← Chapters

အခန်း (၆၉၃)

Vol. 44 Ch. 693

အခန်း (၆၉၃)

Vol. 44 Ch. 693

ဤလူပုသိုင်းဆရာများ၏အနောက်သို့ ဖှေးလှမ်းကြည့်လိုက်သည့်အချိန်တွင် နီရဲနေသည့် နေရာတစ်ခုကိုမြင်လိုက်ရသည်။ ထိုနေရာသည် နတ်ဘုရားတစ်ပါး၏ သွေးများဖြင့် ဖုံးလွှမ်းနေသည့်အတိုင်းပင်။ ဤနေရာတွင်ရှိနေသည့် သတ်ဖြတ်လိုသော ဆန္ဒများသည် ပြင်းထန်နေသည့်အတွက် မြက်ပင်များပင် ပေါက်ရောက်နိုင်ခြင်းမရှိကြပေ။

အဆင့်မြင့်လခြမ်းစစ်သည်တစ်ယောက်ဖြစ်ပြီး ဒိုင်ယာဘလိုကမ္ဘာမှ လယ်ဗယ်၆ တိုက်ပွဲသုံးဖိနပ်ကို ၀တ်ဆင်ထားသည့် ဖှေးပင် ဤနေရာတွင်ရပ်နေသည့် အချိန်၌ သံမဏိအပ်များသည် သူ၏ ခြေထောက်အား ထိုးစိုက်နေသလို ခံစားရ၏။ သတ်ဖြတ်လိုသော ဆန္ဒများသည် သူ၏ ခြေထောက်ကို ဖျက်ဆီးနေသလိုပင်။

မကြာမှီတွင် အထိန်းမှတ်အဆောက်ဦး၏ အနောက်တွင်ရှိနေသည့် တစ်စုံတစ်ရာကို ဖှေးသတိထားလိုက်မိသည်။

အဆောက်ဦးပေါ်သို့ သွားရာလှေကားပေါ်တွင် ထိုင်တစ်၀က် အိပ်တစ်၀က်ပုံစံဖြင့်ရှိနေသည့် လူပုမျိုးနွယ်တစ်ယောက်ပင်။

သူသည် သေဆုံးနေပြီဖြစ်သော်လည်း သူ၏ ခန္ဓာကိုယ်သည် လုံး၀ပင်ပြောင်းလဲခြင်းမရှိသေးပေ။ သူ၏ မျက်နှာအသွင်ပြင်များသည် အသက်၀င်နေဆဲဖြစ်ပြီး သူသေဆုံးသွားသည်မှာ မကြာသေးသည့်အတိုင်းပင်။

သူ၏ ခန္ဓာကိုယ်သည် သာမန်လူပုများထက်ပို၍ ကြီးမားပြီး သူသည် ချပ်၀တ်တစ်စုံတစ်ရာကိုလည်း ၀တ်ဆင်ထားခြင်းမရှိပေ။ ထိုအစားသူသည် ရှားပါးသည့်အပြာရောင်၀တ်စုံတစ်စုံ၊ ငွေရောင်ခါးပတ်တစ်ခုနှင့် နတ်ဘုရားအဆင့်ကျောက်မြတ်ရတနာများဖြင့် အလှဆင်ချယ်သထားသည့် ရွှေသရဖူတစ်လက်ကို ၀တ်ဆင်ထား၏။ သူ၏ ဘေးတွင် တစ်မီတာခန့်ရှည်လျားသည့် အသွားနှစ်ဖက်ပါ ရွှေရောင်ပုဆိန်တစ်လက်ရှိနေပြီး သူသည် ၄၀စင်တီမီတာခန့် ထူထပ်သည့် အမဲရောင်စာအုပ်တစ်ခုကို လက်တစ်ဖက်ဖြင့် ကိုင်ထားကာ ထိုစာအုပ်အား ကောင်းကင်ပေါ်သို့ ကိုင်မြောက်ထားလျှက်ရှိသည်။ သူ၏ မျက်နှာအမူယာသည် ဒေါသဖြစ်နေသကဲ့သို့ သူ၏မျက်လုံးများသည်လည်း ပြုးကျယ်နေကာ သူသည် တစ်စုံတစ်ရာကို မေးခွန်းထုတ်နေသည့်အတိုင်းပင်။

ထိုလူသည် ခေါင်းပေါ်တွင် သရဖူ၀တ်ဆင်ထားသည့်အတွက်ကြောင့် လူပုမျိုးနွယ်များ၏ အင်ပါယာအရှင်သခင်တစ်ပါးဖြစ်သည်ကို ဖော်ပြနေ၏။

ထိုအင်ပါယာသည် အလွန်နာကျင်သည့် နည်းလမ်းဖြင့် သေဆုံးသွားသည်ကို ဖှေးသတိထားလိုက်မိသည်။ သူ၏ ရင်ဘက်တွင်ကြီးမားသည့်အပေါက်ကြီးတစ်ခုရှိနေကာ သူ၏ နှလုံးသားပင် ပျက်ဆီးသွားခဲ့ပြီဖြစ်သည်။ အံ့သြစရာကောင်းသည်မှာ ဒဏ်ရာမှ သွေးများဆက်လက်၍ စီးကျနေဆဲဖြစ်သည့်အတွက်ပင်။

အထိန်းမှတ်အဆောက်ဦး၏ ဘေးတွင်ရှိနေကြသည့် လူပုလေးဆယ်နှင့်မတူသည်မှာ ဤအင်ပါယာအရှင်သခင်၏ အလောင်းသည် ခြောက်သွေ့သွားခြင်းမရှိခြင်းပင်။ သူ၏ သွေးများသည် အနီရောင်ရှိနေဆဲပင်ဖြစ်ပြီး သူ၏မျက်နှာသည်လည်း စွမ်းအားမြင့်ဆုံးအခြေအနေတွင်ရှိနေသကဲ့သို့ဖြစ်နေဆဲပင်။

သူ၏မျက်လုံးများသည် ပြူးကျယ်နေပြီး မျက်နှာပေါ်တွင် ဒေါသဖြစ်ကာ အလိုမကျသည့် အမူယာတစ်ခုရှိနေ၏။ ကြောက်စရာကောင်းသည့် ရန်သူတစ်ယောက်ရှိနေသည့်အတိုင်းပင် သူသည် ကောင်းကင်ပေါ်သို့ မော့ကြည့်နေလျှက်ရှိသည်။

ဤမြင်ကွင်းသည် ထူးဆန်းသလို ကြောက်မက်ဖွယ်လည်းကောင်းလှ၏။

တစ်စုံတစ်ယောက်သည် သူ၏ လည်ပင်းအနားသို့ ကပ်ကာ လေအေးဖြင့် မှုတ်နေသလို ဖှေးခံစားနေရပြီး သူ၏ ခန္ဓာကိုယ်ပေါ်မှ အမွေးမျှင်များအားလုံးပင် ထောင်မက်သွား၏။

ဤလူပုမျိုးနွယ်အင်ပါယာအရှင်သခင်သေဆုံးသွားခဲ့သည်မှာ နှစ်ပေါင်းများစွာကြာမြင့်နေပြီဖြစ်သော်လည်း သူ၏ သွေးများသည် တောက်ပနေဆဲဖြစ်ပြီး စွမ်းအင်များစွာပါ၀င်နေဆဲပင်။ သူသည် အချိန်မရွေးပင် ပြန်လည်ကာ အသက်၀င်လာတော့မည့်အတိုင်းဖြစ်နေ၏။ သူ၏ စွမ်းအားသည် ဤနေရာအား ကာကွယ်ပေးနေကြသည့် လူပုလေးဆယ်ထက်များစွာပို၍ ကြီးမားနေမည်မှာလည်း ထင်ရှားလှသည်။ သူအသက်ရှင်နေသည့်အချိန်က နေအဆင့်သခင်များသည် သူ၏မျက်လုံးထဲတွင် ပုရွတ်ဆိတ်များကဲ့သို့ပင် ဖြစ်နေလိမ့်မည်ဖြစ်သည်။ သို့သော် သူကိုယ်တိုင်ပင် အမည်မသိသေးသော ရန်သူတစ်ယောက်၏ တိုက်ခိုက်သတ်ဖြတ်ခြင်းကိုခံခဲ့ရပြီး သူ၏နှလုံးသားကို ခိုးယူခြင်းခံလိုက်ရ၏။ အလွန်ကြောက်မက်ဖွယ်ပင်။

ကြည့်ရသည့်ပုံအရ သူသည် ချောင်းမြောင်းတိုက်ခိုက်ခြင်းခံခဲ့ရသည့်ပုံရပြီး ပြန်လည်တုန့်ပြန်ရန်အတွက် အချိန်ရလိုက်သည့်ပုံမပေါ်ပေ။ ဤအချက်တစ်ခုတည်းကပင် ထိုရန်သူမည်မျှပင်စွမ်းအားမြင့်မားသည်ကို ဖော်ပြနေ၏။

“ဘယ်လို လူမျိုးက အဲ့လောက်စွမ်းအားကြီးမားရတာလဲ...နတ်ဘုရားတွေလား...”

ဖှေးသည် အေဇာရုတိုက်အား သိပ်နားမလည်နိုင်သေးသလိုခံစားလိုက်ရသည်။ သူသည် နေအဆင့်သခင်များ၏ အပေါ်တွင်ရှိနေသည့်စွမ်းအားများအကြောင်းကို စဥ်းစားမိခဲ့ခြင်းမရှိပေ။ နေအဆင့်သည် ကျင့်စဥ်၏ နောက်ဆုံးအဆင့်ဖြစ်သည်ဟုသာထင်ခဲ့၏။

ကြည့်ရသည့်ပုံအရ သူထင်ထားသည်မှာမှားနေနိုင်၏။ အနည်းဆုံး ဖှေး၏ အရှေ့တွင်ရှိနေသည့် လူပုအင်ပါယာအရှင်သခင်၏ ရုပ်အလောင်းသည် နေအဆင့်ထက်ပင်ပို၍မြင့်မားသည့်စွမ်းအားမျိုးကို ပိုင်ဆိုင်ထားသည့်လူတစ်ယောက်ဖြစ်ပြီး သူ့အား သတ်ဖြတ်ခဲ့သည့် ရန်သူသည်လည်း ပို၍ပင်စွမ်းအားမြင့်မားသည့်လူပင်။

“ဒီကမ္ဘာပေါ်မှာ နတ်ဘုရားတွေရောရှိနေတာလား...”

ဒဏာရီများနှင့် ပုံပြင်များထဲတွင် နတ်ဘုရားတစ်ပါး၏ သွေးတစ်စက်သည် နေအဆင့်သခင်တစ်ယောက်ကို ချက်ချင်းပင် သတ်ဖြတ်ပစ်နိုင်၏။

“ဒါက ဘယ်လိုအဆင့်မျိုးလဲ...တကယ်ပဲနတ်ဘုရားတွေက ထာ၀ရအသတ်ရှင်နိုင်ကြတာလား...”

ဖှေးသူလက်ကို ဆန့်တန်းလိုက်ပြီး လူပုအင်ပါယာအရှင်သခင်၏ ဒဏ်ရာမှ သွေးများကို ညင်သာစွာထိကြည့်လိုက်သည်။

သူထိလိုက်လျှင်ထိလိုက်ခြင်းပင် သူ၏ လက်ချောင်းတစ်ခုလုံးကို ငရဲမီးဖြင့် ရှို့လိုက်သလိုခံစားလိုက်ရ၏။ အလွန်ပြင်းထန်သည့် ၀ေဒနာပင် သူ၏ လက်ချောင်းကို မီးပူချော်ရည်များထဲသို့ နစ်မြုပ်လိုက်သလိုပင်။

သူ၏ ခန္ဓာကိုယ်သည် မာကြောသော်လည်း သူ၏ လက်ချောင်းပေါ်မှ အရေပြားများလောင်ကျွမ်းသွား၏။ ထိုသွေးစက်ငယ်လေးသည် ကမ္ဘာ့ဗဟိုမီးတောက်များထက်ပင် ပို၍ပူပြင်းလှပြီး ရူးလောက်ဖွယ်ပင်။

ဖှေးစပ်သပ်လိုက်ခြင်း၏ ရလဒ်သည် နတ်ဘုရား၏ သွေးတစ်စက်သည် နေအဆင့်သခင်တစ်ယောက်အား ချက်ချင်းသေစေနိုင်သည်ဟူသည့် ဒဏာရီနှင့်ဆင်တူနေ၏။

ဤသွေးများထဲတွင်ပါ၀င်နေသည့်စွမ်းအင်များသည်လည်း အချိန်၏တိုက်စားမှုကြောင့် အားပျော့သွားကြောင်းကို ဖှေးသေချာသိသည်။ ထိုအတွက်ကြောင့် အရမ်းစွမ်းအားမြင့်မားနေခြင်းမဟုတ်သည်ပင်။ သို့မဟုတ်ပါက သူသည် ဤအင်ပါယာအရှင်သခင်၏ အနားသို့ပင် ကပ်နိုင်လိမ့်မည်မဟုတ်ပေ။

အလွန်စွမ်းအားမြင့်မားလှသည်။

လွန်ခဲ့သည့် နှစ်ပေါင်းများစွာက သေဆုံးခဲ့သည့် လူပုအင်ပါယာအရှင်သခင်သည် ယနေ့တိုင် စွမ်းအားမြင့်မားနေဆဲပင်။

ပြိုင်ဘက်ကင်းသည်ဟုနာမည်ကြီးသည့် အင်ပါယာအရှင်သခင်ယရှင်းတစ်ယောက်ပင် ဤမျှစွမ်းအားကြီးမားလိမ့်မည်မဟုတ်ပေ။

ဖှေးသူ၏ခေါင်းကို ငုံ့ကြည့်လိုက်သည့်အချိန်တွင် ရုတ်တရက်အေးစက်သွား၏။

ဤလူပုအင်ပါယာအရှင်သခင်၏ အရှေ့တွင်ရှိနေသည့် ကျောက်တုံး လှေကားများပေါ်တွင် ခြေရာတစ်စုံကိုတွေ့လိုက်ရသည့်အတွက်ပင်။ ထိုခြေရာသည် တိရိစ္ဆာန်တစ်ကောင်ကောင်၏ ခြေရာနှင့်ဆင်တူပြီး လူသားတစ်ယောက်မှ ချန်ထားခဲ့ခြင်းမဖြစ်နိုင်ပေ။ ထိုခွာရာများသည် ကျောက်တုံးလှကားများအတွင်းသို့ ၂စင်တီမီတာခန့်နစ်၀င်နေပြီး ငါးဆယ်မီတာခန့် အကျယ်၀န်းရှိသည်။

ထိုခွာရာများကပင် ကြောက်မက်ဖွယ်သတ်ဖြတ်လိုသည့် ဆန္ဒများကို ထုတ်လွှတ်နေသည့်အတွက် ဖှေးအား ကြက်သီးထစေနေလျှက်ရှိသည်။

ဤခွာရာများ၏ ပိုင်ရှင်သည် လူပုအင်ပါယာအရှင်သခင်အား သတ်ဖြတ်ခဲ့သည့်လူဟု ဖှေးကောက်ချက်ချလိုက်မိသည်။

နောက်ဆုံးမျိုးနွယ်စုနန်းတော်တွင် လူပုမျိုးနွယ်များကို မျိုးတုန်းသတ်ဖြတ်ခဲ့သူသည် လူသားများမဟုတ်ပဲ အမည်မသိသေးသော သတ္တ၀ါကြီးတစ်ကောင်ကောင်သာဖြစ်နေသည့်ပုံပင်။

အမှန်ပင် ထိုအရာများအားလုံးသည် ဖှေး၏ အထင်မြင်သီးသန့်သာဖြစ်နေဆဲပင်။

ဖှေး၏မျက်လုံးများသည် လူပုအင်ပါယာအရှင်သခင်ကိုင်ထားသည့် စာအုပ်ထံသို့ ရောက်ရှိသွား၏။ ခနတာတွန့်ဆုတ်သွားပြီးသည့်နောက်တွင် ဖှေးလမ်းလျှောက်သွားလိုက်ပြီး ထိုစာအုပ်အား ယူလိုက်သည်။

စာအုပ်အား ဖွင့်မကြည့်မှီ စာအုပ်ဖုံးပေါ်တွင်ရှိနေသည့် ဖုန်မှုန့်များကို မှုတ်လိုက်သည်။ ဒိုင်ယာရီစာအုပ်တစ်အုပ်နှင့်တူပြီး နတ်ဘုရားများခေတ်တွင်အသုံးပြုခဲ့သည့် ဘာသာစကားဖြင့် ရေးထိုးထား၏။

ပထမစာမျက်နှာတစ်ချို့သည် သွေးများစွန်းထင်းနေသည့်အတွက်ကြောင့် ဖတ်ရှု၍ မရပေ။ နောက်ဆုံးတွင်ရှိနေသည့် စာမျက်နှာ၂၀ခန့်ကိုသာ ဖတ်ရှုနိုင်၏။

“စစ်ပွဲကြီးစတင်ပြီ စစ်ပွဲကြီးတကယ်ပဲစတင်လာတာပဲ...”

“...နတ်ဘုရားတွေရဲ့ နတ်ဆိုးတွေရဲ့နယ်မြေနှစ်ခုလုံးကို ဒီမကောင်းဆိုး၀ါးတွေက ကျူးကျော်လာခဲ့ကြတာပဲ။ ဒီတစ်ခြား ကမ္ဘာကသောက်နတ်ဘုရားတစ်ပိုင်တွေ သူတို့က ဘယ်လိုဖြစ်ပြီးတော့ နတ်ဘုရားတွေရဲ့နယ်မြေကို ကျူးကျောင်လာရဲကြတာလဲ။ ငါဒီကောင်တွေကို ကျိမ်စာတိုက်တယ်။ ဒီကောင်တွေဘယ်လိုမှ နတ်ဘုရားတွေအပြစ်ပေးတာကို လွတ်မြောက်နိုင်မှာလဲ။ ဒီကောင်တွေကို လူမျိုးသုံးသတ်ဖြတ်ပစ်ရမှာ...”

“သေစမ်း ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ ဒီနတ်တစ်ပိုင်းကောင်က အားသာနေတာလဲ...”

“အခြေအနေမကောင်းတော့ဘူး နတ်ဘုရားတွေရော နတ်ဆိုးတွေရော ဆိုးစွားတဲ့အခြေနေတစ်ခုကို ရောက်ရှိနေပြီ...”

“စစ်ပွဲစတင်တာ ဆယ်ရက်လောက်ကြာပြီ မဟာမိတ်မျိုးနွယ်စုတွေ၊ နတ်ဘုရားတွေရော နတ်ဆိုးတွေရော အခြေအနေမကောင်းကြတော့ဘူး။ ဖြစ်ရပ်ဆိုးတွေက တစ်ခုပြီးတစ်ခုဖြစ်နေတယ်။ နေရာတိုင်းမှာ ဗရမ်းပတာဆန်နေကြတယ်။ နတ်သူငယ်အင်ပါယာကိုရော နတ်တစ်ပိုင်းကောင်တွေ ၀င်တိုက်ခိုက်လိုက်လို့ အသေပျောက်များသွာတယ်လို့ ငါကြားတယ်...”

“ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ မီးနတ်ဘုရားရော မှော်ပညာနတ်ဘုရားရော သေဆုံးသွားပြီတဲ့။ လေနတ်ဆိုးနဲ့ ခွန်အားနတ်ဆိုးတို့လည်း ခေါင်းဖြတ်သတ်ခံလိုက်ရတယ်။ သေစမ်း ဒီလိုနတ်ဘုရားတွေတောင် ကျရှုံးနေကြပြီပဲ။ ကြီးမြတ်သောနတ်ဘုရား ဖီးယက်က အဆင်ပြေပါစေလို့ပဲ ငါမျှော်လင့်ပါတယ်။ သူ့မှာ အဆင့်မြင့်နတ်ဘုရာအဆင့် လက်စွဲတော်လက်နက်ရှိတာပဲ။ မြေကမ္ဘာ ပုဆိန်။ သူက ပြိုင်ဘက်ကင်းတဲ့လူတစ်ယောက်ပဲ။ အဲ့တာကြောင့် နတ်တစ်ပိုင်းကောင်တွေကို သေချာပေါက် အနိုင်ယူနိုင်လောက်ပါတယ်....”

“တိုက်ပွဲစတာ ၁၆ရက်လောက်ရှိပြီ။ ဒီနေု့က မှောင်မိုက်တဲ့နေတစ်နေ့ပဲ။ နတ်ဘုရားတွေနယ်ကနေ မယုံနိုင်စကာသတင်းတစ်ခုကို ကြားလိုက်တယ်။ လူပုမျိုးနွယ်နတ်ဘုရား ဖီးယက်က တိုက်ပွဲမှာကျဆုံးသွားပြီတဲ့ ဘုရားရေ လူပုမျိုးနွယ်တွေရဲ့ နောက်ဆုံးနေ့ရက်က လာနေပြီလား...”

All Chapters