← Chapters

အခန်း (၆၉၂)

Vol. 44 Ch. 692

အခန်း (၆၉၂)

Vol. 44 Ch. 692

“ဟားဟားဟား ဒီတောင်ကြားထဲမှာ လက်နက်တွေ သောင်းနဲ့ချီပြီးတော့ ရှိနေတာပဲ။ အရိုးစုတိုင်းလိုလိုက သူတို့လက်ထဲမှာ လက်နက်တစ်ခုစီကိုင်ဆောင်ထားကြတယ်။ အဲ့လက်နက်တွေတိုင်းက ဒီလို လက်ဆွဲတော်လက်နက်တစ်ခုပဲ။ ဟားဟား ဒီနေရာက ချမ်းဘော့ဒ်အတွက် လက်နက်တိုက်ကြီးတစ်ခုလိုပဲ။ ဟားဟား ဒီလိုလက်နက်တွေက နတ်ဆိုးအကြွင်းကျန်တွေနဲ့ လုပ်ထားတဲ့လက်နက်တွေထက်တောင် အဆပေါင်းများစွာပိုကောင်းနေသေးတယ် ချယ်စီကိုယ်တိုင်တောင် ဒီလောက်အဆင့် လက်နက်တွေကို လုပ်နိုင်သေးတာမဟုတ်ဘူး...”

ဖှေးသည် အနားတွင်ရှိနေသည့် အရိုးစုများကို လှည့်ပတ်ကြည့်လိုက်သည့်အချိန်တွင် လက်နက်များကိုယ်စီကိုင်ထားသည်ကို တွေ့နေရသည့်အတွက် ပျော်ရွှင်သွား၏။

ထိုလက်စွဲတော်လက်နက်အား သူ၏ ထားသိုရာအကန့်ထဲသို့ ထည့်လိုက်ပြီးသည့်နောက်တွင် ၂မီတာခန့်အကွာတွင်ရှိနေသည့် ဓားတစ်ချောင်းအား သူသတိထားလိုက်မိသည်။

သူ၏လက်ကို ၀ှေ့ရမ်းလိုက်သည့်အချိန်တွင် သူ၏ ခန္ဓာကိုယ်အတွင်းမှ စွမ်းအင်တစ်ခုထွက်ခွာသွားပြီး ထိုဓားအား သူ၏လက်အတွင်းသို့ ရောက်ရှိရန်အတွက် ဆွဲယူလိုက်သည်။

ဖှေးပထမဆုံးကောက်ယူလိုက်သည့် ဓားတစ်ချောင်းလိုပင် ဓားကိုယ်ပေါ်တွင် သံချေးများ ဖုန်မှုန့်များနှင့် ရေညှိများ တင်ကျန်နေ၏။ ဖှေးသူ၏ လက်ကို လှုပ်ရမ်းလိုက်သည့်အချိန်တွင် သံချေးများနှင့် မြေမှုန့်များကွာကျသွားပြီး အောက်တွင်ရှိနေသည့် အမဲရောင်ကိုယ်ထည်အား မြင်တွေ့လိုက်ရသည်။

ဓားကိုယ်ပေါ်တွင် လက်မအရွယ်စားခန့်ရှိသော သွေးစီးကြောင်းကြီးတစ်ခုရှိနေပြီး ပါးလွှာသော သင်္ကေတများနှင့် ဆက်နွယ်ထားသည်။

မကြာမှီတွင် မီးစွမ်းအင်အရှိန်၀ါတစ်ခုသည် ဓားကိုယ်ပေါ်မှ ပေါ်ထွက်လာတော့သည်။

ထို့အပြင် ဓား၏ ဦးချွန်သည် မြွေတစ်ကောင်၏ လျှာလိုပင် နှစ်ခြမ်းခွဲ၏။ ဓားပေါ်တွင်ရှိနေသည့် ထူးဆန်းသည့်အမဲရောင် အလင်းသည် အလင်းရောင်အားလုံးကို ၀ါးမျိုနိုင်သလိုပင်ဖြစ်နေ၏။

ဖှေးဓားကို ၀ှေ့ရမ်းကြည့်လိုက်သည့်အချိန်တွင် လောင်မြိုက်နေသည့်ဓားသွားစွမ်းအင်တစ်ခုထွက်ခွာသွား၏။

ဤလက်နက်သည်လည်း လယ်ဗယ်၅ မီးဂုဏ်သတ္တိလက်စွဲတော်လက်နက်တစ်ခုပင်ဖြစ်၏။

“ဟားဟား ငါက အတော်လေးကံကောင်းလွန်းနေတာပဲ။ ချမ်းဘော့ဒ်အနောက်ဘက်တောင်တန်းတဲ့ဆက်နွယ်နေတဲ့ ဒီလို အဖိုးတန်နေရာတစ်ခုကို ရှာတွေ့လိုက်တာ...”

“မဟုတ်မှလွဲရော ငါကလည်း အလွန်စွမ်းအားကြီးမားတဲ့ နတ်ဘုရားတစ်ပါးက တိုက်ပေါ်မှာ ချန်ထားခဲ့တဲ့ နတ်ဘုရားတစ်ပိုင်းများလား...” ရတနာများစွာကို ရရှိသွားပြီးသည့်နောက်တွင် ဖှေးတွေ့လိုက်မိသည်။

ထိုလက်နက်ကိုလည်း သူ၏ ဓားသိုရာအကန့်အတွင်းသို့ သိမ်းဆည်းလိုက်ပြီး သူ၏ လက်ကို ၀ှေ့ရမ်းကာ ၃မီတာခန့်ရှည်လျားသည့် လှံတံတစ်ချောင်းကို ဆွဲယူကြည့်လိုက်သည်။ သူ၏ လက်များနှင့် ၀ှေ့ရမ်းကြည့်လိုက်ပြီး ရယ်မောရန်ပြင်လိုက်သည်။ သို့သော် ရုတ်တရက်ပင် သူ၏ လက်သည် အလွန်ပေါ့ပါးသွားသလိုခံစားလိုက်ရပြီး သူ၏အပြုံးသည်လည်း ရပ်တန့်သွားတော့၏။ ဖှေးအားကြည့်ရသည်မှာ ရယ်မောဖွယ်ပင်။

ဖှေး၀ှေ့ရမ်းကြည့်လိုက်သည့်အချိန်တွင် ထိုလှံတံသည် အပိုင်းပိုင်းကွဲအက်ကာ ပျက်ဆီးသွားသည့်အတွက်ပင်။ သူ၏လက်ထဲတွင် တုတ်တို တစ်ချောင်းခန့်အရွယ်စားရှိသော အစိတ်ပိုင်းတစ်ခုသာ ကျန်ရှိခဲ့တော့၏။

“ဒါက...” ဖှေးဘာဖြစ်နေလဲမသိချေ။ ထို့ကြောင့် သူအသေချာလေ့လာကြည့်လိုက်သည်။

ဤလှံတံသည်လည်း လက်စွဲတော်လက်နက်တစ်ခုဖြစ်သော်လည်း ဖှေးတွင်ရှိနေသည့် ဓားနှစ်လက်နှင့်နှိုင်းယှဥ်ကြည့်ပါက ပို၍ အဆင့်နိမ့်သည့်လက်နက်တစ်ခုဖြစ်နေ၏။ နှစ်ပေါင်းများစွာကြာသွားသည့်အတွက်ကြောင့် အချိန်၏ တိုက်စားခြင်းကို ခံရကာ ပျက်ဆီးသွားခဲ့ခြင်းပင်။

“အမ်...ကြည့်ရတဲ့ပုံအရတော့ လက်နက်တွေအကုန်လုံးက အကောင်းပတိရှိနေတာမဟုတ်ဘူးထင်တယ်။ အချိန်တွေကြာသွားတော့ အဆင့်နိမ့်တဲ့လက်နက်တွေက သာမန်လက်နက်တွေလိုဖြစ်သွားတော့တာပဲ။ င့ါဆီမှာရှိနေတဲ့ ဓားနှစ်လက်ကလည်း အရင်တုန်းက အတော်လေး အဆင့်မြင့်ခဲ့တဲ့လက်နက်တွေပဲ ဖြစ်လိမ့်မယ်။ အချိန်တွေကြာသွားတော့ အဆင့်၅လောက်ပဲ ရှိတော့တာပေါ့...”

ဖှေးတွေးကြည့်လိုက်ပြီး အနည်းငယ်စိတ်ပျက်သွားမိသည်။

သူ လမ်းပတ်လျှောက်ပြီး အနည်းငယ်ဆက်၍ လေ့လာကြည့်လိုက်ပြီးတွင် သူထင်ထားသည်မှာ မှန်ကန်ကြောင်းကို သိလိုက်ရသည်။

ဤတောင်ကြကားထဲတွင် လက်နက်ပေါင်း၄၀၀၀ခန့်ရှိနေပြီး ထိုလက်နက်များထဲမှ လက်နက်တစ်ထောင်ခန့်သာ ကောင်းတော့၏။ ကျန်ရှိနေသည့် လက်နက်များသည် သာမန်လက်နက်များကဲ့သို့သာဖြစ်နေပြီဖြစ်သည်။

အဆင့်အနိမ့်ဆုံးလက်နက်များကိုပင် ရှားပါးသော မှော်တွင်းထွက်များဖြင့် ထုလုပ်ထားခြင်းဖြစ်ကာ များစွာစွမ်းအားမြင့်မားခဲ့သော်လည်း အချိန်၏ တိုက်စားခြင်းကိုမူ ခံနိုင်ခဲ့ခြင်းမရှိပေ။ ထို့အကြောင့် ဤတောင်ကြားထဲတွင်ရှိနေသည့် လက်နက်အများစုသည် အသုံးမ၀င်တော့ဟုဆိုနိုင်၏။

တစ်နာရီခန့်ကြာပြီးသည့်နောက်တွင် ဖှေးသည် လက်စွဲတော်လက်နက်၂၀ခန့်ကို ထက်မံ၍ ရရှိလိုက်သည်။ အများစုသည် အဆင့်၅ထက်နိမ့်သည့် လက်စွဲတော်လက်နက်များဖြစ်ကြ၏။ သို့သော် အဆင့်၈ လက်စွဲတော်လက်နက်တစ်ခုဖြစ်သည့် အမဲရောင်ဓားကြီးတစ်လက်ကိုလည်း ဖှေးရရှိသွားသည်။ ထိုလက်နက်သည် အသုံးပြုသူ၏ စွမ်းအားကို ရှစ်ဆခန့်တိုးမြှင့်ပေးနိုင်၏။ အကယ်၍ တစ်ဆင့်ခန့်ပို၍မြင့်မားပါကထိုလက်နက်သည် နတ်ဘုရားတစ်ပိုင်းအဆင့်လက်နက်များဖြစ်ကြသည့် ဂျက်အင်ပါယာမှ ကန္တာရအမျက်ဒေါသနှင့် စိန့်ဂျာမိန်းအင်ပါယာမှ မဟူရာမှော်ကျိမ်လုံးတို့ကိုပင် ယှဥ်နိုင်မည်ဖြစ်သည်။ ထိုလက်နက်များသည် အဆင့်၉ လက်စွဲတော်လက်နက်များဖြစ်ကြသည့်အတွက်ပင်။

ဖှေးသည် ရှေ့သို့ ဆက်လက်လျှောက်လာရင်းဖြင့် သူ၏ ပတ်၀န်းကျင်တွင်ရှိနေသည့် ပစ္စည်းများကို အာရုံစိုက်ကာ ကြည့်နေမိသည်။

မိနစ်၂၀ခန့်လမ်းလျှောက်ပြီးသည့်နောက်တွင် အရိုးစုများကို ထက်မံ၍ တွေ့လာရပြန်သည်။ မြေပြင်သည်လည်း အပေါ်သို့ မြင့်တက်သွား၏။

သူသည် တောင်ကြား၏ အတွင်းပိုင်းသို့ ပို၍ ရောက်ရှိလာလေလေ အရိုးစုများ၊ မြေများနှင့် ပေါင်းပင်များကို ပို၍တွေ့လာရလေလေဖြစ်နေ၏။

ထိုအရိုးစုများအားလုံးသည် ယခင်က စွမ်းအားမြင့်သော သိုင်းဆရာများဖြစ်ခဲ့ကြသည်မှာ ထင်ရှားလှသည်။ သူတို့၏ အသားများပုပ်သိုးသွားပြီဖြစ်သော်လည်း သူတို့၏ အရိုးများသည် သံမဏိကဲ့သို့ပင် ခိုင်မြဲမာကြောနေဆဲပင်။ အရိုးများသည် ဖုန်တင်နိုင်ခြင်းမရှိ၊ မိုး၏ တိုက်စားခြင်းကိုလည်း ခံရခြင်းမရှိပဲ။ ရာသီဥထုဒဏ်မျိုးစုံကို ခံနိုင်ရည်ရှိ၏။ နေရာတစ်၀ိုက်တွင် ပေါင်းပင်များစွာတောက်ပနေသော်လည်း အရိုးများသည် အသစ်အတိုင်းပင် တောက်ပချောမွေ့နေ၏။ သူတို့သည် နတ်ဆိုးအကြွင်းကျန်များထက်ပင် များစွာပို၍ သန်မာ၏။

ဖှေးသည် ကစဥ့်ကလျားခြင်းပုလ္လင်ကို ဆင့်ခေါ်လိုက်ပြီး လေပေါ်သို့ ပျံ၀ဲလိုက်သည်။ သူသည် သိုင်းဆရာများ၏ အရိုးများပေါ်သို့ တက်နင်းသွားလိုခြင်းမရှိပေ။

ဖှေးအပေါ်စီးမှကြည့်လိုက်ရာမီတာရာပေါင်းများစွာကွာ၀ေးသည့်နေရာတွင် ငွေရောင်တောက်ပနေကာ ၂၀မီတာခန့်မြင့်မားသည့် အထိန်းမှတ်အဆောက်ဦးတစ်ခုကို မြင်တွေ့လိုက်ရ၏။ အရိုးစုများစွာသည် ထိုအဆောက်ဦးကို ၀ိုင်းရံထားသည့်အတွက် ကြည့်ရသည်မှာ ထင်ရှားလှသည်။

ဖှေးသည် ထိုအထိန်းမှတ်အဆောက်ဦးနားသို့ ချက်ချင်းပင် သွာလိုက်ပြီး ထိုအဆောက်ဦးနှင့် ဆယ်မီတာပတ်ပတ်လည်တွင် အရိုးစုများရှိနေခြင်းမရှိသည်ကိုတွေ့လိုက်ရသည်။

ဤအဆောက်ဦးအား စောင့်ရှောက်ထားသည့် လူပု ၄၀ခန့်ရှိနေပြီး သူတို့သည် အသက်ရှင်ခဲ့စဥ်က လူပုသိုင်းဆရာများဖြစ်သည်မှာ ထင်ရှားလှသည်။

မှော်ချပ်၀တ်များကို ၀တ်ဆင်ထားရင်းဖြင့် သူတို့သည် ထိုအဆောက်ဦးအား ခံတပ်နံရံတစ်ခုကဲ့သို့ပင်ကာကွယ်ပေးနေကြသည်။ သူတို့၏ ခန္ဓာကိုယ်များတွင် လက်နက်ပေါင်းများစွာ ထိုးစိုက်၀င်နေသော်လည်း သူတို့သည် အနောက်သို့ ခြေတစ်လှမ်းမှပင် ဆုတ်ပေးခြင်းမရှိကြပေ။

သူတို့၀တ်ဆင်ထားကြသည့် မှော်ချပ်၀တ်များသည်လည်း တန်ဖိုးကြီးမားလှသည်။ တောက်ပချောမွေ့နေဆဲဖြစ်ပြီး မှော်အရှိန်၀ါတစ်ချို့ကိုပင်ခံစားနေရဆဲဖြစ်သည်။

ဤလူပုလေးဆယ်မှာ အသက်ရှင်ခဲ့စဥ်က အနည်းဆုံးနေအဆင့်ရှိနေသည့်လူများပင်ဖြစ်ပေလိမ့်မည်ဖြစ်သည်။ ဖှေးသည် ကြောက်မက်ဖွယ်အချက်တစ်ခုကို သတိထားလိုက်မိသည်။ အချိန်ပေါင်းများစွာကြာမြင့်ခဲ့ပြီဖြစ်သော်လည်း လူပု၄၀၏ အသားများသည် ပုပ်သိုးဆွေးမြေ့သွဦးခြင်းမရှိသေးပေ။ သူတို့၏ မျက်နှာအမူယာများသည် စူးရှနေဆဲပင်။ သူတို့၏ အရေပြားများအသားများသည် အရိုးများသို့ ကပ်နေကြပြီး ဆေးစိမ်ထားသည့် အလောင်းကောင်များကဲ့သို့သာဖြစ်နေ၏။ သူတို့၏ အတွင်းအင်္ဂါများခြောက်သွေ့သွားသည် မသွားသည်ကိုမူ ဖှေးသေချာမသိပေ။

ဤအချိန်၌ပင် သူတို့ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်သတ်ဖြတ်လိုစိတ်များထွက်ပေါ်နေ၏။

ကြယ်ခြောက်လုံးအဆင့်စစ်သည်များဆိုလျှင် သူတို့နှင့် ဆယ်မီတာခန့်အနီးသို့ပင် ကပ်နိုင်လိမ့်မည်မဟုတ်ပေ။ စူးရှသည့် သတ်ဖြတ်လိုသော အရှိန်၀ါများကြောင့် ချက်ချင်းပင် သွေးမြူများအဖြစ်ပြောင်းလဲကာသေဆုံးသွားနိုင်သည့်အတွက်ပင်။

ကြောက်မက်ဖွယ်ပင်။

ဤအခိုက်တန့်တွင် ဖှေးသည် ဤလူပုမျိုးနွယ်စစ်သည်များအား လေးစားသည့်ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။ ထိုစစ်သည် အယောက်လေးဆယ်အားကြည့်ရင်းဖြင့် သူ၏ ခန္ဓာကိုယ်ထဲမှ သွေးများအားလုံးဆူပွက်သွားသလိုပင်။ “အတော်လေး သူရဲကောင်းဆန်တဲ့အရှိန်၀ါပဲ။ သူတို့က သေသွားပြီဆိုပေမယ့် သူတို့ အလောင်းတွေက ရန်သူကို ကာကွယ်ပေးနေသလိုဖြစ်နေတုန်းပဲ...” သူတွေးလိုက်မိသည်။

“အတော် လေးစားစရာကောင်းတဲ့ သူရဲကောင်းတွေပဲ။ ဒါပေမယ့် သူတို့က ဘာကို ကာကွယ်ပေးနေကြတာလဲ...”

All Chapters