← Chapters

အခန်း (၆၉၁)

Vol. 44 Ch. 691

အခန်း (၆၉၁)

Vol. 44 Ch. 691

ထိုလျို့၀ှက်သည့် နတ်စင်သည် ခြောက်မီတာခန့်မြင့်မားပြီး ရှစ်ထောင့်ပုံသဏာန်ရှိကာ အထပ်ပေါင်းရှစ်ထပ်ပါရှိသည်။ အမည်မသိသည့် အမဲရောင်ကျောက်တစ်မျိုးဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး ကြည့်ရုံဖြင့်ပင် လေးလံသည်ဟုခံစားနေရ၏။ နတ်စင်ထိပ်တွင်ရှိသည့် အပြာရောင်ပေါ်တယ်သည် အဆောက်ဦးတစ်ခုလုံးကို လင်းထိန်နေစေ၏။ ငရဲမီးပြတိုက်တစ်ခုလိုပင်။

အောက်ပိုင်း၇ထပ်တွင်မူ လက်ချောင်းအရွယ်ခန့်ရှိသည့် မှော်အစီရင်ထွင်းစာများရှိနေ၏။ ထိုထွင်းစာများသည် ရှေးကျပြီး အခြေခံသဘောရှိကာ ရှေးကျသည့် မှော်စွမ်းအင်အရှိန်၀ါများဖြင့် ပြည့်နှက်နေသည့် မှော်စွမ်းအင်ပတ်လမ်းများကို ဖန်တီးပေးနေလျှက်ရှိသည်။ မှော်ပညာကျွမ်းကျင်သည့်လူတစ်ယောက်မဟုတ်သည့် အတွက် ဖှေးသည် ထိုမှော်အစီရင်များကိုနားလည်နိင်ခြင်းမရှိပေ။

သို့သော် ဤမှော်အစီရင်များသည် နတ်ဘုရားများခေတ်ကာလမှဖြစ်ပြီး ယနေ့ခေတ်မှော်အစီရင်များမဟုတ်ကြောင်းကို ဖှေးသိရှိ၏။

ရှစ်ထပ်မြောက်ဘေးတွင် ဖှေးသည် စာကြောင်းတစ်ခုကို တွေ့လိုက်ရ၏။

“ကြီးမြတ်သော လူပုနတ်ဘုရား၏ အမည်နာမအရ နောက်ဆုံးမျိုးနွယ်တို့၏ နန်းတော်ဂိတ်တံခါးကို ဖွင့်ခဲ့သည်။”

ထိုစာကြောင်းများကို နတ်ဘုရားများခေတ်က ဘာသာစကားတစ်မျိုးဖြင့် ရေးထိုးထားခြင်းဖြစ်ပြီး ယနေ့ခေတ်အေဇာရုတိုက်ပေါ်တွင် အသုံးပြုနေသည့် ဘာသာစကားသည် ထိုအပေါ်တွင် အခြေခံထားခြင်းဖြစ်သည်။ အံ့သြစရာကောင်းသည်မှာ ဒိုင်ယာဘလိုကမ္ဘာတွင်အသုံးပြုသည့် ဘာသာစကားသည်လည်း ဤဘာသာစကားနှင့်ဆင်တူနေခြင်းပင်။ ဤဘာသာစကားကို ဖှေးသည် အာကာရာနှင့် ကိန်းတို့ထံမှ လေ့လာသင်ယူဖူးသည့်အတွက်ကြောင့် ခနကြာစဥ်းစားကြည့်လိုက်သည့်အချိန်တွင် အဓိပ္ပါယ်ကို သိရှိသွားခြင်းပင်။

“လူပုနတ်ဘုရား ဖီးယက်လား...” ဖှေးသည် ဒဏာရီလာသူရဲကောင်းများနှင့် ရှေးနတ်ဘုရားများနှင့်ပတ်သက်သည့် ဇာတ်လမ်းပုံပြင်များစွာကို ဖတ်ရှုဖူးသည်။ လူပုနတ်ဘုရားဖီးယက်သည်လည်း ထိုဇာတ်လမ်းများထဲမှ ဇာတ်ကောင်တစ်ယောက်ပင်။

ထိုလူပုနတ်ဘုရားသည် နတ်ဆိုးများဘက်မှ ပါ၀င်တိုက်ခိုက်ခဲ့သည့် ကြောက်မက်ဖွယ်စစ်သည်တစ်ယောက်ပင်။ သူသည် လူပုမျိုးနွယ်များအားလုံး၏ နတ်ဘုရားတစ်ပါးဖြစ်ပြီး ထိပ်တန်းနတ်ဘုရားအဆင့်လက်နက်များထဲမှ တစ်ခုဖြစ်သည့် မြေကမ္ဘာပုဆိန်ကိုလည်း ပိုင်ဆိုင်ထားသူဖြစ်သည်။ သူသည် နတ်ဘုရားများဘက်မှ စွမ်းအားမြင့်သိုင်းဆရာများစွာကို သတ်ဖြတ်နိုင်ခဲ့ပြီး နာမည်ကြီးကာ ပြိုင်ဘက်ကင်းမဲ့သူတစ်ယောက်ပင်။

သို့သော် အကြောင်းပြချက်တစ်ချို့ကြောင့် ဤမျှစွမ်းအားမြင့်မားသည့် နတ်ဘုရားသည်လည်း ကျရှုံးခဲ့ရ၏။

ယနေ့ခေတ်တွင် လူပုမျိုးနွယ်များ ဤကမ္ဘာပေါ်မှ ပျောက်ကွယ်သွားခဲ့ရသည့်အကြောင်းရင်မှာ သူတို့၏ နတ်ဘုရားရုတ်တရက်သေဆုံးသွားခြင်းကြောင့်ဖြစ်သည်ဟု လူများစွာမှ ယုံကြည်ကြ၏။ လူပုများသည် လူအရပ်တစ်၀က်ခန့်သာ ရှိပြီး ရှည်လျားသည့် ဆံပင်များ မုတ်ဆိတ်များရှိကာ မြေအောက်လိုဏ်ဂူများထဲတွင် နေထိုင်ကြသူများဖြစ်ကြသည်။ သူတို့သည် အလွန်ကောင်းမွန်သည့် ပန်းပဲဆရာများလည်းဖြစ်ကြ၏။ သူတို့နတ်ဘုရား၏ ကာကွယ်ပေးခြင်းမရှိတော့သည့်အတွက်ကြောင့် သူတို့သည် ကျရှုံးပျောက်ကွယ်သွားကြခြင်းဖြစ်၏။

ပျောက်ဆုံးသွားခဲ့ပြီဖြစ်သော်လည်း သူတို့သည် တစ်နေ့တစ်ချိန်က ကြီးမားသော အင်ပါယာကြီးများ လူ့အဖွဲ့စည်းကြီးများကို တည်ထောင်ခဲ့ကြ၏။ ယနေ့အချိန်ထိပင် သူတို့ချန်ထားခဲ့သည့် အမှတ်သားများသည် ဤကမ္ဘာပေါ်တွင်ရှိနေကြသည့်လူများ၏ ဘ၀ကို လွှမ်းမိုးနိုင်နေဆဲပင်။ ဥပမာအားဖြင့် ဆိုပါက ယနေ့တွင်အသုံးပြုနေကြသည့် လက်စွဲတော်လက်နက်များသည် သူတို့ဖန်တီးထားခဲ့ခြင်းပင်။

နာမည်ကြီးသည့် ခရီးသွားကဗျာဆရာတစ်ယောက်ရေးသားခဲ့သည်မှာ ယနေ့တွင် အသုံးပြုနေကြသည့် လက်စွဲတော်လက်နက်များ၊ နတ်ဘုရားတစ်ပိုင်းအဆင့်လက်နက်များနှင့် နတ်ဘုရားအဆင့်လက်နက်များအားလုံးကို ရှေးခေတ်လူပုမျိုးနွယ်များလုပ်ခဲ့ကြခြင်းပင်။ တိုက်ပေါ်တွင်ရှိနေသည့် ပန်းပဲပညာရပ်များသည်လည်း လူပုမျိုးနွယ်များထံမှ လက်ဆင့်ကမ်းလာသည့် ပညာရပ်များပင်။

ဤအချက်များသည် လူပုမျိုးနွယ်များတစ်ချိန်က မည်မျှစွမ်းအားကြီးမားခဲ့သည်ကို ဖော်ပြနေ၏။

အရိုးတောင်ကြီး၏ အောက်တွင်ရှိနေသည့် နတ်စင်သည် လူပုမျိုးနွယ်များ၏ လက်ရာဖြစ်လိမ့်မည်ဟု ဖှေးထင်မထားခဲ့ပေ။

ကြည့်ရသည့်ပုံအရ ဤနတ်စင်သည် လူပုမျိုးနွယ်များအတွက် အရေးကြီးခဲ့သည့်ပုံပင်။ နောက်ဆုံးမျိုးနွယ်၏ နန်းတော်သို့ သွားရာ ဂိတ်တံခါးဟု ဆိုထားသည့်အတွက်ပင်။

ဖှေးသည် နတ်စင်၏ အပေါ်တွင်ရှိနေသည့် အပြာရောင်ပေါ်တယ်အားကြည့်လိုက်သည်။

ခနတာစဥ်းစားကြည့်လိုက်ပြီးနောက်ပိုင်းတွင် ဖှေးသည် ကစဥ့်ကလျားခြင်းပုလ္လင်ကို ဆင့်ခေါ်လိုက်ပြီး ဆုံးဖြတ်ချက်ပြတ်သားသောအမူယာတစ်ခုဖြင့် ပေါ်တယ်အတွင်းသို့ ၀င်ရောက်လိုက်သည်။

ကစဥ့်ကလျားခြင်းပုလ္လင်သည် အကန့်သက်များစွာကို ကျော်ဖြတ်နိုင်သည့်အတွက်ကြောင့် ဖှေးအကာကွယ်ကင်းမဲ့သည့်နေရာတစ်ခုသို့ ရောက်ရှိသွားစေကာမူ ဖှေးအား လုံခြုံစေမည်ဖြစ်သည်။ အန္တရာယ်များဖြင့် ကြုံလာရစေကာမူ ဖှေးအတွက် လွယ်လွယ်ကူကူပင် လွတ်မြောက်စေနိုင်မည်ဖြစ်သည်။

သူ့တွင် ကျန်ရှိနေသေးသည့် နောက်ထပ်၀ှက်ဖဲများစွာနှင့်အတူ ဖှေးသည် ဤနေရာအတွင်းသို့ ၀င်ရောက်လေ့လာရန်ဆုံးဖြတ်လိုက်၏။

ဤနေရာသည် ချမ်းဘော့ဒ်အနောက်ဘက်တောင်တန်းများအောက်တွင်ရှိနေသည့်အတွက်ကြောင့် ပေါ်တယ်သည် အန္တရာယ်ရှိသည့်နေရာများနှင့် ဆက်နွယ်ထားခြင်းမရှိကြောင်းသေချာအောင်အတည်ပြုရမည်လည်းဖြစ်သောကြောင့်ပင်။ အကယ်၍ ချမ်းဘော့ဒ်တိုင်းပြည်သည် အချိန်မရွေးပေါက်ကွဲနိုင်သည့် မီးတောင်တစ်ခုပေါ်တွင် ထိုင်နေသည်ဆိုပါက ဖှေးသည် ချမ်းဘော့ဒ်တိုင်းပြည်ကို နေရာရွေ့ပြောင်းရန်လိုသည့်အတွက်ပင်။

......

တုန်ခါသံများစွာနှင့် ၀ေ၀ါးသွားသည့် မြင်ကွင်းများကို ဖြတ်သန်းသွားပြီးသည့်နောက်တွင် ဖှေးသည် နောက်ထပ်နေရာတစ်ခုသို့ ရောက်ရှိသွား၏။

လေညှင်းသည် ညင်သာစွာတိုက်ခိုက်နေပြီး ကောင်းကင်ပေါ်တွင်ရှိနေသည့် တောက်ပသောနေမင်းကြီးအားမြင်နေရ၏။ သူသည် မြေအောက်လိုဏ်ဂူထဲတွင်ရောက်ရှိနေခြင်းမဟုတ်တော့ပေ။

သူမျှော်လင့်နေသည့် အန္တရာယ်သည် ရောက်ရှိလာခြင်းမရှိပေ။ သူ၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် အတွင်းအားစွမ်းအင်များ၊ မှော်စွမ်းအင်အရိပ်ယောင်များကို အာရုံခံနေရခြင်းမရှိပေ။ မှော်ထောင်ချောက်များကိုလည်း အာရုံခံရခြင်းမရှိပေ။

သာမန်လူသူကင်းမဲ့သည့်နေရာတစ်ခုလိုပင်။

သို့သော် ဖှေးအပေါ်သို့ မော့ကြည့်လိုက်သည့်အချိန်တွင် သူ၏ မျက်နှာအမူယာသည် စိတ်၀င်စားစရာကောင်းလာတော့၏။

အဖြူရောင်အရိုးများပင်၊ အရိုးပင်လယ်ပြင်ကြီးများပင်။

ဖှေးမြင်နိုင်သည့် အရာအားလုံးသည် အဖြူရောင်အရိုးများဖြစ်နေသည့်အတွက်ပင်။

ဖှေးသည် ချမ်းဘော့ဒ်အနောက်ဘက်တောင်ပိုင်းတွင် ရှိနေသည့်နတ်စင်နှင့်တစ်ထပ်တည်းတူသည့် နတ်စင်တစ်ခုပေါ်တွင်ရပ်နေကာ သူ၏အနောက်တွင် ရှိနေသည်မှာ အပြာရောင်ပေါ်တယ်တစ်ခုပင်။

ဤအဖြူရောင်အရိုးများဤနေရာတွင်ရှိနေသည်မှာ မည်မျှကြာနေသည်ကို ဖှေးမသိပေ။ မြေအောက်တွင်နစ်မြုပ်နေသည့်အရိုးများစွာရှိပြီး မြက်ပင်များပင်ပေါက်နေကြသည်။

“ဒါ ဒါက လူပုမျိုးနွယ်တွေရဲ့ နောက်ဆုံးမျိုးနွယ်နန်းတော်လား။ ဒီနေရာက အလောင်းတွေစုပုံပစ်ထားတဲ့နေရာတစ်ခုလိုပါပဲ...” ဖှေး ရှုပ်ထွေးသွား၏။

“မဟုတ်မှလွဲရော လူပုမျိုးနွယ်တွေအကုန်ကျရှုံးသွားခဲ့လို့ တစ်ချိန်က ခမ်းနားခဲ့တဲ့ မျိုးနွယ်စုနောက်ဆုံး နန်းတော်ကြီးက ဒီလိုနေရာအဖြစ်ပြောင်းလဲသွားတာလား။ ဒါပေမယ့် ဒီနေရာမှာရှိနေတဲ့ အရိုးစုတွေကရော ဘယ်က ရောက်လာတာလဲ။ လူပုမျိုးနွယ်တွေအကုန်လုံးက ဒီမှာ လာပြီး သေဆုံးကြတာလား...”

ဖှေး သူ၏ ၀ိဉာဥ်စွမ်းအားကို ဖြန့်ကျက်ကြည့်လိုက်သည့်အချိန်တွင် အန္တရာယ်တစ်စုံတစ်ရာကို အာရုံခံမိခြင်းမရှိသည့်အတွက်ကြောင့် နတ်စင်အောက်သို့ ဆင်းကြည့်လိုက်သည်။

သူသည် အသေးစိတ်စတင်၍ လေ့လာကြည့်တော့သည်။

မကြာမှီတွင် သူသည် ရှာဖွေတွေ့ရှိမှုတစ်ချို့ကို ပြုလုပ်နိုင်ခဲ့၏။

ဤနေရာသည် လုံး၀ပင် ကန့်သက်ပိုင်းခြားထားသည့်တောင်ကြားတစ်ခုပင်။ အတိကျပြောရပါက ဤနေရာ၏ လေးဘက်လေးလံလုံးကို တောင်များဖြင့် ကာရံထားကာ လူများ၀င်မလာနိုင်အောင်ပိတ်ဆို့ထား၏။ တောင်များသည် အတွင်းဘက်သို့ သိသိသာသာပင် ယိမ်းယိုင်နေ၏။ အချိန်မရွေးပင် လဲပြိုကျလာနိုင်သည့်အတိုင်းပင်။ ထိုတောင်တန်းကြီးများသည် နေရောင်ခြင်အများစုကိုပင် ၀င်မလာနိင်အောင်ပိတ်ဆို့ထား၏။

ဖှေး လမ်းလျှောက်ကြည့်နေရင်းဖြင့် သူမြင်နိုင်သည့်အရာများအားလုံးသည် အဖြူရောင်အရိုးများသာဖြစ်နေ၏။

အနီးကပ်လေ့လာကြည့်လိုက်သည့်အချိန်တွင် အရိုးအများစုသည် ထူထပ်ပြီး အဆစ်များသည် လူသားအရိုးများနှင့်တူညီသောလည်း အရှည်မှာ တစ်၀က်ခန့်သာရှိသည့်အတွက် လူပုအရိုးများဖြစ်ကြသည်မှာ ထင်ရှားလှသည်။

သို့သော် တစ်ခြားအမည်မသိ သတ္တ၀ါများ၏ အရိုးစုများကိုလည်းတွေ့နေရ၏။

တစ်ချို့အရိုးများသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင်ပင် ပါးလွှာပြီး တစ်ချို့အရိုးများသည် မယုံနိုင်စရာကောင်းအောင်ပင် ကြီးမားနေ၏။ အတောင်ပံပါရှိသည့် သတ္တ၀ါကြီးများ၏အရိုးများနှင့် ဆယ်မီတာကျော်ခန့်မြင့်မားသည့် လူ့ဘီလူးကြီးများ၏ အရိုးများကိုလည်းတွေ့နေရသည်။

လူပူများနှင့် ဤသတ္တ၀ါများသည် ရန်သူများဖြစ်ကြသည်ဟုဖှေးခံစားလိုက်ရ၏။

ဖှေးလှည့်ပတ်ကြည့်ရင်းဖြင့် တစ်ယောက်နှ့င်တစ်ယောက်တိုက်ခိုက်နေသလို ပူးကပ်နေသည့်အရိုးစုများကိုလည်းတွေ့နေရသည်။ သူတို့ထဲမှအများစုသည် ချပ်၀တ်များကို ၀တ်ဆင်ထားပြီး ရန်သူများအတွင်းသို့ လက်နက်များဖြင့် ထိုးစိုက်ထား၏။ တစ်ချို့အရိုးစုများ၏ ခန္ဓာကိုယ်ထဲတွင် လှံတံပေါင်းများစွာထိုးစိုက်နေသော်လည်း တစ်ခြားရန်သူများ၏ ခန္ဓာကိုယ်ကို ဓားများဖြင့် ထိုးစိုက်ထားသည်အား မြင်တွေ့ရသည်မှာ ဖြစ်ပွားခဲ့သည့်တိုက်ပွဲမည်မျှပင် ကြောက်မက်ဖွယ်ကောင်းသည်ကို ဖော်ပြနေ၏။

တိုက်ပွဲဖြစ်ပွားခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း ဖှေးသည် ကြောက်မက်ဖွယ်ကောင်းသည့် သွေးထွက်သံယိုတိုက်ပွဲ၏ အရှိန်၀ါကို ခံစားနေရဆဲပင်။

တချို့အရိုးစုများသည် အပိုင်းပိုင်းကြေမွနေပြီး တစ်ချို့အရိုးစုများသည် တစ်စုတစ်စည်းထဲရှိနေဆဲပင်။

တစ်စုတစည်းတည်းရှိနေသည့်အရိုးများသည် အဖြူရောင်အတောက်ပဆုံးအရိုးများဖြစ်ပြိး ထိုအရိုးများပေါ်တွင် အတွင်းအားစွမ်းအင်အရှိန်၀ါတစ်ချို့ကျန်ရှိနေဆဲပင်။ ထိုလူများသည် အသက်ရှင်စဥ်က အလွန်စွမ်းအားမြင့်မားခဲ့သည့်အတွက်ကြောင့် နှစ်ပေါင်းထောင်နှင့်ချီ၍ ကြာမြင့်ခဲ့စေကာမူ သူတို့ အရှိန်၀ါများသည် အနည်းငယ်ကျန်ရှိနေခဲ့ခြင်းပင်။

ဖှေးသည် အနည်းငယ်သံကြေးတက်နေသည့် ဓားတစ်ချောင်းကို ကောက်ယူကြည့်လိုက်ကာ သူ၏လက်သီးဖြင့် ခေါက်ကြည့်လိုက်သည်။

“ချွင်...”

သတ္တုအား ထုရိုက်လိုက်သည့်အသံတစ်ခုထွက်ပေါ်လာပြီး သံကြေးများဖုန်မှုန့်များသည် အောက်သို့ ကွာကြသွားကာ ဓားကိုယ်သည် တောက်ပပြောင်လက်လာတော့၏။

“ဒါက လူပုတွေရဲ့ လက်နက်ပဲ။ ဒါက လက်စွဲတော်လက်နက်တစ်ခုပဲ...” ဖှေး ထိတ်လန့်သွား၏။ သူကောက်ယူလိုက်သည့် လက်နက်တစ်ခုသည် လက်စွဲတော်လက်နက်တစ်ခုဖြစ်နေလိမ့်မည်ဟု ထင်ထားခဲ့ခြင်းမရှိသောကြောင့်ပင်။ သံကြေးများကွာကျသွားသည့်အချိန်တွင် ထိုဓားသည် ဓားသစ်တစ်လက်လိုပင်ဖြစ်နေပြီး အစင်းကြောင်းတစ်ခုပင်ရှိနေခြင်းမရှိပေ။

ဖှေးသူ၏ လက်ကို အနည်းငယ်လှီးကြည့်လိုက်သည့်အချိန်တွင် သွေးများစီးကျလာ၏။

ဖှေး၏ လူရိုင်းဇာတ်ကောင်တွင် ရူးလောက်အောင်ပင် ကြံ့ခိုင်သည့် ခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်ထား၏။ နေအဆင့်သခင်များ၏ ခန္ဓာကိုယ်ပင် သူ၏ ခန္ဓာကိုယ်အား နှိုင်းယှဥ်နိုင်ခြင်းမရှိပေ။ သာမန်လက်နက်များသည် ဖှေး၏ ခန္ဓာကိုယ်ပေါ်တွင် အစင်းရာပင် ထင်နိုင်ခြင်းမရှိသော်လည်း ဤဓားသည် ဖှေး၏ လက်ချောင်းအား လွယ်ကူစွာပင် လှီးဖြတ်နိုင်၏။

“အတော်လေး ချွန်ထက်တဲ့လက်နက်ပဲ အနည်းဆုံးအဆင့်၅ လက်ဆွဲတော်လက်နက်ပဲဖြစ်ရမယ်။ အပြင်ကမ္ဘာမှာဆိုရင်တော့ ဒါက ရတနာတစ်ခုပဲ။ သာမန်စစ်သည်တစ်ယောက်ရဲ့ တိုက်ခိုက်နိုင်စွမ်းကို ငါးဆလောက်ထိတိုးမြှင့်ပေးနိုင်လောက်တယ်...”

ဖှေးသည် ဤလက်နက်၏ တန်ဖိုးကို သိရှိသွားသည့်အတွက်ကြောင့် ထိတ်လန့်စွာပင် အော်ဟစ်လိုက်မိသည်။

All Chapters