← Chapters

“ချမ်းဘော့ဒ်တိုင်းပြည်၏ ပညာရေးစနစ်”

Vol. 44 Ch. 689

“ချမ်းဘော့ဒ်တိုင်းပြည်၏ ပညာရေးစနစ်”

Vol. 44 Ch. 689

ဖှေးစဥ်းစားကြည့်လိုက်ပြီး သူ၏ ထားသိုရာအကန့်ထဲမှ ကျင့်စဥ်စာလိပ်တစ်လိပ်ကို ထုတ်ယူကာ အတ်-ဟာဇက်အားပေးလိုက်သည်။

ဤစာလိပ်သည် ဖှေးချမ်းဘော့ဒ်သို့ ပြန်လာသည့်လမ်းတွင် ဖန်တီးခဲ့သည့် ထူးခြားသော ကျင့်စဥ်စာလိပ်တစ်ခုဖြစ်သည်။ ထိုကျ့င်စဥ်အား နတ်ဆိုးဘုရင်၏ ဓားစာအုပ်ထဲမှ စိတ်၀င်စားဖွယ်ကောင်းသည့် ကျင့်စဥ်တစ်ခုကို အခြေခံကာ ဖန်တီးထားခြင်းဖြစ်ပြီး ဖှေးသည် ထိုသိုင်းကွက်အား စိန်လက်သီးဟုနာမည်ပေးထား၏။ အတွင်းအားစွမ်းအင်ဂုဏ်သတ္တိအရဆိုလျှင် အက်-ဟာဇက်နှင့် လိုက်ဖက်သည့် သိုင်းကွက်တစ်ခုပင်။

အပေါင်းဖော်များ၏ အားကျသည့် အကြည့်များအောက်တွင် အက်တ်သည် ကျင့်စဥ်စာလိပ်အား ထူးခြားသည့်ရတနာတစ်ပါးကဲ့သို့ လက်ခံယူလိုက်၏။

“အော်အေးတစ်ခုရှိသေးတယ်။ မင်းအဲ့ ခိုး၀င်လာတဲ့လူကို ဘယ်လို ရှာတွေ့ခဲ့တာလဲ...” ဖှေးသည် ဤလူငယ် အသက်လတ်ပိုင်းအရွယ်လူအား ရှာတွေ့သွားခဲ့ပုံအား ပြန်စဥ်းစားလိုက်မိပြီး မေးလိုက်သည်။ ထိုအရာသည် အနည်းငယ်အံ့သြဖွယ်ကောင်းနေသည့်အတွက်ပင်။ ပြင်ပအကူညီမပါပဲ ကြယ်သုံးလုံးအဆင့်သိုင်းဆရာတစ်ယောက်သာဖြစ်သေးသည့် အက်-ဟားဇက်သည် လအဆင့်စစ်သည်တစ်ယောက်ဖြစ်သည့် ခိုး၀င်လာသူအား ရှာတွေ့သွားသည်မှာ မဖြစ်နိုင်သည့်အတွက်ပင်။

“အရှင်မင်းကြီး အဲ့တာက ကျွန်တော်တို့မှာ ဒီကိရိယာလေးရှိနေလို့ပါ...” အက်သည် သူ၏ အိတ်ကပ်အတွင်းမှ လက်ပတ်နာရီကဲ့သို့သော ပစ္စည်းတစ်ခုထုတ်ယူကာ ဖှေးအားပေးလိုက်သည်။ သူရှင်းပြလိုက်၏။ “နေအဆင့်အောက်မှာရှိတဲ့ သိုင်းဆရာတွေက သူတို့ ခန္ဓာကိုယ်အပူချိန်ကို ဖုံးကွယ်ထားနိုင်ခြင်းမရှိပါဘူး။ သူတို့မှာ အတော်လေးကောင်းမွန်တဲ့ ကိုယ်ယောင်ဖျောက်စွမ်းအင်တွေ၊ သိုင်းကွက်တွေ ပိုင်ဆိုင်ထားတယ်ဆိုရင်တောင် သူတို့ရဲ့ခန္ဓာကိုယ်အပူချိန်ကို ဖုံးကွယ်မထားနိုင်ဘူး။ ပရော်ဖက်ဆာကိန်းပြောတာက လူသားခန္ဓာကိုယ်က အမြဲတန်းအပူငွေ့တွေထုတ်နေတယ်တဲ့။ ဒီပစ္စည်းလေးက ပတ်၀န်းကျင်မှာရှိတဲ့ အပူချိန်ပြောင်းလဲမှုတွေကို အာရုံခံနိုင်ပါတယ်။ အဲ့တာကြောင့်မို့ပါ...”

“အဲ့အဖိုးကြီးက တကယ်ပဲလုပ်နိုင်ခဲ့တာပဲ...” ဖှေး အံ့သြသွား၏။ သူသည် ဘာပြောရမှန်းမသိအောင်ပင် ဖြစ်သွား၏။

သူသည် လူသားခန္ဓာကိုယ်မှ အပူစွမ်းအင်အား ထုတ်လွှတ်သည်ဟူသည့်အချက်ကို ကိန်းအားပြောပြခဲ့ခြင်းပင်။ ပထမပိုင်းတွင် ကိန်းမှ ယုံကြည်ခဲ့ခြင်းမရှိပေ။ သို့သော် ယခုအချိန်တွင် သူကိုယ်တိုင်ရှာဖွေတွေ့ရှိခဲ့သည့်အတိုင်းပင် ဖှေး၏ သီအိုရီအား လိုက်လံပြောပြနေ၏။

မကြာမှီတွင် ကျယ်လောင်သည့် သတိပေးသံများသည်လည်း ရပ်တန့်သွားပြီး နံရံပေါ်တွင်ရှိနေသည့် အနီရောင်မီးလုံးများသည်လည်း ငြိမ်သက်သွားတော့၏။

သူတော်စင်စစ်သည်များနှင့် ဥပဒေပြုစစ်သည်များသည်လည်း သူရဲကောင်းမြို့တော်ထဲတွင် နောက်ထပ်ခိုး၀င်လာသူများမရှိတော့သည်အား ထက်မံ၍ လှည့်ပတ်စစ်ဆေးကာ အတည်ပြုလိုက်ကြအပြီးတွင် နဂါးသတ်ဒူးလေးများကို ပြန်လည်ကာရုတ်သိမ်းလိုက်သည်။ လုံခြုံရေးအခန်းများကို ပိတ်ထားသည့် ဂိတ်တံခါးများလည်း ပွင့်လာကြ၏။ ထို့နောက်တွင် ကျောင်းသူကျောင်းသားများနှင့် အလုပ်သမားများပြန်ထွက်လာပြီး သူတို့လုပ်စရာရှိသည်များကို တည်ငြိမ်စွာဖြင့် ဆက်လက်လုပ်ကိုင်နေကြတော့သည်။

တိုက်ပွဲကြောင့်ဖြစ်လာသည့် အမှိုက်သရိုက်များကို ရှင်းလင်းရန်အတွက် သက်မှတ်ထားသည့်လူများရှိပြီးဖြစ်သည်။

သူတော်စင်စစ်သည်များနှင့် ဥပဒေပြုစစ်သည်များသည်လည်း ဘုရင်အား အလေးပြုပြီးသည့်နောက်တွင် တယ်လီပေါ့တ်မှော်အစီရင်များမှတဆင့် အပြင်သို့ ထွက်သွားကြတော့၏။

မြေအောက်လိုဏ်ဂူသည်လည်း ပြန်လည်ကာ တည်ငြိမ်အေးချမ်းသည့်အခြေအနေသို့ ရောက်ရှိသွားတော့သည်။ ဘာမှမဖြစ်ခဲ့သည့်အတိုင်းပင်။ ပုန်းအောင်းနေကြသည့် ကျေးငှက်များနှင့် ချစ်စဖွယ်တိရိစ္ဆာန်များသည်လည်း ပြန်ထွက်လာကြသည်။ လမ်းလျှောက်နေကြသည်လူများကို စိတ်၀င်စားစွာဖြင့် လိုက်ကြည့်ရင်းဖြင့် သာယာသည့် အော်သံများကို ပြုလုပ်နေကြ၏။

ဖှေး စိတ်ကျေနပ်စွာဖြင့် ခေါင်းငြိမ့်လိုက်မိသည်။

“သူရဲကောင်းမြို့တော်တွင် အမှန်တကယ်ပင် စွမ်းအားမြင့်မားသည့် မှော်ပညာခုခံရေးစနစ်တစ်ခုရှိနေပြီး သူမျှော်မှန်းထားသည်ထက်ပင် ကျော်လွန်နေ၏။ ထပ်မံ၍ လှည့်ပတ်ကြည့်ရှုပြီးနောက်တွင် တိုက်ပွဲတွင်အသုံးပြုခဲ့ခြင်းမရှိသည့် မှော်ထောင်ချောက်များ၊ သတ်ဖြတ်ခြင်းယန္တရားများကိုပါတွေ့လိုက်ရသည့်အတွက် ယနေ့တွင်ဖှေးဤနေရာတွင်ရှိမနေစေကာမူ အသက်လတ်ပိုင်းအရွယ်လူသည်ထွက်ပြေးလွှတ်မြောက်နိုင်လိမ့်မည်မဟုတ်ပေ။

ပြန်လည်ပြုပြင်မွမ်းမံခြင်းပရော့ဂျက်မစခင်ကပင် ကိန်းနှင့်အာကာရာတို့သည် သူတို့၏ သူရဲကောင်းမြို့တော်ဒီဇိုင်းနှင့် ပတ်သက်၍ အလွန်ယုံကြည်ချက်ရှိခဲ့ကြသည်။ စွမ်းအားမြင့်မှော်ထောင်ခြောက်များနှင့် သတ်ဖြတ်ခြင်းယန္တရားများသည် မည်သည့်လအဆင့်သိုင်းဆရာကို မဆိုကိုင်တွယ်နိုင်သည်ဟု ပြောခဲ့ကြ၏။ နေအဆင့်သခင်များပင် ဤနေရာသို့ ထိုးဖောက်၀င်လာခဲ့ပါက ခေါင်းကိုက်ရမည်ဖြစ်သည်။ ကြည့်ရသည့်ပုံအရ ထိုသိပ္ပံပညာရှင်နှစ်ယောက်သည်လည်း လေလုံးထွားနေခြင်းဟုတ်ပုံမရပေ။

ဖှေးသည် လက်ရှိဆယ်ပုံတစ်ပုံခန့်ပြီးမြောက်သွားပြီဖြစ်သည့် ဒီဇိုင်းကိုကြည့်လိုက်ပြီး ယခုအချိန်တွင် လသစ်သိုင်းဆရာများကို ဖမ်းဆီးရန်အတွက် လုံလောက်ကြောင်းကို သိလိုက်ရသည်။ ဤပရော့ဂျက်သာ ၁၀၀ရာခိုင်နှုန်းပြီးမြောက်သွားပါက နေအဆင့်သခင်များကိုပင်လျှင် ချည်နှောင်ထားနိုင်လိမ့်မည်ဖြစ်သည်။

မှော်ပညာဓာတ်လှေကားကိုအသုံးပြု၍ ဖှေးသည် အတပ်တိုင်းအထပ်တိုင်းတွင်ရှိနေသည့် ဒီဇီုင်းများကိုတိုးရိစ်၊ ဘရွတ်တို့နှင့် အတူလိုက်လံလေ့လာခဲ့သည်။

ပထမဆုံးအထပ်အား လူတိုင်း၀င်ရောက်နိုင်ပြီး နားနေခန်းများ၊ စားသောက်ခန်းများ၊ အားကစားခန်းများပါရှိသည်။ ခြောက်ထပ်မှ ၁၅ထပ်မြောက်အထိသည် ချမ်းဘော့ဒ်တက္ကသိုလ်နယ်မြေပင်။ ဆယ်ထပ်ပါသည့် အခန်းများကို စာသင်ခန်းများ၊ လက်တွေ့ခန်းများ၊ လေ့ကျင့်ရေးခန်းများ၊ လက်နက်ခန်းများနှင့် စာကြည့်တိုက်များဟူ၍ ခွဲခြားထားသည်။ ဤတက္ကသိုလ်အား ဖှေး၏ အရင်ဘ၀တွင် တက်ရောက်ခဲ့သည့် တက္ကသိုလ်ကို အခြေခံ၍ ခွဲခြားထားခြင်းပင်။ ဤနေရာတွင် ဆယ်နှစ်မှ ၁၈နှစ်အတွင်းတွင်ရှိသည့် ကလေးတစ်ထောင်ခန့် ပညာသင်ကြားနေကြပြီး ထိုလူငယ်များသည် ချမ်းဘော့ဒ်တိုင်းပြည်အနာဂတ်အတွက် အလွန်အရေးပါသည့် ကြယ်ပွင့်များပင်။

ဆယ်နှစ်အောက် ကလေးငယ်များသည် ချမ်းဘော့ဒ်တိုင်းပြည်ထဲတွင်ရှိသည့် မူလတန်းကျောင်းများတွင် ပညာသင်ကြားရပြီး အသက်ငယ်ငယ်နှင့် အလွန်အရည်ချင်းရှိကာ ထူးချွန်သည့်ကလေးအနည်းငယ်ကိုသာ ချမ်းဘော့ဒ်တက္ကသိုလ်သို့ ချွင်းချက်အနေဖြင့် တက်ရောက်ခွင့်ပေးထား၏။

ပညာရေးတွင် ရင်းနှီးမြုပ်နှံခြင်းသည် အလွန်အရေးကြီးကြောင်းကို ဖှေးကောင်းမွန်စွာနားလည်သဘောပေါက်ထားသည်။ ချမ်းဘော့ဒ်တိုင်းပြည်သည် ပညာရေးအတွက် ငွေကြေးများစွာအသုံးချထားသည့် တစ်ခုတည်းသောတိုင်းပြည်ပင်။ ဤကလေးများသင်ကြားနေရသည့် ပညာရေးသည် လက်တွေ့ကျသည့် ပညာရေးတစ်ခုပင်။ ချမ်းသာသည့် မိသားစုများမှ လာသည့် ကလေးငယ်များသာ ပညာသင်ကြားခွင့်ရသည်ဟူသည့် ထုံးစုံသည်လည်း ချမ်းဘော့ဒ်တိုင်းပြည်တွင်မရှိပေ။

ချမ်းဘော့ဒ်တိုင်းပြည်၏ ဘုရင်အနေဖြင့် ဖှေးသည်လည်း တက္ကသိုလ်၏ ကျောင်းအုပ်ဖြစ်နေ၏။

သို့သော် သူသည် ကျောင်းတွင်နှစ်၀က်ခန့်ရောက်လာခဲ့ခြင်းမရှိသည့်အတွက် ကောင်းမွန်သည့် ကျောင်းအုပ်တစ်ယောက်မဟုတ်ပေ။ ထို့အပြင် အတန်းသင်ကြားခဲ့ခြင်းမိန့်ခွန်းပြောကြားခဲ့ခြင်းပင် မလုပ်ရသေးပေ။

“နောက်သုံးရက်လောက်မှာ အတန်းတစ်တန်း၀င်လိုက်မယ်။ မင်းတို့ စီစဥ်ထားလိုက်။ အဲ့လိုမှမဟုတ်ဘူးဆိုရင် ငါက တာ၀န်မကျေတဲ့လူဖြစ်နေတော့မယ်..” ဖှေးဘရွတ်အားပြောလိုက်သည်။

သူတို့သည် စာသင်နေသည့်ကလေးများကို နှောင့်ယှက်လိုခြင်းမရှိသည့်အတွက်ကြောင့် အတန်းထဲသို့ ၀င်ရောက်ခြင်းမရှိပဲ အပြင်မှနေ၍ စာသင်ခန်းများကို လှည့်ပတ်ကြည့်ရှုလိုက်သည်။

“အရှင်မင်းကြီးကိုယ်တိုင် အတန်းတစ်ချိန်သင်မယ်ဆိုတာသာ သိရင်ကလေးတွေတော့ စိတ်လှုပ်ရှားနေတော့မှာပဲ...” သူ၏မျက်နှာပေါ်တွင် တောက်ပသည့်အပြုံးတစ်ခုဖြင့် ဘရွတ်ပြန်ဖြေလိုက်သည်။

ငွေကြေးမကုန်ပဲလူတိုင်းသင်ကြားနိင်သည့် ပညာရေးစနစ်တစ်ခုကို တည်ထောင်မည်ဟုဘုရင်စတင်ပြောခဲ့သည့်အချိန်က ဘရွတ်နှင့် တခြားချမ်းဘော့ဒ်ခေါင်းဆောင်များသည် နားလည်နိုင်ခဲ့ခြင်းမရှိပေ။ ယခုအချိန်တွင် တိုင်းပြည်ထဲတွင် အရည်ချင်းရှိသည့်လူငယ်မျိုးဆက်သစ်များစွာထွက်ပေါ်လာခဲ့သည့်အတွက် ဘရွတ်နှင့်ခေါင်းဆောင်များသည် ဖှေး၏ ရည်ရွယ်ချက်ကိုနားလည်လာခဲ့၏။

တကယ်တန်းတွင် ဤသည်မှာ ထူးခြားသည့်အကြံဉာဏ်တစ်ခုမဟုတ်ပေ။ သေချာတွေးခေါ်တတ်သည့်လူတစ်ယောက် နားလည်နိုင်သည့် အကြံဉာဏ်တစ်ခုပင်။ သို့သော် ဤကမ္ဘာပေါ်တွင် မျိုးနွယ်များ၊ နောက်ခံရာထူးများသည် အလွန်အရေးကြီးသည့်အတွက် ဉာဏ်ပညာမြင့်မားသည့် ဘုရင်များနှင့် အင်ပါယာအရှင်သခင်များသည် ထုံးတမ်းစဥ်လာများမှ ရုန်းထွက်နိုင်ခဲ့ခြင်းမရှိကြပေ။

၁၆ထပ်မှ ၂၅ထပ်မြောက်သည့် ဟင်းလင်းပြင်များပင်။

အောက်တွင်ရှိသည့် ငါးထပ်နှင့်မတူပဲ ဂရုတစိုက်ဒီဇိုင်းဆွဲထားသည့် တိုက်ခိုက်ရေးလေ့ကျင့်ကွင်းများ၊ လူများ၏ စိတ်စွမ်းအားကို လေ့ကျင့်ပေးနိုင်သည့် မှော်အစီရင်များ၊ လူတစ်ယောက်၏ အမြန်နှုန်းနှင့် ပျော့ပျောင်းမှုကို စမ်းသပ်ပေးနိုင်သည့် မှော်ထောင်ချောက်များ၊ လူနှစ်ယောက်လေ့ကျင့်တိုက်ခိုက်နိုင်သည့် တိုက်ခိုက်ရေးစင်များ၊ လူခန္ဓာကိုယ်၏ အစွမ်းကို တိုးမြှင့်ပေးနိုင်သည့် ယန္တယားများရှိသည့် လေ့ကျ့င်ရေးအခန်းများပါရှိသည်။ ထိုအရာအများစုကိုလည်း ဖှေးကိုယ်တိုင် ဒီဇိုင်းဆွဲထားခြင်းပင်။

ထို့အပြင် သွေးထွက်သံယိုများရှိနေသည့် တိုက်ခိုက်ရေးကွင်းများလည်းရှိနေသည်။

ထိုတိုက်ခိုက်ရေးကွင်းများထဲတွင် ဖှေး ဒိုင်ယာဘလိုကမ္ဘာမှ ဆင့်ခေါ်ထားသည့် မကောင်းဆိုး၀ါးများရှိနေ၏။

ကွင်းတစ်ကွင်းစီတွင် မှော်ဆရာမကောင်းဆိုး၀ါးတစ်ကောင်စီရှိနေသည့်အတွက် သာမန်မကောင်းဆိုး၀ါးများသေသွားသည့်အချိန်တွင် ထိုမကောင်းဆိုး၀ါးမှ ပြန်လည်ဆင့်ခေါ်ပေးမည်ဖြစ်သည်။

ထို့ကြောင့် ချမ်းဘော့ဒ်တိုင်းပြည်မှစစ်သည်တော်များအတွက် အကန့်သက်မဲ့သော လေ့ကျင့်သတ်ဖြတ်စရာမကောင်းဆိုး၀ါးများစွာရရှိနေစေ၏။

ဖှေးချမ်းဘော့ဒ်တိုင်းပြည်မှ ထွက်ခွာမသွားခဲ့စဥ်က သူ၏ အတွေ့ကြုံအမှတ်တစ်ချို့ကို အသုံးပြု၍ မကောင်းဆိုး၀ါးတစ်ချို့ကို ဆင့်ခေါ်ခဲ့သည်။ သူတော်စင်တပ်ဖွဲ့များနှင့် ဥပဒေပြုတပ်ဖွဲ့များကို အတွေ့ကြုံရရှိစေရန်အတွက် ထိုမကောင်းဆိုး၀ါးများနှင့် တိုက်ခိုက်လေ့ကျင့်စေခဲ့သည်။ သူတော်စင်စစ်သည်တစ်ယောက်ဖြစ်လာရန်အတွက် စစ်သည်သည် မကောင်းဆိုးတစ်ကောင်အား လက်နက်မပါပဲ လက်ဗလာဖြင့် တိုက်ခိုက်သတ်ဖြတ်နိုင်ရမည်ဖြစ်သည်။

မကောင်းဆိုး၀ါးများနှင့် တိုက်ခိုက်လေ့ကျင့်ခြင်းဖြင့် စစ်သည်များ၏ ရဲစွမ်းသတ္တိနှင့် တိုက်ခိုက်ရေးစွမ်းရည်များလည်း မြင့်တက်လာခဲ့သည်။ သူတို့သည် တိုက်ပွဲအတွေ့ကြုံများစွာလည်းရရှိခဲ့သည့်အတွက် တစ်ခြားလူများနှင့်တိုက်ခိုက်နေသည့်အချိန်တွင် ပို၍ ယုံကြည်ချက်မြင့်မားနေ၏။

ယခုအချိန်တွင် ထိုလေ့ကျင့်ရေးကွင်းများကို တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများပါ အသုံးပြုနိုင်နေပြီးဖြစ်သည်။

တဖြည်းဖြည်းခြင်းဖြင့် ထူးခြားသည့် ဓလေ့တစ်ခုပါထွက်ပေါ်လာခဲ့သည်။ ထိုမကောင်းဆိုး၀ါးများကို သတ်ဖြတ်ဖူးသည့် ကျောင်းသားများ၊ စစ်သည်များသာလျှင် သူတို့ကိုယ်သူတို့ ဘုရင်၏ စစ်သည်တော်များဟု ခေါ်ဆိုနိုင်သည်ဟူသည့်ဓလေ့ပင်။

၂၆ထပ်မှ ၃၁ထပ်ထိသည် နေရာလွတ်များပင်ဖြစ်သည်။ ဘာမှမရှိပဲ သေစေိုင်သည့် မှော်ထောင်ချောက်များစွာဖြင့် ပြည့်နှက်နေ၏။

လေ့ကျင့်ရေးကွင်းများတွင်ချထားသည့် မှော်ထောင်ချောက်များနှင့်မတူပဲ ဤမှော်ထောင်ချောက်များသည် ကြယ်ခြောက်လုံးအဆင့်အောက်တွင်ရှိသည့်လူတိုင်းကို လွယ်ကူစွာပင် သတ်ဖြတ်နိုင်၏။ လူများကို ၃၂ထပ်မြောက်သို့ ၀င်ရောက်နိုင်ခြင်းမရှိရန်အတွက် နေရာချထားခြင်းပင်။

၃၂ထပ်မှစတင်၍ အပေါ်ဆုံးအထပ်ထိသည် တားမြစ်နေရာတစ်ခုပင်။ သူတော်စင်စစ်သည်များနှင့် တင်းကြပ်သည့် စာမေးပွဲများကို အောင်မြင်ထားသည့် ဥပဒေပြုစစ်သည်များ၊ ချမ်းဘော့ဒ်တိုင်းပြည်၏ အဆင့်မြင့်အရာရှိများသာလျှင် ထိုနေရာသို့ ၀င်ရောက်နိုင်၏။ ထိုနေရာတွင် ချမ်းဘော့ဒ်စစ်ဘက်ဆိုင်ရာဌာနချုပ်၊ လက်နက်တိုက်၊ လက်နက်ထုတ်လုပ်ရေးစက်ရုံ၊ လက်နက်သုတေသနဌာနတို့ရှိနေသည့်အတွက်ပင်။

ထိုနေရာသည် ချမ်းဘော့ဒ်တိုင်းပြည်၏ အဓိကနေရာဖြစ်ပြီး အလျို့၀ှက်ဆုံးနေရာတစ်ခုလဲဖြစ်၏။

ဖှေးသည် ထိုကဲ့သို့သော နေရာများကို ဖြတ်ကျော်လာရင်းဖြင့် ပို၍ပို၍စိတ်ကျေနပ်မိလာသည်။

နောက်ဆုံးတွင် ၆၆ထပ်မြောက်ခန်းမဆောင်၏ အလည်တွင်ရှိသော တယ်လီပေါ့တ်မှော်အစီရင်တစ်ခု၏ ရှေ့သို့ ရောက်ရှိလာခဲ့သည်။

ထိုတယ်လီပေ့ါတ်မှော်အစီရင်သည် မြေအောက်လိုဏ်ဂူ၏အနောက်တွင်ရှိသည့် လျို့၀ှက်သောနေရာသို့ ပို့ဆောင်ပေးနိုင်၏။ ထိုနေရာတွင် ကမ္ဘာမြေမီးတောက်များ၊ အေးခဲနေသည့်တွင်းနက်ကြီး နတ်ဆိုးအကြွင်းကျန်တောင်ပုံကြီးနှင့် ရူးလောက်သည့် မုန်တိုင်းများတိုက်ခတ်လေ့ရှိသည့် နေရာပင်။ ထိုနေရာသည် ဖှေး၏ ခရီးဆုံးပင်။

ဖှေးဖြေရှင်းရန်အတွက် လျို့၀ှက်ချက်များစွာကျန်ရှိနေသေးသည့်အတွက်ပင်။

All Chapters