← Chapters

အခန်း (၆၈၇)

Vol. 44 Ch. 687

အခန်း (၆၈၇)

Vol. 44 Ch. 687

ဤခိုး၀င်လာသည့်လူသည် လအဆင့်သိုင်းဆရာတစ်ယောက်ဖြစ်သောကြောင့် ဤနေရာတွင်ရှိနေသည့် သူတော်စင်စစ်သည်များနှင့်၊ ဥပဒေပြုစစ်သည်များအားလွယ်ကူစွာသတ်ဖြတ်နိုင်သော်လည်း သူရဲကောင်းမြို့တော်တွင်ရှိနေသည့် မှော်ပညာခုခံရေးစနစ်များသည် အလွန်အစွမ်းထက်လှပြီး ဒူးလေးများသည်လည်း အလွန်ပင်စွမ်းအားပြင်းထန်လှသည်။ သူသည် အနည်းငယ်ဂရုမစိုက်လိုက်မိသဖြင့် ပြင်းထန်စွာပင်ဒဏ်ရာရရှိသွားခဲ့သည်။ ဤအခိုက်တန့်တွင် သူ၏ခြေထောက်များသည် မြေပြင်ထဲသို့ စိုက်၀င်နေပြီး သူသည်လည်း စွမ်းအား၂၀ရာခိုင်နု့န်းခန့်သာကျန်တော့၏။ သူသည် ကြီးမားသည့် အန္တရာယ်ကြားထဲတွင်ရောက်ရှိနေခြင်းမဟုတ်သော်လည်း လွယ်ကူစွာထွက်ပြေးနိုင်တော့မည်မဟုတ်ပေ။

“ဘုန်း ဘုန်း ဘုန်း...”

ကျားများသည် နဂါးကြီးတစ်ကောင်အား ၀ိုင်း၀န်းစားသောက်ရန်ကြိုးစားနေသည့်အတိုင်းပင် ချမ်းဘော့ဒ်တိုင်းပြည်မှ စစ်သည်တော်များသည် ဤလူထံသို့ ရက်စက်ကြမ်းကြုတ်စွာပင် ပြေး၀င်လာကြတော့၏။

အခိုက်တန့်တစ်ခုကြာခန့်အရောက်သွေးမျိုးစုံရှိသည့်အတွင်းအားစွမ်းအင်မီးတောက်များထွက်ပေါ်လာပြီး တိုက်ပွဲသည် ရူးလောက်ဖွယ်ပင်။ ကျယ်လောင်သည့် ပေါက်ကွဲသံများထွက်ပေါ်လာသည်။ သို့သော် စစ်သည်များသည် သူ့ထံသို့ ပို၍ပို၍ ပြေး၀င်လာနေပြီး သူ့အား အသက်ရှူရန်ပင် အချိန်ပေးခြင်းမရှိပေ။

ဖှေးသည် ဘေးတွင်ရပ်နေ၍ ဖြစ်ပျက်သမျှအား ပြုံးကာ ကြည့်နေလိုက်သည်။

သို့သော် သူ၏လက်ချောင်းများကို လှုပ်ရှားလျှက် မမြင်နိုင်သည့်စွမ်းအင်များကို တိုက်ပွဲဖြစ်ပွားနေသည့်နေရာသို့ ပစ်လွှတ်နေလျှက်ရှိသည်။

ထိုစွမ်းအင်များသည် ထိုးဖောက်၀င်လာသည့်လူ၏ သေစေနိုင်သောတိုက်ခိုက်မှုများကို တားဆီးပေးကာ ချမ်းဘော့ဒ်တိုင်းပြည်မှ စစ်သည်တော်များကို သေစေနိုင်လောက်သည့် ဒဏ်ရာမရအောင်ကာကွယ်ပေးထား၏။ ထို့ကြောင့် ချမ်းဘော့ဒ်စစ်သည်များသည် အ၀ေးသို့သာလွှင့်ထွက်သွားကြ၏။ လွှင့်ထွက်သွားသည့်စစ်သည်များသည်လည်း ခေါင်းမူးပျောက်သည့်အချိန်တွင် ပြန်လည်ပြေး၀င်သွားကာ ဆက်လက်၍ တိုက်ခိုက်ကြပြန်သည်။

ဘုရင်သည် ဤလူအား အသုံးချ၍ သူတော်စင်စစ်သည်များနှင့် ဥပဒေပြုစစ်သည်များကို လအဆင့်သိုင်းဆရာတစ်ယောက်နှင့်တိုက်ခိုက်ရသည်ကို အတွေ့ကြုံရစေရန်အတွက် လေ့ကျင့်ပေးနေခြင်းပင်။

“အား ချမ်းဘော့ဒ်ဘုရင် ငါမင်းကို သတ်တော့မယ်...” ယခုအချိန်တွင်ပင်ပန်းသည့်ပုံပေါက်နေသည့် ထိုးဖောက်၀င်လာသည့်လူသည် ထူဆန်းနေသည့်အရာတစ်ခုဖြစ်ပျက်နေသည်ကို သတိထားလိုက်မိသည် စွမ်းအင်မီးတောက်များစွာထွက်ပေါ်လာပြီး အနားတွင်ရှိနေသည့် ချမ်းဘော့ဒ်စစ်သည်များအားလုံးကို အ၀ေးသို့ တွန်းထုတ်ပစ်လိုက်သည်။

သူ၏မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သည့်အပြုံးတစ်ခုဖြင့် သူ၏ အတွင်းအိတ်ကပ်ထဲမှ စာလိပ်တစ်ခုကို ထုတ်ယူလိုက်ပြီး ခါရမ်းလိုက်သည်။

“ဒီစောက်ပိန်းတွေ နောက်ဆုတ်သွားအောင်လို့ ငါမင်းကို သတ်ပြလိုက်ရသေးတာပေါ့...”

“၀ှစ်...”

ရွှေရောင်ဓားသွားစွမ်းအင်တစ်ခုသည် လေထဲတွင်ပျံ၀ဲသွားပြီး လေထုထဲတွင်အမဲရောင်အက်ကွဲကြောင်းများကို ချန်ထားခဲ့၏။ ထိုဓားသွားစွမ်းအင်သည် အလင်းထက်ပင်ပို၍ မြန်ဆန်နေသလိုပင်။

“ဘုန်း ဘုန်း ဘုန်း...”

ထိုဓားသွားစွမ်းအင်သည်အလွန်ပင်စူးရှပြီး စစ်သည်များချထားသည့်မှော်အစီရင်များစွာကို ဖျက်ဆီး၍ ဖှေးထံသို့ ချက်ချင်းလိုလိုပင် ရောက်ရှိသွားသည်။

“အရှင်မင်းကြီးကို ကာကွယ်ကြ..”

“အမြန်လုပ် အရှင်မင်းကြီးကို ကာကွယ်ပေးကြ...”

ဓားသွားစွမ်းအင်သည် ဖှေး၏ နဖူးသို့ စိုက်၀င်တော့မည်ကိုတွေ့လိုက်ရသည့်အတွက်ကြောင့် စစ်သည်များသည် ပျာယာခက်သွား၏။ ဖှေးအနားတွင်ရှိနေသည့်စစ်သည်များဆိုလျှင် ဖှေးအရှေ့သို့ ခုန်၀င်ကာ သူတို့၏ခန္ဓာကိုယ်ဖြင့်ကာကွယ်ပေးရန်ပင် ကြိုးစားလိုက်ကြသည်။

ထိုဓားသွားစွမ်းအင်သည် မှော်စွမ်းအင်အကာရံများစွာကိုပင် ထိုးဖောက်နိုင်ပြီး သူတို့အား ချက်ချင်းလိုလိုပင် သတ်ဖြတ်သွားနိုင်သော်လည်း ချမ်းဘော့ဒ်စစ်သည်များသည် သူတို့၏ ဘုရင်ကိုကာကွယ်ရန်အတွက် တွန့်ဆုတ်နေခြင်းမရှိပေ။

ပထမဆုံးခုန်၀င်လိုက်သည့်စစ်သည်သည် ရေခဲဂုဏ်သတ္တိအတွင်းအားစွင်းအင်အသုံးပြုသော ကြယ်နှစ်လုံးအဆင့်စစ်သည်တော်တစ်ယောက်ပင်။ သူ၏ မျက်လုံးများကို ဖွင့်ထားလျှက် သူ၏ အတွင်းအားစွမ်းအင်များအားလုံးကို လောင်ကျွမ်းကာ သူ၏ အသက်ကိုစတေးခံ၍ ရွှေရောင်ဓားသွားစွမ်းအင်အား ခနတာခန့် နှေးကွေးအောင်ပြုလုပ်ရန်ကြိုးစားလိုက်သည်။

ထိုဓားသွားစွမ်းအင်သည် သူ၏နဖူးကိုပင် ထိပြီးလိုက်သည့်အတိုင်းပင် သူ၏ နဖူးပေါ်မှ အရေပြားသည် ကွဲရှသွားပြီး သွေးစက်များသည် သူ၏ မျက်နှာပေါ်တွင်စီးကျတော့မည်ဖြစ်သည်။ သေမင်းသည်လည်း သူ၏အနီးသို့ ရောက်ရှိလာသလိုခံစားလိုက်၇သည်။

ထိုသူတော်စင်စစ်သည်သည် ရွှေရောင်ဓားသွားစွမ်းအင်အား စိတ်ဆိုးစွာပင် စိုက်ကြည့်နေလျှက်ရှိသည်။ သူ၏ ခန္ဓာကိုယ်အား ထိုးဖောက်ဖျက်ဆီးတော့မည့်အချိန်ကို ကြည့်ရှုရန်အတွက် စောင့်စိုင်းလိုက်သည်။

ရုတ်တရက်ပင် အခြေအနေသည်ပြောင်းလဲသွား၏။ စူးရှသည့် နာကျင်မှုသည်လည်း မရှိတော့ပဲ ရွှေရောင်ဓားသွားစွမ်းအင်သည်လည်း သူ၏မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။ ထိုအစား သူသည် လူတစ်ယောက်၏ ကျယ်ပြန့်သန်မာသည့် ကျောပြင်ကို မြင်လိုက်ရ၏။

“အရှင်မင်းကြီးပဲ...” ထိုသူတော်စင်စစ်သည် ထိုလူမည်သူဖြစ်သည်ကို ချက်ချင်းပင် သတိထားလိုက်မိသည်။

သူ၏မျက်လုံးများ အပြူးသားဖြင့်တွေးလိုက်မိ၏။ “အတော်ကို မြန်တာပဲ။ အရှင်မင်းကြီး...သူက ဘယ်လိုဖြစ်ပြီးတော့ အဲ့ဓားသွားစွမ်းအင်ထက်တောင်မြန်နေရတာလဲ....သေစမ်း အဲ့ဓားစွမ်းအင်က...”

ဘုရင်သည် ဓားသွားစွမ်းအင်၏ အရှေ့တွင်ရှိနေသည်ကို သတိထားလိုက်မိသဖြင့် သူကြောက်လန့်သွားတော့သည်။

တစ်ဖက်တွင် အသက်လတ်ပိုင်းအရွယ်လူသည်လည်း တုန်လှုပ်သွား၏။ သူမြင်လိုက်ရသည့်အရာသည် သူ့အား မျှော်လင့်ချက်များပျက်စီးသွားစေသည့်အတွက်ပင်။

“မင်းသိလား...” ဖှေးသည် ဖောက်ထွင်း၀င်လာသူအား တည်ငြိမ်စွာပင်မေးလိုက်သည်။

ဘုရင်၏အရှေ့တွင် ထိုးဖောက်မြင်နိုင်သည့် စွမ်းအင်အလွှာများရှိနေပြီး ထိုအလွှာများသည် ကြည်လင်သည့် ကြာပွင့်များကို တစ်ပွင့်ပြီးတစ်ပွင့်ဖန်တီးနေလျှက်ရှိသည်။ ထို ရွှေရောင်ဓားသွားစွမ်းအင်သည်အနောက်သို့ တွန်းထုတ်ခြင်းခံလိုက်ရပြီး ထိုစွမ်းအင်အလွှာများ၏ ပိတ်ဆို့ခြင်းကိုခံလိုက်ရ၏။ နွံအိုင်ထဲတွင် နစ်မြုပ်သွားသလိုပင် ဆက်လက်၍ လှုပ်ရှားနိုင်ခြင်းမရှိတော့ပေ။ ရွှေရောင်အလင်းတန်းသည် ပို၍ပို၍ တောက်ပနေသော်လည်း ဘာမှလုပ်နိုင်ခြင်းမရှိပေ။

“ဘာကိုသိရမှာလည်း...” အသက်လတ်ပိုင်းအရွယ်လူသည် မေးလိုက်သည်။

ဖှေးသက်ပြင်းချကာ ထိုလူအား ကမ္ဘာပေါ်တွင် အမိုက်မဲဆုံးလူသားတစ်ယောက်လိုကြည့်လိုက်သည်။ သူ၏မျက်နှာပေါ်တွင် ယုံကြည်ချက်ရှိသည့်အပြုံးတစ်ခုဖြင့် ဖှေးသည် သူ၏ စွမ်းအားများကို ထုတ်လွှတ်လိုက်ကာ ဖောက်ထွင်း၀င်လာသူအား အထင်သေးစွာဖြင့် ပြောလိုက်သည်။ “မင်းသိထားတာက အင်ပါယာထဲမှာ အင်ပါယာအရှင်သခင်ယရှင်းကလွဲပြီးတော့ င့ါကို ယှဥ်ပြီးတိုက်ခိုက်နိုင်တဲ့လူ ဘယ်သူမှ မရှိတော့ဘူးဆိုတာကိုပဲ။ မင်းနောက်မှာရှိနေတဲ့လူက စစ်သည်အင်အား သန်းနဲ့ချီပြီးတော့ပဲရှိနေနေ၊ ဘယ်လောက်ပဲ ရာထူးအရှိန်၀ါမြင့်မားနေနေ။ ထီးနန်းကိုပဲ ရသွားရသွား သူက င့ါကို ဘာမှလုပ်နိုင်မှာမဟုတ်ဘူး။ တကယ်လို့ ငါသာအလိုရှိမယ်ဆိုရင် သူ့ကို အလွယ်တကူပဲသတ်ပစ်လိုက်လို့ရတယ်...”

All Chapters