အခန်း (၆၉၅)
Vol. 44 Ch. 695
ဖှေးသည် ထင်ယောင်ထိုင်မှားဖြစ်နေသည်ထင်မှတ်မိသောကြောင့် သူ၏မျက်လုံးများကို ပွတ်သပ်ကြည့်လိုက်မိသည်။
“၀ှစ်...”
သူ၏ ငွေရောင်စွမ်းအင်ဓားသွားများဖြင့် ပြုပ်ထားသည့်အတောင်ပံကို ခတ်ကာ ဤတောင်ကြားအတွင်းမှ မြှဦးတစ်စင်းကဲ့သို့ ပျံသန်းထွက်ခွာခဲ့သည်။ စူးရှသည့် အသံတစ်ခုထွက်လာခဲ့ပြီးသည့်နောက်တွင် သူသည် ချက်ချင်းလိုလိုပင် အပေါ်တွင်ရှိနေသည့် အပေါက်မှတဆင့် တောင်ကြား၏ အပြင်သို့ ရောက်ရှိသွား၏။
သူ၏ ငွေရောင်အတောင်ပံများကို ပြန်သိမ်းလိုက်ပြီး လေပေါ်တွင် ပျံ၀ဲနေရင်းဖြင့် အောက်သို့ ကြည့်လိုက်မိသည့်အချိန်တွင် ထိတ်လန့်တုန်လှုပ်သွားတော့သည်။
ဤတောင်ကြား၏အပေါ်တွင်ရှိနေသည့် အပေါက်ဆိုသည်မှာ ထင်ရှားသည့် လက်ဖ၀ါးရာကြီးတစ်ခုဖြစ်နေသည်ကို သူတွေ့လိုက်မိသည့်အတွက်ပင်။ လူ့ဘီလူးကြီးတစ်ကောင်သည် သူ၏လက်ဖြင့် ရိုက်ထားသလိုပင်။
လူဘီလူးကြီးတစ်ယောက်၏ လက်ဖ၀ါးရာတစ်ခုပင်။
သူခံစားနေရသည့် ခြောက်ခြားမှုသည် သူ့အား မွမ်းကြပ်စေနေသလိုဖှေးခံစားလိုက်ရသည်။
ဤအခိုက်တန့်တွင် သူသည် ဤတောင်ကြားသည် တောင်ကြားမဟုတ်သည်ကို သိရှိလိုက်ရ၏။ ဤနေရာသည်လည်း ယခင်က ချမ်းဘော့ဒ်အနောက်ဘက်တွင်ရှိနေသည့် တောင်တန်းများလို မြေအောက်မြို့တော်တစ်ခုပင်။ လူပုမျိုးနွယ်များသည် မြေအောက်များတွင်သာ နေထိုင်တတ်သူများဖြစ်ပြီး ကောင်းမွန်စွာတူးဆွနိုင်သည့် မျိုးနွယ်များပင်။ ထို့ကြောင့် သူတို့၏ နောက်ဆုံးမျိုးနွယ်စုနေရာသည်လည်း မြေအောက်မြို့တော်တစ်ခုဖြစ်နေမည်မှာ မလွဲပေ။
ကံမကောင်းစွာပင် ဤမြေအောက်မြို့တော်ကြီး၏ မျက်နှာကျက်အား ကောင်းကင်ပေါ်မှ စွမ်းအားမြင့်မားသော သတ္တ၀ါကြီးတစ်ကောင်ကောင်၏ဖျက်ဆီးခြင်းကိုခံလိုက်ရသည်။ ထို့ကြောင့် တောင်ကြားတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခြင်းပင်။
ဤမြေအောက်မြို့တော်ကြီး၏ မျက်နှာကျက်နှင့် နံရံများအားလုံးကို နတ်ဘုရားမှော်အစီရင်များနှင့် စီရင်ထားသော်လည်း ထိုသတ္တ၀ါကြီးသည် လွယ်ကူစွာပင် ဖျက်ဆီးပစ်လိုက်ကာ လူပုမျိုးနွယ်များ၏နောက်ဆုံးမျိုးနွယ်စုနန်းတော်အတွင်းသို့ ထိုးဖောက်၀င်ရောက်လာနိုင်ခဲ့ခြင်းပင်။
ကြောက်မက်ဖွယ်စွမ်းအားပင်။
ဖှေးသွေးစွန်းနေသည့် ဒိုင်ယာရီစာအုပ်ထဲတွင် ရေးထားသည့် စာကြောင်းများအကြောင်းကို ပြန်လည်ကာ တွေးကြည့်လိုက်မိသည့်အချိန်တွင် ဖြစ်ပျက်ခဲ့သည်များကို စိတ်အာရုံထဲတွင် ပြန်လည်ကာ မြင်ယောင်လာနိင်ပြီဖြစ်သည်။
လုပုမျိုးနွယ်များ၏အင်ပါယာအရှင်သခင်ဖြစ်သူ ဂါရက်-ဘေးလ်သည် လူ၃၀၀၀နှ့င်အတူ နောက်ဆုံးမျိုးနွယ်စုနန်းတော်တို့ ဆုတ်ခွာလာခဲ့သည်။ မျိုးနွယ်စုနန်းတော်တွင်ရှိသည့် နတ်ဘုရားမှော်အစီရင်များနှင့် စီရင်ထားသည့် တောင်နံရံများသည် သူတို့အား မကောင်းဆိုး၀ါးများလက်ထဲမှ အကာကွယ်ပေးနိုင်မည်ဟု မျှော်မှန်းထားသောကြောင့်ပင်။ သို့သော် စွမ်းအားမြင့်မားသည့် သတ္တ၀ါကြီးတစ်ကောင်သည် နောက်ဆုံးမျိုးနွယ်စုနန်းတော်အား ကောင်းကင်ပေါ်မှနေ၍ တိုက်ခိုက်ခဲ့ပြီး သူတို့၏ နောက်ဆုံးခံတပ်အား ဖျက်ဆီးပစ်ခဲ့သည်။ ထို့နောက်တွင် မကောင်းဆိုး၀ါးများသည် မြေအောက်မြို့တော်အတွင်းသို့ ၀င်ရောက်လာခဲ့ပြီး နောက်ဆုံးကျန်ရှိနေသည့် လူပုမျိုးနွယ်များကို လူမျိုးတုံးသတ်ဖြတ်ခဲ့ပုံပင်။
ထိုမြင်ကွင်းသည် မှောင်မိုက်ကာ စိတ်ဓာတ်ကျဖွယ်ပင်။
အလွန်ရက်စက်ကြမ်းကြုတ်လှသည်။
ဤကြီးမားသည့် လက်ဖ၀ါးရာကြီးမှတဆင့် ဖှေးသည် နတ်ဘုရားများခေတ်ကို ဖျက်ဆီးနိုင်ခဲ့သည့်လူများ၏ စွမ်းအားကိုလည်း ခံစားလိုက်မိသည်။
ထိုစွမ်းအားမြင့်မားသည့် မကောင်းဆိုး၀ါးများသည် ယခုအချိန်တွင်မရှိတော့သည်မှာ ကံကောင်းသည်ဟုဆိုရမည်ဖြစ်သည်။ သို့မဟုတ်ပါက သူတို့သည် ယနေ့ခေတ်တွင် အေဇာရုတိုက်အာ ထက်မံ၍ တိုက်ခိုက်လာပါက သိုင်းဧကရာဇ် မာရာဒိုနာပင် ယှဥ်ပြိုင်တားဆီးနိုင်လိမ့်မည်မဟုတ်ပေ။ သူတို့သည် တိုက်ကြီးတစ်ခုလုံးကို ထက်မံ၍ ဖျက်ဆီးသွားနိုင်လိမ့်မည်ဖြစ်သည်။
လေညှင်းတစ်ခုတိုက်ခတ်သွားပြီး ဖှေးကြက်သီးများထသွားမိသည်။ သူသည် ခံစားနေရသည့် ထိတ်လန့်အံ့သြမှုမှနေ၍ တဖြည်းဖြည်းပြန်လည်ကာ သတိရနိုးထလာပြီဖြစ်သည်။
သူသည် ထိုလက်ဖ၀ါးရာကြီးကိုကြည့်လိုက်ပြီး ဘေးပတ်၀န်းကျင်ကို လေ့လာကြည့်လိုက်သည်။
ပတ်ပတ်လည်တွင်တောင်တန်းများစွာရှိနေပြီး ထိုတောင်းတန်းများသည် တစ်ခုနှင့်တစ်ခုဆက်စက်နေကာ ကောင်းကင်သို့ ရောက်နေသည့်အတိုင်းပင်မြင့်မား၏။ တောင်တန်းများပေါ်တွင် နှစ်တစ်ထောင်သက်တမ်းရှိသည့် သစ်ပင်ကြီးများစွာလည်းရှိနေသည်။ ထိုသစ်ပင်ကြီးများသည် စုပေါင်း၍ တောအုပ်ကြီးတစ်ခုကို ဖန်တီးထား၏။ နောက်ဆုံးမျိုးနွယ်စုနန်းတော်၏ တည်နေရာသည် တောင်ကြီးငါးလုံး၏ ကြားထဲတွင်ရှိနေပြီး သစ်ပင်များနှင့် နွယ်ပင်များစွာလွှမ်းခြုံနေသည်။ ကောင်းကင်ပေါ်မှ ငုံ့ကြည့်ပါက ထိုနေရာသည် သဘာ၀ခြိုင့်၀ှမ်းကြီးတစ်ခုကဲ့သို့ပင်။ ထို့ကြောင့် သိုင်းဆရာများအပေါ်မှ ပျံသန်းသွားစေကာမူ သူတို့သည် ဤလျို့၀ှက်သည့်နေရာကို သတိထားမိကြလိမ့်မည်မဟုတ်ပေ။
“ဒီနေရာက ချမ်းဘော့ဒ်တိုင်းပြည်နဲ့ ဘယ်လောက်တောင်၀ေးမလဲ။ ကြည့်ရသလောက်တော့ ဒီနေရာက ချမ်းဘော့ဒ်အနောက်ဘက်တောင်တန်းတွေနဲ့ နည်းနည်းဆင်နေသလိုပဲ...” ဖှေးတွေ့ကြည့်လိုက်မိပြီး ပတ်၀န်းကျင်သို့ လှည့်ကြည့်လိုက်သည်။ ထို့နောက်တွင် အနောက်သို့လှည့်ကြည့်လိုက်မိသည့်အချိန်တွင် သူသည် ထက်မံ၍ ထိတ်လန့်အံ့သြသွားရတော့သည်။
သူသည် ယနေ့တွင် အံ့သြစရာများစွာနှင့်ကြုံတွေ့ပြီးပြီဖြစ်သော်လည်း ယခုအချိန်တွင် ထက်မံ၍ ထိတ်လန့်အံ့သြသွားရပြန်သည်။ သူမြင်လိုက်ရသည့်အရာကို မြင်လိုက်ရသည့်အချိန်တွင် အလွန်မင်းထိတ်လန့်အံ့သြသွားမိသည့်အတွက်ပင်။
ဆယ်ကီလိုမီတာခန့်၀ေးသည့်နေရာတွင် လျို့၀ှက်ထူးဆန်းသည့် ရှေးဟောင်းမြို့တော်ကြီးတစ်ခုကို နေရောင်အောက်တွင်တွေ့လိုက်ရသည့်အတွက်ပင်။ ဘေးနံသုံဂဖက်လုံးကို တောင်များဖြင့် ၀န်းရံထားပြီး မြို့တော်ထဲတွင် ရှိနေသည့် ခေါင်းတိုင်များမှလဲ အစားသောက်များချက်ပြုတ်နေသည့်အတွက် မီးခိုးများတလူလူထွက်နေ၏။ မြို့တော်၏ ခံတပ်နံရံများရှေ့တွင် ကျယ်ပြန့်သည့် မြစ်ပြင်ကြီးတစ်ခုရှိနေပြီး မြစ်ကမ်းဘေးတွင် အဆုံးမရှိဘူးဟုထင်ရသည့် လွင်ပြင်ကြီးများရှိနေ၏။
“ချမ်းဘော့ဒ်မြို့တော်ပင်...”
ဖှေးသည် ချမ်းဘော့ဒ်တိုင်းပြည်အား အနီးနားတွင်တွေ့လိုက်ရမည်ဟုထင်ထားခဲ့ခြင်းမရှိပေ။ သူ၀င်လိုက်သည့် ပေါ်တယ်သည် သူ့အားမိုင်သောင်းနှင့်ချီကွာ၀ေးသည့်နေရာတစ်ခုသို့ ပို့ပေးလိုက်ခြင်းမဟုတ်ပဲ။ အနီးနားတွင်ရှိသည့် နေရာတစ်ခုကိုသာ ပို့ပေးလိုက်ခြင်းပင်။ လူပုမျိုးနွယ်များ၏ နောက်ဆုံးမျိုးနွယ်စုနန်းတော်သည် ချမ်းဘော့ဒ်တိုင်းပြည်နှင့်အလွန်နီးကပ်နေလေရာ အိမ်နီးနားခြင်းများကဲ့သို့ပင်။
ပထမပိုင်းထိတ်လန့်အံ့သြသွားခဲ့ပြီးသည့်နောက်တွင် ဖှေးသူ၏ခေါင်းကို ခါရမ်းလိုက်ပြီး ကိစ္စများအားလုံးကို ပြန်လည်ဆင်ခြင်ကြည့်လိုက်မိသည်။
ဤအရာများအားလုံးသည် တစ်ခုနှင့်တစ်ခု ဆက်ဆက်မှုရှိနေရမည့်အတွက်ပင်။
ရှေးကျနေသည့် ချမ်းဘော့ဒ်တိုင်းပြည်၊ မြေအောက်လှိုဏ်ဂူ၊ အဆုံးမရှိသည့် မြေအောက်လိုဏ်ဂူလျှောက်လမ်းကြီး၊ လျို့၀ှက်ဆန်းကျယ်သည့်နေရာ၊ နတ်ဆိုးအကြွင်းကျန်များ၊ မဟူရာသတ္တုများ၊ အဖြူရောင်အရိုးတောင်ကြီး၊ လျို့၀ှက်သည့် နတ်စင်၊ ရှေးကျသော ပေါ်တယ်၊ နောက်ဆုံးမျိုးနွယ်စုနန်းတော်....
ထိုအရာများအားလုံးသည် တိုက်ဆိုင်သည်ဟုထင်ရသော်လည်း သူတို့သည် တစ်ခုနှင့်တစ်ခု ဆက်စက်နေ၏။
ချမ်းဘော့ဒ်တိုင်းပြည်သည် ချမ်းဘော့ဒ်တော်၀င်မိသားစုထက်ပင် ပို၍ ရှေးကျကာ တည်ရှိနေခဲ့သည့် မြို့ဟောင်းကြီးတစ်ခုဖြစ်သည်ဟု ဘရွတ်ပြောခဲ့ဖူးသည်ကို မှတ်မိသည်။ ဇီးနစ်အင်ပါယာပေါ်ပေါက်မလာခင်၊ ချမ်းဘော့ဒ်တော်၀င်မိသားစု ဤနေရာသို့ ရောက်မလာခင်ကတည်းက မြို့တော်ကြီးသည် ဤနေရာတွင်ရှိနေခဲ့သည်။ ဤမြို့တော်ကြီးအား မည်သူဖန်တီးခဲ့သည်ဆိုသည်အား သိသည့်လူမရှိပေ။ သို့သော် လူများသိကြသည်မှာ အင်ပါယာအရှင်သခင်ယရှင်းဇီးနစ်အင်ပါယာကို တည်ထောင်လိုက်သည့်အချိန်တွင် ဤမြို့တော်ထဲတွင်နေထိုင်နေခဲ့ကြသည့်လူများသည် ကြောက်လန့်သည့်အတွက်ကြောင့် လက်နက်ချအညံ့ခံကာ အင်ပါယာအရှင်သခင်ယရှင်းလက်အောက်တွင် ၀င်ရောက်ခိုလုံခဲ့သည်ဆိုသည်ကိုပင်။
ဤမြို့တော်ကြီးနှင့် မြေအောက်လိုဏ်ဂူများသည် လူပုမျိုးနွယ်များချန်ထားခဲ့သည့်လက်ရာများဖြစ်သည်ကို ယခုအချိန်တွင် ဖှေးသေချာပေါက်နည်းပါး သိရှိနေပြီဖြစ်သည် ။
လူပုမျိုးနွယ်များအားလုံး သေဆုံးသွားခဲ့ပြီဖြစ်သော်လည်း သူတို့ချန်ထားခဲ့သည့်အဆောက်ဦးများသည် အချိန်၏ တိုက်စားခြင်းကို အံတုကာ တည်ရှိနေခဲ့ကြသည်။ နှစ်ပေါင်းများစွာကြာမြင့်ပြီးသည့်နောက်တွင် အိမ်ခြေမဲ့လူများ ဤနေရာကို ရှာတွေ့သွားခဲ့ကြပြီး သန့်ရှင်းရေးလုပ်ကာ ၀င်ရောက်နေထိုင်ကြရင်းဖြင့် မြို့တော်တစ်ခုဖြစ်လာခဲ့သည့်ပုံပင်။
မျိုးဆက်များစွာရှိနေပြီဖြစ်သည့်အတွက်ကြောင့် ချမ်းဘော့ဒ်တိုင်းပြည်ထဲတွင် နေထိုင်ခဲ့ကြသည့် ယနေ့ခေတ်လူများသည် မြို့တော်၏ မူလသမိုင်းကို မမှတ်မိကြတော့ပေ။ နောက်ပိုင်းတွင် ချမ်းဘော့ဒ်တော်၀င်မိသားစုသည် မြေအောက်လိုဏ်ဂူအား ရှာတွေ့ခဲ့ပြီး အကျဥ်းထောင်တစ်ခုအနေဖြင့် အသုံးပြုခဲ့ကြသည်။ ထို့နောက်တွင် ဤကမ္ဘာပေါ်သို့ ဖှေးရောက်ရှိလာခဲ့ပြီး မြေအောက်လိုဏ်ဂူအား ပြန်လည်ပြုပြင် လေ့လာကာ ဤအဆောက်ဦးများသည် လူပုမျိုးနွယ်များ၏ လက်ရာများဖြစ်ကြောင်းကို သိရှိလာခဲ့သည်။
ဤဖြေရှင်းချက်သည် ပို၍ သဘာ၀ကျကာ ဖြစ်နိုင်ချေရှိသည်ဟု ဆိုရမည်ဖြစ်သည်။
ဖှေးသည် လေထဲတွင် ပျံသန်းနေရင်းဖြင့် အရာအားလုံးကို စဥ်းစားနေကြည့်လိုက်သည်။ ထို့နောက်တွင် သူ၏ဘေးပတ်ပတ်လည်တွင်ရှိနေသည့် တောင်တန်းများနှင့် ငြိမ်းချမ်းသာယာာနေသည့် ချမ်းဘော့ဒ်တိုင်းပြည်အား လှမ်းကြည့်လိုက်သည်။ ရုတ်တရက် သူ၏ခေါင်းထဲတွင် အကြံဉာဏ်တစ်ခုဖြတ်ကနဲပေါ်လာ၏။ သူသည် ချမ်းဘော့ဒ်တိုင်းပြည် အနာဂတ်ဖွံ့ဖြိုးတိုးတတ်ရေး အစီစဥ်နှင့် ပတ်သက်သည့် အကြံဉာဏ်တစ်ခုကို စဥ်းစားလိုက်မိသည့်အတွက်ပင်။
ထိုအကြံကို စဥ်းစားလိုက်မိပြီးသည့်အချိန်တွင် သူသည် တောင်ကြားထဲသို့ ပြန်၀င်သွားလိုက်သည်။
ငါးနာရီခန့်ကြာမြင့်ပြီးသည့်နောက်တွင် သူသည် အသုံးပြုနိုင်သေးသည့် လက်စွဲတော်လက်နက်များအားလုံးကို လိုက်လံကောက်ယူပြီးပြီဖြစ်သည်။ လက်နက်၆၀ခန့်ကို စုဆောင်းလိုက်မိသည်။ ၉၀ရာခိုင်နှုန်းခန့်သည် လယ်ဗယ်၅အောက်ဖြစ်သော်လည်း လယ်ဗယ်၈ လက်စွဲတော်လက်နက်တစ်ခု၊ လယ်ဗယ်၇ လက်စွဲတော်လက်နက်ဖြစ်သည့် ဓားရှည်နှစ်လက်နှင့် လယ်ဗယ်၆ လေးတစ်လက်ကိုလည်း ရရှိလိုက်သည်။
ဇီးနစ်အင်ပါယာ၏ မျက်လုံးများထဲတွင်ပင် ဤမျှများပြားသည့် လက်စွဲတော်လက်နက်များသည် ကြီးမားသည့် ရတနာများပင်။
မြို့တော်စိန့်ပီတာစဘာ့တ်၏ လက်နက်တိုက်ကြီးပင် သူလောက်လက်နက်များရှိလိမ့်မည်မဟုတ်ဟု ဖှေးခံစားလိုက်မိသည်။
ဖှေးလုပ်စရာရှိသည်များ လုပ်ပြီးသည့်အချိန်တွင် သန်းခေါင်ရံအချိန်သို့ပင်ရောက်ရှိနေပြီဖြစ်သည်။ လမင်းကြီးသည် တောက်ပနေသော်လည်း ကြယ်တာရာကင်းမဲ့နေသည်။ ဤနေရာတစ်၀ိုက်တွင်ရှိနေသည့် တောင်တန်းကြီးများသည် အိပ်စက်နေကြသည့် နတ်ဆိုးသားရဲကောင်ကြီးများကဲ့သို့ပင်။ သို့သော် ၁၀ကီလိုမီတာခန့်အကွာတွင်ရှိနေသည့် ချမ်းဘော့ဒ်မြို့တော်ကြီးတွင် မီးအလင်းရောင်မျိုးစုံဖြင့် လင်းထိန်နေ၏။
ဖှေးလေထဲတွင် ၀ဲပျံကာ မျက်နှာကြက်ပေါ်တွင်ရှိနေသည့် အပေါက်မှတဆင့် အပြင်သို့ ပြန်ထွက်ရန်ပြင်လိုက်သည်။ သို့သော် သူ၏ အမူယာသည် ရုတ်တရက်ပင် လေးနက်သွားတော့၏။ သူ၏ ၀ိဉာဥ်စွမ်းအားများကို ဖြည်းညှင်းစွာဖြင့် စုစည်းလိုက်ပြီး လျိုု့၀ှက်ထားသည့် ကောင်းကင်မြို့တော်ကြီးနှင့် ဆက်သွယ်နိုင်ရန်အတွက် အကောင်းဆုံးကြိုးစားကြည့်လိုက်သည်။
ဖှေးသည် သူ၏ ၀ိဉာဥ်စွမ်းအင်များကို ထုတ်လွှတ်လိုက်သည့်အချိန်တွင် ထိုစွမ်းအင်များသည် သမုဒ္ဒရာထဲသို့ ကျသွားသည့် ရေစက်များကဲ့သို့ ပျောက်ကွယ်သွားတော့၏။
သူ၏ ခန္ဓာကိုယ်ထဲတွင်ရှိနေသည့် လျို့၀ှက်သော ကျောက်တိုင်ကြီးပင် စတင်၍ လျှင်မြန်စွာတုန်ခါလာသည်ကို ဖှေးသတိထားလိုက်မိသည်။ ထိုကျောက်တိုင်ကြီးသည် တုန်ခါနေကာ ချိုချဥ်ရသည့်ကလေးတစ်ယောက်ကဲ့သို့ သူ၏ ပျော်ရွှင်မှုကို ပြသနေသည့်အတိုင်းပင်။
ထိုဖြစ်စဥ်များသည် ခြောက်မိနစ်ခန့်ကြာသွား၏။
ဖှေးမူး၀ေသလိုခံစားလာရပြီး သူ၏ ၀ိဉာဥ်စွမ်းအားသည်ကုန်ခမ်းတော့မည်ဖြစ်သည်။ ထိ့ုနောက်တွင် လျို့၀ှက်ဆန်းကျယ်သည့် ပြောင်းလဲမှုတစ်ခုသည်ကောင်းကင်ပေါ်တွင်စတင်၍ ဖြစ်ပျက်လာတော့၏။