ကာကွယ်ပေးစရာမလိုပါဘူး။ ဆက်ရှာကြ...” ဖှေးပြုံးကာ သူ၏ခေါင်းကို ခါရမ်းလိုက်သည်။
သူသည် ခိုး၀င်လာသည့်လူမည်သည့်နေရာတွင်ရှိနေသည်ကို သိရှိပြီးဖြစ်သော်လည်း စစ်သည်များကို ပြောခြင်းမရှိပေ။ သူသညည် ဤအခွင့်ရေးကို အသုံးချ၍ သူ၏ စစ်သည်များ၏ အရည်ချင်းကို စမ်းသပ်လိုသည့်အတွက်ကြောင့်ပင်။
ခေါင်းဆောင်သည် ဖှေးအမိန့်ပေးသည့်အတိုင်းပင် ခိုး၀င်လာသူအား စတင်ရှာဖွေသော်လည်း သူနှင့်သူ့လူများသည် ဖှေး၏ အနားတွင် ပြန့်ကျဲကာကာကွယ်ပေးနေဆဲပင်။
သူတို့အတွက် ဘုရင်၏ လုံခြုံရေးသည်အရာရာထက်ပို၍ အရေးကြီးသည့်အတွက်ပင်။
ဘုရင်၏ စွမ်းအားသည် သူတို့ထင်ထားသည်ထက်များစွာပို၍ သာလွန်နေသည်ကို သူတိုသိသော်လည်း သူတို့၏ တာ၀န်ကိုစွန့်ပစ်နိုင်ခြင်းမရှိသည့်အတွက်ပင်။
နတ်ဘုရားမျက်လုံးမှ ထုတ်လွှတ်ထားသည့်အလင်းရောင်များသည် နေရာတစ်၀ိုက်အား ဆက်လက်၍ ရှာဖွေနေသော်လည်း ကိုယ်ယောက်ဖျောက်ထားသည့်လူသည် တိတ်ဆိတ်စွာဖြင့် သူထံသို့ လာရောက်နေသည်ကို ဖှေးသတိထားလိုက်မိသည်။
ထိုလူသည် လအဆင့်သိုင်းဆရာတစ်ယောက်ဖြစ်ပြီး သူသည် ဤနေရာတွင်ရှိနေသည့် ချမ်းဘော့ဒ်တိုင်းပြည်မှ စစ်သည်များအားလုံးထက်များစွာပို၍ စွမ်းအားမြင့်မားသူဖြစ်သည်။ ထို့အပြင် သူ့ထံတွင်ကိုယ်ယောက်ဖျောက်ပေးနိုင်သည့် ၀တ်ရုံတစ်ခုကိုလည်းပိုင်ဆိုင်ထား၏။
သူသည် စစ်သည်များကို လွယ်ကူစွာဖြတ်ကျော်၍ နတ်မျက်စိမှ အလင်းရောင်များဖြင့် စစ်ဆေးနေသည်ကိုလည်း လွတ်မြောက်လာခဲ့သည်။
တစ်ရာမီတာ
ရှစ်ဆယ်မီတာ..
ခြောက်ဆယ်မီတာ...
ထိုလူသည် အတားဆီးများအားလုံးကို ဖြတ်ကျော်ကာ ဖှေးထံသို့ လျှင်မြန်စွာပင် ချည်းကပ်လာ၏။
သူသည် သူတော်စင်စစ်သည်များကို ဖြတ်ကျော်လာသည့်အချိန်တွင် မည်သူမှ သူ့အား အာရုံခံလိုက်မိခြင်းမရှိပဲ တစ္ဆေတစ်ကောင်လိုပင်။
မကြာမှီတွင် ထိုလူသည် ဖှေးနှင့် မီတာ၃၀ခန့်အကွာ၀ေးသို့ ရောက်ရှိနေပြီဖြစ်ပြီး အရာအားလုံးသည် ဤလူ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားသည့်အတိုင်းပင်။