← Chapters

အခန်း (၆၈၆)

Vol. 44 Ch. 686

အခန်း (၆၈၆)

Vol. 44 Ch. 686

ရုတ်တရက်ပင် ကြယ်သုံးလုံးအဆင့်သိုင်းဆရာတစ်ယောက်ဖြစ်သည့် သူတော်စင်တပ်ဖွဲ့၀င်တစ်ယောက်မှ အော်ဟစ်လိုက်သည်။ “မြေဆွဲအားအကျင်းချခြင်းအစီရင်၊ ကျောက်တုံးနွံအိုင်အစီရင်၊ လေအားဖြင့်ဖမ်းချုပ်ခြင်းမှော်အစီရင်တွေကို အသက်သွင်းလိုက်...”

တစ်ချိန်တည်းမှာပင် သူသည် တစ်ဖက်သို့လှည့်ကာ သူ၏ဘေးတွင်ရှိနေသည့် နေရာလွတ်အား တိုက်ခိုက်လိုက်၏။

ထိုနေရာသည် ထိုးဖောက်၀င်လာသူရှိနေသည့်နေရာပင်။

ထိုလူ၏ ခြေထောက်အောက်တွင် အ၀ါရောင်၊ အစိမ်းရောင်နှင့် အပြာရောင်မှော်မီးတောက်များတောက်ပလာပြီး သူ့အားလုံး၀ပင်လွှမ်းခြုံသွားတော့သည်။ မှော်စွမ်းအင်များသည် သူ၏ကိုယ်ယောင်ဖျောက်စွမ်းအားကို ဖျက်ဆီးပစ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်သည် ချက်ချင်းပင် လူမြင်ကွင်းတွင်ပေါ်လာတော့၏။

သူသည် အသက်လေးဆယ်အရွယ်ခန့်ရှိသည့် လူတစ်ယောက်ဖြစ်နေပြီးအမဲရောင်၀တ်ရုံတစ်ခုကို ၀တ်ဆင်ထား၏။

သူ၏မျက်နှာပေါ်တွင်ရှိနေသည့် လှောင်ပြောင်ကာ မာနထောင်လွှားနေသည့်အပြုံးတောက်ပမလာခင်တွင် ထိုအပြုံးသည် ရပ်တန့်သွားပြီး ထိတ်လန့်အံ့သြခြင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားတော့၏။ သူ့အား မည်ကဲ့သို့တွေ့သွားသည်ကို နားလည်နိုင်ခြင်းမရှိသည့်အတွက်ပင်။ သူသည် စစ်သည်တစ်ဦးတစ်ယောက်ကိုမျှထိမိခြင်းမရှိပဲ နတ်မျက်စိမှအလင်းရောင်များသည်လည်း သူ့ထံသို့ ကျရောက်လာခဲ့ခြင်းမရှိခဲ့ချေ။

“အားနည်းတဲ့ စစ်သည်တေစ်ယောက်ကဘယ်လိုဖြစ်ပြီးတော့ င့ါကို ရှာတွေ့သွားတာလဲ။ ဘယ်လိုဖြစ်သွားတာလဲ။ ဘာများမှားသွားလို့လဲ...”

သူသည် ဤမေးခွန်းများ၏ အဖြေကို စဥ်းစားနေရန်အတွက် အချိန်မရှိပေ။

ဤအခိုက်တန့်တွင် နေရာတစ်၀ိုက်တွင်ရှိနေသည် မြေဆွဲအားသည် အဆပေါင်းများစွာမြင့်တက်လာသလို အလွန်လေးလံသည့်ခံစားချက်ကို ခံစားလိုက်ရ၏။ သူသည် လသစ်အလယ်လတ်အဆင့်သိုင်းဆရာတစ်ယောက်ဖြစ်သော်လည်း သူ၏ ဒူးများပင် အနည်းငယ်ညွတ်ကွေးသွား၏။ သူ၏အတွင်းအားစွမ်းအင်များကို ထုတ်လွှတ်လိုက်သည့်အချိန်မှသာလျှင် သူ၏ ခြေထောက်များကို ဆန့်တန်းနိုင်လိုက်၏။ ထို့နောက်တွင် သူရပ်နေသည့် မြေပြင်သည် ပျော့ပျောင်းသွားကာ သူ၏ခြေထောက်များသည် အထဲသို့ စတင်၍ နစ်မြုပ်လာတော့သည်။ ထိုအချိန်တွင် နွံအိုင်ကဲ့သို့ ပျော့ပျောင်းသွားသည့် မြေပြင်အတွင်းမှ ဆူးနွယ်ပင်များထွက်ပေါ်လာပြီး သူ၏ခြေထောက်များကို ရစ်ပတ်လိုက်တော့၏။

မှော်အစီရင်များသည် ချက်ချင်းအသက်၀င်လာ၏။

ယခုအချိန်တွင် သူ့အားရှာတွေ့သွားခဲ့သည့် သူတော်စင်စစ်သည်သည် သူ့အား စတင်၍ တိုက်ခိုက်တော့သည်။

“သေစမ်းကွာ...” အသတ်လတ်ပိုင်းအရွယ်လူသည် အော်ဟစ်ကာ လက်သီးဖြင့်ထိုးလိုက်ပြီး မိမိကိုယ်မိမိကာကွယ်ရန်အတွက် ကြိုးစားလိုက်တော့သည်။

“ဖုန်း..”

သူတို့၏ လက်များ ထိတွေ့လိုက်မိပြီး ဖောက်ထွင်း၀င်လာသည့်လူသည် မြေပြင်အတွင်းသို့ ပို၍ပင်နစ်၀င်သွားတော့သည်။

တစ်ခနအတွင်းမှာပင် သူ၏ ပေါင်တစ်၀က်ခန့်သည် နွံအိုင်ထဲသို့ နစ်မြုပ်နေပြီးဖြစ်၏။

တစ်ဖက်တွင် ထိုသူတော်စင်စစ်သည်သည် ကြုံး၀ါးကာ ပါးစပ်မှ သွေးများစီးထွက်လာရင်းအနောက်သို့ လွှင့်စင်သွားတော့၏။ သူတို့၏ ခွန်အားကွာခြားချက်သည့် ကြီးမားလှ၏။ ထိုထိုးဖောက်၀င်လာသည့်လူသည် သူ၏ စွမ်းအားများအားလုံးကို အသုံးပြုရန်အတွက် အချိန်မရလိုက်သော်လည်း ကြယ်သုံးလုံးအဆင့်စစ်သည်တစ်ယောက်အား လအဆ့င်သိုင်းဆရာတစ်ယောက်မှ တိုက်ခိုက်လိုက်ခြင်းဖြစ်သည့်အတွက်ကြော့င် သူတော်စင်စစ်သည်သည် ပြင်းထန်စွာဒဏ်ရာရရှိသွားတော့၏။ ထိုစစ်သည်၏ လက်ရိုးများကြေမွကုန်တော့သည်။

အကယ်၍ တစ်ခြားလူများသာလျှင် ဤကဲ့သို့ အတိုက်ခိုက်ခံလိုက်ရပါက သတိလစ်မေ့မျောသွားနိုင်သော်လည်း ဤသူတော်စင်စစ်သည်သည် စိတ်ဓာတ်မာကြောကြံ့ခိုင်သည့်လူတစ်ယောက်ပင်။ လေပေါ်တွင် လွှင့်ထွက်သွားရင်းဖြင့် သူအော်ဟစ်လိုက်သည်။ “နဂါးသတ်ဒူးလေးတွေပစ်လိုက်တော့...”

ယခုအချိန်တွင် ဤသူတော်စင်စစ်သည်သည် ဖောက်ထွင်း၀င်လာသူအား တိုက်ခိုက်လိုက်ခြင်းသည် ရန်သူအား ဒူးလေးများဖြင့် ပစ်ခတ်နိုင်ရန်အတွက် အချိန်ဆွဲပေးလိုက်ခြင်းသာဖြစ်ကြောင်းကို ဖှေးသဘောပေါက်သွား၏။

“၀ှစ် ၀ှစ် ၀ှစ်..”

သူတော်စင်စစ်သည်အော်ဟစ်လိုက်သည့်အချိန်တွင် ဒူးလေးများစတင်လှုပ်ရှားပြီး မြှားသုံးချောင်းကို ပစ်လွှတ်လိုက်ပြီး မြှားများသည် မှော်အစီရင်များထံမှ လျှင်မြန်စွာလွတ်မြောက်လာသည့် အသတ်လတ်ပိုင်းအရွယ်လူထံသို့ ချက်ချင်းလိုလိုပင် ရောက်ရှိသွားတော့သည်။

မြှားများထဲတွင်ပါ၀င်သည့် စွမ်းအင်သည် အသတ်လတ်ပိုင်းအရွယ်လူအား အံ့သြသွားစေပြီး ထိုမြှားများကို ခုခံတိုက်ခိုက်ရန်အတွက် သူ၏ စွမ်းအားများအားလုံးကို ထုတ်လွှတ်လိုက်ရ၏။

“ဘုန်း ဘုန်း ဘုန်း...”

ထိုလူသည် အမှန်တကယ်ပင် အစွမ်းထက်သည့်လူတစ်ယောက်ပင်။ ပေါက်ကွဲဿံများထွက်ပေါ်လာပြီး သည့်အချိန်တွင် သူ့ထံသို့ ပျံသန်းလာနေသည့်မြှားသုံးချောင်းလုံးကို ပုတ်ထုတ်လိုက်၏။ သို့သော် သူ၏လက်များမှ သွေးများစီးကျနေလျှက်ရှိသည်။

သို့သော် မြှားများဖြင့် တိုက်လိုက်မိသည့်အရှိန်ကြောင့် သူသည် အနောက်သို့ တွန်းထုတ်ခံလိုက်ရပြီး သူထွက်လာနိုင်ခဲ့သည့် နွံအိုင်အတွင်းသို့ ပြန်လည်ကာ နစ်မြုပ်သွားတော့သည်။ ယခုအချိန်တွင် သူသည် ခါးသို့ ရောက်သည်အထိနစ်မြုပ်သွားပြီးဖြစ်၏။

“၀ှစ် ၀ှစ် ၀ှစ် ၀ှစ် ၀ှစ်...”

နဂါးသတ်ဒူးလေးကြီးများမှ မြှားငါးချောင်းကို ထက်မံ၍ ပစ်လွှတ်လိုက်ပြီး မြှားများပျံသန်းလာနေသည့် လေခွင်းသံများသည် သေမင်း၏ ရယ်သံလိုပင်။

သူရဲကောင်းမြို့တော်၏ မှော်ပညာခုံခံရေးစနစ်သည် အလွန်စွမ်းအားမြင့်မားလှ၏။ ဤအသတ်လတ်ပိုင်းအရွယ်လူအား အသက်ရှူရန်အချိန်ပင်မပေးချေ။ နဂါးသတ်မြှားများစွာကို ထက်မံ၍ ပစ်လွှတ်လိုက်၏။

“ဘုန်း ဘုန်း ဖုန်း ဖုန်း...”

ပေါက်ကွဲသံများစွာထွက်ပေါ်လာတော့သည်။

မှော်မီးတောက်များ၊ ဖုန်မှု့န်တိမ်တိုက်များသည် နေရာတစ်ခုလုံးကို လွှမ်းခြုံသွားတော့၏။

ဖှေးသည် သွေးများပန်းထွက်လာသည်ကို ၀ေ၀ေ၀ါး၀ါးသာမြင်လိုက်ရပြီး အော်ဟစ်သံတစ်ခုကိုလည်း ကြားလိုက်ရသည်။ ဤအသတ်လတ်ပိုင်းအရွယ်လူ တိုက်ခိုက်မှုများအား ရှောင်ရှားနိုင်လိုက်လား မနိုင်လိုက်လားကို မည်သူမှသိခြင်းမရှိပေ။

“သူ့ကို အရှင်ဖမ်းလိုက်။ သူကဘယ်သူလဲ ဒီထဲကို ဘယ်လို၀င်လာနိုင်လဲဆိုတာကို ငါတို့တွေသိဖို့လိုတယ်...” ဘရွတ်အော်ဟစ်လိုက်သည်။

သတိကြီးမားစွာထားလိုက်ပြီး သူတော်စင်တပ်ဖွဲ့များနှင့် ဥပဒေပြုတပ်ဖွဲ့များသည် ဖုန်မုန့်များထနေသည့် နေရာသို့ ၀င်ရောက်ချည်းကပ်သွားကြ၏။

မကြာမှီတွင် ဖုန်မှုန့်များနှင့် မှော်မီးတောက်များငြိမ်သက်သွားပြီး လူများသည်ဖြစ်ပျက်သမျှကို မြင်နိုင်လာ၏။

“ဟားဟား ကောင်းတယ် ချမ်းဘော့ဒ်လိုတိုင်းပြည်ငယ်လေးက လျို့၀ှက်စစ်ရေးစခန်းတစ်ခုနဲ့ ဘယ်သူမှမသိသေးတဲ့ ကြောက်စရာမှော်လက်နက်ကြီးတွေကို ပိုင်ဆိုင်ထားတာပဲ။ ဟားဟား ကောင်းတယ်။ မင်းသားကတော့ ဒီသတင်ကို ကြားချင်နေတော့မှာပဲ။ ဘုရင်အလတ်ဇန္ဒား မင်းက သစ္စာဖောက်ဖို့ ကြံစည်နေတာပဲ...”

ထိုအသတ်လတ်ပိုင်းအရွယ်လူသည် သွေးများဖြင့် ဖုံးလွှမ်းနေသော်လည်း သူသည် အကြောက်တရားကင်းမဲ့စွာဖြင့် ရယ်မောလိုက်၏။

ဤလူအား ထောက်ချောင်ဆင်ထားသည့် မှော်အစီရင်များသည် မှော်မြှားများ၏ ဖျက်ဆီးခြင်းကိုခံလိုက်ရပြီဖြစ်ပြီး ဤလူသည် ယခုအချိန်တွင်မြေပြင်အတွင်းသို့ ခါးရောက်သည်ထိနစ်မြုပ်နေ၏။

သူ၏ ပခုံးတွင် ၀ိုင်ပုလင်းတစ်လုံးခန့်ကြီးမားသည့် မြှားကြီးတစ်ချောင်းလဲစိုက်၀င်နေပြီး သူ၏ ညာလက်မောင်းတစ်ခုလုံး ပြတ်ကျလုနီးနီးပင်။ ထို့အပြင် သူ၏ ၀မ်းပိုက်တွင်လည်း နောက်ထပ်မြှားတစ်ချောင်းစိုက်၀င်နေ၏။ နံရိုးများကျိုးကြေနေပြီး ၀မ်းပိုက်ထဲတွင်ရှိနေသည့် အူခွေများကိုပင်မြင်နေရသည်။ သူ၏ ခန္ဓာကိုယ်သည် ဆိုး၀ါးသည့်အခြေအနေတွင်ရှိနေသော်လည်း သူသည် လအဆင့်သိုင်းဆရာတစ်ယောက်ဖြစ်သည့်အတွက်ကောင်းမွန်စွာတောင့်ခံနိုင်၏။ သာမန်လူတစ်ယောက်ဆိုပါက ဤကဲ့သို့ ဒဏ်ရာမျိုးကြောင့် သေနေလောက်ပြီးဖြစ်သည်။ သို့သော် ဤလူသည် စိတ်ဓာတ်ပြင်းထန်သည့်လူတစ်ယောက်ဖြစ်သည့်အတွက် သူ၏ခန္ဓာကိုယ်ပေါ်တွင်ရှိသည့် ဒဏ်ရာများကို တစ်ခြားလူတစ်ယောက်၏ ဒဏ်ရာများကဲ့သို့ပင် လျစ်လျူရှုထား၏။

သူသည် ဆိုး၀ါးသည့်အခြေအနေတွင်ရှိနေသော်လည်း သူ့အနားသို့ ချည်းကပ်လာနေသည့် သူတော်စင်စစ်သည်များနှင့် ဥပဒေပြုစစ်သည်များကို လျစ်လျူရှုလိုက်သည်။ သူ၏ အိတ်ကပ်ထဲမှ အမဲရောင်အမှတ်တံဆိပ်တစ်ခုကို ထုတ်ယူလိုက်ပြီး ဖှေးထံသို့ ပစ်ပေးလိုက်၏။

ဤအသက်လတ်ပိုင်းအရွယ်လူ၏ မျက်နှာပေါ်တွင် ထီမမြင်သည့်အပြုံးတစ်ခုထွက်ပေါ်လာပြီး သူပြောလိုက်သည်။ “ကြည့်လိုက်။ ငါက ဇီးနစ်အင်ပါယာတော်၀င်မိသားစုရဲ့ ကိုယ်ရံတော်တပ်ဖွဲ့၀င်တစ်ယောက်ပဲ။ ငါက အရှင့်သားအာရှဗင်ရဲ့အမိန့်အတိုင်း ချမ်းဘော့ဒ်တိုင်းပြည်ကို စုံစမ်းစစ်ဆေးဖို့ဒီနေရာကို ရောက်လာခဲ့တာ။ မင်း တကယ်ပဲ ပုန်ကန်ဖို့ စီစဥ်နေခြင်းရှိမရှိပေါ့။ င့ါကို ဒဏ်ရာရအောင်လုပ်တာကလည်း ကြီးမားတဲ့ ပြစ်မှုတစ်ခုပဲ။ မင်းက တကယ်ပဲ ပုန်ကန်မလို့လား။ အမြန်လုပ် ဒီစစ်သည်တွေကို ပြန်လွှတ်ပြီးတော့ င့ါကို ကုသသူတစ်ယောက်ခေါ်လာပေးစမ်း...”

သူ၏ ဘေးပတ်ပတ်လည်တွင်ရှိနေသည့်လူများ တုန်လှုပ်သွား၏။

ဤထိုးဖောက်၀င်လာသည့်လူသည် မြို့တော်စိန့်ပီတာစဘာ့တ်မှ စေလွှတ်လိုက်သည့် သံတမန်များထဲမှ တစ်ယောက်ဖြစ်နေလိမ့်မည်ဟု ထင်မထားခဲ့သည့်အတွက်ပင်။ သူပြောသည့်အတိုင်းဆိုပါက ချမ်းဘော့ဒ်တိုင်းပြည်သည် အဆင့်၁အဖွဲ့၀င်တိုင်းပြည်တစ်ခုဖြစ်သော်လည်း သူ့ကို ဘာမှလုပ်နိုင်လိမ့်မည်မဟုတ်ပေ။ မည်သည့်အဖွဲ့၀င်တိုင်းပြည်မှ တော်၀င်မိသားစု၏ ကိုယ်ရံတော်များအား ထိလို့မရသည့်အတွက်ပင်။

“တကယ်သူပဲ။ ကျွန်တော်အခုမှတ်မိပြီ။ ကျွန်တော့စီကို ဘားကော့ဗ်လာလည်တုန်းက ဒီလူလည်းပါလာသေးတယ်။ သူက မြို့တော်စိန့်ပီတာစဘာ့တ်က လွှတ်လိုက်တဲ့ သံတမန်တွေထဲကတစ်ယောက်ပဲ။ ဒါပေမယ့် သူ့မှာ ဒီရာထူးရှိတယ်ဆိုတာတော့ ကျွန်တော်လည်းမသိခဲ့ဘူး...သေစမ်း...” ဘရွတ်၏မျက်နှာသည်အရောင်ပြောင်းလဲသွားပြီး ဖှေးအနားသို့ လမ်းလျှောက်လာကာ ကပ်ပြောလိုက်၏။

အခိုက်တန့်တစ်ခုကြာခန့် လူတိုင်းသည် ဖှေးအားစိုက်ကြည့်နေလျှက်ရှိသည်။

ဤအခြေအနေတွင် ဘုရင်သည်သာလျှင် မည်ကဲ့သို့ ဆက်လုပ်ရမည်ကို ဆုံးဖြတ်နိုင်သည့်အတွက်ပင်။

“ဟမ် ချမ်းဘော့ဒ်ဘုရင် မင်းဘာတွေစောင့်နေတာလဲ။ င့ါကို မှော်ဆရာတစ်ယောက်ခေါ်ပြီးတော့ ကုပေးတော့လေ။ မင်းက ပါးကွပ်သားသူရဲကောင်းတွေကို နံပါတ်၁ဓားကွင်းမှာ အနိုင်ယူခဲ့နိုင်ပြီးတော့ အင်ပါယာကာကွယ်စောင့်ရှောက်သူသိုင်းဆရာခါဆစ်ကို လုပ်ကြံခဲ့တဲ့ စပါတပ်အင်ပါယာက လူတွေကိုလည်း ဖမ်းပေးနိုင်ခဲ့တယ်လို့ကြားတယ်။ မင်းက တောက်ပတဲ့အနာဂတ်တစ်ခုကို ပိုင်ဆိုင်ထားတဲ့လူပဲ။ ဒါကြောင့် မင်းအခုအချိန်မှာ မှားယွန်းတဲ့ဆုံးဖြတ်ချက်ကို ချလိုက်ပြီးတော့ မင်းအနာဂတ်ကို ဖျက်ဆီးမပစ်ပါနဲ့။ မင်း မြို့တော်ထဲမှာ နာမည်ကြီးလာခဲ့တဲ့တစ်ခုတည်းသောအကြောင်းရင်းက ငါတို့လိုစီနီယာတွေက မင်းကို ၀င်ပြီးတော့ သင်ခန်းစာမပေးခဲ့လို့။ အေး အင်ပါယာထဲမှာ မင်းကို ဘယ်သူမှ မယှဥ်နိုင်တော့ဘူးလို့ ထင်မနေနဲ့...” ထိုအသတ်လတ်ပိုင်းအရွယ်လူသည် သူ၏မျက်လုံးများထဲတွင်အေးစက်မှုများဖြင့် ပြောလိုက်၏။ သူသည် လေးစားခြင်းလုံး၀မရှိပေ။

“မင်းကများ..”

“အတော်မိုက်မဲတဲ့ကောင်ပဲ...”

“မင်းကများ အင်ပါယာရဲ့ အဆင့်၂ဆွေကြီးမျိုးကြီးတစ်ယောက်ကို ဒီလိုရိုင်းရိုင်းစိုင်းစိုင်းပြောရဲတယ်ပေါ့...”

ရိုင်းပြသည့်စကားကိုကြားလိုက်ရသည့်အချိန်တွင် သူတော်စင်စစ်သည်များနှင့် ဥပဒေပြုစစ်သည်များအားလုံး အော်ဟစ်လိုက်သည်။ ထိုစစ်သည်များအတွက် မင်းသားနှင့် တော်၀င်မိသားစု၏ ကိုယ်ရံတော်ဆိုသည်မှာ ဘာမှမဟုတ်လှပေ။ သူတို့၏ဘုရင်ကသာ အမိန့်ပေးလိုက်ပါက သူတို့သည် ထိုလူအား တွန့်ဆုတ်ခြင်းမရှိပဲ သတ်ပစ်လိုက်ကြမည်ဖြစ်သည်။

ထိုအသတ်လတ်ပိုင်းအရွယ်လူ၏ စကားဆုံးလျှင်ဆုံးခြင်းပင် ဖှေးရုတ်တရက်ပြုံးကာပြောလိုက်၏။

“မင်းသားရဲ့ စုံစမ်းရေး ကွန်ယက်ကအတော်လေးအားနည်းနေတာလား။ ဒါမှမဟုတ်ရင် သူက မင်းကိုများအမှန်တရားကို ပြောမပြချင်တာလား...”

“ဘာ...” အသက်လတ်ပိုင်းအရွယ်လူနားမလည်နိုင်ဖြစ်သွား၏။

ဖှေးသည် သူတော်စင်စစ်သည်များနှင့် ဥပဒေပြုအရာရှိများကိုကြည့်လိုက်ပြီး ပြောလိုက်၏။ “ဒီလူက စပါတပ်က လူတစ်ယောက်ပဲ။ သူက တော်၀င်ကိုယ်ရံတော်တစ်ယောက်ဟန်ဆောင်ပြီးတော့ မင်းသားကို နာမည်ဖျက်ဖို့ကြိုးစားနေတဲ့လူပဲ။ သူကမှ တကယ်ံ ရာဇ၀တ်ကောင်အစစ်ပဲ။ ဒီကောင့်ကိုဖမ်းနိုင်တဲ့လူအတွက် ငါကိုယ်တိုင်အင်ပါယာအရှင်သခင်ယရှင်းစီကနေ ဆုလာဘ်တွေ သွားတောင်းပေးမယ်...”

“ဘာ မင်း...မင်းကများ...” ဤအသတ်လတ်ပိုင်းအရွယ်လူသည် အလွန်ဒေါသဖြစ်သွားသည့်အတွက်ကြောင့် သူ၏မျက်နှာပင် ဖြူဖက်ဖြူယော်ဖြစ်သွား၏။ သူ၏နှုတ်ခမ်းများတွန့်လိမ်သွားကာပြောလိုက်သည်။ “ချမ်းဘော့ဒ်ဘုရင် ဒါက ပုန်ကန်မှုကို ကျူးလွန်နေတာနော်။ ငါမင်းကို င့ါရဲ့အမှတ်တံဆိပ်ပြပြီးသား အဲ့တာကို မင်းက...”

သူ၏စကားမဆုံးသေးခင်မှာပင် ချမ်းဘော့ဒ်တိုင်းပြည်မှ စစ်သည်များသည် သူ့ထံသို့ ပြေး၀င်လာကြတော့သည်။

All Chapters