← Chapters

အခန်း (၆၉၀)

Vol. 44 Ch. 690

အခန်း (၆၉၀)

Vol. 44 Ch. 690

မြေအောက်လိုဏ်ဂူ၏အနောက်တွင်ရှိသည့် နေရာတစ်ခုထဲတွင်ဖြစ်သည်။

ထိုနေရာသည် သူရဲကောင်းမြို့တော်ထက်ပင်များစွာပို၍ ကြီးမား၏။ ဤနေရာအား အေးစက်နေသည့် အောက်ခြေအဆုံးမရှိသော တွင်းနက်ကြီးတစ်ခုဖြင့် ၀န်းရံထားသည်။ ထို့ကြောင့် ဤနေရာသိ့ု ၀င်ထွက်ပြုလုပ်ရန်အတွက် လိုဏ်ဂူ၀င်ပေါက်မှသာလျှင် ပြုလုပ်နိုင်၏။

မြေပြင်ပေါ်တွင် အက်ကွဲကြောင်းများကို နေရာအနှံ့တွင်မြင်နေရပြီး ခမ်းခြောက်နေသော မြစ်ကြမ်းပြင်တစ်ခုကဲ့သို့ပင်။ သို့သော် ထိုအက်ကွဲကြောင်းများအတွင်းမှ ထွက်လာနေသည့်အပူရှိန်ကြောင့် ဤနေရာသည် ခမ်းခြောက်နေသည့် မြစ်ကြမ်းပြင်ထက်ပင် ပို၍ ကြောက်မက်ဖွယ်ကောင်းသည်ကို ဖော်ပြနေ၏။

ဤနေရာ၏ အလည်ခေါင်တွင် အဖြူရောင်အရိုးတောင်တန်းကြီးတစ်ခုရှိနေ၏။ ထိုအရိုးတောင်ကြီးသည် မီတာ၇၀၀ခန့်မြင့်မားပြီး အရိုးတောင်၏ အောက်ခြေသည် ၁၀၀၀မီတာခန့်ပင်ကျယ်၀န်းသည်။

အရိုးများသည် ရောင်ပြန်ဟပ်နိုင်သည့် ဂုဏ်သတ္တိများရှိကြပြီး အပြာရောင်မီးရောင်လဲ့လဲ့များတောင်ပနေ၏။ ထို့ကြောင့် ဤနေရာတစ်ခုလုံးသည် ထူးခြားဆန်းကျယ်ကာ ရှေးကျသည့် အရှိန်၀ါမျိုးဖြင့် လှပနေတော့သည်။

အဖြူရောင်အရိုးတောင်ကြီး၏ ဘေးပတ်ပတ်လည်တွင် ရိုးရှင်းသည့် တဲတစ်ချို့ကို ဆောက်လုပ်ထားပြီး ထိုတဲများအတွင်းမှ သတ္တုထုရိုက်သည့် အသံများ အဆက်မပြတ်ထွက်ပေါ်လာနေလျှက်ရှိ၏။ ပန်းပဲထုနှက်နေသည့်လူမှာ ဆူညံလှသည့် တူရိုက်သံများကိုပင် စည်းချက်ကျသည့် တူရိယာသံတစ်ခုကဲ့သို့ ပြောင်းလဲနိုင်သည့်အတွက်ကြောင့်အလွန်ကျွမ်းကျင်သူတစ်ယောက်ဖြစ်ပေလိမ့်မည်ဖြစ်သည်။

ရုတ်တရက်ပင် တဲတစ်ခု၏ ဘေးတွင်ရှိသော အပြာရောင်တယ်လီပေ့ါတ်ပေါ်တယ်တစ်ခုမှ အလင်းရောင်များထွက်ပေါ်လာပြီး ဖှေး၊ ဘရွတ်နှ့င် တိုးရိစ်တို့ ထိုပေါ်တယ်အတွင်းမှ ထွက်ပေါ်လာတော့သည်။

“ဘာမှတောင်သိပ်မပြောင်းလဲသေးဘူးပဲ...” ဖှေး အရာအားလုံးကို လှည့်ပတ်ကြည့်ရှုကာ ပြောလိုက်သည်။ သူရဲကောင်းမြို့တော်ထဲတွင် ကြီးမားစွာပြောင်းလဲသွားခဲ့သော်လည်း ဤနေရာတွင်မူ ထူးခြားသည့်ပြောင်းလဲမှုတစ်စုံတစ်ရာမရှိသေးပေ။ ပြောင်းလဲသွားသည့်တစ်ခုတည်းသောအရာမှာ ရွက်ဖျင်တဲအနည်းငယ်ပို၍ ရှိနေခြင်းသာဖြစ်၏။

အမှန်ပင် ဖှေးလည်း အကြောင်းရင်းကိုသိရှိပြီးဖြစ်သည်။

ရက်နှစ်ဆယ်ကြာသည့်အချိန်တိုင်းတွင် တွင်းနက်ကြီးအတွင်းမှ ရေခဲအေးဓာတ်များထွက်ပေါ်လာမည်ဖြစ်ပြီး မြေပြင်ပေါ်တွင်ရှိနေသည့် အက်ကွဲကြောင်းများထဲမှလည်း ကြောက်မက်ဖွယ်ကမ္ဘာဗဟိုချက်မီးတောက်များကို ထုတ်လွှတ်မည်ဖြစ်သည်။ ဤကဲ့သို့ ကြီးမားသည့် အပူရှိန်ကွာခြားချက်ကြောင့် ရာသီဥတုဖြစ်စဥ်များဖြစ်ကြသည့် မုန်တိုင်းများ၊ လေဗွေများလည်းဖြစ်ပေါ်လာမည်ဖြစ်သည်။

ဤနေရာတွင်ရှိသည့် ရာသီဥတုသည် အလွန်ဆိုး၀ါးသည့်အတွက်ကြောင့် ဤနေရာတွင်အဆောက်ဦးများတည်ဆောက်ရန်မှာ အဓိပ္ပါတယ်ရှိလိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် ယာယီတဲများသာလျှင် တည်ဆောက်ထားခြင်းဖြစ်သည်။

သို့သော် နတ်ဆိုးအကျွင်းကျန်များနှင့် မဟူရာသတ္တုရိုင်းများကို အရည်ကြိုခြင်း၊ ပုံသွင်းခြင်းများပြုလုပ်ရန်အတွက် ကမ္ဘာ့ဗဟိုမီးတောက်များလိုအပ်သည့်အတွက်ကြောင့် လက်နက်များ၊ ချက်၀တ်များထုတ်လုပ်သည့် လုပ်ငန်းကို ဤနေရာတွင်ပင် လုပ်ဆောင်နေကြခြင်းဖြစ်သည်။ မုန်တိုင်းများ၊ လေဗွေများမရှိသည့် နေ့များတွင် ဒိုင်ယာဘလိုကမ္ဘာမှ ပန်းပဲဆရာမချယ်စီသည် သူ၏ ချမ်းဘော့ဒ်တိုင်းပြည်မှ ပညာသင်တပည့်များကို ခေါ်ယူ၍ ဤနေရာသို့ လာရောက်မည်ဖြစ်သည်။ သူတို့သည် တဲများအတွင်းတွင် ကမ္ဘာ့ဗဟိုမီးတောက်များကို အပေါ်သို့ ဆွဲတင်ကာ အသုံးပြုသည့် မှော်ပန်းပဲဖိုများကို အသုံးပြု၍ လက်နက်ချပ်၀တ်အမျိုးမျိုးကို ဤနေရာတွင် ထုတ်လုပ်ကြမည်ဖြစ်သည်။

“ဟမ် အလတ်ဇန္ဒား နင်ရောက်လာပြီလား မတွေ့တာတောင်ကြာပြီပဲ။ နင်က ပိုပြီးတော့တောင်ခန့်ညားလာတာပဲ အရင်ကထက်လည်းပိုပြီးတော့ ချစ်စရာကောင်းလာတယ်။ နင်က အယ်လီနာကို လက်ထပ်တော့မလိုဆို။ နင်ကအတော်ကံကောင်းတာပဲ အယ်လီနာလို လှပပြီး စွမ်းအားမြင့်မားတဲ့ကောင်မလေးတစ်ယောက်နဲ့တွေ့ဖို့က အတော်ရှားပါးတဲ့အခွင့်ရေးလေ....” ဖှေးကို မြင်လျှင်မြင်ခြင်းပင် တူကိုင်၍ ပန်းပဲထုနေသည့် ချယ်စီသည် ဖှေးအား ၀မ်းသာစွာနှုတ်ဆက်လိုက်၏။

ချယ်စီသည် ရိုးရှင်းသော်လည်း နွေးထွေးကြင်နာတတ်သော နှလုံးသားရှိသည့် ကောင်မလေးတစ်ယောက်ပင်။

သူပန်စခန်းတွင်ရှိသည့်လူများထဲတွင် ဖှေး၏ မဟာခေါင်းဆောင်ဟူသည့် ရာထူးကို ဂရုမစိုက်ပဲ သူငယ်ချင်းအရင်းကဲ့သို့ ဆက်ဆံလေ့ရှိသည်မှာ ချယ်စီတစ်ယောက်တည်းသာရှိ၏။ ဖှေးသူမကို မှော်တူလက်ဆောင်ပေးခဲ့သည့်အချိန်မှစ၍ သူမသည် ဖှေးအား အလွန်ရင်းနှီးကျွမ်း၀င်နေလျှက်ရှိပြီး ခန့်ညားသည်၊ ချစ်စရာကောင်းသည်ဟု ပြောဆိုနေတတ်၏။

“အေး အလုပ်ကြိုးစားပေးလို့ ကျေးဇူးပါပဲ...” ဖှေးသည် လမ်းလျှောက်သွားလိုက်ပြီး ချယ်စီတို့အဖွဲ့ကို နှုတ်ဆက်လိုက်၏။

နေ့တိုင်းလိုလိုပင် ပြန်လည်ပြုပြင်တည်ဆောက်ခြင်းများဆောင်ရွက်လျှက်ရှိနေသည့်အတွက်ကြောင့် ချယ်စီနှင့် ပန်းပဲဆရာများ၏ အလုပ်ကြိုးစားခြင်းမပါပါက ဤကဲ့သို့သော တိုးတက်ပြောင်းလဲမှုများဖြစ်ပေါ်လာလိမ့်မည်မဟုတ်သောကြောင့်ပင်။ ကိန်း၊ အာကာရာနှင့် ဖှေးတို့သည် သီအိုရီများ၊ အကြံဉာဏ်များ၊ ဒီဇိုင်းများကိုသာ ပြုလုပ်ကြသည်ဖြစ်ပြီး ထိုဒီဇိုင်းများကိုလက်တွေ့တည်ဆောက်ရန်မှာ လွယ်ကူသည့်အလုပ်တစ်ခုမဟုတ်ပေ။ ထိုအလုပ်များကို ချယ်စီနှင့် သူမ၏ အဖွဲ့သားများအကောင်ထည်ဖော်ထားကြခြင်းပင်။

ချယ်စီနှ့င် ပန်းပဲဆရာများအဖွဲ့လူငါးဆယ်၆၀ခန့်သည် ချမ်းဘော့ဒ်တိုင်းပြည်ထဲတွင် အလုပ်ကြိုးစားခဲ့ဆုံးလူများဖြစ်သည်ဟုဆိုပါက ချဲ့ကားပြောနေခြင်းဖြစ်ပေလိ့မ်မဟုတ်ပေ။

“ဟားဟား မခက်ပါဘူးဟာ။ ငါတို့နဲ့အသားကျနေပါပြီ။ တူကိုင်ပြီးတော့ တစ်ခုခုကို လုပ်မနေရဘူးဆိုရင် ငါက မနေတတ်တော့ဘူး...” ချယ်စီသည် သူမ၏ မှော်တူကို ကိုင်မြောက်ပြလိုက်ပြီး တောက်ပသည့်အပြုံးတစ်ခုနှင့်အတူ ဖှေးအား ပြန်ဖြေလိုက်သည်။ စည်းထားသော သူမ၏ အနီရောင်ဆံပင်များသည် လေထဲတွင် လွှင့်ပျံနေလျှက်ရှိသည်။

ဤကောင်မလေးသည် ပန်းပဲဆရာမဖြစ်ရန်အတွက် မွေးဖွားလာခဲ့သူတစ်ယောက်ပင်။ သူမ၏ ဘ၀တွင် အနှစ်သက်ဆုံးအရာမှာ ပန်းပဲအတတ်ပင်ဖြစ်၏။

တကယ်တန်းဆိုရပါက သူပုန်စခန်းတွင်ရှိနေသည့်လူတိုင်းလိုလိုပင် တစ်စုံတစ်ခုနှင့်ပတ်သက်၍ အစွဲလမ်းကြီးနေကြသည်များ၏။ အာကာရာနှင့်ကိန်းတို့သည် မှော်ပညာအား လေ့လာရသည်ကို နှစ်သက်ကြပြီး ချယ်စီသည် ပန်းပဲပညာရပ်ကိုနှစ်သက်၏။ ကုန်သည် ဂရိသည် တစ်ခြားလူများ၏ စိတ်ကို ဖတ်ရသည်အား နှစ်သက်ပြီး စစ်ဘက်ဆိုင်ရာခေါင်းဆောင်သည်ခက်ရှာသည်လည်း ရန်သူများကို သတ်ဖြတ်ရသည်ကို နှစ်သက်သူဖြစ်၏။ သူတို့အားလုံးသည် မိမိစိတ်၀င်စားသည့်အရာများအတွက် ရှင်သန်နေကြသည့်လူများဖြစ်သည့်အတွက်ကြောင့် သာမန်လူများသူတို့အား နားလည်နိုင်ကြလိမ့်မည်မဟုတ်ပေ။

ဖှေးအတွက် သူတို့အားလုံးသည် ထိပ်တန်းအရည်ချင်းရှိသည့်လူများဖြစ်ပြီး သူတို့မရှိပါက ဖှေးယနေ့အတိုင်းတာထိအောင်မြင်လာနိုင်လိမ့်မည်မဟုတ်ပေ။

“ဟုတ်တယ် ကျွန်တော်လဲ ဆရာမ ချယ်စီရဲ့ တူသံကို မကြားရတဲ့နေ့ဆိုရင် တစ်ရက်လုံး ထမင်းမစားရသေးသလိုခံစားနေရတယ်...” ချယ်စီ၏ နံပါတ်၁ ပညာသင်တပည့်ဖြစ်သည့် ဆာမြူရယ်မှ ဖှေးအား ပြောလိုက်သည်။

ဤလူသည် ချယ်စီရောက်မလာစဥ်က ချမ်းဘော့ဒ်တိုင်းပြည်တွင် နံပါတ်၁ ပန်းပဲဆရာတစ်ယောက်ဖြစ်၏။ သူသည် ယခင်က အမျိုးသမီးတစ်ယောက်ဖြစ်သည့် ချယ်စီသည် သူ့ထက်ပန်းပဲပညာတွင်ပိုသာနေခြင်းကို ၀န်ခံလိုခြင်းမရှိခဲ့ပေ။ သို့သော် ယခုအချိန်တွင် သူ၏ စိတ်သည်လုံး၀ပင် ပြောင်းလဲသွားပြီဖြစ်ပြီး ချယ်စီအား ဆရာတင်ထားနေပြီဖြစ်သည်။ ဤနေရာတွင်ရှိနေသည့် ပန်းပဲဆရာများအားလုံးအနက် သူသည် တိုးတတ်မှုအရှိဆုံးလူတစ်ယောက်ဖြစ်ပြီး သူသည် ယခုအချိန်တွင် ကိုယ်တိုင် မှော်ပစ္စည်းများကိုပင် ထုတ်လုပ်နိုင်နေပြီဖြစ်သည်။ သူသည်လည်း ယခုအချိန်တွင် တန်ဖိုးဖြတ်နိုင်ခြင်းမရှိသည့် ပန်းပဲဆရာတစ်ယောက်ဖြစ်နေပြီဖြစ်သည်။

ဒိုင်ယာဘလိုကမ္ဘာမှ ဇာတ်ကောင်များသည် ချမ်းဘော့ဒ်မှလူများကို ပညာအမွေပေးခြင်းဖြင့်လည်း ဖှေးကို ကူညီနေကြ၏။

ဖှေးပန်းပဲဆရာများအလုပ်လုပ်နေသည်ကို ကြည့်ရင်းဖြင့် အက်တ်-ဟားဇက်၏ အဖေဖြစ်သူ တယ်ရီ-ဟားဇက်လဲ ဤနေရာတွင် အလုပ်လုပ်နေသည်ကို မြင်လိုက်ရသည်။

ဤလူသည် အမဲရောင်ချပ်၀တ်ရန်သူများကို ခုခံတိုက်ခိုက်ခဲ့စဥ်က သူ၏ ညာခြေထောက်ကို ဆုံးရှုံးခဲ့ရပြီး ဖှေးသည်သူ့အတွက် ခြေတုတစ်ချောင်းကို ပြုလုပ်ပေးခဲ့သည်။ ယခုအချိန်တွင် ထိုလူသည် လမ်းကောင်းကောင်းပြန်လျှောက်နိုင်နေပြီဖြစ်ပြီး သူနှစ်သက်သည့် ပန်းပဲအလုပ်ကိုလည်း ပြန်လုပ်နိုင်နေပြီဖြစ်သည်။

ဘုရင်သည် ကြည့်နေရင်းဖြင့် ပန်းပဲပညာအား စိတ်၀င်စားလာပြီး ၀င်ရောက်လုပ်ကိုင်ကြည့်လိုက်၏။ သို့သော် သူသည် ပြီးမြောက်ခါနီးနေသည့် လက်နက်ခြောက်လက်ကို ဖျက်ဆီးလိုက်မိသည်။ သူသည် ပန်းပဲပညာတွင်မူ အရည်ချင်းပါလာသည့်ပုံမပေါ်ပေ။

မကြာမှီတွင် ပန်းပဲဆရာများသည် ပစ္စည်းများသိမ်းလိုက်ကြတော့သည်။ ရွက်ဖျင်တဲများကိုလည်း ပြန်ခေါက်သိမ်းလိုက်ကြပြီး သူတို့၏ ပစ္စည်းကိရိယာများကို ယူဆောင်ကာ တယ်လီပေါ့တ်မှော်အစီရင်များမှတဆင့် ဤနေရာမှ ထွက်သွားကြတော့သည်။

သူတို့သည် တစ်လပြည်သည့် အချိန်တိုင်းဤနေရာမှ ထွက်ခွာသွားကြသည်ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် တွင်းနက်ကြီးအတွင်းမှ အေးစက်သည့်စွမ်းအင်များသည် ပို၍ပို၍ အရှိန်ပြင်းလာနေပြီဖြစ်ပြီး အက်ကွဲကြောင်းများအောက်တွင်ရှိနေသည့် မီးတောက်များသည်လည်း ပို၍ ပြင်းထန်စွာလောင်ကျွမ်းလာကြပြီဖြစ်သောကြောင့်ပင်။

လိုဏ်ဂူထဲတွင် မုန်တိုင်းကြီးတစ်ခုတိုက်ခိုက်တော့မည်ဖြစ်သည့်အတွက်ကြောင့် အားနည်းကြသည့် ပန်းပဲဆရာများခံနိုင်မည်မဟုတ်သည့်အတွက်ကြောင့် တိမ်းရှောင်သွားကြခြင်းပင်။

ဖှေး၏ အမိန့်အတိုင်းပင် ဘရွတ်နှင့် တိုးရိစ်တို့သည်လည်း ပန်းပဲဆရာများနှင့်အတူ အပြင်သို့ ပြန်သွားကြ၏။ ယခုအချိန်တွင် ဖှေးသည် ဤနေရာတွင်ရှိနေသည့် တစ်ယောက်တည်းသောလူပင်။

မကြာမှီတွင် မိုးချုန်းသံများပင်ထွက်ပေါ်လာပြီး ကြီးမားသည့်မိုးစက်များကျလာတော့သည်။ မိုးစက်များသည်ပို၍ ပြင်းထင်လာပြီး တစ်စုံတစ်ယောက်က အပေါ်မှနေ၍ ရေပုန်းကြီးဖြင့် လောင်းချေနေသလိုပင်။

“ဘုန်း ဘုန်း ဘုန်း...”

ကြီးမားသည့် ရေခဲတုံးကြီးများသည် တွင်းနက်ကြီးအတွင်းမှ ပြန်ထွက်လာနေပြီး ကမ္ဘာဗဟိုမီးတောက်များသည်လည်း အပေါ်သို့ တက်ရောက်လောင်ကျွမ်းလာတော့၏။

ထို့နောက်တွင် အေးစက်သည့်လေများနှင့် ပူလောင်သည့် လေများထိတွေ့ခြင်းကြောင့် ကြောက်မက်ဖွယ်လေဗွေကြီးများထွက်ပေါ်လာတော့၏။

ဖှေး ဤဖြစ်စဥ်ကို ပထမဆုံးကြုံတွေ့ခဲ့သည့် လွန်ခဲ့သည့် တစ်နှစ်ခန့်က သူသည် သေခါနီးပင်ဖြစ်သွားခဲ့၏။ မဟူရာသတ္တုရိုင်းများဖြင့် ပြုလုပ်ထားသည့် တိုင်လုံးတစ်ခုတွင် သူ့ကိုယ်သူကြိုးဖြင့် ချည်နှောင်ထားခဲ့သည်မှာ ကံကောင်းသွားခဲ့သည်ဟုပြောရမည်ဖြစ်သည်။ ထို့ကြောင့် သူသည် အသက်ရှင်နိုင်ခဲ့ပြီး အရိုးတောင်ကြီး၏ အောက်တွင်ရှိနေသည့် လျို့၀ှက်ဆန်းကျယ်သော မှော်အစီရင်တစ်ခုကိုလည်း မြင်တွေ့ခွင့်ရခဲ့သည်။

လွန်ခဲ့သည့် တစ်နှစ်ကနှင့် နှိုင်းယှဥ်ကြည့်ပါက ဖှေး၏ စွမ်းအားများသည် များစွာတိုးတက်လာခဲ့ပြီဖြစ်သည်။

မုန်တိုင်းများ၊ လေဗွေများကို ရင်ဆိုင်ရန်အတွက် ဖှေးသည် မမြင်နိုင်သည့် စွမ်းအင်အကာရံတစ်ခုကို ဖန်တီးလိုက်သည်။ ထို့ကြောင့် ဖှေးသည် အေးဆေးပင် ရှေ့သို့ လမ်းလျှောက်သွားလိုက်၏။

“ဖုန်း ဖုန်း ဖုန်း...”

လေမုန်တိုင်းသည် နတ်ဆိုးအကြွင်းကျန်များကို လေပေါ်သို့ လွှင့်ပျံသွားစေသည်။ အလွန်မာကြောသည့် နတ်ဆိုးအရိုးများသည် လေပေါ်တွင်အသက်၀င်နေသည့်အတိုင်း လှည့်ပတ်နေကာ တစ်ခုနှင့်တစ်ခုအရှိန်ပြင်းပြင်းထန်ထန်ဖြင့် ၀င်တိုက်နေလျှက်ရှိသည်။ မြင်ကွင်းတစ်ခုလုံးသည် ကြောက်မက်ဖွယ်ရာပင်။

အဖြူရောင်အရိုးများအပေါ်သို့ လွှင့်ပျံသွားသည့်အချိန်တွင် အောက်တွင်ရှိနေသည့် အမည်မသိနတ်စင်အား မြင်လိုက်ရတော့၏။

ဖှေးသည် ထိုနတ်စင်ထံသို့ လမ်းလျှောက်သွားလိုက်ပြီး နတ်စင်ပေါ်တွင်ရှိနေသော အပြာရောင်တယ်လီပေါ့တ်မှော်အစီရင်အား ကြည့်လိုက်သည်။ သူသည် အထဲသို့ မ၀င်သင့် ၀င်သင့်တွေ၀ေနေ၏။ ထိုပေါ်တယ်သည် သူ့အား မည်သည့်နေရာသို့ ခေါ်ဆောင်သွားမည်ကိုလည်း သူမသိသည့်အတွက်ပင်။

ဘုရင်သည် စဥ်းစားကြည့်နေရင်းဖြင့် သူ၏မျက်လုံးများသည် နတ်စင်ပေါ်တွင်ရှိသည့် ထွင်းစာများထံသို့ ရောက်ရှိသွားသည်။

သူသည် ရှာဖွေတွေ့ရှိမှုတစ်ချို့ကို သတိထားမိသွား၏။

All Chapters